Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 19, 2017

''သီချင်းကို Mixdown လုပ်တော့မယ်ဆိုရင် အပိုင်း ၁ ''

Music producer တွေအတွက် ဆောင်းပါး by Lil Chan

''သီချင်းကို Mixdown လုပ်တော့မယ်ဆိုရင် အပိုင်း ၁ ''
By
#Lil_Chan

-Mixdown ဆိုတာက ရှင်းရှင်းပြောရရင်ဒါဟာ သင့်သီချင်းမှာပါတဲ့ အသံအစိတ်အပိုင်းအားလုံးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပြီး သပ်ရပ်စွာပေါင်းစပ်ခြင်းပါပဲ။အသံတွေကို power ထည့်သွင်း ပေးတဲ့ process လဲဖြစ်ပါတယ်။သင့်အနေနဲ့ မတူညီကွဲပြားတဲ့ အသံတွေ ထွက်နေတဲ့ သီချင်း တစ်ပုဒ်ကို mix လုပ်ဖို့အတွက် နည်းပညာတွေ စိတ်ခံစားမှုတွေ အလေးနက်ထားမှုတွေနဲ့ သင့်ကိုယ်ပိုင် creativity စွမ်းအားတွေလိုအပ်ပါတယ်။ဒါပေမဲ့ဒါကိုလုပ်ဖို့ ၀န်မလေးပါနဲ့။ Less is more နည်းနည်းကနေစပါ။တစ်ချိန်မှာ ပြည့်စုံသူတစ်ယောက် ဖြစ်ပါလိမ့်မယ်။အရှေ့ကပြောခဲ့ သလိုပဲ Electronic Music ဆိုတာတွေးနေဖို့ထက် လက်တွေ့လုပ်ဆောင်ဖို့က ပိုအဓိကကျပါတယ်။ဒီတော့သင့် သီချင်းကို ဘယ်လိုအခက်အခဲပဲရှိရှိ သင်ကိုယ်တိုင် mixdown လုပ်ဖို့စတင်လိုက်ပါ။
-ဘယ်လိုစရမလဲ?..... သင့်အနေနဲ့ သီချင်းတစ်ပုဒ်ကို mixingအကြမ်းလောက် ဆွဲဖို့လွယ်ချင် လွယ်မယ်။ဥပမာ-သီချင်းမှာ အသံတချို့ကျယ်လောင်နေတယ်လို့ ကြားရင် လျော့လိုက်မယ်။ bassline ပျောက်နေတယ်လို့ထင်ရင် ချဲ့လိုက်မယ်။ဒီထက်ပိုကောင်းဖို့ effect တွေထပ်ထည့်ရ မယ်ဆိုရင်ထည့်မယ်။ဒီလိုအကြမ်းမျဉ်းလောက် သင်လုပ်တတ်မှာပါ။လူတစ်ချို့ကလည်း Mixdown လုပ်ခြင်းကို သီချင်းဖန်တီးနေတဲ့အချိန် (or) တစ်ဆင့်ပြီးတစ်ဆင့် သွားရင်း Mixing ကိုပါ တစ်ခါတည်းဆွဲသွားကြတယ်။အဲ့လိုလုပ်ပြီး တစ်ပုဒ်လုံးပြီးသွားရင်တော့ Mastering လုပ်လို့ရပါပြီ။ (Mastering လုပ်ခြင်းကို သင်ခန်းစာခွဲပီး ဖော်ပြထားပါတယ်။) ဒီဆောင်းပါးကတော့ သင့်ရဲ့ဗရမ်းဗတာ နိုင်တဲ့သီချင်း (or) Power မရှိသေးတဲ့သီချင်းကို ဘယ်လို mixing လုပ်မလဲဆိုတာပြောပြပေး ပါလိမ့်မယ်။သင့်သီချင်းတစ်ပုဒ်ကို နားထောင်လိုက်ပါ။ သင်လိုချင်တဲ့အသံတွေ ကြားနေရတာ တောင်မှ strong ဖြစ်ဖို့လိုနေသေးတယ်လို့ ထင်ပါသလား။ သင်လက်ရှိ favourite ဖြစ်နေတဲ့ သီချင်းတွေထက်စာရင် သင့်သီချင်းက အသံမှိန်ပြီး ကျစ်ကျစ်လစ်လစ် မရှိပဲ flat ဖြစ်နေတယ်လို့ သင်ထင်ပါသလား….သင့်သီချင်းအပြီးမှာ အသံတချို့ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရပဲ ဗရမ်းဗတာနိုင်သွားတယ်လို့ ထင်ပါသလား…..
-သေချာတယ် ဒါဆိုသင့်သီချင်းကို ပြန်ပြီး mixing ကိုင်ဖို့လိုပါပြီ။ တစ်ခါတစ်လေမှာ အဲ့လို အခြေအနေတွေကို အစကနေလုပ်ရတာ ရှိသလို တစ်ခါတစ်လေမှာလဲ mixdown အကြမ်းဖျင်း လုပ်ထားတဲ့ပေါ်မူတည်ပြီး ပါဝင်တဲ့ အသံအစိတ်အပိုင်းတွေကို ပြန်လည်ချင့်ချိန်ကာ tweaking ပြန်လုပ်ခြင်းဖြင့် ပြုပြင်နိုင်ပါတယ်။ ကဲ-အခုအောက်မှာချပြမဲ့ idea တွေကတော့ သင့်ကို mixing ဆွဲရာမှာလမ်းပြနိုင်ပါလိမ့်မယ်။

