Nine Nine Sanay @ နိုင်းနိုင်းစနေ
(၁၅) သင်ခန်းစာတွေကို ကျွန်တော်သေချာပြင်ဆင်တယ်၊ ရှင်းပြတဲ့အချိန်မှာလည်း သေချာအားစိုက်ထုတ်ပြီး ရှင်းပြတယ်။ ဒါတောင် ကျောင်းသားတော်တော်များများက သေချာလိုက်နားမထောင်ဘူး။ ဒါဟာ ကျွန်တော့်ကို အရမ်းစိတ်ဓာတ်ကျစေတယ်။ ခင်ဗျားရော အလုပ်မှာ အကူအညီမဲ့ချိန်တွေ ရှိတတ်သလား။ ခင်ဗျားကိုယ်ခင်ဗျား သင်္ကာမကင်းဖြစ်ဖူးသလား။
Rafe Esquithး ဆရာဖြစ်စတုန်းက အရမ်းအကူအညီမဲ့ခဲ့ဖူးပါတယ်။ ကျောင်းသားတွေကို "ဘာဖြစ်လို့ ပညာသင်သလဲ"လို့ က...ျွန်တော်မေးခွန်းတစ်ခု မေးခဲ့တယ်။ ကျောင်းသားတွေက "မသင်မနေရမို့ သင်တာပါ"လို့ဖြေတယ်။ တချို့ကလည်း "မသိဘူး"လို့ဖြေတယ်။ အတန်းမစခင် အတန်းချိန်တိုင်းမှာ "ရှာဖွေသင်ယူတဲ့အရာတိုင်း သက်ဆုံးထိတိုင် အသုံးဝင်တယ်၊ အသုံးပြုနိုင်တယ်၊ ဆရာတို့ဟာ စာမေးပွဲအတွက် သင်ယူနေကြတာမဟုတ်ဘူး"လို့ သူတို့ကို ကျွန်တော်ပြောပြပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်ကပြောပြတာမျိုး မဟုတ်တော့ဘဲ ကျောင်းသားတွေက သူတို့ဘာကြောင့်သင်ယူတယ်ဆိုတာကို ပြောပြလာကြတော့တယ်။
ပြီးမှ ကျွန်တော်စာစသင်တယ်.. ဒါမှ အကျိုးသက်ရောက်မှု ပိုကောင်းမှာပါ။ ဆရာတွေက ကျောင်းသားတွေကို ဘာကိုသင်ယူမယ်ဆိုတာထက် ဘာကြောင့်သင်ယူရတယ်ဆိုတာကို ပြောပြရပါမယ်။

(၁၆) အမေရိကန်အတန်းတွေက ကျောင်းသားအရေအတွက်နည်းတယ်။ ဒါဟာ တစ်ယောက်ချင်းစီကို သွန်သင်ပြဖို့ လွယ်ကူတယ်။ တရုတ်အတန်းတွေက ကျောင်းသားများတော့ "တစ်ဦးချင်း"သွန်သင်တာမျိုး မလုပ်နိုင်ခဲ့ဘူး။ ကျောင်းသားများတဲ့အတန်းကို သင်ပြရတဲ့အခါ တစ်ဦးချင်းပညာရေးအတွက် ဘယ်လိုနည်းနဲ့ လုပ်ဆောင်နိုင်မလဲ။
Rafe Esquithး နည်းလမ်းနှစ်မျိုးရှိပါတယ်။ (၁)က ကိုယ်ချင်းစာစိတ်၊ (၂)က စိတ်ဝင်စားစိတ်။ သချာင်္ကောင်းတဲ့ကျောင်းသားကို သချာင်္ညံ့တဲ့ကျောင်းသားဘေးမှာထားမယ်။ ကျောင်းစာညံ့သူကို တော်သူက အကူအညီပေးရအောင်၊ ကိုယ်ချင်းစာစိတ်ဖြစ်အောင်ဆိုတာကို သူတို့နားလည်ပါတယ်။ ကျွန်တော့်အနုပညာသင်ခန်းစာသင်တဲ့အတန်းမှာလည်း ကျောင်းသား ၇ဝကျော်ရှိပါတယ်။ အနုပညာသင်ခန်းစာက ကျောင်းသားတစ်ယောက်တိုင်းစီကို
အောင်မြင်စိတ်ဖြစ်စေပါတယ်။ သူတို့ရဲ့ သင်ယူမှုအပေါ်ထားတဲ့ စိတ်ဝင်စားစိတ်ကိုလည်း ပိုတက်ကြွစေပါတယ်။
***စိတ်ဝင်စားသူတွေအတွက် ၁၆ချက်လုံး ဘာသာပြန်မျှဝေလိုက်ပါတယ်။ တရုတ်ပညာရေးပညာရှင်တွေ မေးမြန်းဆွေးနွေးထားတဲ့ အမေးအဖြေတွေကိုလည်း ဖတ်ရှုပြီး တစ်နေ့နည်းနည်းချင်းစီ ဘာသာပြန်မျှဝေပါဦးမယ်။ ဒီစာတွေကို မြန်မာပြည်ထုတ် Education Digest Journal မှာလည်း ထည့်သွင်းဖော်ပြမှာဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရင် ဒီ(၁၆)ချက်ကို ပရင့်ထုတ်ပြီးပဲဖြစ်ဖြစ်၊ ဂျာနယ်ကိုဝယ်ယူအားပေးတာမျိုးပဲဖြစ်ဖြစ် လက်ဆင့်ကမ်း ရှယ်နိုင်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။