Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 24, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း


Tike ZN added 5 new photos.Follow

"အမေ့မိန့်ခွန်း အပြည့်အစုံ"
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးတွင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း
===============================================

နေပြည်တော် မေ ၂၄
လေးစားအပ်ပါသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်လာကြတဲ့ အထူးဧည့်သည်တော်များ၊ ကိုယ်စားလှယ်တော်ကြီးများ၊ လေ့လာသူများနဲ့ ဧည့်သည်တော်များရှင့် -
အားလုံးပဲ ငြိမ်းချမ်းမှု မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခု ကျွန်မရှေ့က ဒီအစည်းအဝေးခန်းမကြီးမှာ တွေ့မြင်နေရတာကတော့ ကျွန်မတို့ နိုင်ငံရဲ့ ရှေ့အလားအလာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးအိပ်မက် တည်ဆောက်နိုင်မယ့် အခြေခံအုတ်မြစ်တွေ အတူရှိနေကြတာ ဖြစ်ပါတယ်။
ဒီညီလာခံကြီးမှာ ပါဝင်တက်ရောက်ကြသူအားလုံးအနေနဲ့ ပြည်သူ ပြည်သားတွေ နှစ်ပေါင်းများစွာ မျှော်မှန်းခဲ့တဲ့၊ တန်ဖိုးထားခဲ့တဲ့ အိပ်မက်တွေ လက်တွေ့ အမှန်တကယ် ဖြစ်ပေါ်လာအောင် ဖန်တီးဖော်ဆောင်ပေးဖို့ တာဝန်ရှိသလို၊ ဖန်တီးဖော်ဆောင်ပေးနိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်ဒြပ်တွေကိုလည်း ရယူခွင့် ရှိနေပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုဟာ ကျွန်မတို့နိုင်ငံကို တိုးတက်ခိုင်မာပြီး သာယာဝပြောတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး၊ ကျွန်မတို့အားလုံး ခိုလှုံဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ ပြည်ထောင်စုကြီး ဖြစ်လာစေမှာ ဖြစ်ပါတယ်။
လာမယ့်ရက်များအတွင်းမှာ အကြိတ်အနယ်ဆွေးနွေးမှုတွေ၊ အမြင်ချင်း ဖလှယ်မှုတွေ၊ အငြင်းအခုန် တွေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တွေကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံကြီးဟာ မျှော်လင့်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖေါ်ထုတ်နိုင်မယ့် ဖိုရမ်တစ်ခု ဖြစ်ပါလိမ့်မယ်။ အဲဒီလို အနေအထားကနေ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမယ့်၊ စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေ၊ ဖြေရှင်းချက်တွေ ရှာဖွေတွေ့ရှိလာမှာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေထဲမှာ အကြီးမားဆုံးတစ်ခုဖြစ်တဲ့ ဒီစိန်ခေါ်မှုကို ပြည်ထောင်စုစိတ်ဓါတ်၊ ဂုဏ်သိက္ခာ ရှိတဲ့အနာဂတ်ကို ရယူပိုင်စိုးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ ကျွန်မတို့ အားလုံး ရင်ဆိုင်ကျော်လွှားသွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အောင်မြင်မှုဟာ ကျွန်မတို့နိုင်ငံရဲ့ အောင်မြင်မှုသာမက ငြိမ်းချမ်းရေးကို တောင့်တနေကြတဲ့၊ ခိုက်ရန်ဖြစ်ပွားမှုတွေထက် သဟဇာတဖြစ်မှုကို တန်ဖိုးထားကြတဲ့၊ ရန်ဖက်ဖြစ်ခြင်းထက် မိတ်ဖက်ဖြစ်ခြင်းကို တန်ဖိုးထားတဲ့၊ ပျက်စီးယိုယွင်းမှုတွေထက် သာယာဝပြောမှုကို လိုလားကြတဲ့ ကမ္ဘာ့ပြည်သူ အားလုံးအတွက် အောင်မြင်မှု ဖြစ်လာမှာဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးညီလာခံကြီးဟာ အခုဆိုရင် နိုင်ငံအတွက်၊ ပြည်သူအတွက် အရေးကြီးလှတဲ့ ဖက်ဒရယ်ဆိုင်ရာအခြေခံမူတွေကို ဆွေးနွေး နိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အနှစ်နှစ်အလလ မျှော်လင့်ခဲ့ကြတဲ့ သမိုင်းတွင်မယ့်အခါသမယ၊ နိုင်ငံရေးဆွေးနွေးမှု သမိုင်းသစ်ကို ကျွန်မတို့အားလုံးအတူတစ်ကွ စတင်ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်။
