i Love Myanmar
စာမဖတ်ရင်လဲ ဓါတ်ပုံလေးတော့ ကြည့်သွားနော်....
အသက် ၇၀ ၀န်းကျင် မြန်မာအမျိုးသမီးရဲ့ အလှဟာ.. အသက် ၂၀ ၀န်းကျင် ကမ္ဘာ့အလှမယ်တွေကတောင် မမှီဘူးကွယ်.....
*** ဒေါ်စုနှင့် BBC အင်တာဗျူး ***
=====================
Friday, 25 October 2013
Suu ။ ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျမတို့ ရောက်နေပြီဆိုပြီး လူတွေက အလွယ်တကူ လက်ခံထင်မှတ်နေတယ်လို့ ကျမ ထင်ပါတယ် ။ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းဟာ အရှိန်အဟုန်နဲ့ ဖြစ်နေပြီ ဆိုပြီးတော့ပေါ့လေ.....။ တကယ်တော့ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး ။ အခြေခံဥပဒေကို ဖတ်ကြည့်သူတိုင်း ကျမတို့ဘာကြောင့် ဒီလို အခြေခံဥပဒေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မလာနိုင်သလဲ ဆိုတာ နားလည်နိုင်ပါလိမ့်မယ် ။
Mishal Husain ။ ။ လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှုတွေကြားထဲမှာ သိပ်ပြီး စိတ်မချမ်းသာစရာကောင်းလှ ၊ မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။ အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့ အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။ အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။ တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု ( ethnic cleansing ) လို့ ပြောနေကြတယ် ။
Suu ။ ။ မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။ ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊ ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့ မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။ ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။ ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး .......... မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို အားလုံးသဘောပေါက်
နားလည်ဖို့ လိုပါတယ် ။
Mishal Husain ။ ။ ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။ မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်တိုက်ခိုက်
မှုတွေရှိခဲ့တယ်ဆိုတာ အထောက်အထားလည်း ရှိနေပါတယ် ။
Suu ။ ။ ဟုတ်ပါတယ် ။ မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။ နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။ ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။ အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့ တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power ) သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။ ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။
Mishal Husain ။ ။ နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ ခံစားရတဲ့အတိုင်းအတာ ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။ မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။ သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့ အဆိုးဆုံးဒုက္ခတွေကို ခါးစည်းခံရသူတွေပါ ။
Suu ။ ။ ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ကြရတာပါဘဲ ။ ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့ ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။ အများစုဟာ ထိုင်းမှာပါ ။ ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။ ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလာဘ်ပါ ။အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့ပါဘူး ။ အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုကို မွေးဖွားစေပါတယ် ။
Mishal Husain ။ ။ ဒါပေမယ့် လူတိုင်း သူတို့ လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ် မဟုတ်လား ။
Suu ။ ။ ဒါပေါ့ ။ တရားမျှတအောင် တာဝန်ယူဖြေရှင်းပေးမှုတွေ ရှိအောင် အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးရပါမယ် ။
ဒုတိယပိုင်း ဆက်ရန်........

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။