#အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေသလား? (ဒီစာဖတ်ပြီးရင် အင်တာဗျူးတိုင်းအောင်စေရမည် ။)
========================== =
ဒီစာဖတ်ပီးရင်တော့ အင်တာဗျူး ဆိုတာဘယ်တော့ မှကြောက်တော့မှာ မဟုတ်ဘူး။တကယ်တော့ အင်တာဗျူးဖြေခါနီးတိုင်း လူတော်တော်များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိကအကြောင်းအရင်းကတော့လူတော်တော်များများ ကအင်တာဗျူးဖြေနည်းကိုမသိကြတာပါ။ ဒီလိုပြောလိုက်လို့ အင်တာဗျူးဖြေနည်း ဆိုပီးပုံသေနည်းရှိလို့လားလို့မေးလာစရာရှိပါတယ်။ပွင့်ပွင့်လင်းလင်းေ ပြာ
ရရင်တော့ ဘယ်အင်တာဗျူးမဆိုပုံသေအချက် အလက်လေးတွေရှိပါတယ်။ အင်တာဗျူးတစ်ခုကိုဘယ်လိုဖြေ ရမလဲဆိုတာသိသွားရင်တော့ အင်တာဗျူးဆို တာကြောက်စရာကိုမရှိတော့ပါဘူး။
ကဲဒီတော့အင်တာဗျူးမတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ အင်တာဗျူးအခန်းထဲသို့
ဝင်ရောက်ခြင်း၊အင်တာဗျူးအခန်းထဲတွင် ဆောင်ရန်ရှောင်ရန်များနဲ့ အင်တာဗျူးတွင်
မေးလေ့ရှိသောမေးခွန်းများဆိုပြီးလေးပိုင်းခွဲပြောမယ်ဗျာ။
#အင်တာဗျူးမဖြေခင်ဘာတွေကြို တင်ပြင်ဆင်သင့်သလဲ?
(၁) မိမိအကြောင်းကောင်းကောင်ြးေ ပာနိုင်အောင်ပြင်ဆင်သွားပါ။ အင်တာဗျူးတွေ
မှာအရင်ဆုံးမေးတဲ့မေးခွန်းက တော့။Tell me something about yourself? ပါပဲ။ သင်ဟာဒီမေးခွန်းအတွက်အရှည်ြ ကီးဖြေဖို့မလိုပါဘူး။ သူတကယ် သိချင်တာကပထမအချက်ကသင့်ရဲ့ Englishစာအရည်အသွေးပါပဲ။ ဒုတိယအချက်ကတော့သင့်ရဲ့စိတ် ၀င်စားမှုတွေ သင့်ရဲ့ဝါသနာတွေဟာ သူ့ရဲ့အလုပ်နဲ့ပက်သက်နေမှုရှိသလား။တတိယအချက်ကသင့်ဟာရည်မှန်းချက်
ကြီးတဲ့သူတစ်ယောက်ဆိုလားဆို တာသိချင်တာပါ။ သင့်အကြောင်းကိုသင့် CVကြည့်ချင်းအားဖြင့် အကြမ်းဖြင်းသူသိပီးပါပီ။
-နာမည်၊ အသက်၊ မိဘနာမည်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း၁၀ကြောင်းဆိုလုံလော က်ပါပီ။ စိတ်ဝင်စားမှုနဲ့ပက်သက်လို့သ င်ဟာဘာသာစကားလေ့လာမှု၊ကွန်ပျူတာတာနဲ့တာတွေကိုစိတ်ဝင်စား တယ်ဆိုရင်တော့သူက သူ့အလုပ်အတွက် သင်ဟာတစ်နည်းတစ်ဖုံအသုံးဝင် နိုင်တယ်လို့တွက်နိုင်ပါတယ် ။ ၀ါသနာအနေနဲ့ စာဖတ်ခြင်းကိုကြိုက်တယ်ဆို ရင်တော့ သင့်ကိုဗဟုသုတကောင်းကောင်း ရှိမဲ့သူတစ်ယောက်လို့ထင်မြင်နိုင်ပါတယ်။ရေကူးတာကိုဝါသနာပါတယ်လို့
သင်ပြောရင် သင်ဟာကျန်းမာရေးကောင်းတဲ့သူ တစ်ယောက်ဖြစ်မယ် လို့သူထင်မြင်နိုင်ပါတယ်။ ၀ါသနာတွေစိတ်ဝင်စားတာ
တွေကို ကြည့်ပီးသင့်ရဲ့ပုံစံကိုသူက အကြမ်းဖျင်းခန့်မှန်းမှာပါ။
(၂) လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံအတိုင်းပေါ့ အ၀တ်အစားအ ရမ်းအရေးကြီးပါတယ်။သင့်ကိုအ င်တာဗျူးမေးမဲ့သူကသင့်ရဲ့ဝတ်စားဆင်ယင်ပုံကို
