#Facebook က News Feed အကြောင်း
မာ့ခ်ဇူကာဘတ်နဲ့ Facebook အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတဲ့ News Feed အကြောင်းလေးဟာ စိတ်ဝင်စားစရာကောင်းလို့ ဖေါက်သည်ချပေးလိုက်ပါတယ်။
News Feed ဆိုတဲ့ စကားလုံးကို လူအတော်များများ မကြားဖူးကြဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ Facebook သုံးနေကြသူတိုင်း အမြဲတမ်း News Feed ကို သုံးနေကြတယ်လို့ ပြောရင် အံ့သြသွားကြမယ် ထင်ပါတယ်။ တကယ်တော့ သင့်ရဲ့ Facebook ကို စဖွင့်လိုက်တာနဲ့ သင်တွေ့မြင်တာတွေတဲ့ ပို့စ်တွေ၊ ဓါတ်ပုံတွေအားလုံးဟာ News Feed တွေပါ။ News Feed ဘယ်လိုပေါ်လာသလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။
Facebook ကို အသက် ၁၉ နှစ်အရွယ် ဟားဗတ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မာ့ခ်ဇူကာဘတ် (Mark Zuckerberg) က ဟားဘတ်တက္ကသိုလ်ဝင်းထဲက အဆောင်ခန်းလေးတစ်ခုမှာ တီထွင်ခဲ့တာပါ။ မာ့ခ်ဟာ Facebook ကို စတီထွင်တုန်းက ဟားဗတ်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ တစ်ဦးအကြောင်း တစ်ဦး ပိုသိကြပြီး ရင်းနှီးစေဖို့ ရည်ရွယ်ထားတာပါ။ ဟားဗတ်တက္ကသိုရဲ့ Facebook အကြောင်းကို ကြားပြီး နောက်တက္ကသိုလ်တွေက သူတို့ဆီမှာ Facebook ကို ရအောင်လုပ်ပေးဖို့ တောင်းပန်ကြလို့ ဇူကာဘတ်က တက္ကသိုလ် ကောလိပ် အထက်တန်းကျောင်းတွေ အထိပါ တိုးချဲ့ပေးလိုက်တယ်။ ၂၀၀၄ ခုနှစ် သြဂုတ်လမှာ Facebook ကို အသုံးပြုသူပေါင်း ၇ သိန်း ရှိနေပါတယ်။
ဇူကာဘတ်ဟာ အခု Facebook ကို လူတွေအားလုံး အသုံးပြုဖို့ ဖွင့်ပေးဖို့ စိတ်ကူးသလို News Feed ကိုလည်း မိတ်ဆက်တင်ပေးဖို့ စီစဉ်လိုက်တယ်။ Facebook စပေါ်တုန်းက တစ်ယောက်အကြောင်းကို မိတ်ဆွေတွေဆီ Facebook ကနေ message ပို့ပြီး အကြောင်းကြားလိုက်။ပါတီပွဲ လုပ်မယ်၊ ဘယ်သူ လက်ထပ်သွားပြီ၊ ဘယ်သူက ဘွဲ့ရသွားပြီစတာတွေပါ။ ဇူကာဘတ်က လူတွေဟာ သူတို့ ချစ်တဲ့ ခင်တဲ့ လူတွေရဲ့ အကြောင်းကို ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေထက် ပိုပြီး စိတ်ဝင်စားကြတယ်ဆိုတာကို သိနေတယ်။ ဒါကြောင့် အဲဒီဆန္ဒကို ဖြည့်ဆည်းပေးဖို့ News Feed ကို တီထွင်လိုက်တယ်။
News Feed က ဘာလုပ်သလဲ။ အရင်က သူတို့က သူတို့ပို့စ်အသစ်တင်ထားတယ်ဆိုတာကို
message ပို့ပြီး အချင်းချင်း အကြောင်းကြားရတယ်။ အခု News Feed ကြောင့်
