Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 21, 2013

ဝိုင်းစုခိုင်သိန်း နှင့် တွေ့ဆုံခြင်း

Golden Land Myanmar
ဝိုင်းစုခိုင်သိန်း နှင့် တွေ့ဆုံခြင်း

အဆွေး သီချင်းများ ကို ခံစားချက် အပြည့် ဖြင့် သီဆိုလေ့ ရှိသူ သရုပ်ဆောင် တေးသံရှင် ဝိုင်းစုခိုင်သိန်း နှင့် တွေ့ဆုံ ၍ မကြာခင် ထွက်ရှိ တော့ မည့် ၄င်း၏ တတိယ မြောက် တစ်ကိုယ် တော် အာဘွား စီးရီး အကြောင်း၊ မင်္ဂလာ သတင်း အကြောင်း နှင့် အနုပညာ လှုပ်ရှား မှု များ အကြောင်း ကို The Voice က မေးမြန်း ထားခြင်း ဖြစ်ပါ သည်။

Voice : ဒုတိယ စီးရီး မျက်လှည့် နဲ့ အခု အာဘွား နဲ့ ဆို ကြားထဲ မှာ အချိန် ဘယ်လောက် ကွာလဲ။

WSKT : ဝိုင်းစုက စီးရီးတွေ ထွက်ရင် စီဒီကို တစ်နှစ်၊ VCD ကို တစ်နှစ် အဲဒီလို ခြားပြီး ထွက်တာ ဆိုတော့ တစ်နှစ် ပဲ ရှိပါသေး တယ်။

Voice : ဒီ အာဘွား စီးရီး မှာက ကော်ပီ နဲ့ ကိုယ်ပိုင် သံစဉ် ဘယ်နှပုဒ် စီပါလဲ။

WSKT : ဝိုင်းစု ဒီအာဘွား စီးရီးထဲမှာ တော့ တစ်ခွေလုံး ကိုယ်ပိုင် သံစဉ် တွေ ချည်း ထည့်ထားပါတယ်။

Voice : ဝိုင်းစုရဲ့ သီချင်း တွေက ကိုယ်ပိုင် သံစဉ်တွေ များတယ် နော်။ အဲဒီ ကျတော့ ဘယ်လို စိတ်ကူးနဲ့ ကိုယ်ပိုင် သံစဉ် တွေကို လုပ်ဖြစ် တာလဲ။

WSKT : ဝိုင်းစုက ကိုယ်ပိုင် သံစဉ် သီချင်းတွေ ဆိုတာ များတယ်။ အရင်ထွက် ခဲ့တဲ့ စီးရီးတွေ မှာ လည်း ကော်ပီ သီချင်း က တစ်ပုဒ်စီ လောက်ပဲ ပါတာ။ အကုန် လုံး Own Tune တွေ ချည်းပဲ။ နောက် အတွဲခွေ တွေမှာ လည်း ဝိုင်းစု ကိုယ်ပိုင် သံစဉ် သီချင်းတွေ ဆိုတာ များ ပါတယ်။ ဒီ အာဘွား ခွေ ကို လည်း Own Tune တွေ ချည်း သီးသန့် လုပ်မယ် လို့ စီစဉ် ခဲ့တာ တော့ မဟုတ်ဘူး။ ကိုယ် နဲ့ အဆင်ပြေ မယ် ဆို ကော်ပီ သီချင်း တွေ လည်း ဆိုပါတယ်။

Voice : ကိုယ်ပိုင် သံစဉ် သီချင်းတွေ ပိုဆို ဖြစ်တာ က ကိုယ့်ရဲ့ Creation တွေ ထည့်ပြီး ဆိုရတာ ကို ကြိုက် လို့လား။ ကော်ပီ ဆိုရတာနဲ့ ကိုယ်ပိုင် သံစဉ် ဆိုရတာ ဝိုင်းစု အတွက် ခံစားမှု ဘယ်လို ကွာခြားလဲ။

