ပြုတ်ပြီးသားကြက်ဥကို သာမန်သဘာဝကြက်ဥပြန်ဖြစ်အောင် လုပ်နိုင်တဲ့အတွက် သြဇီသိပ္ပံပညာရှင်တစ်ဦး နိုဘယ်ဆုရ
=========================
=========================
ဆွီဒင်နိုဘယ်ဆုကို တုပသရော်ထားတဲ့ Ig Noble Prize ဆုကို သြစတြေးလျသိပ္ပံပညာရှင်တစ်ဦးက ပြုတ်ပြီးသားကြက်ဥကို သာမန်ကြက်ဥပြန်ဖြစ်အောင် လုပ်နည်းရှာတွေ့ ခဲ့မှုကြောင့် ရရှိသွားခဲ့ပါတယ်။
တောင်သြစတြေးလျပြည်နယ်မြို့ တော် Adelaide ၊ Flinders တက္ကသိုလ်က ဓာတုဗေဒပါမောက္ခတစ်ဦး ဖြစ်သူ Colin Raston ဟာ ပရိုတိန်းဓာတ်တွေကို ပြန်ဖြေထုတ်နိုင်မယ့် စက်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ကြက်ဥတစ်လုံးကိုပြုတ်တဲ့အခါ၊ ဥအဖြူသားထဲမှာရှိတဲ့ ပရိုတင်း အသားဓာတ်တွေဟာ ပြိုကွဲသွားပြီး နောက်တစ်ဖန် ကျစ်လျစ်၊သိပ်သည်းရှုပ်ထွေးတဲ့
ပရိုတင်းဖွဲ့ စည်းပုံမျိုးနဲ့ ပြန်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို
့ဟာ ကြက်ဥအပြင်အသား အဖြူကို ရော်ဘာလိုမျိုး မြင်တွေ့ ကိုင်တွယ်လို
့ရတာဖြစ်ပါတယ်။
ပရော်ဖက်ဆာရဲ့ စက်ဟာ ပြုတ်ပြီးသားကြက်ဥအဖြူသားထဲက
ပရိုတိန်းတွေကို အရည်ဝဲကတော့ပုံစံ လည်ပတ်နည်းနဲ့ ပရိုတိန်းဖွဲ
့စည်းမှုကို ပြန်လည်ပြိုကွဲပြီး မူလအခြေအနေရောက်အောင် ပြန်လုပ်ပေးတာ
ဖြစ်ပါတယ်။“ပြုတ်ပြီးသားကြက်ဥကို သာမန်ကြက်ဥပြန်ဖြစ်အောင်လုပ်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်ထား ထားတာမဟုတ်ပါဘူး။ ဒါဟာ သိပ္ပံပညာရပ်ရဲ့အရေးပါအရာရောက်ပုံကို ကမ္ဘာက ကျယ်ကျယ်ပြန့် ပြန့်  သိရှိအောင်နဲ့ သိပ္ပံရဲ့ ပါဝင်ပတ်သက်မှုတွေကို လူတွေသိနားလည်အောင် ရှင်းပြတာ ဖြစ်ပါတယ်”
အခုလို ပရိုတင်းဓာတ်ကိုအသုံးချနည်းကို ရှာဖွေတွေ့ ရှိခဲ့မှုဟာ ပရိုတင်းကို အဓိကအားထား ထုတ်လုပ်နေတဲ့ ဆေးဝါးဈေးကွက်မှာ အကြီးအကျယ်ပြောင်းလဲမှုဖြစ်စေမှာဖြစ်ပြီး သူ့ ရဲ့စက်ကို ဈေးသတ်မှတ်ဖို့ တောင် ခက်ခဲမှာဖြစ်တယ်လို့ ပရော်ဖက်ဆာ Raston က ပြောကြားခဲ့ပါတယ်။
ပရော်ဖက်ဆာဟာ ဟားဗတ်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ တကယ့်နိုဘယ်ဆုရပညာရှင် တွေက ရွေးချယ်ပေးအပ်တဲ့ Ig နိုဘယ်ဆုကို ပရိတ်သတ်ပေါင်း ၁၁၀၀ ရှေ့ မှောက်မှာ လက်ခံရယူခဲ့ပါတယ်။Ig နိုဘယ် ဆုဟာ ရယ်စရာသိပ္ပံအောင်မြင်မှုတွေ ဆိုပေမယ့် ဒီရယ်စရာအောင်မြင်မှုတွေရဲ့ နောက်မှာ တွေးစရာတွေ အများကြီး ပါလာလေ့ရှိပါတယ်
================
Search Myanmar
=========================
=========================
ဆွီဒင်နိုဘယ်ဆုကို တုပသရော်ထားတဲ့ Ig Noble Prize ဆုကို သြစတြေးလျသိပ္ပံပညာရှင်တစ်ဦ
တောင်သြစတြေးလျပြည်နယ်မြို့ တော် Adelaide ၊ Flinders တက္ကသိုလ်က ဓာတုဗေဒပါမောက္ခတစ်ဦး ဖြစ်သူ Colin Raston ဟာ ပရိုတိန်းဓာတ်တွေကို ပြန်ဖြေထုတ်နိုင်မယ့် စက်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ကြက်ဥတ
ပရော်ဖက်ဆာရဲ့ စက်ဟာ ပြုတ်ပြီးသားကြက်ဥအဖြူသားထဲ
အခုလို ပရိုတင်းဓာတ်ကိုအသုံးချနည်း
ပရော်ဖက်ဆာဟာ ဟားဗတ်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ တကယ့်နိုဘယ်ဆုရပညာရှင် တွေက ရွေးချယ်ပေးအပ်တဲ့ Ig နိုဘယ်ဆုကို ပရိတ်သတ်ပေါင်း ၁၁၀၀ ရှေ့ မှောက်မှာ လက်ခံရယူခဲ့ပါတယ်။Ig နိုဘယ် ဆုဟာ ရယ်စရာသိပ္ပံအောင်မြင်မှုတွေ
================
Search Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။