Mi Mi Tun added 3 new photos — with Mi Mi Tun.
#မီးသွေးခဲထည့်သောက်ရတဲ့ကော်ဖီ (သို့) Kopi Joss
☕☕☕☕☕☕☕☕☕☕☕☕☕☕☕☕☕
ပုံမှန်အမြင်မှာတော့ ကော်ဖီထဲကို မီးသွေးခဲထည့်တယ်ဆိုတာ ရွံစရာလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီကော်ဖီဟာ အင်ဒိုနီးရှားမှာတော့ နာမည်ကြီးပါတယ်။ နေရာတိုင်းရနိုင်မှာ မဟုတ်ပဲ Yogyakarta မြို့မှာပဲ ရနိုင်မှာပါ။
ဒီကော်ဖီကို တီထွင်ခဲ့သူကတော့ Mr.Man လို့လူအများသိကြသူဖြစ်ပြီး
၁၉၆၀ခုနှစ်တည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Mr.Man ဟာ
မီးလောင်နေတဲ့မီးသွေးခဲကိုကြည့်ပြီး ဒီအကြံကိုရခဲ့တာဖြစ်ပါတယ်။ ကော်ဖီအရသာ
ပိုဆိုးသွားလိမ့်မယ်လို့ သူထင်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့ကော်ဖီထဲကို
မီးလောင်နေတဲ့မီးသွေးခဲ ထည့်ပြီးသောက်ကြည့်တဲ့အခါမှာတော့ ပုံမှန်ထက်
အရသာကောင်းသွားတယ် လို့ဆိုပါတယ်။ အဲဒီနောက်တော့သူဟာ Kopi Joss လို့
အမည်ပေးထားတဲ့ မီးသွေးကော်ဖီကို စတင်ရောင်းချပါတော့တယ်။
အစပထမတော့ ဒီကော်ဖီကိုသောက်ဝံ့သူနည်းပါတယ်။ မီးသွေးခဲဟာ အန္တရယ်ဖြစ်စေနိုင်တယ်လို့ ထင်ကြတဲ့အတွက်ပါ။ သောက်ဝံ့သူ တစ်ယောက်စနှစ်ယောက်စ စမ်းသောက်ပြီး အန္တရာယ်ဘာမှမဖြစ်ပဲ အရသာကောင်းတယ် လို့ သိသွားကြပြီးနောက်မှာတော့ လူတိုင်းလိုလိုသောက်လာကြပါတော့တယ်။ ဒီကော်ဖီဟာ ဒီမြို့ကိုလာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အထူးတလည်ကြိုက်နှစ်သက်တဲ့ကော်ဖီလည်းဖြစ်ပါတယ်။ Mr.Man ရဲ့ အတွေ့အကြုံအရ ဒီမီးသွေးကော်ဖီဟာ ယောင်ရမ်းခြင်း ၊ အော့အန်ခြင်း ၊ ရင်ပူရင်ဆာဖြစ်ခြင်း ၊ ၀မ်းလျှောခြင်း စတဲ့ရောဂါတွေကို ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
မီးသွေးကော်ဖီဟာ လူအများသိကြတဲ့ ဂျာဗားကော်ဖီ နဲ့ အရသာခြင်း သိပ်မကွာပါဘူး။ သောက်ဖူးသူတွေကတော့ အချိုဖက်ကိုအနည်းငယ်ရောက်တယ်လို့ ဆိုပါတယ်။ ဒီကော်ဖီဖျော်ပုံက ရိုးရှင်းပါတယ်။ ကော်ဖီအနည်းငယ်နဲ့ သကြားလေးဇွန်းကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေနွေးထပ်ထည့်ပြီးဖျော်ပါတယ်။ အဲဒီနောက်တော့ မီးတောက်နေတဲ့ မီးသွေးခဲတစ်ခဲကို ကော်ဖီခွက်ထဲ ပစ်ထည့်လိုက်တာပါပဲ။ ချက်ချင်းသောက်လို့ မရသေးပါဘူး။ မိနစ်အနည်းငယ်စောင့်ပြီး မီးသွေးခဲအေးသွားတဲ့အခါ ဖန်ခွက်ထဲက ဖယ်ထုတ်လိုက်တာပါ။ အဲဒီနောက်တော့ ကော်ဖီကို အဆင်သင့်သောက်သုံးနိုင်ပြီဖြစ်ပါတယ်။
Yogyakarta မှာတော့ လူကြိုက်အလွန်များတဲ့ကော်ဖီဖြစ်ပြီး ဈေးနှုန်းကလည်း ၀.၄ဒေါ်လာသာ ကျသင့်တာကြောင့် ကလေးလူကြီးမကျန်သောက်ကြတဲ့ကော်ဖီလည်းဖြစ်ပါတယ်။
AyeSay
#Via. Zeno Oo.#
#HtooMyatTin.#
Crd
MMT@#ခရီးသည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။