Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 28, 2017

ရေပေါ် ထိကရုန်း


စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ added 8 new photos.

ရေပေါ် ထိကရုန်း
Bot name: Neptunia oleracea
Common name: Water mimosa
Family: Mimosaceae
ထိကရုန်းပင်ဟု ဆိုရာ တွင် ကုန်းထိကရုန်းနှင့် ရေထိကရုန်း ဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိရာတွင်
ကုန်းထိကရုန်း၏ ကျန်းမာရေး အတွက် အထောက်အကူပြု မှုများကို ခေါင်းစဉ် ငယ်များဖြင့် ရေးသား တင်ပြထားပါသည်။ စားသုံးရာတွင် ရေထိကရုန်းပင်ကိုသာလျှင် ဟင်းလျာအဖြစ် စားသုံးလျက် ရှိကြပါသည်။ ကုန်းထိကရုန်းကို ဟင်းလျာအဖြစ် စားသုံးပေးခြင်းမရှိသော်လည်း ရောဂါကုသရာတွင် အိမ်တွင်း ဆေးဝါးဖော်စပ်ရာတွင် အသုံးများပေသည်။

ရိုးရာဆေးကျမ်းများအဆို
တေဇောဝါယော အာကာသများ ဦးဆောင်သော အပင် လည်းဖြစ်သည်။ ထို့ကြောင့်လည်း ပွင့်ကန်သော တေဇော သတ္တိ အဟုန် အရှိန်၊ အားကိုဖြစ်စေသော ဝါယောသတ္တိနှင့် အညစ်အကြေးဓါတ်များကို ကြည်လင်သန့်စင်စေသော အာကာသသတ္တိ တည် ရှိပေ သည်။ တောင့် တင်းခိုင်မာ ချုပ်စေတက်သောကြောင့် ဝမ်းသက်ရောဂါ၊ ပိတ်ဝမ်းကိုက်ရော ဂါ၊ သွေးမြင်းသရိုက်ရောဂါ တို့ကို ပျောက်ကင်းစေနိုင်ပါသည်။ အေးသောသတ္တိ၊ ပွင့်ကန်သော သတ္တိလည်း တည်ရှိပေသည်။
အရသာနှင့် ဂုဏ်သတ္တိများ
ကုန်းထိကရုန်းသည် ခါးဖန်အရသာ ရှိပေသည်။ အေး၏။ သလိပ်သည်းခြေတို့ကို ငြိမ်းစေသည်။ ဝိပါကသည် စပ်၏။ သွေး အန်၊ သွေး ကျ၊ ဝမ်းသက်ရောဂါ၊ ယောနီရောဂါ တို့တွင် အသုံးပြုရပေ သည်။ သေး ငယ်သော သွေးကြော၊ သွားတို့ကို တွန့်ရှုံ့စေ တက်သောကြောင့် ရင်ဘက်ကို ထိခိုက်သော ရောဂါ၊ ဖောရောင်ရောဂါ၊ နူနာများကို ပျောက်ကင်း စေနိုင်ပါသည်။
အသုံးဝင်သော အစိတ်အပိုင်းများ
အရွက်နှင့် အမြစ်တို့ကို အသုံးများပေသည်။ အစေ့သည် သုက်ကို ပွားစေတက်သောကြောင့် သုတ်အားနည်းရောဂါ၊ မီးယပ်ရောဂါများ ကို ကာကွယ် ကုသဆေးအဖြစ် အသုံးဝင်စေပါသည်။
ရောဂါဝေဒနာ ကုသနည်းများ
ကုန်းထိကရုန်းရွက်သည် ဝက်သက်ရောဂါနှင့် လေ မရွှင်သောရောဂါတို့တွင် အသုံးပြုရသည်။ သွေးကို ထကြွ စေတက်သည်။ ဆီးကို ရွှင်စေတက်သည်။ ညောင်းနာရောဂါတွင် သင့်ပေ သည်။ ရောင်ရမ်းနာ တွင် ထိကရုန်းတစ်ပင်လုံးကို (ပဉ္စငါးပါး) ကြိတ်၍ ရရှိသော ဆေးရည်ဖြင့် လိမ်းပေး၍ ကုသနိုင်သည်ဟု ရှုတော်မူ ဆေးကျမ်း တွင် ဖွင့်ဆိုထား၏။
