တန်ဖိုးအစစ်
*************
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
သူ့ရုပ်ရည် ရူပကာလား။
သည်ရုပ်က အမြဲတည်မြဲနေမှာ
မဟုတ်ဘူး။ အမြဲ ပျက်စီးနေတာ။
တစ်နေ့တော့ အိုမင်းပြီး ရွဲသွားမှာ။
အဲ့လိုဆို သူပိုင်ဆိုင်ထားတဲ့
စီးပွား ဥစ္စာ ရာထူး ဂုဏ်သိမ်
အာဏာပါဝါတွေက သူ့တန်ဖိုး
အစစ်အမှန်များ ဖြစ်မလား။
ဒါတွေကရော ဘယ်ဟာကမှ
မြဲနေမှာ မဟုတ်သလို အချိန်မရွေး
ကိုယ့်ဆီက ခွဲခွာသွားနိုင်တာပဲ။
သေပြီဆိုတာနဲ့ အကုန်ခွဲထားခဲ့ရမှာ။
တကယ်တမ်း တန်ဖိုးအစစ်အမှန်က
သူပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံတွေပါ။
ဒီကံတွေကပဲ မိမိသံသရာတစ်လျှောက်
အရိပ်လို လိုက်ပါ အကျိုးပေးပြီး
သူ့တန်ဖိုးကို ဖော်ပြနေမှာပဲ ဖြစ်တယ်။
သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ကသာ
လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန်ပါ။
Photo by
တုနှိုင်းမဲ့ ရတနာ.
*************
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
သူ့ရုပ်ရည် ရူပကာလား။
သည်ရုပ်က အမြဲတည်မြဲနေမှာ
မဟုတ်ဘူး။ အမြဲ ပျက်စီးနေတာ။
တစ်နေ့တော့ အိုမင်းပြီး ရွဲသွားမှာ။
အဲ့လိုဆို သူပိုင်ဆိုင်ထားတဲ့
စီးပွား ဥစ္စာ ရာထူး ဂုဏ်သိမ်
အာဏာပါဝါတွေက သူ့တန်ဖိုး
အစစ်အမှန်များ ဖြစ်မလား။
ဒါတွေကရော ဘယ်ဟာကမှ
မြဲနေမှာ မဟုတ်သလို အချိန်မရွေး
ကိုယ့်ဆီက ခွဲခွာသွားနိုင်တာပဲ။
သေပြီဆိုတာနဲ့ အကုန်ခွဲထားခဲ့ရမှာ။
တကယ်တမ်း တန်ဖိုးအစစ်အမှန်က
သူပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံတွေပါ။
ဒီကံတွေကပဲ မိမိသံသရာတစ်လျှောက်
အရိပ်လို လိုက်ပါ အကျိုးပေးပြီး
သူ့တန်ဖိုးကို ဖော်ပြနေမှာပဲ ဖြစ်တယ်။
သီလ သမာဓိ ပညာ သိက္ခာသုံးရပ်ကသာ
လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန်ပါ။
Photo by
တုနှိုင်းမဲ့ ရတနာ.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။