Preparation-ပြင်ဆင်ခြင်း

Mixing စကိုင်ဖို့ပြင်ဆင်မယ်ဆိုရင် no.1 စဉ်းစားရမှာက ဘာသီချင်းအမျိုးအစားကို mix လုပ်မှာလဲ ဆိုတာပါ။ထိုအမျိုးအစားပေါ်လုက်ပြီး mixing လုပ်တဲ့ process ကိုပြင်ဆင်ရပါမယ်။နောက်ပြီး ဒီအမျိုးအစားပေါ်အခြေခံပြီး သီချင်းရဲ့ဘယ်အစိတ်အပိုင်းကို ချဉ်းကပ်မယ်ဆိုတာကလဲ အရေးကြီး ပါတယ်။ ဥပမာ-Pop music တွေမှာဆိုရင် Vocal ကိုအဓိကထားတယ်။ Dance music မှာဆိုရင် kick နဲ့ bassline ကိုအဓိကထားတယ်။ Ambient song တွေမှာဆိုရင် pad တွေ string တွေအဓိက ထားတယ်။ ဘယ်သီချင်းအမျိုးအစားမှာဆိုရင် ဘာတွေအဓိကထားတယ် စသဖြင့် သိနေဖို့တော့ လိုပါတယ်။
နည်းနည်းစဉ်းစားကြည့်ရအောင်- သင့်ရဲ့သီချင်းမှာ အရေးကြီးတဲ့အချက်က ဘယ်ဟာဖြစ်မလဲ။ ဘယ် synth line, bass line တွေကို ပေါ်အောင်ထားချင်လဲ…. Kick တွေကို ထူထူလိုချင်တာ လား။ Snare တွေ clap တွေကို stereo ဖြစ်ချင်လား စသဖြင့်ပေါ့။ သင့်အနေနဲ့ သင်ဖြစ်ချင်တဲ့ creation နဲ့နည်းပညာပေါင်းစပ်ပြီး ပုံဖော်ကြည့်ရမှာပါ။
-ကဲ Preparation စလုပ်မယ်နော်….
-ပထမဆုံးသင့် DAW(Digital Audio Workstation) i.e.FL Studio or Nuendo မှာသင်ဖန်တီးထားတဲ့ သီချင်း(mixing ကိုင်ဖို့နီးပါး ပြီးမြောက်တဲ့သီချင်း, mixing ကိုင်ချင်တဲ့သီချင်း) ကိုဖွင့်လိုက်ပါ။
-အဲ့ဒီသီချင်း project ရဲ့ master fader ကိုသွားလိုက်ပါ။ ကျွန်တော်ကတော့ FL Studio နဲ့ပဲဥပမာ ပေးပါမယ်။ ဒါဆို FL Studio ရဲ့ mixer မှာရှိတဲ့ master fader ကိုသွားလိုက်ပါ။အဲ့ဒီ master fader ကို -6dB ပမာဏထားပါ။ (Note-FL Studio ရဲ့ main volume fader ကို 0dB( ) မှာထားပါ)။ အဲ့လိုထားပြီးတာနဲ့ ဒီသီချင်းတစ်ပုဒ်လုံးကို mixing ကိုင်တာနောက်ဆုံးအဆင့်ထိ မရောက်မချင်း အဲ့ဒီ master fader ကိုသွားမထိပါနဲ့တော့။ master fader ကို -6dB ထားပြီး ကျန်ရှိတဲ့ track line တွေရဲ့ fader တွေအားလုံးကို 0db ထားပီး adjust လုပ်မှာပါ။
အကြောင်းကတော့ သီချင်းတစ်ပုဒ်ရဲ့ master output ထွက်အောင်လုပ်တော့မယ်ဆိုရင် ၎င်းသီချင်းရဲ့ အကျယ်ဆုံးအပိုင်းကို master output ထက်မကျော်အောင် ချိန်ညှိနိုင်ဖို့ ၎င်းmaster fader ကို 0dBအောက် လျှော့ထားရခြင်းဖြစ်ပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် သီချင်း အကျယ်ဆုံး အပိုင်းက master meter ပေါ်မှာ -6dB ၀န်းကျင်လောက် ထပ်မကျော်တော့ဘူး။ Final mix လုပ်ပြီးမှ ၎င်းmaster output fader ကို adjust ပြန်လုပ်ပြီး rendering လုပ်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အသံ clip တွေတတ်တာတို့ အသံ peak တွေတတ်နေတာတို့ကို ရှောင်ရှားနိုင်အောင်လို့ပါ။ နောက်ပြီးသင့်ရဲ့ နားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ်။ အဲ့လိုလုပ်တော့ သီချင်းကအသံတိုးသွားလိမ့်မယ်လို့ ပြောချင်ပြောပါမယ်။ ကျွန်တော် ပြောခဲ့သလိုပဲ final mix ပြီးမှ ကိုယ်လိုချင်တဲ့ headroom db(master output) ကိုတင်မှာပါ။ (ဒါကြောင့် master output ကို -6db ထားရခြင်းဖြစ်ပါတယ်)။ အကယ်၍ master output ကို သင့်အနေနဲ့ 0db ထားမယ်ဆိုရင် Final mix ပြီးလို့လိုချင်တဲ့ headroom db အတွက်အသံကိုထပ် ချဲ့ချင်ပါသေးတယ် ဆိုရင်တော့ master fader ကို 0db အထက်ပဲတိုးရမှာဖြစ်ပါတယ်။ ဒါဆိုတိုးရမဲ့ volume range ကလဲနည်းသွားသလို 0db(Normalize) ထက်ကျော်ပြီး မလိုလားအပ် တဲ့အသံပြဲတွေထွက်လာနိုင်ပါတယ်။ (ဒါကြောင့်master output ကို -6db ထားရခြင်းဖြစ်ပါတယ်)။ ဒါက ကျွန်တော်နှစ်သက်တဲ့ နည်းလမ်းတွေပါ။ သင့်အနေနဲ့ ဒီအပိုင်းကို ကောင်းစွာသင်ယူ တတ်မြောက်ပြီးသွားမယ်ဆိုရင်လည်းကျွန်တော့်နည်းလမ်းနဲ့သွေဖယ်ကောင်း သွေဖယ်ပါလိမ့်မယ်။ Electronic Music မှာ ဘယ်အရာမှဒီလိုလုပ်ရမယ် ဆိုပြီးruleမရှိပါဘူး။ ဒါကျွန်တော်က ကောင်းမယ်ဆိုတဲ့ နည်းလမ်းကို ပြတာပါ။ သင့်အနေနဲ့ရှာဖွေတွေ့ရှိခဲ့မယ် ဆိုရင်လည်းတခြားသူတွေကို ပြောပြဖို့မမေ့ ပါနဲ့။