WSKT : ကော်ပီ သီချင်းတွေ က ကျတော့ စည်းတွေ၊ ဘောင်တွေ ရှိတယ်၊ မူရင်း သီချင်း ပုံစံ မပျောက် အောင် ဆိုရ တယ်။ ကိုယ့် ပုံစံ ဖြစ်အောင် ပြောင်းဆို လို့ သိပ် မရဘူး ပေါ့နော်။ အဲဒါ ကို ဝိုင်းစု မကြိုက်ဘူး။ ဘယ် သီချင်း ပဲ ဖြစ်ဖြစ်၊ အတီး က အစ ဒီပုံစံပဲ။ ညည်းရင် လည်း သူ့ မူရင်း အဆိုတော် ရဲ့ Flow အတိုင်း ပဲ ဆိုကြတာ များ တယ်။ အဲဒီ လို မျိုးက ဝိုင်းစု နဲ့ သိပ် အဆင် မပြေ ဘူး။ ဝိုင်းစု က ကိုယ့် စိတ်ကြိုက် ပုံစံ ဆိုရတာ ပိုကြိုက် တယ်။

Voice : ဝိုင်းစု ရဲ့ စီးရီးတွေ မှာ သီချင်း ရေးပေး တဲ့ တေးရေး ဆရာ တွေက သိပ် မပြောင်းဘူး နော်။ အဲဒီလို တေးရေး ဆရာ တွေကို ပုံသေ ထားပြီး လက်တွဲ အလုပ် လုပ် တာက ကိုယ့် အတွက် ဘယ်လို အကျိုး ကျေးဇူး တွေ ရစေလဲ။

WSKT : သူတို့က ဝိုင်းစု နဲ့ ဘယ်လို သီချင်း ပုံစံ က လိုက်တယ်။ ဘယ်လို မျိုး ဆို ပိုပြီး အဆင် ပြေ တယ် ဆိုတာ သိသွား တာ ပေါ့နော်။ အဲဒီ အခါ ကျ တော့ ကိုယ် က သိပ်ပြီး ထွေထွေ ထူးထူး ပြောပြ စရာ မလို ဘူးပေါ့။ ဝိုင်းစု ဘယ်လို ပုံစံမျိုး လေး လိုချင် တယ် လို့ ပြောလိုက် တာနဲ့ သူတို့ က ချက်ချင်း သိတယ်။

Voice : အာဘွား စီးရီး မှာ ပါတဲ့ တေးရေး ဆရာတွေ ကို ပြောပြ ပေးပါဦး။

WSKT : ဒီ အာဘွား စီးရီးမှာ သီချင်း အားလုံး ၁၂ ပုဒ် ပါပါ တယ်။ တေးရေး ဆရာ တွေက ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ ဇဝါ၊ ဖိုးကာ၊ စံပီး၊ မိုးမိုး နဲ့ ညီမင်းခိုင် ပါတယ်။

Voice : အာဘွား စီးရီး မှာ ဝိုင်းစု ဆိုနေ ကျ မဟုတ်တဲ့ သီချင်း ပုံစံမျိုး တွေ ပါသေး လား။

WSKT : ဒီခွေမှာ ဝိုင်းစု သီချင်း ပုံစံတွေ အရမ်း ကြီး ပြောင်းဆို ထားတာ မရှိ ဘူး။ ဒီထဲမှာ ပါတဲ့ Sweet 16 ဆိုတဲ့ သီချင်း တစ်ပုဒ် ကတော့ ဝိုင်းစု ဆို နေကျ ပုံစံ မျိုး တော့ မဟုတ် ဘူး။ အဲဒီ တစ်ပုဒ် တော့ ထူးထူး ခြားခြား ထည့် ထား တယ်။

Voice : ဝိုင်းစု က သီချင်း အေးအေးလေး တွေ ဆိုတာ များ ပြီး သီချင်း အမြူးတွေ ဆိုတာ နည်းတယ် နော်။ အဲဒါကျ တော့ ဘာကြောင့်လဲ။