ကုန်းထိကရုန်းရွက် ကုထုံးများ
အကြောနှင့် ပတ်သက်သော ရောဂါဝေဒနာတို့တွင် ကုန်းထိကရုန်းရွက်ကို သန့်စင်စေ ရန် ဆေးကြော၍ ထုထောင်းပြီး ရရှိသော ဆေးရည် ကော်ဖီဇွန်း တစ်ဇွန်း တွင် အိမ်သုံးသကြား အနည်းငယ်မျှကို ထည့်သွင်းပြီး ရေသန့်ဟင်းစား ဇွန်း လေးဇွန်းဖြင့် ရော စပ်ကာ ဆေးတစ်ခွက်စာ ပမာဏအဖြစ် တိုက်ကျွေးပေးနိုင်ပါသည်။ ဆေးရည်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်နေ့နှစ်ကြိမ် တိုက်ကျွေးနိုင်ပါသည်။
လိပ်ခေါင်းရောဂါ (အတွင်းမြင့်သရိုက်ရောဂါ)
လက်ဆက်၍ သန့်စင်ထားသော ကုန်းထိကရုန်း ရွက်များကို နေပူတွင် အခြောက်လှန်း ပါ။ ကောင်းစွာ ခြောက်သွေ့ပါက ပုလင်းနှင့် ထည့်ထားပါ။ အရွက်ခြောက်မှုန့် လက်ဖက်ရည်တစ်ဇွန်းကို ဆေးတစ်ခွက်စာပြု၍ ဆိတ်နို့ တစ်ဖန် ခွက်နှင့် သောက်ပေးပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့နှစ်ကြိမ် သောက်ပေးပါ။
အနာရောင်ခြင်း၊ ငန်းမန်းတက်ခြင်း
အနာများကို ပျောက်ကင်းစေနိုင်သော ဆေးဖက်ဝင်အပင်များစွာ ရှိသည့်အနက် ကုန်းထိကရုန်း အနာရောင်ခြင်း၊ ငန်းမန်း တက်ခြင်းနှင့် အနာအကျက် မြန်စေရန်အတွက် အသုံးပြုနည်းမှာ လတ်ဆက်၍ ရေဖြင့် သန့်စင်ထားသော ကုန်းထိကရုန်း အစိမ်းတို့ကို ကြိတ်ဆေးရည် ပြုလုပ်ပါ။ ကွမ်းစားထုံး အနည်းငယ်မျှကို ရောစပ်၍ နယ်ပေးပါ။ အဆိုပါ ကြိတ်ဆေးကို အနာတွင် အုံပေးကာ ပတ်တီး စည်း ထားပေးပါ။ အနာအရောင်ကို ကျစေပြီး ငန်းမန်းနှင့် ပြည်ဖြစ်မှု ကို လျှော့ချပေးနိုင်ပါသည်။
ထိကရုန်းအမြစ် ကုထုံးများ
ချောင်းဆိုးခြင်း ကုသနည်း
ချောင်းဆိုးခြင်းသည် ရောဂါဝေဒနာ တစ်မျိုး၏ လက္ခဏာတစ်ရပ်ဖြစ်ပေသည်။ ချောင်းဆိုးခြင်းအတွက် ကုန်းထိကရုန်း အမြစ် ကို ဆေးဝါးအဖြစ် အသုံးပြုနိုင်ပါသည်။ အသုံးပြုနည်းမှာ ကုန်းထိကရုန်း အမြစ်ကို ဆေးဝါးအဖြစ် အသုံးပြုနိုင်ပါသည်။ အသုံးပြုနည်းမှာ ကုန်းထိကရုန်းအမြစ်ကို သွေး၍ ရရှိသော အရည်များကို လည်ပင်းတစ်ဝိုက် လူးဆေး၊ လိမ်းဆေးအဖြစ် အသုံးပြုခြင်း ပင်ဖြစ် သည်။
နှာစေးရောဂါကို ကုသနည်းများမှာ ကုန်းထိကရုန်းမြစ်ကို သွေး၍ရသော အရည်ကို နှာရှူဆေးအဖြစ် ရှူပေးနိုင် ပါသည်။
အမြစ်ပြုတ်ဆေး ရောဂါကုသနည်း