ကျွန်တော်ကတော့ ကျွန်တော့်song ရဲ့mixing အားလုံးပြီးလို့ finally mixdown 0db နီးပါးလောက်ထားပါတယ်။ ပြီးရင် 48Hz,24 bit wav file အဖြစ်ထုတ်ပါတယ်။ဒါ Audio တွေအ တွက်အကောင်းဆုံး Dithering rate ပါပဲ။
-နောက်တစ်ခုကသင် mixing & mastering လုပ်တော့မယ်ဆိုရင် studio room ကျယ်ကျယ်ရှိ သင့်ပါတယ်။ သင့်အနေနဲ့ own music ကို mixing လုပ်တော့မယ်ဆိုရင် နေရာတိုင်းမှာစိတ်ပါဝင် စားစွာ ပေါင်းစပ်ဖန်တီးဖို့ပဲလိုပါတယ်။ သင်နားထောင်လေ့ရှိတာထက် -6db ထားခြင်းက ကပိုပြီးတော့တိုးနေမယ်ဆိုရင် သင့်ရဲ့monitor speaker တွေရဲ့ volume knob တွေကိုမြှင့်လိုက်ပါ။
-Mixing တစ်ခုလုပ်နေစဉ်မှာ ¬¬-6db Level ထားပြီး ၎င်း master meter ကိုမျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုပါတယ်။ အချက်ပြနှုန်းဟာ ဒီတန်ဖိုးထက်ကျော်သွားမယ်ဆိုရင် ကျော်သွားတဲ့ အပိုင်းကို ချက်ချင်းလျှော့ချပစ်ပါ။(other fader)
Master fader-6db ကိုတော့ဒီအတိုင်းထားပါ။
-Monitor speaker – mixing & mastering လုပ်တဲ့အခါမှာ monitor တစ်ခုကအရေးပါပါတယ်။ အသံတွေပိုကျယ်လောင်တဲ့အခါ သူတို့ကပိုလှုပ်ရှားမှုဖြစ်တယ်။ ကျွန်တော်တို့ရဲ့နားလဲ ထိုနည်း၎င်း ပါပဲ။ ကျွန်တော်တို့နားက မတူညီတဲ့ frequency တွေကြားဖို့ဆိုတာ ၎င်း monitor ပေါ်မှာလဲမှီခိုနေ တယ်။ ဒါကြောင့် ကျွန်တော်တို့နားကနေ အသံတွေကို အရှိကိုအရှိတိုင်း မှန်ကန်တိကျတဲ့ frequency တွေကြားဖို့အတွက် monitor speaker ကောင်းကောင်းတစ်စုံတော့ ရှိထားသင့်ပါတယ်။
(Monitor speaker အကြောင်း တခြားသင်ခန်းစာမှာရှင်းပြထားပါတယ်။)
-တချို့ ကျယ်လောင်တဲ့အသံတွေဟာ ပိုပြီးကြားရတဲ့အတွက် အာရုံပိုစိုက်မိပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့နားတွေဟာ အသံတိုးခြင်း , မထင်ရှားခြင်းပေါ်ကိုမတိမ်း ညွှတ်လို့ဖြစ်ပါတယ်။(ဥပမာ-သင့်အနေနဲ့ သီချင်းတစ်ပုဒ်ရဲ့ main synth ကိုအသံတိုး (down) ပြီးနားထောင်ကြည့်ပါ။ အသံကျယ်ထားတာထက်စာရင် feeling အောက်သွား တာတွေ့ရပါမယ်။) ဒါကြောင့်သင် mixing & master လုပ်လိုက်တဲ့သီချင်းဟာ အကျယ်ဆုံးနဲ့ အမိုက်ဆုံး ဖြစ်နေရပါမယ်။ Lower volume မှာ အမိုက်ဆုံး လုပ်နိုင်ရင် တောင်အသံ ကျယ်မှပိုကောင်းမှာပါ။ final headroom အသံကျယ်တာတော့ ကောင်းပါပြီ။ အဲ့ဒီအသံကျယ်တွေကို နားထောင်ပါများတဲ့ အခါသင့်နားအတွက်တာ့ ဆိုးကျိုးရှိစေပါတယ်။ ကျွန်တော်တို့နားဟာ ကျယ်လောင်တဲ့အသံတွေကို နားစွင့်နားထောင်တဲ့အခါမှာ နားရဲ့ခံနိုင်ရည်ကျလာပါမယ်။ အဲ့လိုမျိုးဖြစ်တဲ့အခါ နောက်ပိုင်း ဘာကြားရလဲဆိုတာ ဆုံးဖြတ်နိုင်စွမ်းတွေ လျော့ကျလာနိုင်တယ်။ အဲ့လိုဖြစ်တဲ့အခါ သင့်အနေနဲ့ အာရုံစိုက်ဖို့ပိုခက်ခဲလာမယ်။ သင့်ရဲ့နားကဦးနှောက်ကို ကောင်းကောင်းအကြောင်း မပြန်တော့ပါ ဘူး။ ဒါကြောင့်ဒါကိုပြုပြင်ဖို့ နည်းတစ်ခုကတော့ mixing လုပ်နေရာကနေ ကြာကြာအနားယူလိုက် ပါ။ အဲ့လိုအခြေအနေမှာ သီချင်းတစ်ပုဒ်လုံးကို အကောင်းဆုံးဖြစ်ချင်တယ်ဆိုရင် နားလိုက်တာ အကောင်းဆုံးပါပဲ။ ဖြစ်နိုင်ရင် mixing စကိုင်ထဲက volume ကိုလျှော့ထားပါ။ (ဥပမာ- master output ကို -6db ထားပါ)။ -သင့်ရဲ့monitor speaker တွေရဲ့ volume knob ကိုလျော့ထားပါ။ အသံကျယ်ကျယ်နားထောင်ဖို့ လိုအပ်တဲ့အခါမှသာ အသံချဲ့ပါ။ အဲ့လို volume ချိန်ထားခြင်းအား ဖြင့် တခြားသူတစ်ယောက်ကို စကားကောင်းကောင်း လှမ်းပြောနိုင်မယ်။ ဒီနည်းစနစ်တွေကို သင့်အနေနဲ့ သုံးလေ့သုံးထမရှိရင်တောင်မှ စမ်းကြည့်တာနဲ့တင် နောက်ဆုံးအဆုံးသတ် ရလဒ်က ပိုကောင်းလာမှာပါ။

