Essential Moe
တို့ အလှည့် ဘယ်တော့လဲ ကွယ် ???
အင်္ဂလိပ်တွေက
နှစ်ရာကျော်အဆီစုပ်
နှစ်ရာကျော်အဆီစုပ်
ဆီသည်မလက်သုတ်ဖတ်လို
စစ်ပွဲတွေနဲ့ ဖြူခါပြာကျ
တို့လည်းမစားရ။
ဝါးစည်းတွေပြေ
ခါးချိအောင်တေခဲ့
ကြောင်ခံတွင်းပျက်တွေ
အချောင်ဝင်နင်း
သိမ်းကြုံးတွယ်သလောက်
ပြည်ဆံပြည်ဖူး
ပြည်မီးနူးကို
တို့လည်းမစားရ။
ဟော ခု !!
တို့ချင်းချင်းပဲ
အုပ်ချုပ်မင်းလုပ်
နှစ်ရှည် စာချုပ်တွေ နဲ့
အပိုင်သုတ်လိုက်ကြတာ
အရိုးပဲကျန်တောင်
တို့လည်းမစားရ။
တို့အလှည့်ဘယ်တော့လဲကွယ် ????
တရုတ် မြန်မာ ၂ နိုင်ငံကြား သွယ်တန်း ဖောက်လုပ်ထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်း အပြည့်အဝ လည်ပတ်နေပြီလို့ CNPC ကော်ပိုရေးရှင်းက ပြောကြားကြောင်း ဆင်ဟွာ သတင်းများ အရ သိရပါတယ်။
တရုတ်ပြည် အနောက်တောင်ပိုင်းက လူဖန်းနဲ့ Guigang မြို့တွေအကြား နောက်ဆုံး ပိုက်လိုင်း အပြီးသတ် ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကီလိုမီတာ ၂၅ဝဝ ရှည်လျားတဲ့ ပိုက်လိုင်းတလျောက် တနှစ်ကို ကုဗမီတာ သန်းပေါင်း တသောင်းနှစ်ထောင် ပို့လွှတ်မယ်လို့ သိရပါတယ်။
Credit by BBC

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။