Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 28, 2017

တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်လေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။



Love For Peace added 3 new photos.

တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်လေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။
______________________________________
အိန္ဒိယနိုင်ငံ လခ်နောင်းမြို့မှာ ခြောက်နှစ်သားအရွယ် အက္ကဘရ်(Akbar)ဆိုတဲ့ ကလေးလေးဟာ ၂၀၀၄ ခုနှစ်ဖေဖ၀ါရီလ ရက်တစ်ရက်မှာ ဖခင်ဖြစ်သူနဲ့ အပြင်သွားရင်း လမ်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ကို အိုက်ကု (Aiku Lal Sandil) လို့ခေါ်တဲ့ လူတစ်ယောက်က ပန်းခြံတစ်ခု အနီးမှာ ငိုနေတာတွေ့ပြီး ကလေးကို သူဈေးရောင်းတဲ့ဆိုင်ကို ခေါ်လာခဲ့ပါတယ်။ အိုက်ကူဟာ ဟိန္ဒူဘာသာဝင်ဖြစ်ပြီး ပျံကျ လက်ဖက်ရည်ရောင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူက ကလေးကို မေးမြန်းကြည့်ရာမှာတော့ ကလေးဟာ သူ့နာမည် အက္ကဘရ်ဆိုတာကလွဲရင် သူနေရပ်လိပ်စာကိုလည်း မပြောတတ်တဲ့အပြင်
သူ့မိဘနာမည်ကိုတောင် မပြောနိင်တာ သိလိုက်ရတယ်။


အိုက်ကုက ရဲစခန်းကို အကြောင်းကြားပြီး ကလေးမိဘကို စုံစမ်းခဲ့ပါတယ်။ ဒါပေမယ့် ရဲက ကလေးမိဘကို ရှာမတွေ့နိင်ခဲ့ဘဲ အဲဒီပြည်နယ် တစ်ခုလုံးက ရဲစခန်းတွေမှာလည်း ဒီကလေးနဲ့ပတ်သတ်ပြီး ကလေးပျောက် တိုင်ကြားထားတာ မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ နောက်ဆုံးမှတော့ ရဲက အိုက်ကုကို မိဘမဲ့ဂေယာတစ်ခုကို ပို့ဖို့အကြံပေးခဲ့ပေမယ့် သူကငြင်းဆန်ပြီး ကလေးကို သူကိုယ်တိုင် မွေးစားထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိုက်ကုဟာ သူကိုယ်တိုင် ဟိန္ဒူ ဖြစ်ပေမယ့် ကလေးလေးကို မွတ်စလင်မ်အဖြစ်နဲ့ပဲ မွေးမြူ ခဲ့ပြီး သူသိတဲ့ မွတ်စ်လင်မ် စာရေးတစ်ယောက်ဆီမှာ ကုရ်အာန်ဖတ်တတ်ဖို့နဲ့ နေ့စဉ်နမာဇ်ဝတ်ပြုဖို့ကို သင်ကြားစေခဲ့ပါတယ်။
သူဟာ သာမန်လက်လုပ်လက်စား တစ်ယောက်ဖြစ်ပေမယ့် ကလေးရဲ့ပညာရေးအတွက် ကုန်ကျခံပြီး ကျောင်းထားပေးခဲ့ပါတယ်။ တစ်အိမ်ထဲမှာ ဟိန္ဒုနဲ့ မွတ်စလင်မ် သားအဖနှစ်ဦးရဲ့ ဆက်ဆံရေးဟာ အလွန်ခိုင်မာလှပခဲ့ပြီး တစ်ဦးနဲ့တစ်ဦးအလွန် ချစ်ခင်ခဲ့ကြပါတယ်။
ငါးနှစ်ခန့်အကြာ တစ်ရက်မှာ သူတို့သားအဖရဲ့ နွေးထွေးနေတဲ့ မိသားစုထဲကို ကြမ္မာဆိုး ၀င်ရောက်လာပါတော့တယ်။