Facebook က ပို့စ်အသစ်တင်တာ၊ ဓါတ်ပုံတင်တာ၊ profile အပြောင်းအလဲလုပ်တာ
မှန်သမျှကို မိတ်ဆွေတွေအားလုံးကို အလိုအလျောက် ပို့ပေးလိုက်တယ်။ ဒီတော့
ဘာဖြစ်လာသလဲ။ ကျောင်းသူကျောင်းသားတွေရဲ့ ဘယ်သူက ဘယ်သူနဲ့ အိပ်တာ၊ ဘယ်သူက
ရည်းစားနဲ့ ပြတ်သွားပြီ စတဲ့ သူတို့ပို့စ်မှာရေးသမျှ
လျှို့ဝှက်အတွင်းရေးတွေ သူများတွေ သိကုန်ကြတယ်။ သူတို့ကဟာ
ချောင်းမြောင်းခံနေရပြီဆြို ပီး
မကျေနပ်လို့ News Feed ကို ဆန့်ကျင်တဲ့ Group တွေကို Facebook
မှာထောင်လိုက်ကြတယ်။ ရက်ပိုင်းအတွင်းမှာ Group ပေါင်း ၅၀၀ ဖြစ်လာကြတယ်။
Group အဖွဲ့ဝင်တွေ ထောင် သောင်းချီ ဖြစ်လာတယ်။ ကျောင်းသားတွေဟာ
ပါးလိုအားတိုမြို့က Facebook ရုံးချုပ်ရှေ့မှာ News Feed ကို ဆန္ဒပြဖို့
စုရုံးရောက်နေကြတယ်။ Facebook ဝန်ထမ်းတွေကို အစောင့်အရှောက်နဲ့
ရုံးအပြင်ကို ခေါ်ထုတ်သွားရတယ်။ ရုပ်မြင်သံကြားအဖွဲ့တွေလည်း သတင်းယူဖို့ စောင့်နေကြတယ်။ Facebook ဟာ နာမည်ပျက်နဲ့ ကျရှုံးဖို့ တဲတဲလေးပဲ လိုတော့တယ်။
အဲဒီအချိန်မှာ ဇူကာဘတ်ဟာ အစည်းအဝေးတစ်ခုတက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတယ်။ သူရဲ့ Facebook အဖွဲ့သားတွေက အခြေအနေဆိုးကို ထိန်းဖို့ News Feed ကို ပိတ်ပစ်တော့မယ်လို့ ပြောလာတယ်။ ဇူကာဘတ်က ပိတ်မပစ်နဲ့၊ သူအခြေအနေကို ထိန်းမယ်လို့ ပြောပြီး သူ့ရဲ့ Facebook မှာ တောင်းပန်စာပို့စ်တစ်စောင် ရေးတင်လိုက်တယ်။ သူ့ရဲ့ လုပ်ရပ်ဟာ လူတွေရဲ့ အတွင်းရေးတွေကို ဖေါ်ထုတ်ပြသလို ဖြစ်သွားလို့ စိတ်မကောင်းကြောင်း၊ မကြာခင် သူများမသိစေချင်တဲ့ အတွင်းရေးတွေကို ထိန်းချုပ်ဖို့ News Feed အစီအစဉ်သစ်ကို လုပ်ပေးမယ်တဲ့။ သူ့ရဲ့ ပို့စ်ကြောင့် ကျောင်းသားတွေဟာ News Feed ကို ထိန်းချုပ်မယ့် အစီအစဉ်ကို စောင့်ကြည့်ကြမယ်ဆိုပြီး ဆန္ဒပြမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြတယ်။
ဇူကာဘတ်ရဲ့ ပရိုဂရမ်ရေးသမားတွေဟာ News Feed အစီအစဉ်သစ်ကို ၄၈ နာရီကြာအောင် မအိပ်မနေ ကြိုးစားရေးပြီး Facebook ကို ပြန်တင်ပေးလိုက်တယ်။ထိန်းချုပ်တဲ့
News Feed အစီအစဉ်ကြောင့် ကျောင်းသူ ကျောင်းသားတွေ ကျေနပ်သွားကြတယ်။
ဆန္ဒမပြကြတော့ဘူး။ သူတို့က အစီအစဉ်သစ်ဟာ ကောင်းတယ်လို့ ပြောလာကြတယ်။ ၂
ပတ်အကြာမှာ Facebook ကို အမေရိကန်တက္ကသိုလ်နဲ့ ကျောင်းတွေကို