Core elements(ကျောရိုးအစိတ်အပိုင်းများ)

-Electronic Music တွေဖန်တီးမယ်ဆိုရင် သင်ဒါကိုဖတ်သင့်ပါတယ်။ သီချင်းရဲ့ကျောရိုးဆိုတာ သီချင်းရဲ့ foundation element တွေကိုပြောတာပါ။ ဒါတွေကတော့ သင့်သီချင်းမှာပါဝင်တဲ့ Drums နဲ့ baseline တို့ပဲဖြစ်ပါတယ်။ ဒီနှစ်မျိုးကတော့ အားကောင်းတဲ့ rhythm တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ အလားတူပဲ Electronic Music တင်မက အခြားmusic အမျိုးအစားတွေ မှာလဲ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ Core element(foundation element) တွေနဲ့စခြင်းဟာ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ သူတို့ဟာ သီချင်းတစ်ပုဒ်ရဲ့ ကျောရိုးဖြစ်တယ်။ လူတွေကိုထိထိ ရောက်ရောက် ဆွဲဆောင်နိုင်တယ်။ ထိရောက်တဲ့စွမ်းအားတွေ ပေးနိုင်ပါတယ်။
-သီချင်းတစ်ပုဒ်မှာ အဓိကကျတဲ့အစိတ်အပိုင်းတွေက အများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှအရေး ကြီးဆုံး အပိုင်းတွေကို အာရုံစိုက်သင့်တယ်။ Drums, Basslines တွေကသီချင်းတစ်ပုဒ်မှာ အသံ အကျယ်ဆုံးအပိုင်းတွေလို့ ယူဆပါတယ်။ သူတို့နဲ့စခြင်းဟာ သီချင်းတစ်ပုဒ်ကို သင့်တော်တဲ့ Level ရောက်အောင်လုပ်ပေးတယ်။ သင့်ရဲ့ mixing မှာသတိပြုရမှာကတော့ အဲ့ဒီ Drums နဲ့ basslines တွေကို clipping တွေလဲမဖြစ်ရဘူး,ပျက်စီးနှစ်မြုပ်အောင်လဲ မလုပ်ရပါဘူး။
(အသေးစိတ်ကိုတော့ Level,guide မှာရေးသားထားပါတယ်။)