WSKT : ဝိုင်းစု သီချင်း အမြူး တွေ ဆိုပါတယ်။ ဝိုင်းစု ရဲ့ ပရိသတ် တွေ ကတော့ များသော အားဖြင့် သီချင်း အေးအေး လေး တွေ၊ အဆွေး သီချင်းလေး တွေ ပိုကြိုက် ကြ တာ ပေါ့နော်။ သီချင်း အမြူး တွေ ဆိုတယ် ဆိုပေမယ့် လည်း “မက်လောက် စရာ” တို့၊ “ရုပ်ဆိုးမ တို့” တို့လို အရမ်း ကြီး မမြူး တဲ့ သီချင်းမျိုး တွေ ဆိုတာ များတယ်။

Voice : ဝိုင်းစု ကိုယ်တိုင် ကရော အဆွေး သီချင်း ဆိုရတာ ပိုကြိုက် လား။

WSKT : အဆွေး သီချင်း တွေ ဝိုင်းစု ကြိုက် ပါတယ်။ ဆိုသမျှ သီချင်း တွေ အကုန် လုံး ကတော့ ဝိုင်းစု ကြိုက်တဲ့ သီချင်း တွေပဲ။ ပရိသတ် တွေ ထဲ ကတော့ အဆွေး သီချင်း ကြိုက်တဲ့ သူနဲ့၊ သီချင်း အမြူး ကြိုက်တဲ့ သူ တွေ ဆိုပြီး ကွဲသွား တာပေါ့။

Voice : ကိုယ်ပိုင် သံစဉ် စီးရီး တစ်ခွေ လုပ်ဖို့ အတွက် သီချင်း စု ရတာ ခက်ခဲ တယ် လို့ တေးသံရှင် တော်တော် များများ က ပြောကြ တယ်။ ဝိုင်းစု အတွက် ရော ဘယ်လို အခက် အခဲတွေ ကြုံ ခဲ့ရလဲ။

WSKT : ဝိုင်းစု က ကိုယ်ပိုင် သံစဉ် သီချင်း တွေ ဆိုတာ များ တော့ ဝိုင်းစု အတွက်တော့ သိပ် အခက်အခဲ မရှိပါဘူး။ ဒါက လည်း ဝိုင်းစုရဲ့ ပထမဆုံး စီးရီး “မက်လောက်စရာ” မှာ ဆို ကိုရွှေဂျော်ဂျော် က ကြီးကြပ် ပေးတယ်။ မျက်လှည့် နဲ့ အခု အာဘွား စီးရီး မှာ တော့ ကိုဇဝါ က ကူညီ ပေးတယ်။ ဝိုင်းစု နားမလည် တဲ့ အပိုင်းတွေ မှာ ဆို ကိုဇဝါ က ဘယ် နေရာ လေး မှာ ဘယ်လို ဆို လိုက်ရင် ကောင်းမယ် ဆိုတာ ပြောပြ တယ်။ အဲဒီ အခါ ကျတော့ ကိုယ့် ရဲ့လိုအပ်ချက် တွေကို လည်း ပိုသိရ တာပေါ့ နော်။

Voice : ဝိုင်းစု က စီးရီး အတွက် သီချင်းတွေ အပ်ရင် ကိုယ့် ရဲ့ခံစားချက် တွေ ပြောပြ ပြီး အပ်လေ့ ရှိတယ် လို့ ကြားဖူး တယ်။ ဒီစီးရီးထဲ မှာ ရော တေးရေး ဆရာ တွေ ကို ကိုယ် က အကြောင်း အရာ ပြောပြပြီး ရေးပေး ခိုင်း တဲ့ သီချင်း ဘယ်နှပုဒ် ပါလဲ။