စကြည့်ကတည်းကအမှတ်ပေးနေပါပီ ။စမတ်ကျကျနဲ့သပ်သပ်ရပ်ရပ်ဝတ်တတ်ဖို့
အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားဆိုလို့ ဈေးကြီးဖို့မလိုဘူးနော် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ရှိဖို့ပဲလိုတာပါ။ အဲဒိတော့ သင့်တော်မယ့် အ၀တ်အစားအင်တာဗျူးမတိုင်ခင် ညကတည်းကမီးပူတိုက်ပြင်ဆင်ထားပါ။
(၃) အချိန်ကိုလေးစားတယ် ဆိုတာကလူတော်တစ်ယောက် ရဲ့အမူအကျင့်ပါ။ သင်အင်တာဗျူးကိုသတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျမှရောက်တ ယ်ဆို
ရင်တော့ အဲဒိအင်တာဗျူးကိုမအောင်ဖို့ က ၉၀%လောက်သေချာသွားပါပီ။ ဒီတော့အင်တာဗျူးဖြေရမယ့်အချိန်နဲ့နေရာကိုသေချာစုံစမ်းပါ။
အဲဒိကိုရောက်ဖို့ ဘယ်လောက်ကြာမလဲစုံစမ်းပါ။ ရန်ကုန်မှာကကားကကျပ်တော့
ကြိုသွားသင့်ရင် သွားလို့ရတာပေါ့။ အင်တာဗျူးမတိုင်ခင်၁၀မိနစ် ၁၅မိနစ်လောက်
ကြိုပီး အင်တာဗျူးဖြေရမဲ့နေရာကိုရော က်အောင်သွားပါ။ အရမ်းကြီးလဲစောဖို့မလိုပါဘူး။
အရမ်းကြီးစောရောက်ရင်သင်ဟာအ ရမ်းကိုစိတ်လှုပ်ရှားပီးစိုးရိမ်စိတ်လွန်ကဲတဲ့သူတစ်ယောက်လို့အမြင်ခံရပါလိမ့်မယ်။ တကယ်လို့ မလွှဲမရှောင်သာအခြေအနေ မျိုးကြောင့် နောက်ကျနေတယ်ဆိုရင်တော့ ကုမ္ပဏီကိုဖုန်းဆက်ပီးသင်နော က် ကျကြောင်းကိုအကြောင်းကြားပါ ။ (ဒါပေမဲ့အဲလိုအခြေအနေမျိုးက ဖြစ်ကိုမဖြစ်သင့်တာပါ)
(၄) အမွှေးနံ့သာ၊ရေမွှေးတွေအလွန်အ ကျွံမသုံးစွဲပါနဲ့။ သင့်ကိုအင်တာဗျူးမဲ့သူကိုစိ တ်အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။
(၅) ယောင်္ကျားလေးတွေအနေနဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖီးပါ။ နားကပ်တွေတပ်ထားရင် ဖြုတ်သွားပါ။ ရှုတ်ရှုတ်ရှက်ရှက်တွေမ၀တ်မိပါစေနဲ့။
(၆) အမျိုးတွေ၊သူငယ်ချင်းတွေ၊က လေးတွေ ဘယ်တော့မှအင်တာဗျူးကို မခေါ်သွားမိပါစေနဲ့။ ကိုယ့်ကိုကိုယုံကြည်မှုမရှိတဲ့သူတစ်ယောက်လို့ အထင်အမြင်ခံရနိုင်ပါတယ်။
(၇) သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကိုတတ်နိုင်သ လောက် စုံစမ်းထားပါ။ အင်တာနက်မှာလဲရှာဖွေလို့ရပါ တယ်။ အခုခေတ်မှာ ကုမ္ပဏီတော်တော် များများဟာ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေရှိလာကြပါပီ။
သင့်ရဲ့လေ့လာစုံစမ်းမှုဟာသင့် ကိုအင်တာဗျူးအခန်းထဲမှာအများကြီးအကူအညီပေးပါလိမ့်မယ်။
(၈) အင်တာဗျူးအခန်းထဲမှာအင်တာဗျူးပီးခါနီးလို့ သင့်ကိုအင်တာဗျူးသူက Any Question? လို့မေးတဲ့အချိန်မှာပြန်မေး နိုင်မဲ့သင့်တော်တဲ့မေးခွန်းမျိုးတွေ စဉ်းစားထားပါ။ မေးခွန်းမေးခြင်းက သင်ဟာအလုပ်ပေါ်မှာစိတ်ဝင်စား ကြောင်း
ကိုပြသနိုင်မဲ့ အခွင့်အရေးပါ။
(၉)သင့်ကိုအင်တာဗျူးမဲ့သူရဲ့ နာမည်ကိုအသံထွက်မှန်မှန်နဲ့ ပြော