ဒါဆို Drum တွေ bassline တွေကိုစချိန်ရအောင်။

ဒီကောင်တွေကလွဲလို့ ကျန်တဲ့အစိတ်အပိုင်း တွေကို mute လုပ်လိုက်ပါ။ (send channel/ return channel တွေရှိခဲ့မယ်ဆိုလျှင် ဖွင့်ထားပါ) အားလုံးကို 0db level မှာထားပါ။ -6db ထားထားတဲ့ master meter မှာ -10db to -8db ၀န်းကျင်ထိရောက်အောင်ချိန်ပါ။ အဲ့လိုစချိန်ပြီး Drum တွေ bassline တွေကို လိုတိုးပိုလျော့ လုပ်မှာပါ။ နောက်ထပ်ကဏ္ဍတွေ လုပ်ဖို့အတွက်လည်း chance ရှိအောင်ပါ။
သင့်အနေနဲ့ -6db လောက်ထိအောက်ထစ်ကျန်ရှိအောင် တော်တော်များများ သံစဉ်တွေအတွက် အပြင်းဆုံးအစိတ်အပိုင်းတွေပဲ စွမ်းအားတွေ သယ်ဆောင်လာမယ်လို့ ထင်ပါတယ်။ လူအများစု အတွက် good mixdown တွေရရှိလာဖို့ အခက်ခဲဆုံးအပိုင်းက Low end(Bass section,Reverb End) တွေထိန်းချုပ်တာ ဖြစ်တယ်။ kick တွေ bassline တွေတစ်ခုနဲ့တစ်ခု မချိတ်ဆက်နိုင်ရင် တခြား instrument တွေကို ဆွဲခေါ်နိုင်မှာမဟုတ်ပါဘူး။ သီချင်းတစ်ပုဒ် ဖန်တီးမယ်ဆို ဒါတွေကအရေးပါတယ်။ သင့်ရဲ့ bass line တွေဟာ deep low ဖြစ်တယ်၊ Sub ဘက်သွားတယ်လို့ သိရင် သင်ဟာ punch noise တွေပါတဲ့ kick song တွေကို အသုံးပြုလာလိမ့်မယ်။ တဖန် Low end နဲ့ bass song နဲ့တွဲဖို့ Deep kick တွေ, 808 style kick တွေသုံးမယ်။ ဒါတွေက မခက်ပါဘူး။ ဒါတွေကိုတတ်မြောက်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ Volume fader တွေသုံးမယ်။ Filter တွေခံမယ်။ EQ လုပ်မယ်။ Sidechain တွေ သုံးမယ်စသဖြင့်ပေါ့။
သင့်ရဲ့သီချင်းမှာ Low end အသံတွေရရှိဖို့ အတွက်အမှန်တကယ် လိုအပ်တယ်။ bassline ကောင်းစွာအလုပ်လုပ်နေရင်တောင် kick သံတွေထွက်မလာဘူး ဆိုရင်တခြား kick drum sample တွေကိုအသုံးပြုရမယ်။ ကောင်းမွန်တဲ့ bass,drum မရမချင်း သင့်အနေနဲ့ ကြိမ်ဖန်များစွာ ပြုလုပ်ရမယ်။ bass,drum ကနေ mixing စကိုင်မယ်ဆိုရင် ဒါမျိုးတွေစဉ်းစားရတယ်။ Sidechain ကလဲ နောက်ထပ်ပြောင်းလဲလို့ ရမယ့်နည်းလမ်းတစ်ခု ဖြစ်တယ်။ kick drum ရိုက်တဲ့အခါမှာ bassline volume ကိုလျှော့ချဖို့အတွက် bassline track ပေါ်မှာ compressor လို control လုပ်ပါတယ်။
Bassline နဲ့ kick drum ဆိုတာကလဲ အမြဲတမ်းတော့ အတူတူအလုပ်မလုပ်ပါဘူး။ ဒါကြောင့် တချို့ကိစ္စတွေအတွက် Sidechain သုံးဖို့မထောက်ခံပါဘူး။ Sidechain ရဲ့အဓိကလုပ်ဆောင် ပုံတွေက သင်သုံးထားတဲ့ DAW, plugin ပေါ်မှာလဲမူတည်သေးတယ်။
-နောက်ထပ်သင်ကိုယ်တိုင် manual လုပ်ဆောင်ရမှာကတော့ EQ ဖြစ်ပါတယ်။ ဒီကောင်က frequency တွေဖြတ်တောက်မယ်၊ boost လုပ်မယ်၊ Filter လုပ်မယ်စတာတွေပေါ့။ Drum တွေ bassline တွေရဲ့ 30Hz အောက် frequency တွေလျှော့ချမယ်။ ဒီကောင်က headroom ဘယ်လောက်များများရှိတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ အသံတွေကိုလည်း cleanလုပ်နိုင် တယ်။ ကျယ်လောင်စွာဖွင့်တဲ့ club system တွေမှာအသံတွေ ရှုပ်ထွေးမှုကိုလည်း လျှော့ချ စေနိုင်တယ်။ Synthesizer တွေသုံးတဲ့အခါမှာလဲ ဒီကောင်ကအရမ်း အသုံးဝင်တယ်။ ဒါပေမဲ့ သင်လုပ်ဖို့မလိုအပ်ဘူးထင်ရင် သုံးဖို့မလိုပါဘူး။ သင့်အနေနဲ့ အသံအစိတ်အပိုင်းတွေက ထွက်တဲ့ frequency တွေကို မျက်ဝါးထင်ထင် analyze လုပ်ချင်တယ်ဆိုရင် spectrum analyzer တွေပါတဲ့ EQ ကိုအသုံးပြုပါ။ (ဥပမာ-FL Studio ရဲ့ fruity Parametric EQ2.) ဒါမှကြားရတဲ့အသံနဲ့ မြင်ရတဲ့ frequency နှိုင်းယှဉ်ချိန်ဆပြီး ကောင်းစွာအလုပ်လုပ်နိုင်မှာဖြစ်တယ်။ ဘယ်လိုအသံ တွေမှာ ဘယ်လို frequency အမျိုးအစားတွေ ပိုင်ဆိုင်လဲဆိုတာကိုပါ သင့်အနေနဲ့လေ့လာ နိုင်ပါတယ်။ထို spectrum analyzer တွေကြည့်ပြီး ဘယ် frequency ကိုဘယ်အနေအထား ရအောင်ဖြတ်မယ်, တိုးမယ်စတာတွေ လုပ်ဆောင်ရပါမယ်။ အချိန်တိုင်းလည်း ဖြတ်တောက်နေဖို့ မလိုပါဘူး။ Frequency တွေကို 5 to 6db ကြား boost လုပ်ခြင်းက မတူညီကွဲပြားမှုတွေ ပေးနိုင်သော်လည်း frequency အားလုံးကို လုပ်ဖို့တော့မလိုပါဘူး။ Frequency တွေအားလုံးကို ဖယ်ရှားပစ်ဖို့လည်း မကြိုးစားပါနဲ့။ သင့်ရဲ့ Bassline တွေ kickdrum တွေဟာ punch တွေ Lowend တွေနည်းနေလား၊ များနေလား ဆိုတာသေချာအောင်လုပ်ပါ။ (bassline တွေကို sine wave တွေ Sub တွေ နဲ့တည်ဆောက်ခြင်းဟာလည်း sound တစ်ခုကို Lowend တွေထပ်ပေါင်းထည့်ဖို့ အကူညီပေးပါတယ်။)
အဓိကသော့ချက်ကတော့ နဂို bassline အသံတွေကိုအတင်းကြီး power ထပ်တင်ဖို့မလိုပါဘူး။ သူ့ရဲ့level ကိုအနိမ့်မှာပဲထားပါ။ kick drum ပေါ်မှာမှီခိုပါ။အဲ့လိုပဲ kick drum ပေါ်မှာလဲလိုအပ် လျှင် Deeper kick တွေထည့်ပါ။ Punch လိုအပ်လျှင် punchy kick တွေထပ်ထည့်ပါ။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ သီချင်းပေါ်မှာလည်းမူတည်သေးတယ်နော်။
(EQ တွေကို frequency cut လုပ်ဖို့ရယ် boost လုပ်ဖို့ရယ် သုံးနိုင်ပါတယ်။ အသံတွေရဲ့ frequency ဖြန့်ကျက်မှုပေါ်မူတည်ပြီးတော့ ကောင်းမွန်တဲ့အသံတွေကိုလည်း ထုတ်ပေးဖို့ ကူညီပါ တယ်။(ဥပမာ- kick ရဲ့ 180Hz အထက်ကို cut လုပ်နေတဲ့ အချိန်မှာ bassline ရဲ့ 80Hz အောက်ကို cut လုပ်ပစ်တာမျိုးပေါ့။)
နားစွင့်ပါ။မှန်ကန်တဲ့နည်းဥပဒေသ, အဖြေရယ်တော့မရှိပါဘူး။နားပေါ်ပဲမူတည်ပါတယ်။ အကောင်း ဆုံး လုပ်ဆောင်တဲ့အပိုင်းကို ရှာမတွေ့ခင် အသံတစ်ခုချင်းစီအလိုက် အရာတော်တော်များများကို ကြိုးစားနားထောင်ဖို့လိုတယ်။ Mixing လုပ်တဲ့အခါမှာ အာရုံစိုက်ခြင်းကိုရပ်မပစ်ပါနဲ့။ ဒီ bassline တွေ drum တွေ လိုက်လျောညီထွေစွာမှန်ကန်ဖို့ အတွက် အချိန်တော့ပေးရမှာပါ။ ကျန်ရှိနေတဲ့ အပိုင်းတွေမစခင် ဒီကောင်တွေကောင်းကောင်း အလုပ်လုပ်တယ်၊မလုပ်ဘူးဆိုတာလေ့လာပါ။ လုပ်နေစဉ်အတွင်းမှာပဲ သီချင်းကို ရှုထောင့်အမျိုးမျိုးကနေသုံးသပ်ပါ။ နောက်ထပ်ပြောချင်တာက တော့ အဲ့ဒီ bassline/kick drum တွေကို mono(not use separation)မှာပဲထားပါ။
ဒီ foundation ကတော့ speaker နှစ်ခုလုံးကတူညီတဲ့အသံတွေ ထွက်ရှိလာဖို့ အခြေခံခြင်း ဖြစ်ပါတယ်။ (mono အကြာင်းထပ်ရှင်းပြထား) တခြားအစိတ်အပိုင်းတွေကိုလည်း Stereo imaging တွေလွတ်လွတ်လပ်လပ် ပေးနိုင်သွားမယ်။ သင်ဟာ mono bassline ကိုတော့အမြဲတမ်း အသုံးမပြုရပါဘူး။ stereo kick သုံးတာဟာလည်း ကောင်းမွန်တယ်လို့ မဆိုလိုပါဘူး။ အလျဉ်းသင့်သလိုပေါ့ဗျာ။ no rule ပဲလေ…..

