အပြောအဆို လိမ္မာသူတို့၏ အပြုအမူကောင်းများ…..
========================== ==========
လူမှုဆက်ဆံရေးမှာ သိသာထင်ရှားစွာ ကောင်းမွန်တဲ့သူတွေကို မြင်ဖူးကြပါလိမ့်မယ်။ သူတို့ဟာ တခြားသူတွေကို စည်းရုံးပြောဆိုနိုင်စွမ်းရှိသလိုပဲ သာမန်စကားဝိုင်းများမှာလည်း အပြောကောင်းသူအဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အမူအကျင့်ကောင်းတွေ စာရေးဆရာကြီး Jac Harrison Pollack က Ten keys to Good talk မှာ ဖော်ပြခဲပါတယ်။ ဘာတွေများလဲဆိုတာ လေ့လာကြည့်ကြရအောင်…
(၁) သူတပါးစကားကို အာရုံစိုက်နားထောင်ခြင်း။ လူတော်တော်များများဟာ တခြားသူပြောတာကို စူးစိုက်နားထောင်ဖို့ထက် သူပြောပြီးတာနဲ့ ငါဘာပြောရမလဲ စကားတပြင်ပြင်ရှိနေတတ်ကြပါတ ယ်။
သူတို့အလှည့်လဲရောက်ရော ပြောချလိုက်တာဟာ တဘက်သားပြောတာနဲ့
တက်တက်စင်လမ်းကြောင်း လွဲသွားတယ်ဆိုရင် စကားဝိုင်းဟာ
စိတ်ပျက်စရာဖြစ်သွားတော့မှာ ပါ။
(၂) တစ်ဖက်သားစိတ်ဝင်စားမည့်အြေ ကာင်းရပ်ကို ပြောဆိုခြင်း။ စကားဝိုင်းများမှာ စကားပြောကောင်းသူတွေဟာ ကိုယ်ဘယ်လောက် သွက်လက်ချက်ချာကြောင်းပြောသူတွေမဟုတ်ပါဘူး။ တခြားသူတွေ သူသိသမျှပြောစေဖို့အတွက် အစဖွင့်ပေးတတ်သူတွေ ဖြစ်တတ်ကြတယ်လို့ စိတ်ပညာရှင် တစ်ဦးကဆိုပါတယ်။
(၃) အရေးမကြီးသည့်အသေးစိတ်များကို
ထည့်မပြောခြင်း။ အရေးမကြီးတဲ့အရာတွေကို အသေးစိတ်လိုက်ရင်
လိုရင်းကိုမရောက်တော့ဘဲ တ၀ဲလည်လည်ဖြစ်ပြီး နားထောင်သူတို့
စိတ်ညစ်ရတတ်ပါတယ်။
(၄) စကားလုံးတစ်လုံးထဲကို ထပ်တလဲလဲမသုံးမိအောင်ရှောင် ကြဉ်ခြင်း။
တချို့သူတွေဟာ ပါးစပ်အကျင့်ပါနေလို့ စကားလုံးတစ်လုံးထဲကိုပဲ ထပ်လဲလဲ
သုံးတတ်ကြပါတယ်။ အဲဒီအခါ နားထောင်သူတို့မှာ ထပ်တလဲလဲ
ပြောတဲ့စကားကိုသာအာရုံပြုမိ ပြီး ရယ်ချင်သလို ဖြစ်နေတတ်ပါတယ်။
(၅) ရှင်းလင်းတိကျစွာပြောဆိုခြင်း။
အပြောအဆိုလိမ္မာသူတွေဟာ တစ်စုံတစ်ခုကိုမပြောမီ သင့်တော်တဲ့စကားလုံးကို
ရွေးချယ်လေ့ရှိကြပါတယ်။ ဒါကြောင့် သူတို့ရဲ့စကားတွေဟာ တိကျကောင်းမွန်ပြီး
အဓိပ္ပါယ်ရှင်းလင်းသေချာနေတတ်ပါတယ်။
(၆) မေးခွန်းကောင်း မေးတတ်ခြင်း။ အခါအားလျောစွာ သင့်တော်တဲ့အချိန်မှာ မေးခွန်းလေးတွေမေးလိုက်ခြင်းက အခြားသူစကားများကို လေးလေးနက်နက်ပြောဆိုဖြစ်အော င် ဖွင့်ပေးနိုင်စွမ်းရှိပါတယ် ။ ဒါ့အပြင် သူ့အထင်အမြင်တွေကိုလည်း လေးစားစိတ်ဝင်စားကြောင်း ပြသရာလည်း ရောက်ပါတယ်။
(၇) မတူသောသဘောထားကို တစ်ဖက်သား စိတ်မငြိုငြင်အောင် ပြောတတ်ခြင်း။ တစ်ဦးကို တစ်ဦး စကားပြောရင်း ဒေါသဖြစ်ရခြင်းမှာ စကားလုံးကြောင့်မဟုတ်ပါ။ ကိုယ့်ပြောပုံပြေနည်းကြောင့် သာ ဖြစ်နေတတ်ပါတယ်။