နိုင်အောင် လေ့လာ ထားပါ။ တကယ်လို့မသိရင်ကုမ္ပဏီကrecep tionistကိုမေး နိုင်ပါတယ်။
(၁၀) သင့်ရဲ့လက်ကိုင်ဖုန်းကိုအင် တာဗျူးအခန်းထဲမ၀င်ခင်မှာ silent mode သို့မဟုတ် ပိတ်ထားပါ။
#အင်တာဗျူးအခန်းထဲကိုဝင်ရော က်နည်း
(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်းဝင်ခွင့်တောင်းပါ။ အခန်းတံခါးကစေ့ထားတယ်ဆိုရင် သို့မဟုတ်ဖွင့်ထားရင်တောင် ညင်ညင်သာသာနဲ့ ၂ကြိမ် ၃ကြိမ်ခန့်ခေါက်ပီး May I come in?ဆိုတာကိုပြောသင့်ပါတယ်။အ ခြေအနေပေါ်တော့မူတည်တာပေါ့ ခေါက်စရာတံခါးမရှိတဲ့အခါမျိုးဆိုရင်တော့ May I come in?ဆိုရင်လုံလောက်ပါပီ။
သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့်ဝင်ခွင့် ပြုကြောင်းပြောမှသာ အခန်းထဲကိုဝင်ပါ။
(၂) အင်တာဗျူးအခန်းထဲဝင်တဲ့အချိ န်မှာ သင့်ရဲ့စတိုင်ဘောင်းဘီကိုဆွဲတင်တာဖြစ်ဖြစ် သင့်ရဲ့နက်ခ်တိုင်ကို ပြင်တာဖြစ်ဖြစ်
မလုပ်သင့်ပါ။ သင်အခန်းထဲမ၀င်ခင်ကတည်းက သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ထားပါ။အင်တာဗျူးအခန်းထဲ သို့ယုံကြည်မှုရှိရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့် ၀င်သွားပါ။ သင်ဟာထိုအင်တာဗျူးအခန်းထဲကိုရောက်လာဖို့ အရည်အချင်းတွေနဲ့
ပြည့်စုံသူဖြစ်လို့သာရောက်လာတာပါ။ဘာမှအားငယ်စရာကြောက်စ ရာ မလိုပါဘူး။
(၃) သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာ မည်ရဲ့ နာမည်ကိုသေချာသိရင် ( Mr, Mrs, Miss,Ms, Dr) စသည်ဖြင့်ခေါင်းစဉ်တပ်ပီးla stnameနဲ့တွဲခေါ်လို့ရပါတယ်။ အချိန်အခါပေါ်လိုက်ပီးGoodMo rning,Afternoon,Eveningစသည်ဖြင့်နှုတ်ဆက်ပါ။နာမည်ခေါ်နည်းအကြောင်းမသိသေးတဲ့သူတွေအတွက်နည်းနည်းလောက်
ထပ်ရှင်းပြချင်ပါတယ်။Mr(Mis ter/ˈmɪs.tə)ကိုတော့ ယောင်္ကျားလေးကို
နာမည်တပ်ရာမှာသုံးပါတယ်။Mrs (/ˈmɪs.ɪz/ )ကိုတော့အိမ်ထောင်ရှိတဲ့ အမျိုးသမီးအတွက်သုံးပါတယ်။ Miss(/mɪs/ )ကိုတော့အပျိုမိန်းကလေး
အတွက်သုံးပါတယ်။ Ms(/mɪz/ )ကိုတော့ အိမ်ထောင်ရှိလားမရှိလား မသေချာတဲ့အခါမှာသုံးပါတယ်။ထိုနာမည်တွေအားလုံးကိုlastnameနဲ့သာ တွဲခေါ်ရပါမယ်။ ဥပမာ David Beckhamဆိုပါတော့။ Mr Beckham
လို့ပဲခေါ်ရပါမယ်။ သူကDavidလိုခေါ်ပါလို့မပြောမ ချင်းDavidလို့မခေါ်ရပါ။ အကယ်၍ အင်တာဗျူးမဲ့သူရဲ့နာမည်မသိဘူးဆိုရင်တော့ ယောင်္ကျားလေးဆိုရင် Sir ၊ မိန်းကလေးဆိုရင် Ma’am ဆိုပီးယဉ်ယဉ်ကျေးကျေးသုံးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့နာမည်ခေါ်န ည်းအကြောင်းကိုအကြမ်းဖျင်းသိသွားလောက်ပါပီ။
(၄) ပြုံးဖို့မမေ့ပါနဲ့ ။
(၅) ထိုင်ခုံထိုင်ဖို့ခွင့်မပြု သေးပဲနဲ့မထိုင်ပါနဲ့။
ခွင့်ပြုချက်ရမှသာထိုင်ပါ။ Sit down,pleaseလို့သူကပြောရင် Thank