-နောက်တစ်ခုချဉ်းကပ်ရမှာကတော့ clap/snare ဖြစ်ပါတယ်။

တစ်ကြိမ်ထဲမှာပဲ bass တွေ kick drum တွေနဲ့ ၎င်းကိုရောချင်ရောထားမယ်, (rock တွေ break music တွေမှာတော့ snare ကိုအခြား 4/4 kick down အသုံးပြုထားတဲ့ music တွေထက် အနည်းငယ်ကျယ်လောင် (ဦးစားပေး)တဲ့ ရောစပ်မှုတွေတွေ့ရမယ်။) အဲ့ဒါအဓိကအချက်ဖြစ်တယ်။ Snare က rhythm element တစ်ခုစည်းချက်ကျနဖို့အတွက် ကူညီတယ်။ ပြောချင်တာက snare ဆိုတာစည်းချက် ကျဖို့ဖွဲ့စည်းထားတယ်။.
မြန်မာဂီတမှာတောင်ရှိတယ်လေ။ စည်း…နဲ့ ၀ါး…
ဒူ…..ချပ်…..ဒူ…..ချပ်
ဒူ…..ချပ်…..ဒူဒူ…..ချပ်
ဒူ…..ဒူချပ်…..ဒူဒူဒူ…..ချပ
‘ချပ်’ ဆိုပြီးစည်းချက်ကျတဲ့ သင်္ကေတကို snare/clap တွေကပြတယ်။ အကယ်၍သင်ဟာ snare drum sample တွေကိုသုံးနေတယ်ဆိုရင် သင့်ရဲ့ mixing ထဲမှာ snare ကိုအနည်းငယ်မျှပဲ process လုပ်ရင်လုပ်ရလိမ့်မယ်။ ပြောချင်တာက သိပ်ထွေထွေထူးထူးတော့ လုပ်စရာမလိုဘူးပေါ့ ဗျာ။ ဒါပေမဲ့သင်ဘယ်လိုသုံးချင်တယ် ဆိုပြီး ဖန်တီးမှုပေါ်မှာလည်းမူတည်တာပေါ့ဗျာ။ ကျွန်တော် ကတော့ core element တွေကို mixing ကိုင်ပီဆို snare ကိုအရင်ဆုံးချိန်ပလိုက်တယ်။ ရှုပ်လို့..LoL!