WSKT : ဝိုင်းစု ရဲ့ခံစားချက် ကို ပြောပြ တယ် ဆိုတာ ထက် အဓိက ကတော့ သီချင်း ပုံစံ မထပ် အောင် ပြောပြ တာပါ။ အဆွေး သီချင်း တော့ အဆွေး သီချင်းပဲ။ ဒါပေမဲ့ အကြောင်း အရာ မတူ အောင် အပ်ရ တာပေါ့။ ဒီခွေမှာ လည်း ဝိုင်းစု က အဆွေး သီချင်းတွေ ဆိုခဲ့ ပြီးပြီ ဖြစ်တဲ့ အတွက် စာသား တွေ မတူ အောင်၊ အကြောင်း အရာ ပိုင်း မတူ အောင် နည်းနည်း ပါးပါး တော့ ပြောပြ ရ တာ ပေါ့နော်။ ဒီခွေထဲမှာ တေးရေး ဆရာ ကို ဝိုင်းစု သေချာ အတိ အကျ ပြောပြီး အပ်ထား တာ ဆိုရင် တော့ “နောက်ဆုံး အချစ်” ဆိုတဲ့ သီချင်း ကို ဝိုင်းစု ဒီ အခွေ စလုပ် က တည်း က သေချာ ပြောပြီး အပ်ထား တယ်။ နောက် “အာဘွား” သီချင်း ဆို လည်း ဝိုင်းစု စီးရီး Title ပေးချင် တဲ့ အတွက် သေချာ ပြောပြီး အပ်ထား တယ်။ ဝိုင်းစု က ခရီး တစ်ခု သွားလို့ လမ်းမှာ ဘယ်သူ့ သီချင်း ပဲ ဖြစ်ဖြစ် နားထောင် မိလို့၊ အကြောင်း အရာ ပိုင်း ကောင်းတယ် ဆိုရင် ဒီ သီချင်းလေး ကို အကြမ်းဖျင်း ယူပြီး တေးရေး ဆရာ တွေကို ပြန်ပြောပြ ပြီး အပ်ဖြစ် တယ်။

Voice : ဝိုင်းစု ကိုယ်တိုင် တေးရေး ဆရာ ကို သေချာ ပြောပြီး အပ်ထား တဲ့ “အာဘွား” နဲ့ “နောက်ဆုံး အချစ်” သီချင်း တွေက ဘယ်လို အကြောင်း အရာ မျိုးကို ရေးဖွဲ့ ထား တာလဲ။

WSKT : “အာဘွား” သီချင်းက တော့ ငယ်ငယ် တုန်း ကတော့ မိဘတွေ ကို ကိုယ့် ကို ချစ်လို့ “အာဘွား” ခဏခဏ ပေး တယ်၊ ကြီးလာ တော့ ချစ်သူ က အာဘွား ပေး တယ်ပေါ့။ အဲဒီ လို ပုံစံ မျိုးလေး ပါ။ နောက်ဆုံး အချစ် သီချင်း ကတော့ ခွေထွက် လာတဲ့ အခါမှာ နားထောင် ကြည့်ပါ လို့ ပြောချင် ပါတယ်။

Voice : ဝိုင်းစု ရဲ့ချစ်သူ နဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ မှာ မင်္ဂလာ ပွဲ ဆင်နွှဲ မယ်လို့ သတင်း တွေ ထွက်နေတယ် နော်။

WSKT : ဝိုင်းစု ကတော့ သေချာ ကျိန်းသေပြီ ဆိုတော့ မှပဲ ဖြေချင် ပါတယ်။ ပရိသတ် တွေ ကိုလည်း ဝိုင်းစု လိမ် မထားပါဘူး။ လောလော ဆယ် တော့ အာဘွား စီးရီး ထွက်ဖို့ အတွက် ကိုပဲ ဝိုင်းစု အာရုံစိုက် နေပါတယ်။

Voice : ချစ်သူနဲ့ အတူ အမေရိက မှာ ရှိုးတွေ စီစဉ်ပြီး လုပ်ဖြစ် နေတော့ ဝိုင်းစု ရဲ့ ချစ်သူ က ဂီတ ကို စိတ်ဝင်စား လား။ ဝိုင်းစု ရဲ့ စီးရီး အတွက် အကြံဉာဏ် တွေ ပေးတာ မျိုး ရှိလား။

