သမိုင်းဝင် ပင်လုံ မိန့် ခွန်း
----------------------
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း (အပိုင်း ၁ )
-------------------------- --------------------------
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းပြောကြားအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ပြည်ထောင်စုနေ့အခမ်းအနားကို
တက်ရောက်လာတဲ့ ပြည်သူလူထုအားလုံးနဲ့ ဧည့်သည်တော်များကို
နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့မှာ ပြည်ထောင်စု ကြီးကို
အသိအမှတ်ပြုသောအားဖြင့် အားလုံးစုဝေးပြီးတော့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
ပင်လုံဆိုတာဟာ ရှမ်းပြည်နယ်ရဲ့ တစ်စိတ်တစ်ဒေသတင် မဟုတ်ပါဘူး။ ပြည်ထောင်စုတစ်ခုလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီကနေ စတင်ပြီး ပြည်ထောင်စုရဲ့ညီညွတ်မှုအတွက်
အခြေခံအုတ်မြစ်ကို ချလိုက်တာ ဖြစ်ပါတယ်။ စောစောက ဖတ်ပြသွားတဲ့
ပင်လုံစာချုပ်ရဲ့ အချက်အလက်တွေကို လေ့လာမယ်ဆိုရင် တိုင်ပင်ခြင်း၊
ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ သဘောတူညီမှုယူခြင်း ဆိုတဲ့မူတွေအပေါ်မှာ
အခြေခံပြီးတော့ ပြည်ထောင်စုကို စတင် ထူထောင်ခဲ့တာဖြစ်ပါ တယ်။
ပြည်ထောင်စုသားစစ်စစ်အားလုံးရဲ့
နှလုံးသားထဲမှာ ပင်လုံဆိုတဲ့ အင်မတန်မှ ရိုးရှင်းတိုတောင်းလှတဲ့ အမည်လေးဟာ
စိတ်နှလုံးချမ်းသာဖွယ်ရာ၊ လှုပ်ရှားဖွယ်ရာ ဖြစ်ပါတယ်။ ပင်လုံကို
အခမ်းအနားတစ်ခုအနေနဲ့မဟုတ်ဘဲ သမိုင်းရဲ့အင်မတန်မှ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အသိအမှတ်ပြုထားပါတယ်။
သမိုင်းဆိုတာဟာ ဘယ်တော့မှရပ်မနေပါဘူး။ ဆက်ပြီးတော့ လှုပ်ရှားသွား တာဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ
ပင်လုံ သမိုင်းကို စတင်ပြီးတော့ ထူထောင်ခဲ့တယ်၊ ဒီသမိုင်းဟာ
အောင်အောင်မြင်မြင်နဲ့ နိဂုံး ချုပ်ဖို့အတွက် တာဝန်ကတော့ ကျွန်မတို့အပေါ်မှာ
ကျရောက်လာပြီဖြစ်ပါတယ်။
သမိုင်းကနေ ဘယ်သူမှမလွတ်မြောက်နိုင်ပါဘူး။ ခေတ်အဆက်ဆက် ကမ္ဘာ တည်သရွေ့ ကျွန်မတို့ရဲ့ လုပ်ရပ်တွေကို မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်က သုံးသပ်ပြီး စီရင်ချက်ချသွားမှာဖြစ်ပါတယ်။
ဒီလိုစီရင်ချက်ချမယ့် ပြည်သူလူထုရဲ့ ခုံရုံးရှေ့မှာ အခုလက်ရှိ
မျိုးဆက်တွေမဟုတ်ဘဲနဲ့ နောင်လာမယ့် မျိုးဆက်အဆက် ဆက်ရဲ့ ခုံရုံးတွေရှေ့မှာ
ဘယ်လောက်အထိ မားမားမတ်မတ်ရပ်တည်ပြီးတော့ လက်ခံ နိုင်မလဲ၊ ကျွန်မတို့ဟာ ဒီခုံရုံးတွေရဲ့ဘယ်လိုဆုံြး ဖတ်ချက်တွေကို ရင်ဆိုင်ရမလဲဆိုတာ အခုအချိန်မှာ လေးလေးနက်နက်စဉ်းစားဖို့ ရသွားပါပြီ။
တိုင်းရေးပြည်ရေးနဲ့ပတ်သက်လို့ အင်မတန်မှ ကျွမ်းကျင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ ကဗျာ ဆရာကြီးတစ်ဦးရဲ့ ရေးသားချက်တွေကို ကျွန်မတို့ ပြည်သူအများ သိကြမှာဖြစ်ပါတယ်။
" စစ်နည်းဗျူဟာ ဘယ်လိုကြွယ်လည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း ပြည်သူ့နှလုံး မသိမ်းကျူံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်း ကြွေအံ့၊ လှံလည်းခွေအံ့" ….တဲ့။