The Lead

Lead ဆိုတာကတော့ သင့် song မှာပါတယ် vocal လည်းဖြစ်နိုင်တယ်။ ပုံစံအမျိုးမျိုးနဲ့ ဖန်တီးထား တဲ့ main synth တစ်ခုလည်းဖြစ်နိုင်ပါတယ်။ Lead sound တစ်ခုရဖို့ကို လုံးစေ့ပတ်စေ့ဖန်တီး နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ producer အများစုကလည်း သူတို့သီချင်းရဲ့ Lead sound တွေကြောင့် အောင်မြင်လာတာတွေလည်းရှိပါတယ်။ ဥပမာ- DVBBSရဲ့'Hsunami' , Drimitri vegas n Like mike ရဲ့‘Tremor’, Martin Garrix ရဲ့`Animal', Avicii ရဲ့ `Level' , Chainsmokers ရဲ့ `Closer' , Dj Snake ရဲ့ vocal shop synth တွေ စတဲ့ Lead sound တွေလိုပေါ့။ ဒါကြောင့်မို့လဲ Producer အများစုက Lead sound အသစ်တွေ ဖန်တီးတာကို goal တစ်ခုလိုသတ်မှတ်ကြပါတယ်။
အထူးသဖြင့်တော့ သင့် song မှာဒီ Lead သံကိုသေချာကောင်းမွန်စွာ ကြားနိုင်အောင် ပြုလုပ်ရမှာ ဖြစ်တယ်။ mixdown မှာပါဝင်တဲ့တခြား element တွေကဒီ Lead သံကို ဖျက်စီးပစ်ခြင်းမှ ကင်းဝေးအောင် ဆောင်ရွက်ရမယ်။ main lead တစ်ခုကို သေချာသတ်မှတ်ပြီး cole element တွေနဲ့ထပ်ပြီး လိုက်လျောညီထွေအောင်လည်း mix လုပ်ရမယ်။ တစ်ခုတော့ရှိတာက main lead ကိုအရမ်းဦးစားပေးပြီး ကျန်တဲ့(i.e.kick,drum,bass) တွေရဲ့အသံတွေကို အုပ်သွားအောင် မလုပ် ရပါဘူး။ No.1 က cole elements, No.2 ချိန်ရမှာက lead ပေါ့ဗျာ….သင်ရွေးချယ်ထားတဲ့ main lead sound မှာလည်း ကိုယ်ပိုင် frequency range ရှိရမယ်။ဒီနေရာမှာလည်း သင့်ရဲ့နားကို အသုံးပြုပြီးတော့ နှိုင်းယှဉ်ကြည့်ရမယ်။
(တိုးလား, ကျယ်လား,စူးလား,အက်နေလား,သပ်ရပ်လား, လိုက်ဖက်လား ဆိုတာ)