ဒီကနေ့ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ကျွန်မအနေနဲ့ ပြည်ထောင်စု တစ်ဝှမ်းက ပြည်သူတွေကို အသိပေးပြောကြားလိုတဲ့ အဓိကရည်မှန်းချက် (၃) ရပ် ရှိပါတယ်။
ပထမဆုံးအချက်ကတော့ ကျွန်မတို့ ဦးတည် လျှောက်လှမ်းနေတဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့သမိုင်းကြောင်းမှာ ရှည်ကြာလှပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဖြေရှင်းချက်ဟာ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ဖြစ်တယ်ဆိုတာကို အားလုံးနီးပါး လက်ခံထားကြ ပြီဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေရဲ့ ဖြေရှင်းချက်ဖြစ်တဲ့ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး” ဟာ ကျွန်မတို့ရဲ့ ပန်းတိုင် ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို အရောက်လှမ်း နိုင်မှာလားဆိုတာကတော့ ဒီကနေ့ ကျွန်မတို့အားလုံးရဲ့ လက်ဝယ်မှာရှိနေ ပါတယ်။ ဒီတာဝန်ဟာ ကျွန်မတို့အားလုံးရဲ့ ပုခုံးထက်မှာ ကျရောက်နေပါပြီ။ ဒါကိုရှောင်လွှဲဖို့၊ ဒါကိုရှောင်ဖယ်ဖို့၊ ဒါကိုနောက်တွန့်ဖို့ ဘယ်သူကမှ ဆန္ဒရှိလိမ့်မယ်လို့ မထင်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့ ပေးဆပ်ရတဲ့ စွမ်းအားတွေ၊ ယုံကြည်မှုတွေ၊ အလေးအမြတ်ထားရှိမှုတွေက ဒီနိုင်ငံ၊ ဒီပြည်ထောင်စုနဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေကို အလင်းရောင် ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီအလင်းရောင် မှိန်ဖျော့လာမလား၊ ဒီအလင်းရောင် ပိုမိုပြီး တောက်ပလာမလားဆိုတာက ကမ္ဘာကြီးမှာ မြန်မာနိုင်ငံရဲ့နေရာကို ပြသလာပါလိမ့်မယ်။
အခုညီလာခံကြီးမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ အခြေခံမူတွေကို ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုပေးရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ပထမအစည်းအဝေး ရပ်နားပြီးနောက် ခြောက်လအကြာမှာ အခြေခံမူတွေ ထွက်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းပြီး ကြည့်မြင်ကြပါ။ (၂၀)ရာစု ပင်လုံစာချုပ်နဲ့ လွတ်လပ်ရေး ရရှိခဲ့ပြီးတဲ့နောက်မှာ ပြည်တွင်းစစ်မီးလျှံတွေ တဟုန်းဟုန်းတောက်လောင်ခဲ့ပါတယ်။ နှစ်ပေါင်း (၇၀)လောက် ကြာရှည်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ် အဆိုးသံသရာမှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ တိုးတက်မှုတွေကို စတေးခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်မတို့ တိုင်းရင်းသားပြည်သူတွေ၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လူမှု-စီးပွားနဲ့ စိတ်ဓါတ်အညွန့် ကျိုးခဲ့ရုံသာမက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကိုပါ တဖြည်းဖြည်းချင်း ပျက်သုဉ်းစေခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခ ထောင်ချောက်က ဒီကနေ့အချိန်အထိ မလွတ်မြောက်နိုင်သေးတဲ့ ကျွန်မတို့ နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေနဲ့ အလှမ်းမကွာရအောင် မနည်းအားထုတ် ကြိုးပမ်းနေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီကနေ့ ညီလာခံကြီးကတော့ ကျွန်မတို့ ပြည်သူတွေရဲ့ ခေတ်အဆက်ဆက် မျှော်လင့်ချက်တွေအတွက် အလင်းရောင်လေးတစ်စအဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအလင်းရောင် မှိန်ပျပျလေး ထွက်ပေါ်လာဖို့ ကျွန်မတို့ ပြည်သူတွေ နှစ်ပေါင်း (၇၀)နီးပါး စောင့်ဆိုင်းခဲ့ရတာပါ။