သူတို့သားအဖရဲ့ ထူးခြားတဲ့ဆက်ဆံရေးကို သတိပြုမိလို့ ဒေသမီဒီယာတစ်ခုက လာရောက်အင်တာဗျူး လုပ်ခဲ့ပါတယ်။ TV မှာထုတ်လွင့်တဲ့ အင်တာဗျုးမှာ ကလေးလေးရဲ့ ငယ်စဉ်က ပုံတစ်ပုံကို အိုက်ကုထုတ်ပြခဲ့ရာကနေ ကလေးရဲ့မိခင်အရင်းဖြစ်သူက တွေ့ရှိမှတ်မိပြီး ရောက်လာပါတော့တယ်။
မိခင်အရင်း ရောက်လာချိန်မှာတော့ သူနဲ့ သံယောဇဉ် အလွန်ဖြစ်နေတဲ့ ကလေးကို ပြန်ပေးဖို့ အိုက်ကုက ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် မိခင်ရင်းဖြစ်သူ ရှာနဇ်ဘေဂမ်(Shahnaz Begum)က တရားရုံးမှာ ကလေးပြန်ရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးက နှစ်ဖက်ကြားနာစစ်ဆေးပြီး လောလောဆယ် အမှုရင်ဆိုင်နေစဉ်အတွင်း ကလေးကိုဘယ်သူက ခေါ်ထားမလဲဆိုတာနဲ့ ပတ်သတ်ပြီး ကြားဖြတ်အမိန့်တစ်ခုကို စီရင်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ ရှေ့နေတင်ပြတဲ့ မွတ်စလင်မ် မိဘနှစ်ဦးက မွေးလာတဲ့ကလေးကို ဟိန္ဒူအိမ်မှာ နေစေခြင်းဟာ လူမှုရေးပြဿနာတွေရှုပ်ထွေး ပေါ်ပေါက်နိင်တယ်ဆိုတဲ့ အဆိုကို တရားသူကြီးဖြစ်သူ ဘာကတ်အလီဇိုက်ဒီ (Justice Barkat Ali Zaidi) က ပယ်ချခဲ့ပြီး အိန္ဒိယနိင်ငံဟာ ဘာသာရေးကို အခြေခံတဲ့နိုင်ငံမဟုတ်ဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပြုထားတဲ့နိင်ငံဖြစ်လို့ ဘာသာရေးကို အခြေခံတဲ့ စိုးရိမ်မှုကို တရားရုံးက လက်ခံမပေးနိင်ကြောင်း ပြောကြားခဲ့ပြီး ကလေးကို လောလောဆယ် မွေးစားထားတဲ့ အိုက်ကုရဲ့ နေအိမ်မှာ ဆက်လက်နေထိုင်ခွင့်ပြုခဲ့ပြီး ကလေးမိခင်ရဲ့ DNAစစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ကလေးမိခင်ရဲ့ ကလေးကို သူ့ဆိုင်မှာ အလုပ်ခိုင်းဖို့ ခေါ်ထားခြင်းဖြစ်ကြောင်း စွပ်စွဲမှုကို အိုက်ကုဟာ ကလေးရဲ့ ပညာရေးမှတ်တမ်းတွေနဲ့ အမှတ်စာရင်းတွေ တရားရုံးမှာတင်ပြပြီး ချေပနိင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့တဲ့ အမှုဖြစ်နေစဉ်အတွင်းမှာ သူ့ရဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ဇတ်လမ်းတစ်ချို့ကို မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ သူဟာ ကလေးလေးကို မွေးစားနိင်ဖို့်အတွက် အိမ်ထောင်ပြုမယ့် အစီအစဉ်ကို လက်လွတ်ခဲ့တယ်လို့ဆိုပါတယ်။ သူလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ကောင်မလေးက မွတ်စလင်မ်ကလေးတစ်ယောက်ကို မွေးစားတာနဲ့ ပတ်သက်ပြီး သဘောမတူလို့ သူနဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