ကျွန်မတို့ရဲ့ အဓိကအင်အားဟာ ပြည်သူရဲ့နှလုံးများနဲ့ ပြည်သူရဲ့စွမ်းအား ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရယူဖို့ကြိုး စားတဲ့အခါမှာ ဒီအဓိကအင်အားတွေကို ရယူ ဖို့ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့နှလုံးသားတွေကို
သိမ်းကျုံးဖို့ဆိုတာ ပြည်သူ့အတွက် ရေရှည်အကျိုး၊ အခုလက်ရှိ
ပစ္စုပ္ပန်တင်သာမကဘဲ နောင်လာမယ့်အဆက်ဆက်သော ကျွန်မတို့
မျိုးဆက်တွေရဲ့အကျိုးအတွက် ကျွန်မတို့ ဘယ်လောက်စွန့်စားရဲတယ်၊
ဘယ်လောက်ခံရဲတယ်ဆိုတာ အဓိကကျွန်မတို့အပေါ်မှာ ကျရောက်မယ့်တာဝန်ဖြစ် ပါတယ်။
ပြည်သူလူထုဟာ မိမိတို့အတွက် ဘယ်သူတွေက အစစ်အမှန် စွန့်စားတယ်၊ စွန့်လွှတ်တယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဆိုရိုးစကားရှိပါတယ်။ အများကို တစ်ခဏ လှည့်ဖြားလို့ရပါလိမ့်မယ်၊ အားလုံးကို ထာဝရတော့ ဘယ်တော့မှ လှည့်ဖြား လို့ မရပါဘူး။
ပြည်သူဟာ မိမိတို့ရဲ့အကျိုးအတွက် ဘယ်သူတွေ ဆောင်ရွက်ရမလဲဆိုတာကို ကောင်းစွာသိပါတယ်။ ပြည်သူတွေအတွက် တန်ဖိုးအရှိဆုံး၊ အကြီးမားဆုံးအကျိုး ကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုး တက်ရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပါဝင်နေတဲ့အစုအဖွဲ့အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။
(အပိုင်း၂ ဆက်လက်ဖေါ်ပြပါမည်)
-MSCO
----------------------
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း (အပိုင်း ၁ )
--------------------------
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းပြောကြားအပြည့်အစ
ပြည်ထောင်စုနေ့အခမ်းအနားကို
ပင်လုံဆိုတာဟာ ရှမ်းပြည်နယ်ရဲ့ တစ်စိတ်တစ်ဒေသတင် မဟုတ်ပါဘူး။ ပြည်ထောင်စုတစ်ခုလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီကနေ စတင်ပြီး ပြည်ထောင်စုရဲ့ညီညွတ်မှုအတွက
ပြည်ထောင်စုသားစစ်စစ်အားလု
သမိုင်းဆိုတာဟာ ဘယ်တော့မှရပ်မနေပါဘူး။ ဆက်ပြီးတော့ လှုပ်ရှားသွား တာဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးမ
သမိုင်းကနေ ဘယ်သူမှမလွတ်မြောက်နိုင်ပါဘ
တိုင်းရေးပြည်ရေးနဲ့ပတ်သက်လ
" စစ်နည်းဗျူဟာ ဘယ်လိုကြွယ်လည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း ပြည်သူ့နှလုံး မသိမ်းကျူံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်း ကြွေအံ့၊ လှံလည်းခွေအံ့" ….တဲ့။
ကျွန်မတို့ရဲ့ အဓိကအင်အားဟာ ပြည်သူရဲ့နှလုံးများနဲ့ ပြည်သူရဲ့စွမ်းအား ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရယူဖို့ကြိုး
ပြည်သူလူထုဟာ မိမိတို့အတွက် ဘယ်သူတွေက အစစ်အမှန် စွန့်စားတယ်၊ စွန့်လွှတ်တယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဆိုရိုးစကားရှိပါတယ်။ အများကို တစ်ခဏ လှည့်ဖြားလို့ရပါလိမ့်မယ်၊ အားလုံးကို ထာဝရတော့ ဘယ်တော့မှ လှည့်ဖြား လို့ မရပါဘူး။
ပြည်သူဟာ မိမိတို့ရဲ့အကျိုးအတွက် ဘယ်သူတွေ ဆောင်ရွက်ရမလဲဆိုတာကို ကောင်းစွာသိပါတယ်။ ပြည်သူတွေအတွက် တန်ဖိုးအရှိဆုံး၊ အကြီးမားဆုံးအကျိုး ကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုး တက်ရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပါဝင်နေတဲ့အစုအဖွဲ့အားလုံးက
(အပိုင်း၂ ဆက်လက်ဖေါ်ပြပါမည်)
-MSCO
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။