ဘဝသမားလေး
==========
ကျွန်တော့်ဆိုတဲ့ လူက ဘဝတလျှောက်လုံးမှာ
အရူံးသမားအဖြစ် တံဆိပ်ကောင်း
တပ်ထားတဲ့သူပါ
ငယ်ရွယ်စဉ်မှာ သူများတွေကစားသလို
ကျွန်တော်မကစားခဲ့ရဘူး မိဘကူအလုပ်နဲ့
နှစ်ပါးသွားကခဲ့ရတဲ့ သူတယောက်ပါ
ကျောင်းနေချိန်မှာ စာဖတ်ဝါသနာကြီးခဲ့ပေမယ့်
မပြေလည်တဲ့ မိသားစုကြားမှာ စာဖတ်ချိန်ကို
ကျွန်တော် မေ့ထားခဲ့ရတယ်
ပညာတတ်ကြီး တယောက်ဖြစ်အောင်
စိတ်ကြီးဝင်ပြီး ကျွန်တော်ရူးခဲ့ပေမယ့်
မူလတန်းဘဝနဲ့ ကျွန်တော်အဆုံးသတ်ခဲ့ရတယ်
အကိုကြီးအဖရာ ဆိုတဲ့ ဘဝကိုကျွန်တော်
မလိုချင်ပေမယ့် အနပ်မှန်အောင်စားနိုင်ဖို့ ခက်ခဲနေချိန်မှာ ရုတ်တရက် အဖေ့ကျမ်းမာရေး
ကြောင့်လည်း ကျွန်တော် ရောက်ခဲ့တယ်
ဆယ်နှစ်အရွယ် လူမမယ်သား ဆိုပေမယ့်
ထယ် ထမ်းပိုးကို ထိပ်မှာထားလို့ ဒူးကောင်းတိုက်
ထယ် ချီးတုံးတွေကြား ဘလုံးဘထွေး တိုးဝှေ့သွားလို့ ကျွန်တော် လယ်သမားဖြစ်ခဲ့တယ်
စာပေကိုစိတ်စွဲ ပညာတတ်ဖြစ်ချင်တဲ့ ကျွန်တော့်
အသဲက ရွာလယ်က ရှင်ပြုပွဲ အတွေ့မှာ
ရှင်ရဟန်းဘဝနဲ့ သင်ဦးမယ်ဆိုတဲ့အစွဲကြောင့်
မဖြစ်နိုင်တဲ့ ဘဝငမွဲမှာ မျက်ရည်စဲလည်း
ကျရတယ်
နိမ့်ကျတဲ့ဘဝသမားမို့ အရူံးဆုံးများစွာ
ရင်ဆိုင်ရင်း
အကောင်းမြင်လျှင် မှတ်
မကောင်းမြင်လျှင် မှတ်
မှတ်ချင်း အတူတူ ဆိုပေမယ့်
ဆောင်ရန် နဲ့ ရှောင်ရန်ကို ခွဲခြားတတ်အောင်
သင်ပေးလာတဲ့ ကျွန်တော့်ဘဝကြောင့်
ဒီနေ့ဒီချိန်မှာ မူလတန်းကျောင်းဆင်းဘဝ
လယ်ယာခင်းထဲမှ ကြီးပျင်းလာတဲ့ ကျွဲကျောင်းသား လေးကျွန်တော်
အကျင့်မပျက် ရင့်ကျက်လာဖို့အတွက်
ဘဝကပေးခတ်တဲ့ ကြမ္မာဆိုး တွေကို ရင်ဆိုင်ကာ တိုက်ထုတ်ရင်း ဘဝသမား ကံဆိုးလေး ကျွန်တော့်မှာ ခံနိုင်ရည်တွေ တချို့တချက်တည်း
ရှိနေတာကြောင့် ရှေဆက်လို့ ကြိုးစားနေဆဲပါ...
ဘဝမှာ ကိုယ်က အရူံးမပေးသရွေ့
မရူံးသေးဘူးဆိုတာ ကျွန်တော့်ရဲ့ အသဲစွဲ
ခံယူချက်ပါ
✒လေးစားစွာဖြင့်
✏ကျွဲကျောင်သား(သံပုရာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။