သုံးခွင့်ပြုထားရာက ပြင်ပက လူတွေကို သုံးခွင့်ပြုလိုက်တယ်။
ရက်ပိုင်းအတွင်းမှာပဲ Facebook သုံးသူဦးရေဟာ ၇ သိန်းကနေ ၁၀ သန်းအထိ
ဖြစ်သွားတယ်။ Facebook ရဲ့ အကြီးအကျယ်အောင်မြင်မှုရဲ့ လမ်းစပါ။
Facebook မှာ News Feed ကို ထိန်းချုပ်လို့ရအောင် ဇူကာဘတ်က ဘယ်လိုလုပ်ပေးထားတယ်ဆိုတာကို
သိကြပါသလား။ သိချင်ရင် Facebook ရဲ့ Settings ထဲကို ဝင်ပြီး News Feed
Preferences (News Feed ဦးစားပေး) မှာ ထိန်းချုပ်တာ လုပ်လို့ရပါတယ်။
Facebook ပေါ်မှာ မိမိဦးစားပေးကြည့်ချင်တဲ့ ပို့စ်ပိုင်ရှင်တွေကို
ရွေးချယ်လို့ ရတယ်။ မကြည့်ချင်တဲ့ ပို့စ်တွေ မိမိရဲ့ Facebook မှာ
ပေါ်မလာအောင် Unfollow လုပ်လို့ရတယ်။ Unfollow လုပ်ပြီးသား လူကို Follow
ပြန်လုပ်ပေးလို့ရတယ်။ မိမိဝါသနာနဲ့ ကိုက်ညီမယ့် Page တွေ ရှာကြည့်လို့လည်း
ရပါတယ်။
မိမိနေ့စဉ်သုံးနေတဲ့ Facebook က News Feed အကြောင်းလေးကို သိထားသင့်တယ်ထင်လို့ ရေးပြပေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၂၁-၀၅-၂၀၁၇
မာ့ခ်ဇူကာဘတ်နဲ့ Facebook အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတဲ့ News Feed အကြောင်းလေးဟာ စိတ်ဝင်စားစရာကောင်းလို့ ဖေါက်သည်ချပေးလိုက်ပါတယ်။
News Feed ဆိုတဲ့ စကားလုံးကို လူအတော်များများ မကြားဖူးကြဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ Facebook သုံးနေကြသူတိုင်း အမြဲတမ်း News Feed ကို သုံးနေကြတယ်လို့ ပြောရင် အံ့သြသွားကြမယ် ထင်ပါတယ်။ တကယ်တော့ သင့်ရဲ့ Facebook ကို စဖွင့်လိုက်တာနဲ့ သင်တွေ့မြင်တာတွေတဲ့ ပို့စ်တွေ၊ ဓါတ်ပုံတွေအားလုံးဟာ News Feed တွေပါ။ News Feed ဘယ်လိုပေါ်လာသလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။
Facebook ကို အသက် ၁၉ နှစ်အရွယ် ဟားဗတ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မာ့ခ်ဇူကာဘတ် (Mark Zuckerberg) က ဟားဘတ်တက္ကသိုလ်ဝင်းထဲက အဆောင်ခန်းလေးတစ်ခုမှာ တီထွင်ခဲ့တာပါ။ မာ့ခ်ဟာ Facebook ကို စတီထွင်တုန်းက ဟားဗတ်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ တစ်ဦးအကြောင်း တစ်ဦး ပိုသိကြပြီး ရင်းနှီးစေဖို့ ရည်ရွယ်ထားတာပါ။ ဟားဗတ်တက္ကသိုရဲ့ Facebook အကြောင်းကို ကြားပြီး နောက်တက္ကသိုလ်တွေက သူတို့ဆီမှာ Facebook ကို ရအောင်လုပ်ပေးဖို့ တောင်းပန်ကြလို့ ဇူကာဘတ်က တက္ကသိုလ် ကောလိပ် အထက်တန်းကျောင်းတွေ အထိပါ တိုးချဲ့ပေးလိုက်တယ်။ ၂၀၀၄ ခုနှစ် သြဂုတ်လမှာ Facebook ကို အသုံးပြုသူပေါင်း ၇ သိန်း ရှိနေပါတယ်။
