Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 22, 2017

ဘီလျံနာတစ်ယောက်ဖြစ်လာဖို့ ဘ၀သင်ခန်းစာ (၇)ခု


ဘီလျံနာတစ်ယောက်ဖြစ်လာဖို့ ဘ၀သင်ခန်းစာ (၇)ခု

ကမ္ဘာပေါ်မှာ ဘီလျံနာ ဦးရေ(၂၀၀၀)လောက်ရှိပါတယ်။ အချိုးချကြည့်မယ်ဆိုရင် လူဦးရေ (၄)သန်းမှာ တစ်ယောက်က ဘီလျံနာဖြစ်ပါတယ်။ ဒီဖြစ်တန်စွမ်းအတိုင်းဆိုရင် သင့်အနေနဲ့ ဘီလျံနာတစ်ဦးဖြစ်လာဖို့ထက် မိုးကြိုးပစ်ခံရဖို့ ဖြစ်နိုင်ချေက (၂၄)ဆ ပိုပြီး နီးစပ်နေပါသေးတယ်။ ဒီတော့ သင့်အနေနဲ့ ဘီလျံနာတစ်ဦး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘီလျံနာတစ်ဦးဖြစ်ဖို့အတွက် ဘ၀ကို မတူကွဲပြားတဲ့ အမြင်တွေနဲ့ မြင်တတ်ပြီး ချဉ်းကပ်တတ်ဖို့ပဲလိုတာပါ။ ဒါ့ကြောင့် သာမာန်ဘ၀ကနေ ဘီလျံနာဘ၀ကို ပြောင်းလဲလာနိုင်ခဲ့သူတွေရဲ့ ဘ၀ကို တော်လှန်ပြောင်းလဲနည်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။


၁။ အလုပ်ကြိုးစားပါ။ ဘ၀အတွက်လည်း အချိန်ပေးပါ။

ဘီလျံနာ Richard Branson က အကောင်းဆုံး ဥပမာပဲဖြစ်ပါတယ်။ Richard Branson ဟာ ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်ကို ကြိုးစားသလို ဘ၀မှာ ပျော်ရွှင်နေဖို့ကိုလည်း ကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ မီးပုံပျံစီးပြီး ပတ်တကာနေ အမြင့်ကနေ ခုန်ချတာအထိ လုပ်ဆောင်ခဲ့ပြီး ဘ၀ရဲ့အနှစ်သာရကို နားလည်လက်ခံထားသူဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အလုပ်ကြိုးစားပါ။ အလုပ်ကနေနားပြီး စိတ်ပျော်ရွှင်စရာတွေနဲ့ အားပြန်ဖြည့်ပိုလည်း အချိန်ပေးပါ။

၂။ စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။

ကိုယ့်စိတ်ဝင်စားတဲ့အရာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်တတ်သူကို ပြောပါဆိုရင် GoPro လုပ်ငန်းပိုင်ရှင် Nick Woodman က အကောင်းဆုံးဥပမာဖြစ်ပါတယ်။ သူ့ရဲ့ GoPro အက်ရှင်ကင်မရာတွေက စွန့်စား အားကစားသမားတွေနဲ့ စွန့်စားမှုရှာဖွေသူတွေအကြားမှာ ရေပန်းစားခဲ့ပြီး သူတို့ရဲ့ စိတ်အားထက်သန်မှုကို ဖော်ပြနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

သင်ခန်းစာ ။ ။ သင်မြတ်နိုးတဲ့အရာတစ်ခုခုကို လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့စိတ်အားထက်သန်မှုကို အခြားသူတွေက ဝေမျှခံစားပြီး သင့်အတွက် ၀င်ငွေအမြောက်အမြားရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

၃။ ငွေကြေးသဘောတရား နားလည်ပါ။

အင်တာနက် နည်းပညာခေတ်မှာ အတော်ဆုံး ဘဏ္ဍာရေးဆိုင်ရာအကွက်ရွှေ့နိုင်သူကတော့ Broadcast.com ပိုင်ရှင် Mark Cuban ပဲဖြစ်ပါတယ်။ သူ့ရဲ့ Broadcast.com ကို (၁၉၉၉)ခုနှစ် Yahoo က ဒေါ်လာ (၅.၇)ဘီလီယံနဲ့ ၀ယ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒီလို ရောင်းချပြီးတဲ့နောက်မှာ Cuban ဟာ သဘောတူညီချက်အချို့ကြောင့် သူ့ရဲ့ရှယ်ယာတွေကို ထုတ်မရောင်းနိုင်တဲ့ကြားကနေ Yahoo မှာ သင့်တော်တဲ့ အစုရှယ်ယာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒေါ်လာ သန်း(၂၀)လောက်အကုန်အကျခံပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ အခုချိန်ထိ ရင်းနှီးမြုပ်နှံသူ ဘီလျံနာတစ်ဦးအဖြစ်ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အကျိုးရှိနိုင်မယ့် စွန့်စားမှုတွေ လုပ်ဆောင်ပါ။ ဒါပေမယ့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့ ကြိုးစားပါ။