WSKT : အဲဒီလိုမျိုး တော့ သူက ဘာမှ ထဲထဲဝင်ဝင် ဝင်မပြော ပါဘူး။ သူက ဝိုင်းစု နဲ့ မကြိုက် ခင် ကတည်းက ဂီတ ကို စိတ်ဝင် စား တယ်။ သူ့ဟာသူ လည်း အမေရိက မှာ အရင် ကတည်းက ရှိုးပွဲတွေ ဘာတွေ လုပ်တယ်။ ဝိုင်းစု ရဲ့ အလုပ် နဲ့ ပတ်သက် ပြီးတော့ ဘာကိစ္စ မှ သူဝင် မပါ တတ်ဘူး။

Voice : အိမ်ထောင် ပြုပြီးရင် ကျတော့ ချစ်သူ နဲ့ အတူ အမေရိက မှာပဲ အခြေချ နေထိုင် သွားမှာ လား။

WSKT : အဲဒါတော့ ဝိုင်းစု သေချာ မဆုံးဖြတ် ရသေး ပါဘူး။ ဟိုနဲ့ ဒီနဲ့ သွားလိုက် လာလိုက် ပဲ ဖြစ်မှာ ပါ။ ဝိုင်းစုက တစ်ဦး တည်း သော သမီး ဖြစ်တဲ့ အတွက် အမေကြီး ကို ဒီမှာ တစ်ယောက် တည်း ထားခဲ့ပြီး အမေရိက မှာ အပြီး သွားနေ ဖို့တော့ မဖြစ်လောက် ဘူး ထင် တယ်။

Voice : ဝိုင်းစု က အခု နောက်ပိုင်း ဇာတ်ကား တွေ သိပ် မရိုက် ဖြစ်ပေ မယ့် ထွက်လာ သမျှ ဇာတ်ကား တွေ က ပရိသတ် အကြိုက် ကားလေး တွေ များတယ် နော်။ အဲဒါ ကျတော့ ဇာတ်ကား တွေ ကို ဘယ်လို ရွေးချယ် လက်ခံ ဖြစ် လဲ။

WSKT : အဲဒီလို မျိုး ဇာတ်လမ်း တွေ ရွေး ပြီး လက်ခံ ဖို့တော့ မလွယ်ဘူး ပေါ့နော်။ ဝိုင်းစု ကို လာငှား တဲ့ ကား၊ လာပြော တဲ့ ကား တွေ ထဲက ကိုယ် ကြိုက်တာ ကို ရိုက်ဖြစ် တာပေါ့။ အဓိက က ကိုယ့် အတွက် လုပ်ကွက် ရမယ့်၊ ပရိသတ် ကြိုက်နိုင် မယ့် ကားမျိုး ကို ရွေးချယ် ပြီး ရိုက်ဖြစ် တာပါ။ ကိုယ်ရိုက် လိုက်တဲ့ ကားက မကောင်းဘူး ဆိုရင် ဒီဘက် မှာ ကိုယ်က သီချင်းဆို ဖို့ ရှိတာ ကို ဖျက်ပြီး လက်ခံ ထားတာ မျိုးဆို အဆင် မပြေ ဘူးလေ။ အဲဒီတော့ ဝိုင်းစု နဲ့ လိုက်ဖက် မယ့် ဇာတ်ကား မျိုး ကို ရွေးချယ် ပြီး ရိုက်ဖြစ် ပါ တယ်။

Voice : အာဘွား စီးရီးနဲ့ ပတ်သက် ပြီး ဝိုင်းစုရဲ့ ပရိသတ် တွေ ကို ပြောချင်တာ ရှိရင် ပြောပေး ပါဦး။

WSKT : ဒီခွေလေး မှာ လည်း ဝိုင်းစု တတ် နိုင် သမျှ အကောင်း ဆုံး ကြိုးစား ထားပါ တယ်။ ဒီခွေလေး ကို လည်း အားပေး ကြပါ ဦးလို့။ အရင် ထွက်ရှိ ခဲ့တဲ့ စီးရီး တွေကို အားပေး ခဲ့ကြတဲ့ ပရိသတ် တွေ အားလုံး ကိုလည်း ကျေးဇူး တင် ပါတယ် လို့ ပြောချင် ပါတယ်။

The Voice Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။