ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ
Category: ဆောင်းပါး
ပလက်စတစ်အိတ်များကို ဝါးစားသည့် ခူကောင်များသည် ပလက်စတစ် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အရေးကြီးသည့် သော့ချက်ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက အဆိုပြုထားပါသည်။
ပျားအုံအတွင်းရှိ ပျားဖယောင်းများကို စားသော ဖလံကောင်၏လောက်ကောင်များသည် (Cambridge University) ရှိ သိပ္ပံပညာရှင်များကတွေ့ရှိထားသည်။
လက်တွေ့စမ်းသပ်မှုများက ယင်းအင်းဆက်(ပိုးကောင်) များသည် ပျားဖယောင်းများကိုချေဖျက်သ ည့် နည်းအတိုင်း ပလက်စတစ်တွင် ပါဝင်သည့် ဓာတု ချိတ်ဆက်ဖွဲ့စည်းမှု (chemical bonds) များကိုချေဖျက်နိုင်ကြောင်း ပြသလျက် ရှိသည်။
ကမ္ဘာတစ်လွှား၌ အလေးချိန်တန်ပေါင်းသန်း (၈၀) ခန့် ရှိသောပလက်စတစ် ပိုလီအီသိုင်လင်း (Plastic Polyethylene) များကို နှစ်စဉ် ထုတ်လုပ်လျက်ရှိသည်။
ပလက်စတစ်များကိုဈေးဝယ်သည့်
အိတ်များ၊ အစားအသောက် ထုပ်ပိုးသည့် အိတ်များနှင့် အခြားပစ္စည်းများစွာ
ပြုလုပ်ရာတွင် သုံးစွဲကြသော်လည်း ၎င်းပလက်စတစ်များ အပြည့်အဝဆွေးမြည့်ရန်မှာ
နှစ်ပေါင်းရာပေါင်းများစွာ ကြာပါသည်။
မည်သို့ပင် ဖြစ်စေ ဂယလ်လားရီးယား မီလွန်နဲလ်လား (Galleria mellonella) ဟုခေါ်သည့် ဖလံ၏လောက်ကောင်များသည် ပလက်စတစ်များကို နာရီပိုင်းအတွင်း အပေါက်များ ဖြစ်အောင် ကိုက်ဖြတ် စားသောက်နိုင်သည်။
ဒေါက်တာ ပါအိုလိုဘွန်ဘီလီ (Dr. Paolo Bombelli) သည် ကိန်းဘရစ်တက္ကသိုလ် (Cambridge University) မှ ဇီဝဓာတုဗေဒ ပညာရှင် ဖြစ်ပြီး ယခုလေ့လာမှုတွင် သုတေသန ပြုလုပ်နေသူတစ်ဦး ဖြစ်သည်။
သူက"ကျွန်တော်တို့ ဒီလောက်ကောင်တွေကနေ စတင်လေ့လာရမှာပါ။" လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
"ဒီဖြစ်စဉ် ဘယ်လိုဖြစ်ပေါ် လည်ပတ်လဲ ဆိုတာ အသေးစိတ် သိဖို့လိုပါတယ်။"
"ကျွန်တော်တို့ အနေနဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်း ပြဿနာကိုလျှော့ချနိုင်ဖို့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ဒီလေ့လာ စမ်းသပ်မှုကိုဒေါက်တာဘွန်ဘီလီနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ် သူ
စပိန်နိုင်ငံ အမျိုးသား သုတေသန ကောင်စီမှ ဒေါက်တာ ဖက်ဒရီကာဘာတော့ချီနီ
(Dr. Federica Bertocchini) တို့က ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။
သူတို့ဟာ ပလက်စတစ်တွေ သဘာဝအတိုင်းဆွေးမြည့်ခြင်းရဲ့ နောက်ကွယ်က ဓာတုဗေဒ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိဖို့ အရှိန်အဟုန်မြင့် ကြိုးစားနေကြပါတယ်။
လောက်ကောင်အတွင်းမှာရှိနေတဲ့ 
အဏုဇီဝသက်ရှိတွေ (ဒါမှမဟုတ်) အင်းဆက် (ပိုးကောင်) ကိုယ်တိုင်က
ပလက်စတစ်တွေကို ဖြိုခွဲတဲ့နေရာမှာ ကဏ္ဍတစ်ခုနေနဲ့ ပါဝင်လိမ့်မယ်လို့ သူတို့
ယူဆနေကြပါတယ်။
ဒီဓာတု ဖြစ်စဉ်တွေကိုသေချာသိရှိနို င်မယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ပလက်စတစ် စွန့်ပစ် ပစ္စည်းတွေကို စီမံခန့်ခွဲနိုင်မယ့် အဖြေကို ဦးတည်နိုင်ပါလိမ့်မယ်။
