တပ်မတော်သားတွေတင်မက
တပ်မတော်သမီးတွေပါ ကြောက်အားလန့်အားနဲ့
ထွက်ပြေးနေကြတဲ့
ဗီဒီယိုဖိုင်တစ်ခုကြည့်ရတယ်
ရှေ့တန်းစခန်းမှာ ရန်သူအလိုက်ခံရလို့တော့
မဟုတ်ပါဘူး
တောကြီးမြက်မည်းထဲမှာ
ကျားအလိုက်ခံရလို့လည်းမဟုတ်ဘူး
ပင်လုံခန်းမထဲမှာ
"ကျနော်ကျော်ခပါ ဧရာဝတီသတင်းဌာနကပါ"လို့ပြောပြောပြီး မိုက်ထိုးထိုးပေးနေတဲ့ သတင်းထောက်
တစ်ယောက်ရဲ့ အလိုက်ခံရတာ
မေးတာကလည်း ရိုးရိုးလေး..
၂၁ပင်လုံအပေါ် တပ်မတော်သား
တွေရဲ့ ရင်ထဲက မျှော်လင့်ချက်ကို မေးတာ
သူငယ်တန်းကလေးတောင်
ချက်ချင်း ပြန်ဖြေနိုင်မယ့် မေးခွန်းမျိုးကိုမေးတာ
သို့သော်...
သူငယ်တန်းကလေးလောက်တောင်
မရဲရင့်ကြလို့လား
ဒါမှမဟုတ်
သူငယ်တန်းကလေးလောက်ပဲ
မရိုးသားကြလို့လားမသိဘူး
ဘယ်တပ်မတော်သား တစ်ယောက်
တပ်မတော်သမီး တစ်ယောက်ကမှ ရိုးစင်းရှင်းလင်းတဲ့ သတင်းထောက်ရဲ့မေးခွန်းကို ပြန်မဖြေနိုင်ခဲ့ကြဘူး
(သို့) ပြန်မဖြေရဲခဲ့ကြဘူး
ငြိမ်းချမ်းမှ ဖြစ်တော့မယ့်
တိုင်းပြည်တစ်ပြည်အတွက် ငြိမ်းချမ်းရေးရဲ့
ပထမခြေလှမ်းဖြစ်တဲ့ ပင်လုံအပေါ် တပ်မတော်သားတွေ ဘယ်လောက် ဝမ်းမြောက်ဝမ်းသာ အကောင်းမြင် ကြိုဆိုမျှော်လင့်ကြောင်း ဗီဒီယိုကနေတစ်ဆင့် လူထုကိုပြလိုတဲ့ သတင်းထောက်ခမျာ
မှန်းချက်နဲ့နှမ်းထွက် မကိုက် ဖြစ်သွားရပါတယ်
မေးခွန်း(၁)
ပြည်သူ့ကိုယ်စား ပြည်သူတစ်ယောက်ဖြစ်တဲ့
ကျနော်က မေးပါမယ်....
"ခင်ဗျားတို့တပ်မတော်သားတွေရင်ထဲမှာ ၂၁ပင်လုံနဲ့ပတ်သက်ပြီး
တစ်ကယ်ပဲ ပြောစရာဘာမှမရှိဘူးလား
ဘာမှမမျှော်လင့်ဘူးလား?"
မေးခွန်း(၂)
လူသားတစ်ယောက်အနေနဲ့
ကိုယ်ပိုင်စကားလေးတစ်ခွန်း
ကိုယ်ပိုင်ယူဆချက်သဘောထားမှတ်ချက်လေးတစ်ခုတောင် ပေးကြဖို့မဝံ့ရဲဘဲ
ကာချုပ်တစ်ဦးတည်းရဲ့လက်အောက်မှာ Fully under controlဖြစ်နေတယ်ဆိုရင်
ဒီလိုအခမ်းအနားမျိုး ခင်ဗျားတို့တက်ဖို့
လိုအပ်နေသေးလား
ကာချုပ်တစ်ယောက်တည်းတက်ရင်ပဲ
အဲဒါဟာ ခင်ဗျားတို့အားလုံးတက်သလို လုံလောက်နေပြီ မဟုတ်လား..?
မေးခွန်း(၃)
စစ်တိုက်နေရတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့
စစ်နဲ့ပတ်သက်လို့ ဒုက္ခအခံရဆုံးဖြစ်တဲ့
အဖွဲ့အစည်းတစ်ခုအနေနဲ့
စစ်ကို လူတွေ ဝိုင်းဝန်းသတ်ဖြတ်ငြိမ်းသတ်ကြတဲ့ ဒီလိုပွဲမျိုးမှာ အတက်ကြွဆုံး နေရာကနေ ခင်ဗျားတို့ ပါဝင်သင့်တယ်လို့မထင်ဘူးလား?
ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း စစ်ကိုရပ်ချင်စိတ်
မရှိသေးတာလား?