Youပြောဖို့မမေ့ပါနဲ့။ တစ်ခါတစ်လေ သင်ဝင်လာတာကိုသူတို့သတိမပြု မိပဲရှိတတ်ပါတယ်။ထိုအခါမှာနှုတ်ဆက်ခြင်းဖြင့်
သူတို့attentionရအောင်ယူလို့ ရပါတယ်။
#အင်တာဗျူးအခန်းထဲမှာဆောင်ရ န်ရှောင်ရန်များ
(၁) ခါးမတ်မတ်ထိုင်ပါ။ တောင့်တောင့်ကြီးတော့မဟုတ်ဖူးပေါ့။ သက်တောင့်သက်တာရှိရုံမတ်ပေါ့ ။သင့်ကိုအင်တာဗျူးမဲ့သူနဲ့ eye contact ရှိပါစေ။ အကြာကြီးတော့စိုက်မကြည့်နဲ့ ပေါ့။အခန်းထဲမှာရှိတဲ့
အခြားအရာတွေကိုတောင်ကြည့်ြေ မာက်ကြည့် မလုပ်မိပါစေနဲ့။ သင့်ကိုအာရုံစူးစိုက်မှုအားန ည်းတဲ့သူတစ်ယောက်အဖြစ် မြင်သွားနိုင်ပါတယ်။
(၂) ခုံပေါ်မှာငြိမ်ငြိမ်ထိုင်ပါ ။ ပျင်းတိပျင်းရွဲထိုင်ခြင်း၊ ခိုင်ခုံနောက်ကိုမှီပီးထို င်ခြင်း၊ ဒူးလှုပ်ခြင်း၊ လက်ချောင်းများဖြင့်ခုံပေါ်မှာတဒေါက်ဒေါက်ခေါက်ခြင်း၊ တစ်ခုခုကိုကုတ်ခြစ်နေခြင်းကဲ့သို့သောအမူအရာများကိုရှော င်ပါ။
ထိုအမူအရာများကသင့်ကိုမိနစ် အနည်းလေးကိုတောင် အာရုံမစူးအစိုက်နိုင်တဲ့သူတ စ်ယောက်အဖြစ်အထင်အမြင် ခံရစေနိုင်ပါတယ်။
(၃) မေးခွန်းတစ်ခုဖြေခါနီးတိုင်းနှာခေါင်းပွတ်ခြင်း၊ခေါင်း ကုတ်ခြင်းများမလုပ်မိပါစေနဲ့ ။ သင်ဟာမရိုးသားတဲ့မမှန်ကန်တဲ့ အဖြေကိုဖြေတော့မယ်လို့ အထင်အမြင်ခံ ရနိုင်ပါတယ်။
(၄)သင့်မှာအလုပ်နဲ့ပက်သက်တဲ့ စာရွက်စာတမ်းတွေ၊ certificateတွေပါတဲ့ အိတ်မျိုးပါလာရင် စားပွဲပေါ်ဘယ်တော့မှမတင်ပါနဲ့။ သင့်ပေါင်ပေါ်မှာသာထားပါ။
(၅) ပီကေ(သို့မဟုတ်)တစ်ခုခုဝါြး ခင်း ၊အစားအစာစားခြင်းအင်တာဗျူးအ ခန်းထဲမှာမလုပ်မိပါစေနဲ့။ အရက်၊ဆေးလိပ်
အင်တာဗျူး မလာခင်ရှောင်ပါ။ အနံ့အသက်မထွက်ပါစေနဲ့။
(၆) မပွင့်တပွင့်၊ပျော့တိပျော့ရဲအသံဖြင့် စကားမပြောပါနဲ့။ ယုံကြည်မှုရှိစွာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားပြောပါ။
(၇) အင်တာဗျူးမေးတဲ့သူမေးတဲ့မေး ခွန်းကို Yes or No ပဲတုံးတိကြီးမဖြေပါနဲ့။ ဖြစ်နိုင်ရင်အကြောင်းပြချက် ရှင်းပြပါ။
(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာပြန်မေးဖို့မရှက် ပါနဲ့။ နားမလည်ပဲရမ်းမဖြေပါနဲ့။
Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့်ယဉ်ကျေးစွာမေးပါ။
(၉)သူမေးတဲ့မေးခွန်းကိုမသိဘူးဆိုရင် I don’t know လို့တုံးတိတိမဖြေပါနဲ့။
I’m sorry,I have no idea,Sir. ဆိုပီးယဉ်ယဉ်ကျေးကျေးဖြေတာက ပိုသင့်တော်ပါတယ်။
(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့စာလုံးတွေမသုံးမိပါစေနဲ့။ အတတ်နိုင်ဆုံးယဉ်ကျေးစွာပြောပါ။
ဥပမာ“I want to……”အစား“I would like to……”ကပိုယဉ်ကျေးပါတယ်။
Yep,Yeah,Ya,Nopeတို့အစား Yes or No ပဲသုံးပါ။
Broken English or Pidgin English မသုံးမိပါစေနဲ့။
