ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
#သင် ဘယ်နှစ်ကြိမ် ကြိုးစားပြီးပြီလဲ
အုပ်ရေ သန်းပေါင်းများစွာ ရောင်းနေရတဲ့ "Think and Grow Rich" စာအုပ်ကို ရေးသားတဲ့ မီလျံနာသူဌေးကြီး Napoleon Hill က ဟောပြောပွဲတစ်ခုမှာ လာရောက်နားထောင်ကြတဲ့ ပရိသတ်ကြီးကို မေးခွန်းတစ်ခု မေးလိုက်ပါတယ်။
- "လူတစ်ယောက်ဟာ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို လက်မလျှော့ခင်အထိ ဘယ်နှစ်ကြိမ် ကြိုးစားခဲ့သလဲ"
ပရိသတ်ထဲက လူတွေက အဖြေတွေအမျိုးမျိုးပေးကြတယ်။ တချိုက ၁ ကြိမ်၊ ၂ ကြိမ်၊ ၅
ကြိမ်စသဖြင့် ပြောကြတယ်။ အားလုံးပြောပြီးသွားကြတဲ့အခါမှ Napoleon Hill က
သူ့ရဲ့ အဖြေကို ခုလို ပြောလိုက်တယ်။
- "တစ်ကြိမ်ထက် နည်းတယ်"
ပရိသတ်ကြီးဟာ အံ့အားသင့်သွားတယ်။ သူက သူ့ရဲ့အဖြေကို ရှင်းပြတယ်။ လူအတော်များများဟာ ကြိုးတောင် မကြိုးစားရသေးဘူး၊ လက်လျှော့လိုက်ကြတယ်တဲ့။ သူတို့ဟာ လက်ရှိဘဝထက်သာအောင်၊ လက်ရှိဝင်ငွေထက် ပိုရအောင်၊ အဆိုတော် ဖြစ်အောင် ကြိုးစားဖို့ စိတ်ကူးလိုက်ချိန်မှာပဲ သူတို့ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာကြတယ်။ အဲဒါက "မဖြစ်နိုင်ပါဘူးကွာ" ဆိုတဲ့ အတွေးပါ။ အဲဒီအတွေးရဲ့ နောက်ဆက်တွဲအဖြစ် မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ တသီကြီး လိုက်လာကြတယ်။ ဒီတော့ ကြိုးစားမှု မစခင် လက်လျှော့လိုက်ပြီတဲ့။
အဲဒီလို မဖြစ်အောင် လွယ်လွယ်နဲ့ လက်လျှော့ချင်စိတ် မပေါ်အောင် ဘာလုပ်ရမလဲ။ မိမိကိုယ်ကို "ငါ့စိတ်ထဲမှာ ရှိနေတာကို ငါလုပ်လို့ ရတယ်" ဆိုတဲ့ စကားကို အမြဲတမ်းနှလုံးသွင်းရင်း စိတ်ထဲ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ မှတ်ထင်သွားအောင် လေ့ကျင့်ပေးပါ။ ဒီစကားကို စိတ်ထဲမှာ စွဲမြဲသွားပြီဆိုရင် အရှုံးကို ရင်ဆိုင်ရမှာ မကြောက်တော့ပါဘူး။
မိဘတွေကလည်း မိမိတို့သားသမီးကို ချစ်ရင်၊ ဘဝတစ်လျှောက်မှာ ကြံ့ကြံခံနိုင်တဲ့ လူဖြစ်လာစေချင်ရင် သူတို့ငယ်စဉ်ကတဲက "မင်းစိတ်ထဲမှာ ရှိနေတာ ဘာဖြစ်ဖြစ် ဖြစ်အောင် လုပ်နိုင်တယ်" ဆိုတဲ့ စကားလေးကို အမြဲမပြတ် ပြောပြနားသွင်းပေးပါ။
လက်နှစ်ဖက်စလုံး ခြေနှစ်ဖက်စလုံး ပါမလာဘဲ မွေးလာခဲ့ပြီး ကြီးလာတဲ့အခါ လူတွေကို စိတ်ဓါတ်တက်အောင် ဟောပြောပေးခြင်း၊ စာအုပ်ရေးခြင်းဖြင့် မီလျံနာသူဌေးဖြစ်လာတဲ့ နစ်ခ်ဗူရစ်ချစ် (Nick Vujicic) ဟာ ငယ်စဉ်ကတဲက သူ့မိဘက အဲဒီစကားမျိုးကို အမြဲတမ်းပြောပြပေးခဲ့ပါတယ်။
ဗန်းမော်သိန်းဖေ
၂၁-၀၅-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။