"ကျွန်တော်တို့အနေနဲ့ ဒီတွေ့ရှိချက်ကနေ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားနိုင်မယ့် အအောင်မြင်ဆုံး နည်းလမ်းကို ရရှိနိုင်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်။ ပင်လယ်တွေ၊ မြစ်ချောင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ပလက်စတစ်တွေ စုပုံခြင်းရဲ့ ရှောင်လွှဲလို့ မရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကနေ ကယ်တင်ဖို့ အဖြေတစ်ခုရရှိအောင်ဆောင်ရွက်နေပါတယ်" လို့ ဒေါက်တာဘာတော့ချီနီကဆိုပါတယ်။
"ဘယ်လိုပဲ ဖြစ်ပါစေ အခုအခါမှာ ဇီဝနည်းနဲ့ ပလက်စတစ်တွေကို ဘယ်လိုဖြိုခွဲရမလဲဆိုတာ သိနေပေမယ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပလက်စတစ်တွေကို တမင်သက်သက် စုပုံမထားသင့်တော့ပါဘူး။"
သုတေသနစာတမ်းကို Current Biology ဂျာနယ်တွင် ရိုက်နှိပ် ဖော်ပြထားပါသည်။
Royal Thazin
ကိုးကား- http://www.bbc.com/news/ science-environment-3969455 3
အောက်ပါ link တွင်လည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ရှ င်
http:// www.greenwaymyanmar.org/ article/15223
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် ဆော့ဝဲလ်ရယူရန်
Google Play Store- bit.ly/greenwaymyanmar
တိုက်ရိုက် ရယူရန်- bit.ly/greenwayv180
✂️...✂️....✂️....✂️....✂️....✂️....✂️...✂️....✂️....✂️....✂️....✂️.......
မှတ်ချက်။ အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်မှ နည်းပညာများ၊ ဆောင်းပါးများအား ပြန်လည် မျှဝေမယ်ဆိုရင် အရင်းအမြစ် (Source) ကို အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Agri- Mobile App) ဟု ရေးသား ဖော်ပြပြီး လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ရှင့်။ နောက်ပြီး ကျွန်မတို့ အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်ကို ကူညီပေးတဲ့ အနေနဲ့ ဆော့ဝဲလ် download link လေးပါ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်ရှင့်။
Category: ဆောင်းပါး
ပလက်စတစ်အိတ်များကို ဝါးစားသည့် ခူကောင်များသည် ပလက်စတစ် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အရေးကြီးသည့် သော့ချက်ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက အဆိုပြုထားပါသည်။
ပျားအုံအတွင်းရှိ ပျားဖယောင်းများကို စားသော ဖလံကောင်၏လောက်ကောင်များသည်
လက်တွေ့စမ်းသပ်မှုများက ယင်းအင်းဆက်(ပိုးကောင်) များသည် ပျားဖယောင်းများကိုချေဖျက်သ
ကမ္ဘာတစ်လွှား၌ အလေးချိန်တန်ပေါင်းသန်း (၈၀) ခန့် ရှိသောပလက်စတစ် ပိုလီအီသိုင်လင်း (Plastic Polyethylene) များကို နှစ်စဉ် ထုတ်လုပ်လျက်ရှိသည်။
ပလက်စတစ်များကိုဈေးဝယ်သည့်