ကုန်းထိကရုန်းအမြစ်ကို သဲ၊ မြေကြီးများ ကင်းစင်စေ ရန် ရေသန့်ဖြင့် ဆေးကြော၍ ဆေးမြစ် ၅ ကျပ်သားနှင့် ရေသန့် ၂၅ ကျပ် သားကိုပြုတ်ပါ။ ပြုတ်ဆေးရည် ၁/၄ ပိုင်းကျန် လျှင် သောက်ဆေးရည် အဖြစ် အသုံးပြုနိုင်ပါသည်။ ဆီးကျောက်တည်ရောဂါတို့ကို ကုသရန် လူကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် အသုံးပြုနိုင်ပါသည်။ ဆီးကျောက်တည် ရောဂါနှင့် သွေးဝမ်း သွားသော ရောဂါတို့ကို ကုသရန် လူးကြီးဆေးတစ်ခွက်စာ ပမာဏအဖြစ် ဟင်းစားစတီးဇွန်း တစ်ဝက်ခန့်ကို တစ်ကြိမ်တိုက်ကျွေး ပေးနိုင်ပါ သည်။ ဆေးကို နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ်ကျ ၇ ရက်မှ ၁၄ ရက်အထိ ဆေးရည်ကို နေ့စဉ် အပြတ် နေ့ တိုင်း သောက်သုံး သင့်ပါသည်။
ဆေးဖက်ဝင် ဟင်းလျာ
အစားအစာများကို စားသုံးရာတွင် ခံတွင်းမတွေ့ခြင်း၊ သည်းခြေပျက်ရောဂါ၊ ဝမ်းပျက်ရောဂါတို့ကို ကုသနည်း မှာ ကုန်းထိကရုန်းရွက် လတ်လတ်ဆတ်ဆတ်ကို ငါးသလောက်နှင့် ချက်စားပေးခြင်းဖြင့် ဆေးဖက်ဝင်စေပါသည်။
ဆီးနှင့် ပတ်သက်သော ကုသနည်း
ဆီးပုတ်ရောဂါ၊ ဆီးအောင့်ရောဂါ၊ ဆီးနီခြင်း၊ ဆီးဝါခြင်း၊ နှာခေါင်းသွေး လျှံခြင်း၊ သွေးအန်ရောဂါ၊ အနာများဖြစ်လျှင် ကုန်းထိကရုန်းကို ထန်းလျက်နှင့် ပြုတ်ဆေးရည်ပြုလုပ်၍ သောက်ပေးနိုင်ပါသည်။
နှင်းခူရောဂါ
လတ်တလောဖြစ်သော နှင်းခူရောဂါကို ကုသရန် ဆေးနည်းများ ထိကရုန်း ပဉ္စငါးပါး အခြောက်များကို ဖျော်ပြီး အမှုန့်ထောင်း ကာ သဘာဝ အုန်းဆီနှင့်ဖြစ်စေ၊ နှမ်းနက် ဆီနှင့်ဖြစ်စေ ရောစပ်၍ နေ ၇ ရက်လှန်းထားပါ။ ဆေးဆီ ကို နှင်းခူရောဂါ ဖြစ်နေသော နေရာတစ်ဝိုက်ကို ဖန်ရည်ဆေးကြောပေးပြီး ခြောက်သွေ့ပါက အထက်ပါ လိမ်းဆေးအဆီကို လိမ်းဆေး၊ လူးဆေး အဖြစ် အသုံးပြုပေး နိုင်ပါသည်။ ဆေးကို နံနက် တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့သုံးကြိမ် လိမ်းပေးနိုင် ပါသည်။ နှင်းခူရောဂါကို ရောဂါနုစဉ် ထိရောက်သော ကုသနည်းဖြင့် ကုသပေးသင့်ပါသည်။ နာတာရှည် ရောဂါအဆင့်တွင် ဆိုးရွားစွာ ခံစားရသော အရေပြားရောဂါသည် ကြောက် စရာ ရောဂါ ဆိုးပင် ဖြစ်ပါ သည်။ ဒေသပေါက် ဆေးပင်များသည် ကျန်းမာမှုတွင် တစ်ခါတစ်ရံတွင် အံသြလောက်အောင်ပင် အစွမ်းပြတက်ပါသည်။ သဘာဝ ဆေးပင်များ သည် များသောအားဖြင့် အကျိုးပေးရာတွင် ရာနှုန်းပြည့်ဝမှုကို ရရှိနိုင်စေပါသည်။
မေဦး (မှန်ချို) Health Digest (Vol.1, No.17) httpa//www.herbalsmyanmar.com/:::www.herbalsmyanmar.com
ဘ၀ခါးခါး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။