တရားရင်ဆိုင်နေစဉ် တစ်ရက်မှာ အိုက်ကုဟာ သူ့ဘ၀နောက်ကြောင်းကို အခုလို မီဒီယာတွေကို ရင်ဖွင့်ပြောကြားခဲ့ပါတယ် ""ကျနော်ဟာ ကြင်နာတတ်တဲ့ မွတ်စ်လင်မ်တစ်ယောက်ရဲ့ လက်ထဲမှာ မွေးစားခံပြီး ကြီးပြင်းလာတဲ့ ဟိန္ဒူတစ်ယောက်ပါ။ ကျနော်အက္ကဘရ်ကို တွေ့တဲ့အချိန် သူတို့လူတွေဆီက ရခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတွေကို ပြန်ပေးဖို့ချိန်ခါရောက်ပြီလို့ ကျနော့်ကို ဘုရားသခင်ကေ ပြောသလိုပါပဲ။ ကျနော်ဟာ ဘယ်တုန်းကမှ ဘာသာပြောင်းဖို့ ဖိအားပေးမခံခဲ့ရပါဘူး။ သူတို့ဆီက ပညာရေးရယ် အုပ်ထိမ်းမှုတွေကို ကောင်းကောင်းရခဲ့ပါတယ်။ ဒီကလေးကို သူ့ဘာသာထဲမှာပဲ နေစေပြီး ပြုစုပြိုးထောင်ပေးဖို့ဟာ ကျနော့်ရဲ့တာဝန်ပါပဲ"" လို့ဆိုပါတယ်။
ဗဟိုတရားရုံးထိ ရောက်ခဲ့ပြီး နှစ်ကာလရှည်လျားတဲ့ အမှုစစ်ဆေးမှုတွေ အပြီးမှာတော့ တရားသူကြီးတွေက မိခင်ဖြစ်သူဟာ ကလေးပျောက်ဆုံးစဉ်မှာ တိုင်ချက်မဖွင့်ခဲ့တာရယ်၊ အိုက်ကုဟာ ကလေးကို ကျောင်းအပ်စဉ်မှာ သူ့မူရင်းနာမည်ကိုတောင် မပြောင်းပဲ အက္ကဘရ်လို့ မှတ်ပုံတင်ခဲ့တာရယ်၊ ကလေးကို ပညာရေး လုံလောက်စွာသင်ပေးထားတဲ့အပြင် ကလေးရဲ့ ဘာသာရေးပညာပါ သင်ကြားပေးထားတာရယ်၊ နှစ်ကာလကြာစွာ ကလေးဟာ အိုက်ကုဆီမှာ နေထိုင်ပျော်ရွင်နေတယ်ဆိုတဲ့ အချက်ရယ်၊ ကလေးငယ်ကိုယ်တိုင်က အိုက်ကုဆီမှာပဲ ဆက်နေချင်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တာတွေကို ထောက်ထားပြီး ကလေးမိခင်က မိခင်အရင်းဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ပေမယ့် ကလေးဆန္ဒနဲ့ ဆန့်ကျင်ပြီး မိခင်ဆီပြန်အပ်ဖို့ ဆုံးဖြတ်ရန် တရားရုံးက ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗဟိုတရားရုံး တရားသူကြီးတွေက အက္ကဘရ်ကို အသက်ဆယ်ရှစ်နှစ် ပြည့်သည်အထိ အိုက်ကုဆီမှာသာ ဆက်နေခွင့်ပြုခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်(မေလမှ ဂျုလိုင်လ) အထိ မိခင်အိမ်မှာ သွားရောက်နေထိုင်စေရန်နဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ မိခင်နဲ့ မွေးစားဖခင် သူကြိုက်နှစ်သက်ရာ ရွေးချယ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
လူသားဆန်မှုကို ဘာသာတရားထက်ရော၊ သွေးသားတော်စပ်မှုထက်ပါ ဦးစားပေးဆုံးဖြတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ဖြစ်ပါတယ်။
ကိုကျော်သူဝင်း၏ ဖေ့ဘုတ်အကောင့်မှ ကူးယူဖေါ်ပြပါသည်။
Photo-Credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။