(၁၁) အခွင့်အခါသင့်တိုင်း Please တို့ Thank youတို့ကိုသုံးပေးပါ။
(၁၂) အင်တာဗျူးမေးသောသူနှင့် ဘယ်သောအခါမှအခြေအတင်မငြင်းပါနဲ့။
(၁၃) အင်တာဗျူးမေးသောသူတစ်ယောက်ထ က်ပိုနေရင် သင့်ကိုမေးနေသောသူကိုအာရုံပိုစိုက်ပေးပါ။
#အင်တာဗျူးတွင်မေးလေ့ရှိသော မေးခွန်းများ
(၁) Tell me something about yourself?သင့်အကြောင်းနည်းန ည်းလောက်ပြောပြပါလား။
ဒီမေးခွန်းကတော့အင်တာဗျူးတိုင်းမှာအရင်ဆုံးမေးလေ့မေးထရှိတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ပက်သက်ပီးဒီဆောင်းပါးရဲ့ပထမဆုံးအပိုဒ်မှာ ရှင်းပြထားပါတယ်။
(၂) Why did you quit your last job?ဘာလို့အရင်အလုပ်ကထွက်ခဲ့ တာလဲ?
ဒီမေးခွန်းကိုမေးရခြင်းရည်ရွယ်ချက်ကတော့ သင်ဟာအဆိုးမြင်တတ်တဲ့ သူတစ်ယောက်လားအကောင်းမြင်တတ်တဲ့သူတစ်ယောက်လားဆိုတာကို သိချင်တာပါ။အကယ်၍သင်ကအရင်အလုပ်မကောင်းကြောင်း
အရင်သူဌေးမကောင်းကြောင်းပြောမယ်ဆိုရင်တော့သင့်ကိုအတင်း ပြောတတ်တဲ့သူ၊အဆိုးမြင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်။ဒီတော့ဒီမေးခွန်းအတွက်အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
There’s isn’t room for growth with my current employer and I’m ready to move on to a new challenge to use my skills and experiences in a different capacity than I have in the past.
အခြားသင့်တော်တဲ့အဖြေတွေလဲရှိပါတယ်။ဥပမာအနေနဲ့ဖော်ပြပေးတာပါ။
(၃) Why do you want this job? Or why do you want to work at our company?
ဘာလို့ဒီအလုပ်ကိုလိုချင်တာလဲ? ဘာလို့ငါတို့ကုမ္ပဏီမှာအလုပ် လုပ်ချင်တာလဲ။
ဒီမေးခွန်းကတော့သင့်ရဲ့အလုပ်ပေါ်ခံယူတဲ့သဘောထား၊သူတို့ကုမ္ပဏီပေါ်မြင်တဲ့အမြင်ကိုသိချင်တာပါ။ဥပမာအနေနဲ့ အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
I well understand that this is a company on the way up and I want to be a part of this business .I think I can use my skills and experiences to improve this business and I want to improve myself by working at this company.
(၄) What’s your expected salary?
ဒီမေးခွန်းအတွက်ကတော့ ပထမဆုံးအင်တာဗျူးမှာမဖြေတာအ ကောင်းဆုံးပါပဲ။ အလုပ်ကမ်းလှမ်းခြင်းခံရတဲ့အ ခါမှသာဆွေးနွေးတာအကောင်းဆုံးပါပဲ။ မလွှဲသာမရှောင်သာအခြေအနေမျိုးကြောင့်ဖြေရမယ်ဆိုရင်လဲကို ယ်လုပ်မဲ့ရာထူး
ကဘယ်လောက်ရလေ့ရှိသလဲစုံစမ်း ထားပါ။ လစာကိုအရမ်းကြီးလဲ နည်းပီးမတောင်းမိပါစေနဲ့ သင့်အရည်အချင်းကိုမယုံ
ရာကျပါတယ်။ အများကြီးလဲမတောင်းမိပါစေနဲ့  သူ့အတွက်သင့်ကို အလုပ်ခန့်ဖို့ခက်သွားပါလိမ့် မယ်။
(၅) What are your strengths and weakness?
ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကိုဖြေရတာကလွယ်ပါတ ယ်။ ဥပမာ
I’m detail oriented, hardworking, a team player, etc….ဆိုပီးဖြေလိုက်လို့ရပါ တယ်။
အားနည်းချက်အတွက်ကတော့ဖြေတတ်ဖို့လိုပါတယ်။သင်မပြင်နိုင်သေးတဲ့သင့်ရဲ့တကယ့်အားနည်း ချက်ကိုဘယ်တော့မှမပြောပါနဲ့ ။သင်ပြင်ပီးသားအတိတ်ကအားနည်းချက်တစ်ခုကိုပြောလို့ရပါတယ်။ဥပမာအနေနဲ့ အောက်ပါအတိုင်းဖြေ လို့ရပါတယ်။
“I used to come in late to work a lot but after my supervisor explained
why it was necessary for me to come in on time, I was never late again.”
(၆) နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question?ဆိုပီးမေးလေ့ရှိပါ တယ်။ အဲဒိအချိန်မှာသင်ကမေးခွန်း တစ်ခုမှ မမေးဘူးဆိုရင်တော့ သင်ဟာသူပြောခဲ့တာတွေကိုအလုံးစုံစိတ်မ၀င်စားခဲ့ဘူးလို့
ထင်နိုင်ပါတယ်။သင်အလုပ်မှာစိတ်ဝင်စားကြောင်းပြဖို့မေးခွန်းတစ်ခုခုတော့မေးပါ။ဥပမာအ နေနဲ့အောက်ပါမေးခွန်းတွေကို မေးနိုင်ပါတယ်။
When can I expect to hear from you?
What is the typical work week?
Is overtime expected?
If I am extended a job offer, how soon would you like me to start?
အထက်ပါမေးခွန်းများဟာအနည်းအ ကျဉ်းမျှသာဖြစ်ပါတယ်။အခြားအ င်တာဗျူးနဲ့
ပက်သက်ပီးမေးလေ့မေးထရှိတဲ့ေ မးခွန်းများကိုအင်တာနက်မှာရှာဖတ်ချင်ရင်တော့ www.jobsearch.about.comမှာ ရှာဖတ်နိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာက တော့
- ကုမ္ပဏီကသင့်ကိုဘာတွေလုပ်ပေး နိုင်သလဲဆိုတာထက် သက်ကဘာတွေလုပ်ပေးနိုင်သလဲဆိုတာကိုဖော်ပြပါ။
- သင်ဟာအရည်အချင်းရှိလို့သာအင်တာဗျူးအခန်းထဲကိုရောက်နေတာ ပါ။ သူကသင့်ကိုအလုပ်မခန့်ရင် သူအတွက်အရည်အချင်းရှိတဲ့ သင့်ကိုဆုံးရှုံးမှာပါ။ သင်သာအရည်အချင်းရှိရင် သင့်အတွက်အလုပ်ဆိုတာမရှားပါ ဘူး။ ဒီတော့
အင်တာဗျူးအခန်းထဲမှာဘယ်တော့ မှာမကြောက်ပါနဲ့။
- English စကားကိုအတတ်နိုင်ဆုံးပီပီသသ နဲ့ ယုံကြည်မှုရှိစွာပြောနိုင်ပါ စေ။
- ဒါ့အပြင် အပေါ်ကဆောင်ရန်ရှောင်ရန်လေးေ တွကိုသာလိုက်နာမယ်ဆိုရင် သင်ဟာအလုပ်ရဖို့ ၉၀ရာခိုင်နှုန်းသေချာသွားပါပီ။
ဖြေသမျှအင်တာဗျူးတွေအောင်ပြီးအလုပ်အကိုင်ကောင်းတွေရကြပါစေဗျာ။
ကျွန်တော့်ရဲ့ Myanmar Online Library Pageလေးကို မLikeရသေးရင် Likeသွားပေးအုံးနော်။ နောက်များမှာလည်း ဗဟုသုတရမည့်အရာများ တင်ပေးပါအုံးမည်။
မိုးရှင်း(I.M.T)
Ref:jobsearch.about.com
Credit. Original Uploads
==========================
ဒီစာဖတ်ပီးရင်တော့ အင်တာဗျူး ဆိုတာဘယ်တော့ မှကြောက်တော့မှာ မဟုတ်ဘူး။တကယ်တော့ အင်တာဗျူးဖြေခါနီးတိုင်း လူတော်တော်များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိကအကြောင်းအရင်းကတော့လူတေ
ရရင်တော့ ဘယ်အင်တာဗျူးမဆိုပုံသေအချက်
ကဲဒီတော့အင်တာဗျူးမတိုင်ခင်
ဝင်ရောက်ခြင်း၊အင်တာဗျူးအခန
မေးလေ့ရှိသောမေးခွန်းများဆိ
#အင်တာဗျူးမဖြေခင်ဘာတွေကြို
(၁) မိမိအကြောင်းကောင်းကောင်ြးေ
