မငိုပါနဲ့မေမေ
🙏🙏🙏🙏🙏
မငိုပါနဲ့မေမေ---
မေမေ မငိုလိုက်ပါနဲ့
မေမေ ငိုရင်လေ
သားလည်းလိုက်ငိုပါရစေ----
လောကဓံပင်လယ်ကြီးထဲ
မုန်တိုင်းထန်ပါစေ
လှိုင်းကြမ်းပါစေ
သားတို့အတွက်ဆို
ခွန်အားကြီးစွာနဲ့
မေတ္တာကိုရွက်လွင့်
တက်ကုန်ဖွင့်ခဲ့တဲ့မေမေ
မငိုပါနဲ့မေမေ-------
ဘဝကောင်းကင်ပြာကြီးထဲ
ကြယ်မစုံလမိုက်ညလို
မွဲတေတဲ့အမှောင်ထုထဲ
မေမေရဲ့အကြင်နာအင်အား
မေမေရဲ့မေတ္တာစွမ်းအားတွေဟာ
သားတို့အတွက်တော့
လမင်းနဲ့ကြယ်တာရာ
ပြည့်စုံတဲ့ညတစ်ညပါမေမေ
မငိုပါနဲ့မေမေ-----
ခေတ်ပေါ်ရုပ်ဝတ္ထုအင်အား
သားအတွက်မပြည့်စုံ
ကုံလုံအောင်မထားနိုင်ပေမယ့်
မေမေ့ရဲ့မေတ္တာချိုအနမ်းဟာ
သားရင်ကိုလန်ဆန်းစေတယ်
မေမေရဲ့မေတ္တာရိပ်မြုံ
သားဘဝလုံခြုံစေပါတယ်မေမေ
မငိုပါနဲ့မေမေ-------
ပုံမှာပေးသောခံစားမှုများစွာ ဖြင့်
ရေးဖွဲ့ပါ၏ 💛💛💛💛
5 -11 -15 (Sat ) Pm:42
🙏🙏🙏🙏🙏
မငိုပါနဲ့မေမေ---
မေမေ မငိုလိုက်ပါနဲ့
မေမေ ငိုရင်လေ
သားလည်းလိုက်ငိုပါရစေ----
လောကဓံပင်လယ်ကြီးထဲ
မုန်တိုင်းထန်ပါစေ
လှိုင်းကြမ်းပါစေ
သားတို့အတွက်ဆို
ခွန်အားကြီးစွာနဲ့
မေတ္တာကိုရွက်လွင့်
တက်ကုန်ဖွင့်ခဲ့တဲ့မေမေ
မငိုပါနဲ့မေမေ-------
ဘဝကောင်းကင်ပြာကြီးထဲ
ကြယ်မစုံလမိုက်ညလို
မွဲတေတဲ့အမှောင်ထုထဲ
မေမေရဲ့အကြင်နာအင်အား
မေမေရဲ့မေတ္တာစွမ်းအားတွေဟာ
သားတို့အတွက်တော့
လမင်းနဲ့ကြယ်တာရာ
ပြည့်စုံတဲ့ညတစ်ညပါမေမေ
မငိုပါနဲ့မေမေ-----
ခေတ်ပေါ်ရုပ်ဝတ္ထုအင်အား
သားအတွက်မပြည့်စုံ
ကုံလုံအောင်မထားနိုင်ပေမယ့်
မေမေ့ရဲ့မေတ္တာချိုအနမ်းဟာ
သားရင်ကိုလန်ဆန်းစေတယ်
မေမေရဲ့မေတ္တာရိပ်မြုံ
သားဘဝလုံခြုံစေပါတယ်မေမေ
မငိုပါနဲ့မေမေ-------
ပုံမှာပေးသောခံစားမှုများစွာ
ရေးဖွဲ့ပါ၏ 💛💛💛💛
5 -11 -15 (Sat ) Pm:42
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။