Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 13, 2017

သမိုင်းဝင် ပင်လုံ မိန့် ခွန်း 2

နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား

===============================================

ပင်လုံ ဖေဖော်ဝါရီ ၁၂
နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပြည်မတောင်တန်းပူးပေါင်းရေး ကျောက်တိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ငြိမ်းချမ်း ရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ခေါင်းဆောင် များ၏ သားသမီးများနှင့် ဆွေမျိုးတော်စပ်သူများ၊ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် တိုင်းရင်းသားများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်ကြသူများသည် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း များကို ဆောင်ရွက်ကြသည်။

ထို့နောက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ နမ်းမီမီချမ်းက ပင်လုံသမိုင်းအကျဉ်းကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ချင်း၊ ကယား၊ ကရင်၊ ရခိုင်၊ မွန်၊ ကချင်၊ ရှမ်း၊ ဗမာ တိုင်းရင်းသူများ က ပင်လုံစာချုပ်ပါ အချက်များကို တစ်ပိုဒ်စီ ဖတ်ကြားကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းကို သီးခြားဖော်ပြထားပါ သည်။)

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော လူထုကိုယ် စားလှယ် ဦးထွန်းမြင့်၊ လူထုကိုယ်စားလှယ် စ၀်ယိဝ်ဖ၊ ချင်းကိုယ်စားလှယ် (ဟားခါး) ဦးကီယိုမန်း၊ လူထုကိုယ်စားလှယ် ဦးကြာပု၊ ချင်းကိုယ်စား လှယ်(တီးတိန်) ဦးအောင်ဇာခုပ်၊ လူထုကိုယ်စားလှယ် ဦးတင်ဧ၊ ချင်းကိုယ်စားလှယ်(ဖလမ်း)ဦးလှူရ် မှုန်၊ လူထုကိုယ်စားလှယ် ဦးဟော်ဝါးဒူဝါအမ်ခွန်ဖုန်း၊ ကချင်ကိုယ်စားလှယ်(ဗန်းမော်) ဦးလဘန်ဂရောင်၊ သထုံစော်ဘွား ကိုယ်စားလှယ် ဦးဖြူ၊ ကချင်ကိုယ်စား လှယ် (ဗန်းမော်) ဒူဝါးဇော်လွန်း ၊ သမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကချင်ကိုယ်စား လှယ်(မြစ်ကြီးနား) ဦးဒိန်ရတန်၊ ဗိုလ်ချုပ်အောင်ဆန်း၊ တောင်ပိုင်းစော်ဘွား စ၀်ခွန် ပန်းစိန်၊ ကချင်ကိုယ်စားလှယ်(မြစ်ကြီးနား) ဆမားဒူးဝါးဆင်ဝါးနောင်၊ ညောင်ရွှေစော် ဘွား စ၀်ရွှေသိုက်၊ လူထုကိုယ်စားလှယ် ဦးခွန်ထီး၊ မြောက်ပိုင်းသိန္နီစော်ဘွား စ၀်ဟုံဖ ၊ လူထုကိုယ်စားလှယ် ဦးခွန်စော၊ လဲချားစော်ဘွား စ၀်နွံ၊ ကချင်ကိုယ်စားလှယ် (မြစ်ကြီးနား) ဒူဝါဇော်ရစ် နှင့် မိုင်းပွန်စော်ဘွားစ၀်စံထွန်းတို့၏ ဓာတ်ပုံနှင့် အထိမ်း အမှတ်နေရာများကို လှည့်လည်ကြည့်ရှုပြီး ၎င်းတို့၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးခဲ့သော ခေါင်းဆောင်၏ မိသားစုဝင်များနှင့် လည်းကောင်း၊ ပင်လုံ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် လည်းကောင်း၊ ပင်လုံစာချုပ်ပါ အပိုဒ် ၈ ပိုဒ်ကို ဖတ်ကြားသည့် တိုင်းရင်းသူ ၈ ဦးနှင့် လည်းကောင်း စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ၏ ပင်လုံ ငြိမ်းချမ်းရေးစကားဝိုင်း (Panglong Peace Talk) အစီအစဉ်ကို ကျင်းပသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ပြည်ထောင်စု တိုင်း ရင်းသား၊ တိုင်းရင်းသူအကအဖွဲ့များ၏ ပင်လုံသီချင်းဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးကြသည်။