ဇူကာဘတ်ဟာ အခု Facebook ကို လူတွေအားလုံး အသုံးပြုဖို့ ဖွင့်ပေးဖို့ စိတ်ကူးသလို News Feed ကိုလည်း မိတ်ဆက်တင်ပေးဖို့ စီစဉ်လိုက်တယ်။ Facebook စပေါ်တုန်းက တစ်ယောက်အကြောင်းကို မိတ်ဆွေတွေဆီ Facebook ကနေ message ပို့ပြီး အကြောင်းကြားလိုက်။ပါတီပွဲ လုပ်မယ်၊ ဘယ်သူ လက်ထပ်သွားပြီ၊ ဘယ်သူက ဘွဲ့ရသွားပြီစတာတွေပါ။ ဇူကာဘတ်က လူတွေဟာ သူတို့ ချစ်တဲ့ ခင်တဲ့ လူတွေရဲ့ အကြောင်းကို ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေထက် ပိုပြီး စိတ်ဝင်စားကြတယ်ဆိုတာကို သိနေတယ်။ ဒါကြောင့် အဲဒီဆန္ဒကို ဖြည့်ဆည်းပေးဖို့ News Feed ကို တီထွင်လိုက်တယ်။
News Feed က ဘာလုပ်သလဲ။ အရင်က သူတို့က သူတို့ပို့စ်အသစ်တင်ထားတယ်ဆ
အဲဒီအချိန်မှာ ဇူကာဘတ်ဟာ အစည်းအဝေးတစ်ခုတက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတယ်။ သူရဲ့ Facebook အဖွဲ့သားတွေက အခြေအနေဆိုးကို ထိန်းဖို့ News Feed ကို ပိတ်ပစ်တော့မယ်လို့ ပြောလာတယ်။ ဇူကာဘတ်က ပိတ်မပစ်နဲ့၊ သူအခြေအနေကို ထိန်းမယ်လို့ ပြောပြီး သူ့ရဲ့ Facebook မှာ တောင်းပန်စာပို့စ်တစ်စောင် ရေးတင်လိုက်တယ်။ သူ့ရဲ့ လုပ်ရပ်ဟာ လူတွေရဲ့ အတွင်းရေးတွေကို ဖေါ်ထုတ်ပြသလို ဖြစ်သွားလို့ စိတ်မကောင်းကြောင်း၊ မကြာခင် သူများမသိစေချင်တဲ့ အတွင်းရေးတွေကို ထိန်းချုပ်ဖို့ News Feed အစီအစဉ်သစ်ကို လုပ်ပေးမယ်တဲ့။ သူ့ရဲ့ ပို့စ်ကြောင့် ကျောင်းသားတွေဟာ News Feed ကို ထိန်းချုပ်မယ့် အစီအစဉ်ကို စောင့်ကြည့်ကြမယ်ဆိုပြီး ဆန္ဒပြမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြတယ်။
ဇူကာဘတ်ရဲ့ ပရိုဂရမ်ရေးသမားတွေဟာ News Feed အစီအစဉ်သစ်ကို ၄၈ နာရီကြာအောင် မအိပ်မနေ ကြိုးစားရေးပြီး Facebook ကို ပြန်တင်ပေးလိုက်တယ်။ထိန်းချ
Facebook မှာ News Feed ကို ထိန်းချုပ်လို့ရအောင် ဇူကာဘတ်က ဘယ်လိုလုပ်ပေးထားတယ်ဆိုတာကိ
မိမိနေ့စဉ်သုံးနေတဲ့ Facebook က News Feed အကြောင်းလေးကို သိထားသင့်တယ်ထင်လို့ ရေးပြပေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၂၁-၀၅-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။