၎။ ဆက်သွယ်ပေးသူ တစ်ယောက်ဖြစ်ပါစေ။

အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်တွေထဲက တစ်ခုကတော့ ဘယ်သူတွေကို သင်သိလဲဆိုတာပါပဲ။ လူတွေကို ဆက်သွယ်ပေးနိုင်ပြီး ဘီလျံနာဖြစ်လာခဲ့သူတစ်ယောက်ကတော့ Facebook တည်ထောင်သူ Mark Zuckerberg ပဲဖြစ်ပါတယ်။ သူက ဆက်သွယ်မှုရဲ့ စွမ်းအားကို အသုံးချပြီး ကမ္ဘာပေါ်မှာရှိတဲ့လူတွေကို နီးကပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အင်တာနဲ့ အသုံးပြုသူ (၃)ဦးမှာ (၂)ဦးက Facebook ကိုသုံးစွဲနေသူတွေ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကြားခံဆက်သွယ်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ တတ်နိုင်သမျှ ပတ်ဝန်းကျင်ကလူတွေကို ဆက်သွယ်ပေးပါ။

၅။ အခြေအနေတွေကို ပြောင်းလဲနိုင်ပါစေ။

ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Uber သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရဲ့ CEO Travis Kalanick ကို ဥပမာပေးရမှာဖြစ်ပါတယ်။ Kalanick ဟာ လူကြိုက်သိပ်မများတဲ့ လုပ်ငန်းနယ်ပယ်ထဲကို ၀င်ရောက်ပြီး အခြေအနေအားလုံးကို ပြောင်းလဲပစ်ကာ အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမယ့် စနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

သင်ခန်းစာ ။ ။ အားလုံးကို မေးခွန်းထုတ်ပါ။ ပြောင်းလဲသင့်တယ်လို့ ယူဆတဲ့အရာကို ပြောင်းလဲဖို့ တိုက်ပွဲဝင်ပါ။

၆။ ကိုယ့်စိတ်တိုင်းကျ ဖြစ်ပါစေ။

ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Tim Ferriss ကို မှီနိုင်သူ မရှိလောက်ပါဘူး။ သူ့မှာ ကိုယ်ပိုင်အယူအဆတွေ ရှိနေပြီး ကိုယ်ပိုင်တန်ဖိုးတွေပေါ်မှာ မူတည်ပြီးတော့ပဲ ဆုံးဖြတ်တတ်သူဖြစ်ပါတယ်။ သူ့ရဲ့စံချိန်တွေနဲ့ ကိုက်ညီမှုမရှိရင် ရင်းနှီးမြုပ်နှံဖို့ စိတ်မ၀င်စားတတ်သလို သူ ဂုဏ်ယူလို့ရမယ့် ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံသူ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ သင်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို ဆုံးဖြတ်ပါ။ အခြားသူတွေ ဘာလိုထင်ထင်၊ ဘာတွေပြောပြော၊ ဖြစ်အောင်လုပ်ပါ။

၇။ အရာရာကို ပိုကောင်းလာအောင် လုပ်ဆောင်ပါ။

ကမ္ဘာပေါ်မှာ ဘယ်သူကမှ Elon Musk လောက် အရာရာကို ပိုကောင်းလာစေချင်တဲ့ စိတ်ကူးမရှိလောက်ပါဘူး။ Elon Musk ပိုင်ဆိုင်တဲ့ Space X, Tesla ကနေ Solar City အထိ လုပ်ငန်းတွေအားလုံးနဲ့ သူ့ဘ၀တစ်ခုလုံးက ကမ္ဘာလောကကြီးနဲ့ လူသားတွေအတွက် ပိုကောင်းလာတာတွေပဲ ဖန်တီးပေးနိုင်အောင် ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ ကမ္ဘာကြီးနဲ့ သင့်ပတ်ဝန်းကျင်က လူတွေအတွက် ပိုကောင်းလာအောင် လုပ်ဆောင်ပါ။ သင်မရှိတော့တဲ့ နောက်ပိုင်းမှာ ဘာတွေ ကျန်ရစ်စေချင်တယ်ဆိုတာအထိ စဉ်းစားလုပ်ဆောင်ပါ။

ဘီလျံနာတွေဟာ သာမာန်လမ်းကြောင်းကို လျှောက်နေသ၍ ဘီလျံနာဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ဘီလျံနာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သာမာန်ဘ၀နဲ့ အတွေးအခေါ်တွေကို တော်လှန်ပုန်ကန်ပြီး ပြောင်းလဲပစ်နိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်။

#Achitlwinpyin
Credit-gentleman

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။