(၈) သူတစ်ပါစကားကို ကြားဖြတ်မပြောခြင်း။ လူတိုင်းက ဒီအကြောင်းကို သိပေမဲ့လည်း အခါခပ်သိမ်း မလိုက်နာနိုင်ကြပါ။ အကြောင်းတစ်ခုခုကြောင့်က စကားဖြတ်ပြောရတော့မည်ဆိုပါက်ယဉ်ကျေးသော စကားပလ္လင်အရင်ခံ ခွင့်ပြုချက်တောင်းပြီးပြော မည်ဆိုပါက တဖက်သားလည်း သိပ်ပြီး ခံစားရမှာမဟုတ်တော့ပါ။
(၉) တစ်ဖက်သားကိုသည်းခံနိုင်စွမ်းရှိခြင်း၊ ဆန့်ကျင်သူနှင့်ရန်မပွားအော င်
ပြောဆိုတတ်ခြင်း။ ဘယ်သူမဆို မိမိကို ဘုဂလန့်ပြောသူ၊
ဆန့်ကျင်ဘက်ပြောသူများနဲ့ ကြုံတွေနေရမှာ မလွဲပါဘူး။ အဲဒီအခါမျိုးမှာ
ဒေါသမဖြစ်ဘဲ ပြောဆိုတဲ့အကြောင်းပေါ်ကိုသာ အာရုံစူးစိုက်ပြောဆိုသင့်ပါ တယ်။
(၁၀) အခါအားလျော်စွာ ချီးမွမ်းစကားဆိုခြင်း။ လူတစ်ဖက်သားကို ချီးမွမ်းစကားဆိုလိုက်ရင် ကိုယ်ပါဝင်တဲ့ စကားဝိုင်းက ပိုမိုစိုပြည်လာမှာပါ။ ချီးမွမ်းစကားဆိုရာမှာလည်း အပေါ်ယံတင်မဟုတ် စိတ်ထဲကပါပြီး အလေးအနက်ဆိုဖို့အရေးကြီးပါတ ယ်။
ဒီအချက်ဆယ်ချက်က အပြောအဆိုလိမ္မာသူတွေရဲ့ အမူအကျင့်ကောင်းတွေပဲဖြစ်ပါ တယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာလည်း လူမှုဆက်ဆံရေးမှာ ကောင်းမွန်သူတွေဖြစ်ဖို့လို တာမို့ ဖော်ပြပါ အချက်ဆယ်ချက်ကို သိထားရင် အကျိုးရှိမယ်လို့ ယူဆပါတယ်။
Credit : S K hainn
==========================
လူမှုဆက်ဆံရေးမှာ သိသာထင်ရှားစွာ ကောင်းမွန်တဲ့သူတွေကို မြင်ဖူးကြပါလိမ့်မယ်။ သူတို့ဟာ တခြားသူတွေကို စည်းရုံးပြောဆိုနိုင်စွမ်းရ
(၁) သူတပါးစကားကို အာရုံစိုက်နားထောင်ခြင်း။ လူတော်တော်များများဟာ တခြားသူပြောတာကို စူးစိုက်နားထောင်ဖို့ထက် သူပြောပြီးတာနဲ့ ငါဘာပြောရမလဲ စကားတပြင်ပြင်ရှိနေတတ်ကြပါတ
(၂) တစ်ဖက်သားစိတ်ဝင်စားမည့်အြေ
(၃) အရေးမကြီးသည့်အသေးစိတ်များက
(၄) စကားလုံးတစ်လုံးထဲကို ထပ်တလဲလဲမသုံးမိအောင်ရှောင်
(၅) ရှင်းလင်းတိကျစွာပြောဆိုခြင
(၆) မေးခွန်းကောင်း မေးတတ်ခြင်း။ အခါအားလျောစွာ သင့်တော်တဲ့အချိန်မှာ မေးခွန်းလေးတွေမေးလိုက်ခြင်
(၇) မတူသောသဘောထားကို တစ်ဖက်သား စိတ်မငြိုငြင်အောင် ပြောတတ်ခြင်း။ တစ်ဦးကို တစ်ဦး စကားပြောရင်း ဒေါသဖြစ်ရခြင်းမှာ စကားလုံးကြောင့်မဟုတ်ပါ။ ကိုယ့်ပြောပုံပြေနည်းကြောင်
(၈) သူတစ်ပါစကားကို ကြားဖြတ်မပြောခြင်း။ လူတိုင်းက ဒီအကြောင်းကို သိပေမဲ့လည်း အခါခပ်သိမ်း မလိုက်နာနိုင်ကြပါ။ အကြောင်းတစ်ခုခုကြောင့်က စကားဖြတ်ပြောရတော့မည်ဆိုပါက
(၉) တစ်ဖက်သားကိုသည်းခံနိုင်စွမ
(၁၀) အခါအားလျော်စွာ ချီးမွမ်းစကားဆိုခြင်း။ လူတစ်ဖက်သားကို ချီးမွမ်းစကားဆိုလိုက်ရင် ကိုယ်ပါဝင်တဲ့ စကားဝိုင်းက ပိုမိုစိုပြည်လာမှာပါ။ ချီးမွမ်းစကားဆိုရာမှာလည်း အပေါ်ယံတင်မဟုတ် စိတ်ထဲကပါပြီး အလေးအနက်ဆိုဖို့အရေးကြီးပါတ
ဒီအချက်ဆယ်ချက်က အပြောအဆိုလိမ္မာသူတွေရဲ့ အမူအကျင့်ကောင်းတွေပဲဖြစ်ပါ
Credit : S K hainn
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။