မည်သို့ပင် ဖြစ်စေ ဂယလ်လားရီးယား မီလွန်နဲလ်လား (Galleria mellonella) ဟုခေါ်သည့် ဖလံ၏လောက်ကောင်များသည် ပလက်စတစ်များကို နာရီပိုင်းအတွင်း အပေါက်များ ဖြစ်အောင် ကိုက်ဖြတ် စားသောက်နိုင်သည်။
ဒေါက်တာ ပါအိုလိုဘွန်ဘီလီ (Dr. Paolo Bombelli) သည် ကိန်းဘရစ်တက္ကသိုလ် (Cambridge University) မှ ဇီဝဓာတုဗေဒ ပညာရှင် ဖြစ်ပြီး ယခုလေ့လာမှုတွင် သုတေသန ပြုလုပ်နေသူတစ်ဦး ဖြစ်သည်။
သူက"ကျွန်တော်တို့ ဒီလောက်ကောင်တွေကနေ စတင်လေ့လာရမှာပါ။" လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
"ဒီဖြစ်စဉ် ဘယ်လိုဖြစ်ပေါ် လည်ပတ်လဲ ဆိုတာ အသေးစိတ် သိဖို့လိုပါတယ်။"
"ကျွန်တော်တို့ အနေနဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်း ပြဿနာကိုလျှော့ချနိုင်ဖို့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ဒီလေ့လာ စမ်းသပ်မှုကိုဒေါက်တာဘွန်ဘီလ
သူတို့ဟာ ပလက်စတစ်တွေ သဘာဝအတိုင်းဆွေးမြည့်ခြင်းရ
လောက်ကောင်အတွင်းမှာရှိနေတဲ
ဒီဓာတု ဖြစ်စဉ်တွေကိုသေချာသိရှိနို
"ကျွန်တော်တို့အနေနဲ့ ဒီတွေ့ရှိချက်ကနေ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားနိုင်မယ့် အအောင်မြင်ဆုံး နည်းလမ်းကို ရရှိနိုင်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်။ ပင်လယ်တွေ၊ မြစ်ချောင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ပလက်စတစ်တွေ စုပုံခြင်းရဲ့ ရှောင်လွှဲလို့ မရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကနေ ကယ်တင်ဖို့ အဖြေတစ်ခုရရှိအောင်ဆောင်ရွက
"ဘယ်လိုပဲ ဖြစ်ပါစေ အခုအခါမှာ ဇီဝနည်းနဲ့ ပလက်စတစ်တွေကို ဘယ်လိုဖြိုခွဲရမလဲဆိုတာ သိနေပေမယ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပလက်စတစ်တွေကို တမင်သက်သက် စုပုံမထားသင့်တော့ပါဘူး။"
သုတေသနစာတမ်းကို Current Biology ဂျာနယ်တွင် ရိုက်နှိပ် ဖော်ပြထားပါသည်။
Royal Thazin
ကိုးကား- http://www.bbc.com/news/
အောက်ပါ link တွင်လည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ရှ
http://
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် ဆော့ဝဲလ်ရယူရန်
Google Play Store- bit.ly/greenwaymyanmar
တိုက်ရိုက် ရယူရန်- bit.ly/greenwayv180
✂️...✂️....✂️....✂️....✂️....✂️....✂️...✂️....✂️....✂️....✂️....✂️.......
မှတ်ချက်။ အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်မှ နည်းပညာများ၊ ဆောင်းပါးများအား ပြန်လည် မျှဝေမယ်ဆိုရင် အရင်းအမြစ် (Source) ကို အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Agri- Mobile App) ဟု ရေးသား ဖော်ပြပြီး လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ရှင့်။ နောက်ပြီး ကျွန်မတို့ အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်ကို ကူညီပေးတဲ့ အနေနဲ့ ဆော့ဝဲလ် download link လေးပါ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်ရှင့်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။