မြန်မာ့သတင်းထူးသတင်းဦးများ added 5 new photos — with မျိုးချစ် လုလင်.
နေတိုးရဲ့ ကိုယ်ရေးရာဇ၀င်
=====================
အမည်ရင်း - နေလင်းအောင်။
ဒီလိုလည်းခေါ်ကြတယ် - အိမ်မှာက ညီလေး ၊သူငယ်ချင်းတွေက နေလင်းအောင် ၊ အနုပညာလောကကခင်တဲ့သူတွေက ကိုတိုးကြီးလို့ခေါ်ကြတယ်။
မွေးသက္ကရာဇ် -- စက်တင်ဘာလ၉ရက်၊ ၁၉၈၁ ခုနှစ် ၊အင်္ဂါသား။
ဇာတိ -- ရခိုင်ပြည်နယ် မာန်အောင်ကျွန်း။
မိဘအမည် -- ဦးအောင်နန်း ဒေါ်သန်းမြိုင်
မိဘအလုပ်အကိုင် -- ကျွန်တော်တို့ငယ်ငယ်ကတော့ပန်းထိမ် လုပ်ငန်းလုပ်တယ်။အခုတော့အနားယူနေပါပြီ။ကျွန်တော်တို့အလှည့်ပေါ့။
မောင်နှမတွေက = လေးယောက်ရှိပါတယ်။အစ်ကိုကြီးကဇော်လင်းအောင်အဖေ့ရဲ့ရွှေလုပ်ငန်းမှာလုပ်တယ်။ပြီးတော့ကျွန်တော်။ညီငယ်ကမင်သွေးပါ သူ့နာမည်အရင်းကနေမင်းအောင်ပါ။အငယ်ဆုံးညီမကတော့ ဆုမွန်အောင်ပါ။သူကလည်း အဖေ့စီးပွားရေးမှာကူညီပြီးလုပ်ပေးနေပါတယ်။
တက်ခဲ့ဖူးတဲ့ကျောင်းတွေက - ရခိုင်ပြည်နယ်မာန်အောင်ကျွန်းရဲ့အနောက်စုက အ.မ.က အထက်တန်းကျောင်းမှာတက်ပါတယ်။ ဈေးတန်း အ.ထ.က ကျောင်းမှာပါ။
အဆုးံသတ်ပညာရေး - ရခိုင်မှာပဲ B.Sc [Maths) နဲ့ဘွဲ့ရထားပါတယ် ။
အနုပညာအစ - အနုပညာလောကထဲရောက် ၁၄နှစ်ကျော်လောက်ရှိပါပြီ။ ကျောင်းသားဘဝတုန်းကလည်း ကဗျာ၊ ပန်းချီ ၊ပန်းပု ၊စတာတွေကို ဝါသနာထုံတယ်။ ရန်ကုန်ရောက်လာပြီး ဦးစောနု ဆီမှာ Vocalသင်တယ် ။ မော်ဒယ်သင်တန်းတက်တယ်။
ပရိသတ်သိခဲ့တာက - ပထမဆုးံရိုက်ခဲ့တဲ့ မီကို ကော်ဖီမစ်ကြောငြာနဲ့ပါ။
ရိုက်ခဲ့ဖူးတဲ့ဇာတ်ကားပေါင်း -- ဗီဒီယို ဆို ၃၀၀ကျော်ပါပြီ ။ ရုပ်ရှင်ကားကြီးက လေးဆယ်ကျော်ပြီ ။
သရုပ်ဆောင်မလုပ်ခင် ညီတိုး ဆိုတဲ့နာမည် သီချင်းခွေတစ်ခွေထုတ်ဖူးတယ်။ ဦးစောနု ရဲ့ရှားလော့ဟုမ်း သီချင်းခွေမှာ သီချင်းနှစ်ပုဒ်ဆိုဖူးတယ်။ပြီးတော့ ရိန်မိုးနဲ့ ဖန်ဆင်းရှင် သီချင်းခွေ ထွတ်ထားတယ်။
စံထားခဲ့တဲ့သူ - စီနီယာ အားလုးံပါ။
အနုပညာ မျိုးရိုး -- မရှိပါဘူး။
မမေ့နိုင်တဲ့အရာက - ငယ်ငယ်က ကိုယ်လုပ်ချင်တဲ့အနုပညာကို
မပြည့်မစုံနဲ့လုပ်ခဲ့ရတာကို မမေ့နိုင်ဘူး။
စိတ်ထားက - အနုပညာ ကို ဦးစားပေးတယ် သနားကြင်နားတတ်သလို သည်းခံတက်တယ်။ ဆုးံဖြတ်ချက်ကို လွယ်လွယ်ကူကူမချတက်သလို၊တိတိ ကျကျ လုပ်တက်တယ်။
်
ချစ်သူရှိရင် -- အထက်တန်းကျောင်းသားဘဝ ထဲက ရင်ခုန်တက်ခဲ့တာပါ ။ချစ်သူဆိုတာထက် တိတ်တခိုး ချစ်ရတဲ့သူကတော့ငယ်ငယ်ကတော့ရှိဖူးတယ်။ ရင်ခုန်မှုက ငယ်ငယ်ကပိုများပါတယ် ။ဒီအသက်အရွယ်ရောက်မှချစ်သူမရှိဖူးလို့မညာချင်ပါဘူး။
အိမ်လိပ်စာ --== အမှတ် ၄၃ မြခွာညို | ဝါဝါဝင်းအိမ်ရာသကေတမြို့နယ်။
ဖုန်း - 09 5199099
***** Like & Share ပြုလုပ်ခြင်းအား အထူးကျေးဇူးတင်ရှိပါသည် *****
်
#Edkza

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။