မှာအရင်ဆုံးမေးတဲ့မေးခွန်းက
ကြီးတဲ့သူတစ်ယောက်ဆိုလားဆို
-နာမည်၊ အသက်၊ မိဘနာမည်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း၁၀ကြောင်းဆိုလုံလော
သင်ပြောရင် သင်ဟာကျန်းမာရေးကောင်းတဲ့သူ
တွေကို ကြည့်ပီးသင့်ရဲ့ပုံစံကိုသူက
(၂) လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံအတိုင်းပေါ့ အ၀တ်အစားအ ရမ်းအရေးကြီးပါတယ်။သင့်ကိုအ
စကြည့်ကတည်းကအမှတ်ပေးနေပါပီ
အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားဆိုလို့ ဈေးကြီးဖို့မလိုဘူးနော် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ရှိဖို့ပ
(၃) အချိန်ကိုလေးစားတယ် ဆိုတာကလူတော်တစ်ယောက် ရဲ့အမူအကျင့်ပါ။ သင်အင်တာဗျူးကိုသတ်မှတ်ထားတ
ရင်တော့ အဲဒိအင်တာဗျူးကိုမအောင်ဖို့
အရမ်းကြီးစောရောက်ရင်သင်ဟာအ
(၄) အမွှေးနံ့သာ၊ရေမွှေးတွေအလွန်အ
(၅) ယောင်္ကျားလေးတွေအနေနဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖီးပါ။
(၆) အမျိုးတွေ၊သူငယ်ချင်းတွေ၊က
(၇) သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကိုတတ်နိုင်သ
သင့်ရဲ့လေ့လာစုံစမ်းမှုဟာသင်
(၈) အင်တာဗျူးအခန်းထဲမှာအင်တာဗ
ကိုပြသနိုင်မဲ့ အခွင့်အရေးပါ။
(၉)သင့်ကိုအင်တာဗျူးမဲ့သူရဲ
နိုင်အောင် လေ့လာ ထားပါ။ တကယ်လို့မသိရင်ကုမ္ပဏီကrecep
(၁၀) သင့်ရဲ့လက်ကိုင်ဖုန်းကိုအင်
#အင်တာဗျူးအခန်းထဲကိုဝင်ရော
(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်းဝင်ခွင့်တောင်းပါ။ အခန်းတံခါးကစေ့ထားတယ်ဆိုရင်
သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့်ဝင်ခွင်
(၂) အင်တာဗျူးအခန်းထဲဝင်တဲ့အချိ
မလုပ်သင့်ပါ။ သင်အခန်းထဲမ၀င်ခင်ကတည်းက သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ထားပါ။အင်တာဗျူးအခန်းထဲ
ပြည့်စုံသူဖြစ်လို့သာရောက်လ
(၃) သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာ
ထပ်ရှင်းပြချင်ပါတယ်။Mr(Mis
နာမည်တပ်ရာမှာသုံးပါတယ်။Mrs
အတွက်သုံးပါတယ်။ Ms(/mɪz/
လို့ပဲခေါ်ရပါမယ်။ သူကDavidလိုခေါ်ပါလို့မပြောမ
ဒီလောက်ဆိုရင်တော့နာမည်ခေါ်န
(၄) ပြုံးဖို့မမေ့ပါနဲ့ ။
(၅) ထိုင်ခုံထိုင်ဖို့ခွင့်မပြု
သူတို့attentionရအောင်ယူလို
#အင်တာဗျူးအခန်းထဲမှာဆောင်ရ
(၁) ခါးမတ်မတ်ထိုင်ပါ။ တောင့်တောင့်ကြီးတော့မဟုတ်ဖ
အခြားအရာတွေကိုတောင်ကြည့်ြေ
(၂) ခုံပေါ်မှာငြိမ်ငြိမ်ထိုင်ပါ
ထိုအမူအရာများကသင့်ကိုမိနစ်
(၃) မေးခွန်းတစ်ခုဖြေခါနီးတိုင်
(၄)သင့်မှာအလုပ်နဲ့ပက်သက်တဲ
(၅) ပီကေ(သို့မဟုတ်)တစ်ခုခုဝါြး
အင်တာဗျူး မလာခင်ရှောင်ပါ။ အနံ့အသက်မထွက်ပါစေနဲ့။
(၆) မပွင့်တပွင့်၊ပျော့တိပျော့ရ
(၇) အင်တာဗျူးမေးတဲ့သူမေးတဲ့မေး
(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာပြန်မေးဖို့မရှက်
Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့်ယဉ်ကျေးစွာမေးပါ။
(၉)သူမေးတဲ့မေးခွန်းကိုမသိဘ
I’m sorry,I have no idea,Sir. ဆိုပီးယဉ်ယဉ်ကျေးကျေးဖြေတာက
(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့စာလုံးတွေမသုံးမိပ
