Popular Journal
"ဝိုင်းစုခိုင်သိန်းရဲ့ ‘အာ…ဘွား’ တေးစီးရီး အွန်လိုင်း ကဝယ်နိုင်"
ဝိုင်းစုခိုင်သိန်း ရဲ့ တတိယမြောက် တေးစီးရီးဖြစ်တဲ့ အာ..ဘွား Audio CD စာနယ်ဇင်း မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၈ ရက် နေ့၊ မနက် ၁ဝ နာရီက ပါ့ရွိုင်ရယ် ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။
ရှိုးပွဲတိုင်းမှာ ပရိသတ်တွေကို အာ..ဘွား လို့ နှုတ်ဆက်လေ့ ရှိတဲ့ ဝိုင်းစုခိုင်သိန်း က အဲဒီ အမှတ်တရ အနေနဲ့ တတိယ မြောက် အခွေကို အာ..ဘွား လို့ ပေးဖြစ်တာ ဖြစ်ကြောင်း ပြော...ပါတယ်။ ဝိုင်းစု ခိုင်သိန်းရဲ့ မက်လောက်စရာ၊ မျက်လှည့်တေး စီးရီးတွေ တုန်း ကလည်း ပရိသတ်တွေ ရဲ့ အားပေးမှု ရရှိခဲ့ပြီး FM များက ပေးတဲ့ တေးစီးရီးဆုတွေ လည်း ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။

အာ…ဘွား နဲ့ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်း ရဲ့ မျှော်လင့် ချက် ကိုမေးတော့ “ဆိုနေ ကျ မဟုတ်တဲ့ ပုံစံ၊ မွေးနေ့ တစ်ခုနဲ့ ပတ်သက်တဲ့ အရာကို ဆိုထားတာပါ။ ဒီအခွေကို တစ်နှစ် ကျော်လောက် ဖန်တီးထားတယ်။ အတွဲခွေ ကို ထုတ်ဖို့စဉ်း စားရင်း နဲ့ ဒီအခွေ ကို စီစဉ်လိုက်တာပါ။ ဒီအခွေကိုတော့ တစ်လပိုင်း မှာထွက်ဖို့ စီစဉ်မှာပါ။ ဒီ အခွေကို ရန်ကုန်၊ မန္တလေး ၊မြင်းခြံ မြို့တွေမှာ လက်မှတ် ထိုးပေးမှာပါ။ မြို့တိုင်းမှာ ပထမဦးဆုံး လာဝယ်တဲ့ ပရိသတ် ၃ဝဝ ကို ဝိုင်းစုရဲ့ My Lovely Note Book ကို လက်ဆောင် ပေးပါမယ်။ အနယ်နယ် အရပ်ရပ်မှာ အခွေဝယ် လို့ မလွယ် တဲ့နေ ရာတွေ နိုင်ငံ ရပ်ခြားမှာ အခွေဝယ်ယူလို့ မလွယ်တဲ့ ပရိသတ်တွေ အားလုံး အတွက် အွန်လိုင်း ကနေရောင်းချဖို့ လည်း စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
အာ… ဘွား တေး စီးရီးကို အောက်တိုဘာ ၂၇ရက်နေ့ မှာ Excellent Creation မှစတင် ဖြန့်ချိမှာ ဖြစ်ပြီး နေ့ခင်း ၁ နာရီမှ ၃နာရီ အထိ စိန်ဂေဟာ (လှည်းတန်း)၊ ညနေ ၅နာရီ မှ ၇နာရီ အထိ Junction Square မှာ ဝိုင်းစုခိုင်သိန်း နဲ့ အနုပညာရှင် များက အမှတ်တရ လက်မှတ်ရေး ထိုး ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီစာနယ်ဇင်းပွဲ မှာ ဝိုင်းစုခိုင်သိန်း ရဲ့ အမေရိက က ချစ်သူ လည်း တက်ရောက် လာတာ တွေ့ရပြီး၊ သူရဲ့ မင်္ဂလာသတင်း ကိုတော့ သေချာတော့မှပဲ ပရိသတ်တွေကို အသိပေးပါ့မယ် လို့ ပြောပါ တယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။