ကို စိန်သန်း
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်ထဲမှ မြွေဆိုးတစ်ကောင်
( မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
“စစ်သားအမတ်” ၂၅%သည် လိုအပ်ချက်ဖြစ်သည်၊ အလျော့မပေးနိုင်ကြောင်း စစ်တပ်ပိုင်သတင်းစာတွင် ထုတ်ဖော်လာပြီ။
သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင်ဆိုသူ ဦးသောင်းညွန့် သည် “အထက်ညွန်ကြားချက်အရ” ဦးသောင်းညွန့် ဟူသော အမည် ၏ နောက်တွင် (အမျိုးသားညီလာခံ) ဟူသော အမြှီးတန်းလန်းတတ်လျက် နောက်တစ်ချီပွဲထွက်လာပြန်သည်။
“ဦးသောင်းညွန့်”သည် “ဥပဒေစကားဝိုင်း”ကို အစိုးရပိုင်ရေဒီယို၊ ရုပ်သံများမှ အောက်တိုဘာလ ၁၅ ရက်နေ့စတင် ထုတ်လွှင့် ခဲ့ပြီး၊ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ အစိုးရပိုင်သတင်းစာများ (ကြေးမုံ၊မြန်မာ့အလင်း) တွင် အပိုင်းခွဲ၍ ဖော်ပြခဲ့သည်။ ထိုစဉ်က “ဥပဒေ စကားဝိုင်း” ကို စစ်တပ်ပိုင် မြဝတီသတင်းစာတွင်ဖော်ပြခြင်းမပြုခဲ့။
ယခုအခါသည် စစ်တပ်ပိုင် “မြဝတီသတင်းစာ” တွင်ဖော်ပြရမည့် အလှည့်ဖြစ်ပုံရသည်။ သို့ဖြင့် “ဦးသောင်းညွန့် (အမျိုးသား ညီလာခံ)” ဟူသော အမြှီးတတ်လျက် တစ်ကိုယ်တော်ပွဲထွက်လာသည်။
၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ အခြေခံဥပဒေ ၃ ခု “ နှိုင်းယှဉ်လေ့လာခြင်း” ဟု ခေါင်းစဉ်တပ်ထားသော်လည်း စစ်တပ်ပိုင်သတင်းစာ တွင်ဖော်ထုတ်လာသည့် အဓိကအာဘော်မှာ စစ်သားအမတ် ၂၅% သည် လိုအပ်ချက်ဖြစ်သည်/အလျော့မပေးနိုင် ဟူသောအချက်ကို ဖော်ပြခြင်းသာဖြစ်သည်။ ထို့အပြင် “၂၀၀၈ အခြေခံဥပဒေ”အရ စစ်တပ်သည် “အချိန်ကာလသတ်မှတ်ချက်ဖြင့်” အာဏာသိမ်းနိုင်ပြီး သိမ်းထားသောအာဏာကို သမ္မတထံသို့ “ ပြန်လည်လွှဲအပ်ရန် ပြည့်စုံသောမူများပါရှိသည်” ဟူ၍ပင် အမွှမ်းတင်ကာကွယ်ထားသည်။
အကြောင်းပြချက်များမှာ ဤသို့ဖြစ်သည်။
“လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ၁၉၄၈-၄၉ ခုနှစ်များက တစ်ကြိမ်၊ အာဏာရ ဖဆပလအဖွဲ့ ချုပ်အတွင်းအစိတ်စိတ်အမွှာမွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြဖြင့်သွေးချောင်းစီးလုနီး ၁၉၅၈-၅၉ ခုနှစ်များက တစ်ကြိမ်၊ ရှမ်း ပြည်နယ်ဖက်ဒရယ်မူလှုပ်ရှားဖြင့် ပြည်ထောင်စုကြီးပြိုကွဲလုဆဲဆဲ ၁၉၆၂ ခုနှစ်ကတစ်ကြိမ်၊ တိုင်းဆူပြည်ဖျက်ဆူပူမှုဖြင့် မင်းမဲ့စရိုက် လွှမ်းမိုးလာကာ ပြည်ပအင်အားကြီးနိုင်ငံတစ်ခုမှ ရေတပ်စစ်သင်္ဘောငါးစင်း မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် အတွက်နိုင်ငံပြိုကွဲပြီး အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးလုဆဲဆဲ ၁၉၈၈ခုနှစ်ကတစ်ကြိမ်၊ တပ်မတော်ကနိုင်ငံကိုဝင်ရောက် ထိန်း သိမ်းကာကွယ်ပေးခဲ့ရသဖြင့် နောင်တွင်အလားတူအခြေအနေမျိုး ထပ်မံမကြုံရလေအောင်တပ်မတော်ကိုယ်စားလှယ်များက လွှတ်တော် များ ၌ ပါဝင် တင်ပြ၊ ဆွေးနွေး၊ အကြံပြု၊ တိုက်တွန်း၊ တားမြစ်ခွင့် ရှိစေသင့်ပါသည်” ဟူ၍ဖြစ်သည်။
ဤအကြောင်းပြချက် ၄ ရပ်ဆိုသည်မှာ (နဝတ-နအဖ)စစ်အစိုးရ က အစဉ်တစိုက် ပုံဖျက်ပြီးဝါဒဖြန့်ခဲ့သည့် အချက်များဖြစ် သည်။
၁၉၄၈-၄၉ ကိစ္စ ဆိုသည်မှာ အမျိုးသားညီညွတ်မှုပြိုကွဲသည့်ကိစ္စ (၁၉၄၆အောက်တိုဘာ၊ ဖဆပလ မှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ခြင်း၊ နု- အတ္တလီစာချုပ်၊ ၁၉၄၇ဇူလိုင်၊ အမျိုးသားခေါင်းဆောင်လုပ်ကြံခံရခြင်းစသည့် အခြေခံအကြောင်းတရားများအောက် တွင်) အာဏာရအုပ်စိုးသူများက သတင်းစာတိုက်များဖျက်ဆီးခြင်း၊ ကွန်မြူနစ်ပါတီဌာနချုပ်ဝင်စီးခြင်းစသော အကြမ်းဖက်ဖိနှိပ်သည့် ကိစ္စများ၏ နောက် ဆက်တွဲအကျိုးဆက်မျှသာဖြစ်သည်။
၁၉၅၈ - ၅၉ ကိစ္စမှာ ဗိုလ်နေဝင်းက ထိုစဉ်ကအာဏာရဝန်ကြီးချုပ်ဦးနုထံ စစ်ဗိုလ် ၃ ဦး စေလွှတ် အကြပ်ကိုင်၍ အာဏာ သိမ်းခြင်းသာဖြစ်သည်။ ဦးနု၏ ပါးနပ်မှုကြောင့် (အမှန်တော့ ဦးနုသည် ၁၉၄၇အခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ခြင်းပင်) အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သာ “ပုဒ်မ ၁၁၆ ”ကို “ပြင်ဆင်”၍ “အိမ်စောင့်အစိုးရ(၁၉၅၈ စက်တင်ဘာမှ ၁၉၆၀ ဧပြီထိ) ” လုပ်ရခြင်း ဖြစ်သည်။
၁၉၄၇ခုနှစ်၊ အခြေခံဥပဒေ၊ ပုဒ်မ ၁၁၆ ကို ယင်းသို့လုပ်တစ်လုံးခြားလုပ်မှုကို သခင်ချစ်မောင်က “အခြေခံဥပဒေ၏ နှလုံးသား ကို ထုတ်ယူခြင်းဖြစ်သည်” ဟု ဝိဒူရဇာတ်ခင်းပြီး စစ်တပ်အာဏာသိမ်းမှုကို ပါလီမန်တွင်ဝေဖန်ခဲ့သဖြင့် ဝိဓူရသခင်ချစ်မောင်ဖြစ်လာ ခဲ့သည်။သို့သော်လည်း ၁၉၆၂ မတ်လ ၂ ရက် အာဏာသိမ်းပြီးနောက် ဆိုရှယ်လစ်အနံ့ညှော်သည့်ကာလတွင် ဝိဓူရသည် “ခွေးကတက်” သို့ ရောက်သွားလေ၏။
လမ်းပြမြေပုံကို အဆင့်တိုင်းတိုက်ဖျက်ရမည်၊ “၂၀၀၈ အခြေခံဥပဒေ”ကို လက်မခံ၊ ဆန့်ကျင်ကြောင်းပြောခဲ့ကြပြီး ယခုအခါ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲဝင်ကြမည့်သူများအတွက် အတိတ်သမိုင်းမှ သင်ခန်းစာယူစရာတစ်ခုဖြစ်သည်။
၁၉၆၂ ကိစ္စ၊ ရှမ်းပြည်နယ်က တင်ပြသည့် “ဖက်ဒရယ်မူလှုပ်ရှားမှု” ဆိုသည်မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။