ဥပမာ“I want to……”အစား“I would like to……”ကပိုယဉ်ကျေးပါတယ်။
Yep,Yeah,Ya,Nopeတို့အစား Yes or No ပဲသုံးပါ။
Broken English or Pidgin English မသုံးမိပါစေနဲ့။
(၁၁) အခွင့်အခါသင့်တိုင်း Please တို့ Thank youတို့ကိုသုံးပေးပါ။
(၁၂) အင်တာဗျူးမေးသောသူနှင့် ဘယ်သောအခါမှအခြေအတင်မငြင်းပ
(၁၃) အင်တာဗျူးမေးသောသူတစ်ယောက်ထ
#အင်တာဗျူးတွင်မေးလေ့ရှိသော
(၁) Tell me something about yourself?သင့်အကြောင်းနည်းန
ဒီမေးခွန်းကတော့အင်တာဗျူးတိ
(၂) Why did you quit your last job?ဘာလို့အရင်အလုပ်ကထွက်ခဲ
ဒီမေးခွန်းကိုမေးရခြင်းရည်ရ
အရင်သူဌေးမကောင်းကြောင်းပြေ
There’s isn’t room for growth with my current employer and I’m ready to move on to a new challenge to use my skills and experiences in a different capacity than I have in the past.
အခြားသင့်တော်တဲ့အဖြေတွေလဲရ
(၃) Why do you want this job? Or why do you want to work at our company?
ဘာလို့ဒီအလုပ်ကိုလိုချင်တာလ
ဒီမေးခွန်းကတော့သင့်ရဲ့အလုပ
I well understand that this is a company on the way up and I want to be a part of this business .I think I can use my skills and experiences to improve this business and I want to improve myself by working at this company.
(၄) What’s your expected salary?
ဒီမေးခွန်းအတွက်ကတော့ ပထမဆုံးအင်တာဗျူးမှာမဖြေတာအ
ကဘယ်လောက်ရလေ့ရှိသလဲစုံစမ်း
ရာကျပါတယ်။ အများကြီးလဲမတောင်းမိပါစေနဲ
(၅) What are your strengths and weakness?
ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကိုဖြေရတာကလွယ်ပါတ
I’m detail oriented, hardworking, a team player, etc….ဆိုပီးဖြေလိုက်လို့ရပါ
အားနည်းချက်အတွက်ကတော့ဖြေတတ
“I used to come in late to work a lot but after my supervisor explained
why it was necessary for me to come in on time, I was never late again.”
(၆) နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question?ဆိုပီးမေးလေ့ရှိပါ
ထင်နိုင်ပါတယ်။သင်အလုပ်မှာစ
When can I expect to hear from you?
What is the typical work week?
Is overtime expected?
If I am extended a job offer, how soon would you like me to start?
အထက်ပါမေးခွန်းများဟာအနည်းအ
ပက်သက်ပီးမေးလေ့မေးထရှိတဲ့ေ
နောက်ဆုံးအနေနဲ့ပြောချင်တာက
- ကုမ္ပဏီကသင့်ကိုဘာတွေလုပ်ပေး
- သင်ဟာအရည်အချင်းရှိလို့သာအင
အင်တာဗျူးအခန်းထဲမှာဘယ်တော့
- English စကားကိုအတတ်နိုင်ဆုံးပီပီသသ
- ဒါ့အပြင် အပေါ်ကဆောင်ရန်ရှောင်ရန်လေးေ
ဖြေသမျှအင်တာဗျူးတွေအောင်ပြ
ကျွန်တော့်ရဲ့ Myanmar Online Library Pageလေးကို မLikeရသေးရင် Likeသွားပေးအုံးနော်။ နောက်များမှာလည်း ဗဟုသုတရမည့်အရာများ တင်ပေးပါအုံးမည်။
မိုးရှင်း(I.M.T)
Ref:jobsearch.about.com
Credit. Original Uploads
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။