Vocal mixing အကြောင်းပြောမယ်ဆိုရင် သာမာန်လူအများစုဟာ သီချင်းတစ်ပုဒ်ကို နားထောင် ရင် သူတို့အာရုံအစိုက်ခံရဆုံးအပိုင်းက vocal တွေပဲ။ ဒါကြောင့် vocal mix လုပ်မယ်ဆိုရင် သီချင်းထဲမှာပါတဲ့ စကားလုံးတိုင်းကို လူတွေရှင်းရှင်းလင်းလင်း နားလည်ခံစားနိုင်ဖို့အတွက် ကြားနိုင်ဖို့အတွက်လိုတယ်။ ဒါဟာ အရေးကြီးတဲ့အချက်ပဲ။ အကယ်၍သင်ဟာ music ဖန်တီးတာထက်ပိုပြီး သီချင်းရေး/ဆိုတဲ့သူတစ်ယောက်ဆိုရင် ဒီvocalတွေ စာသားတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကောင်းစွာနားလည်ပြီး သီချင်းမှာလှည့်ကွက်တွေ ထည့်သွင်း mix လုပ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် second option ရရှိရန်အတွက် နားလည်တတ်ကျွမ်းသူ တစ်ယောက်ယောက်ကို နားထောင်ခိုင်းလိုက်ဖို့ လိုပါတယ်။ များသောအားဖြင့် vocal တွေကို compression, reverb, delay, EQ စတဲ့ effect တွေသုံးကြပါတယ်။ ဒါကလဲသင် vocal ကိုဘယ်လိုလိုချင်လဲ ဆိုတာအပေါ်မူတည်ပြီး ထည့်သွင်းတဲ့ effect တွေကွာခြားနိုင်ပါတယ်။
ကျွန်တော်ထင်တာကတော့ သီချင်းအများစုမှာ ဒီ Lead sound တွေဟာ effect တွေအများဆုံး ပါဝင်တဲ့အပိုင်းလို့ ထင်ပါတယ်။ တခြားအရာတွေကိုလည်း effect တွေထည့်ရပါတယ်။ ဒါပေမဲ့ ဒီလို effect ထည့်ရမှာလဲ တကယ်လိုအပ် မလိုအပ်သေချာစဉ်းစားဖို့လိုပါတယ်။ effect တွေကို အလွန်အကျွန်သုံးခြင်းကလည်း ထို Lead ပေါ်ကိုဆိုးရွားတဲ့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု လည်းရစေပါတယ်။ နားထောင်ကောင်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ချင့်ချိန်လုပ်ပေါ့ဗျာ။ တစ်ခါတစ်လေကျတော့လည်း dry lead ဘာ effect မှမပါဝင်တဲ့ Lead တစ်ခုသုံးခြင်းဟာလည်း ပိုပြီး impact ဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်။ Remember less is more, နည်းလေကောင်းလေ. နဲနဲကနေစပြီးကောင်းအောင်လုပ်ပါ။
ဥပမာ- reverb, delay စတာတွေပေါ့။ ဒီနှစ်ခုစလုံးဟာ သင့် mix ထဲက အသံတွေကို ပိုပိုဝေးသွား သလိုထင်ရပါမယ်။ ဒီလိုဖြစ်တာတွေဟာ သင့်ရဲ့ Lead sound ကိုပိုပြီးထုံထိုင်းသွားတာ (or) အသုံးမ၀င်ဖြစ်သွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီ effect နှစ်ခုကို သုံးမယ်ဆိုရင် နဲလေကောင်းလေ ကနေစကြည့်ပါ။
ဒီနေရာမှာ ကြားညှပ်ပြီးပြောချင်တာက EQ,effect တွေထည့်တဲ့အခါ element တွေအသီးသီးရဲ့ သတ်မှတ်ချက်အတိုင်း သက်ဆိုင်ရာ EQ, Effect setting တွေထည့်တာပိုကောင်းပါတယ်။
ဥပမာ- Vocal ဆိုဘယ်လောက် compression လုပ်ရမယ်။ Delay ဘယ်လောက်ပြေးရမယ်။ EQ ဘယ်လိုထားရမယ်။ reverb ကိုဘယ်လို setting ထားရမယ် စသဖြင့်ပေါ့ နားလည်တတ်မြောက် ထားဖို့လိုတယ်။ ဒီလို setting လေးတွေတည်ဆောက်ထားမယ်ဆိုရင် သင့်ရဲ့သီချင်းအပုဒ်တိုင်းမှာ ပါဝင်တဲ့ ဘုံ effect တွေကို လွယ်ကူလျှင်မြန်စွာ setလုပ်နိုင်မှာဖြစ်တယ်။ အကယ်၍ အစမှာတော့ သင်ဒါတွေကို မသိဘူးဆိုရင် နောက်မှာပါတဲ့ Flow chat တွေကိုလေ့လာနိုင်ပါတယ်။
ယေဘူယျအားဖြင့် lead တို့ vocal တို့ရဲ့ pan ကို center ထားကြပါတယ်။ ဒါလဲအရေးပါပါတယ်။ သင်လိုချင်တဲ့ အသံကို speaker နှစ်ခုလုံးက ညီတူညီမျှထွက်စေပါတယ်။ Center မှာထားတာ အရေးပါတယ်ဆိုပေမဲ့လည်း သင့်စိတ်ခံစားချက်အတိုင်း လိုသလိုထားနိုင်ပါတယ်။ ပုံသေရယ်လို့ တော့ မဟုတ်ပါဘူး။ Panning လုပ်ခြင်းအားဖြင့်လည်း အသံတွေကို ခွဲထွက်ပျံ့နှံ့စေနိုင်ပါတယ်။ အသံတွေတစ်နေရာထဲမှာ စုနေခြင်းမှလည်း ဖယ်ရှားပေးပါတယ်။
အခုဆိုရင်သင်ဟာ သင့်သီချင်းမှာပါတဲ့ main element တွေကို ကောင်းမွန်စွာ တွဲဖက်အလုပ်လုပ် စေခဲ့ပါပြီ။ core drum တွေ bassline တွေကတော့ solid foundation အတွက် ထောက်ပံ့ပေးပြီး Lead,Vocal စတာတွေကတော့ focus point အတွက်ထောက်ပံ့ပေးပါတယ်။ အခုကတော့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကို ဆက်လက်ပေါင်းထည့်ဖို့ပါပဲ။ တစ်ခုသတိထားရမှာက အပေါ်ကအသံတွေကို အခုထပ်လုပ်မဲ့ အသံတွေနဲ့လိုက်ဖက်နိုင်ဖို့ပါပဲ။ ဆက်ရန်............... အပိုင်း ၂

အထက်ပါအကြောင်းအရာများသည် ကျနော်တို့ new level records တွင် စာတွေ့လက်တွေ့သင်ကြားပေးသော Fruity Loop Advanced course n mixing & mastering course သင်ခန်းစာမှ သင်ရိုးအနဲငယ်သာဖြစ်သည်။
ငှင်းသင်တန်းအားတတ်ရောက်လိုပါက -New Level Records 0943051517 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်.
Fruity Loop Advanced course & Mixing & Mastering Course ယခုအပါတ်စဉ် တန်းခွဲအား တတ်ရောက်ဖို့ မမှီလိုက်သောသူများအတွက် နောက်တန်းခွဲသစ်တခုအားမကြာခင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်. သင်တန်းအကြောင်းအရာ အသေးစိပ်အား first comment တွင် လေ့လာနိုင်ပါသည်.

အားလုံး ပညာဗဟုသုတ ရကြပါစေ
စေတနာဖြင့်

#Lil_Chan (Music xoon lan Lil Chan)
#New_Level_Records_&_Electronic_Music_School_Founder
How_to_Make_Electronic_Music_Subjects
Mixing_&_Mastering_course_with_FL_studio

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။