ကျနော် ကျော်ခ မဟုတ်တဲ့အတွက်
ကျနော် ဧရာဝတီသတင်းဌာနက မဟုတ်တဲ့အတွက်
ကျနော် မိုက်ထိုးထိုးပြီး မေးနေတာမဟုတ်တဲ့အတွက်
ကျနော့မေးခွန်းကို ဘယ်တပ်မတော်သားမဆို
မပြေးဘဲ ဖြေနိုင်ပါကြောင်း..
PDF( သာဂိ )
တပ်မတော်သမီးတွေပါ ကြောက်အားလန့်အားနဲ့
ထွက်ပြေးနေကြတဲ့
ဗီဒီယိုဖိုင်တစ်ခုကြည့်
ရှေ့တန်းစခန်းမှာ ရန်သူအလိုက်ခံရလို့တော့
မဟုတ်ပါဘူး
တောကြီးမြက်မည်းထဲမှာ
ကျားအလိုက်ခံရလို့လည်းမဟ
ပင်လုံခန်းမထဲမှာ
"ကျနော်ကျော်ခပါ ဧရာဝတီသတင်းဌာနကပါ"လို့ြေ
တစ်ယောက်ရဲ့ အလိုက်ခံရတာ
မေးတာကလည်း ရိုးရိုးလေး..
၂၁ပင်လုံအပေါ် တပ်မတော်သား
တွေရဲ့ ရင်ထဲက မျှော်လင့်ချက်ကို မေးတာ
သူငယ်တန်းကလေးတောင်
ချက်ချင်း ပြန်ဖြေနိုင်မယ့် မေးခွန်းမျိုးကိုမေးတာ
သို့သော်...
သူငယ်တန်းကလေးလောက်တေ
မရဲရင့်ကြလို့လား
ဒါမှမဟုတ်
သူငယ်တန်းကလေးလောက်ပဲ
မရိုးသားကြလို့လားမသိဘူး
ဘယ်တပ်မတော်သား တစ်ယောက်
တပ်မတော်သမီး တစ်ယောက်ကမှ ရိုးစင်းရှင်းလင်းတဲ့ သတင်းထောက်ရဲ့မေးခွန်း
(သို့) ပြန်မဖြေရဲခဲ့ကြဘူး
ငြိမ်းချမ်းမှ ဖြစ်တော့မယ့်
တိုင်းပြည်တစ်ပြည်အတွက်
ပထမခြေလှမ်းဖြစ်တဲ့ ပင်လုံအပေါ် တပ်မတော်သားတွေ ဘယ်လောက် ဝမ်းမြောက်ဝမ်းသာ အကောင်းမြင် ကြိုဆိုမျှော်လင့်ကြောင်
မှန်းချက်နဲ့နှမ်းထွက် မကိုက် ဖြစ်သွားရပါတယ်
မေးခွန်း(၁)
ပြည်သူ့ကိုယ်စား ပြည်သူတစ်ယောက်ဖြစ်တဲ့
ကျနော်က မေးပါမယ်....
"ခင်ဗျားတို့တပ်မတော်သာ
တစ်ကယ်ပဲ ပြောစရာဘာမှမရှိဘူးလား
ဘာမှမမျှော်လင့်ဘူးလား?"
မေးခွန်း(၂)
လူသားတစ်ယောက်အနေနဲ့
ကိုယ်ပိုင်စကားလေးတစ်ခွ
ကိုယ်ပိုင်ယူဆချက်သဘောထ
ကာချုပ်တစ်ဦးတည်းရဲ့လက်
ဒီလိုအခမ်းအနားမျိုး ခင်ဗျားတို့တက်ဖို့
လိုအပ်နေသေးလား
ကာချုပ်တစ်ယောက်တည်းတက
အဲဒါဟာ ခင်ဗျားတို့အားလုံးတက်သလိ
မေးခွန်း(၃)
စစ်တိုက်နေရတဲ့အဖွဲ့အစည်
စစ်နဲ့ပတ်သက်လို့ ဒုက္ခအခံရဆုံးဖြစ်တဲ့
အဖွဲ့အစည်းတစ်ခုအနေနဲ့
စစ်ကို လူတွေ ဝိုင်းဝန်းသတ်ဖြတ်ငြိမ်
ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်း စစ်ကိုရပ်ချင်စိတ်
မရှိသေးတာလား?
ကျနော် ကျော်ခ မဟုတ်တဲ့အတွက်
ကျနော် ဧရာဝတီသတင်းဌာနက မဟုတ်တဲ့အတွက်
ကျနော် မိုက်ထိုးထိုးပြီး မေးနေတာမဟုတ်တဲ့အတွက်
ကျနော့မေးခွန်းကို ဘယ်တပ်မတော်သားမဆို
မပြေးဘဲ ဖြေနိုင်ပါကြောင်း..
PDF( သာဂိ )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။