၁၉၄၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်အထိ ပင်လုံမြို့တွင် ပြုလုပ်ခဲ့သည့် ပထမပင်လုံအစည်းအဝေးတွင် တိုင်းရင်းသားအားလုံး အတူတကွ လွတ်လပ်ရေး အရ ယူကြရန် လမ်းစပွင့်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၁၃ ရက် အထိ ပင်လုံမြို့တွင် သမိုင်းဝင် ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပနိုင်ခဲ့ပြီး ယင်းညီလာ ခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဘုရင်ခံအမှုဆောင်ဝန်ကြီးများ၊ နယ်ခြားဒေသအုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများ၊ မြန်မာပြည်နိုင်ငံရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာဆရာများ၊ နိုင်ငံခြား သံကိုယ်စားလှယ် ကောင်စစ်ဝန် များ၊ ထင်ရှားကျော်ကြားသူ တစ်သီးပုဂ္ဂလများ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထု ကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသားနှင့် ချင်းတိုင်းရင်းသားကိုယ်စားလှယ် များပါဝင်တက်ရောက်ခဲ့ကြသည်။

ကရင်နီကိုယ်စားလှယ်များနှင့် KNU အဖွဲ့ ကိုယ်စားလှယ်များလည်း လေ့လာ သူအဖြစ် တက်ရောက်ခဲ့သည်။ ထိုပင်လုံညီလာခံတွင် တောင်တန်းပြည်မ ပူးပေါင်းပြီး လွတ်လပ်ရေးရယူမည်ဖြစ်ကြောင်း သက်သေပြသည့် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တိုင်းရင်းသားကိုယ်စား လှယ် ၂၃ ဦးက အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြသည်။
ယင်းပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် တောင် တန်းမြေပြန့် ပူးပေါင်းပြီး နိုင်ငံလွတ်လပ်ရေး ရယူနိုင်ရန် လမ်းပွင့်သွားခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအဖြစ် ပြန် လည်ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ပင်လုံသမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြခဲ့သည့် နန်းမီမီချမ်းက ``ပင်လုံစာချုပ် ချုပ်ဆိုခဲတာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၇၀) ပြည့်မြောက်ခဲ့ပါပြီ။ လွတ်လပ်ရေးရရှိခဲ့ တာကြာပြီဖြစ်ပေမယ့်လည်း နိုင်ငံရေး ကွဲပြားမှုတွေ၊ စိတ်သဘောထား မတိုက်ဆိုင်မှု တွေနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တာ ကမ္ဘာ့အရှည်ကြာဆုံးအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

`` ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းက ၂၀ ရာစု ပင်လုံ ညီလာခံကြီးနဲ့ ရင်ကြားစေ့ပေးနိုင်ခဲ့သလို ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းအောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစုပင်လုံညီလာခံကြီးနဲ့ ရင်ကြားစေ့ပေးနိုင်ဖို့ တစ်နိုင်ငံလုံးက အားကိုးတကြီး မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

``ကျွန်မတို့ ပြည်ထောင်စုကြီး မငြိမ်းချမ်းတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ကျွန်မတို့ရဲ့ တိုင်းရင်းသားကလေးငယ်တွေ၊ သားသည်မိခင်တွေ စစ်ဘေးဒဏ်သင့်လို့ အခုလို အေးမြတဲ့ ရာသီမှာ ဘယ်ပုံဘယ်နည်း နေထိုင်နေကြရတယ်ဆိုတာကို မြင် ယောင်မိတိုင်း ကြေကွဲဝမ်းနည်းရပါတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေကို ခေါင်း ဆောင်ကြီးတွေက သုတ်ပေးကြဖို့ တစ်နိုင်ငံလုံးက ပြည်သူတွေကိုယ်စား ဒီကနေ့ အခမ်းအနားကြီးမှာ ကျွန်မအနေနဲ့ အလေးအနက် တောင်းဆိုချင်ပါတယ်´´ ဟု ထည့်သွင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။