ဒုတိယအချက်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ် ရေးထိုးရေး ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement-NCA က တံခါးဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတံခါး ဖွင့်လှစ်နိုင်စေခဲ့တဲ့ NCA ဟာလည်း တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် အပစ်ရပ် သဘောတူ စာချုပ်တွေ အသီးသီး ချုပ်ဆိုခဲ့ကြပေမယ့် အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေး၊ အပစ်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ် ဖြစ်မြောက်ရေးတို့အတွက် အာမခံချက်တွေ မရှိခဲ့ပါဘူး။ ဒီအာမခံချက် (၂)ရပ်ကို ရရှိစေဖို့ နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုကြမယ့် သဘောတူစာချုပ် တစ်ရပ် ရှိဖို့လိုတယ်ဆိုတဲ့ အယူအဆနဲ့ NCA ဆိုတာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ NCA ကို ဆွေးနွေးညှိနှိုင်းခဲ့စဉ်က ကျွန်မတို့ ပါဝင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အစိုးရတစ်ရပ်ရဲ့ တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်အဝနဲ့ လက်ခံရယူပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးတော့ ဒီလမ်းကြောင်းကို လျှောက်လှမ်း ခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ NCA ဟာ အပစ်ရပ် လုပ်ငန်းစဉ်ခိုင်မာရေး၊ နိုင်ငံရေးဆွေးနွေး အာမခံချက်ရှိရေးနဲ့ လက်ခံနိုင်စရာကောင်းတဲ့ အဆင့်တစ်ဆင့်လို့ ဆိုနိုင်ပါတယ်။ ကျွန်မတို့ရဲ့ဦးတည်ချက်က အပစ်ရပ်အဆင့်မှာတင် ရပ်ဆိုင်းနေဖို့ မဟုတ်ပါဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ထာဝရငြိမ်းချမ်းမှု ရယူရေး ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အပစ်ရပ်အဆင့်ကို ပုံစံ အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်တွေဟာ အခြေအနေအကြောင်းရင်းခံ အမျိုးမျိုးနဲ့ ပျက်ပြယ်သွားခဲ့ကြတာတွေ အားလုံးအသိပဲ ဖြစ်ပါတယ်။ အပစ်ရပ်ညှိနှိုင်းမှုတွေက ဒဏ်ရာအနာတရတစ်ခုရဲ့ အပြင်ပန်း ဒဏ်ချက်တွေ သက်သာစေရေး လုပ်ဆောင်ချက်နဲ့ တူညီပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေက အပြင်ပန်း မမြင်နိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ အဓိကအတွင်းဇစ်မြစ်ကို ကုစားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ NCA ဟာ လမ်းဆုံး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေးဆွေးနွေးပွဲတံခါးကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဒီမှာကြုံတုန်း၊ လမ်းစဖြစ်တဲ့ NCA ဖြစ်မြောက်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
တတိယအချက် ကတော့ ကျွန်မတို့ လက်ခံကျင့်သုံးနေတဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမူ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရ ဖြစ်ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီး ကျွန်မတို့အနေနဲ့ နိုင်ငံတော်ရဲ့ရှေ့ခရီးအတွက် လျှောက်လှမ်းရာမှာ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ခြေလှမ်းတွေ လှမ်းနေတာ ဖြစ်ပါတယ်။ ပေါ်ပင်အများကြိုက်မယ့် နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျွန်မတို့ လုပ်မှာမဟုတ်ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေး ညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ သဘောထား ကွဲလွဲမှုတွေမှ ဘုံသဘောတူညီချက်တွေ ထွက်ပေါ်လာအောင် ညှိနှိုင်း ဆွေးနွေးကြရာမှာ ယဉ်ကျေးတာဟာ ပျော့ညံ့တာ မဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အလျှော့ပေးတာ မဟုတ်ပါဘူး။ ရိုးသားတည်ကြည်မှုနဲ့ ယုံကြည်မှုကို အားလုံးက သတိတရား၊ အသိတရားနဲ့ ဆင်ခြင်ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ဘယ်သူနဲ့မဆို စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ စိုးရိမ်စရာ မလိုအပ်ပါဘူး။ ကွဲပြားမှုတွေ ပိုပြီး ကြီးမားလာစေနိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်မနေကြဘဲ ကျွန်မတို့ အချင်းချင်း ပေါင်းစည်းမှုတွေ ပိုပြီးခိုင်မာလာစေနိုင်တဲ့ အဆိုပြုချက်တွေကို ရှာဖွေ ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေဟာ နားလည်မှု၊ ရင်းနှီးမှုတွေကို တိုးပွားလာစေပြီး စာနာနားလည်မှု၊ မျှဝေခံစားမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဝေးကနေ စကားလုံးတွေ၊ ပြောကြားချက်တွေကို နားထောင် အနက်ကောက်ပြီး သုံးသပ်နေတာထက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်းကြတာက တူညီတဲ့ သဘောထားတွေကို ဖော်ထုတ်နိုင်စေမှာ ဖြစ်ပါတယ်။ အခုလို ဖယ်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဖော်ထုတ်နိုင်အောင် ကျွန်မတို့အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေဟာ အချိန်ပေးပြီး စိတ်ရှည် လက်ရှည် ညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ်တွေနည်းတူ ကျွန်မတို့ အစိုးရသစ်ရဲ့ ပထမတစ်နှစ်ကြာ သက်တမ်းအတွင်းမှာပဲ အနိမ့်၊ အမြင့်၊ အတက်၊ အကျ များစွာနဲ့ တွေ့ကြုံ ဖြတ်သန်းခဲ့ရပါတယ်။ ဒီကနေ့ ညီလာခံမှာတော့ ကျွန်မတို့အားလုံးရဲ့ ကြိုးစား အားထုတ်မှုတွေ အရာထင်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အစုအဖွဲ့ အလိုက်တင်ပြချက်တွေကနေ တက်လာတဲ့ စာတမ်းတွေကို အခြေခံပြီး အဆင့်ဆင့် ဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံး UPDJC မှာ ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုခဲ့ရာမှာ အားလုံးလက်ခံနိုင်တဲ့ အခြေခံမူ (၄၁)ချက် ရရှိခဲ့ပါတယ်။ ရှေ့ကိုဆက်ပြီး ခရီးရှည်ကြီးတစ်ခုကို ကျွန်မတို့အားလုံး အတူတစ်ကွ လက်ချင်းယှက်ပြီး လျှောက်လှမ်းကြရဦးမှာပါ။ စည်းလုံးမှု၊ မျှဝေနားလည်မှု၊ ညီညွတ်မှုနဲ့ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဒီခရီးရှည်ကြီးမှာ ကြုံတွေ့ လာရမယ့် စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့ ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီးလည်း လက်ရှိ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူတွေ ထွက်ပေါ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ NCA Umbrella အောက် ရောက်ရှိလာအောင် တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်ပြီး ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ယနေ့ ကျွန်မတို့အားလုံး ဒီမှာ မျှော်လင့်ချက်များ၊ ရဲဘော်ရဲဘက် စိတ်များနဲ့စုဝေးနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ကြသူများ၊ လမ်းကြမ်းကြီးတစ်လျှောက် ကျွန်မတို့နဲ့အတူ ရှိနေခဲ့ကြတဲ့ ပြည်သူပြည်သားများ၊ ကျွန်မတို့အပေါ်မှာ ကလျာဏမိတ္တ စိတ်ဓါတ်၊ နားလည်မှု၊ ယုံကြည်မှုများနဲ့ တွေ့ကြုံလာရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်အောင် တစ်စိုက်မတ်မတ် ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးကို ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ ဒီကျေးဇူးတွေကို အကောင်းဆုံး တုံ့ပြန်နိုင်မယ့် နည်းလမ်းကတော့ စစ်မှန်ပြီး ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်မတို့အနေနဲ့ မဖြစ်ဖြစ်အောင် ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက် ရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Source: MSCO
ZN.H

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။