Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Monday, May 29, 2017

" ေက်ာင္းဖြင့္ခ်ိန္ "

【 ေဆာင္းပါး 】 " ေက်ာင္းဖြင့္ခ်ိန္ "
===============================================
ေမာင္ဦးလြင္ (ပညာေရး)

ေက်ာင္းေတြ မၾကာမီ ဖြင့္ေတာ့မည္ ျဖစ္သည္။ယခင္က ဇြန္လဆုိ တာ ေက်ာင္းသားရွိသည္ အိမ္ေတြ အတြက္ စိတ္ေသာက ေရာက္ရသည့္ လျဖစ္သည္။ေက်ာင္းအပ္ရာတြင္ ကုန္သည့္ စရိတ္က သာမန္လက္လုပ္ လက္စားမိဘေတြအတြက္ အေတာ္ပင္၀န္ပိေသာ ပမာဏ ျဖစ္သည္။ ယခုေတာ့ ဒါေတြက အိမ္မက္ပမာ ျဖစ္သြားၿပီ။

ဟုိရက္ပုိင္းက မိခင္ပညာေရး၀န္ႀကီးဌာနက ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္အတြက္ ေက်ာင္း အပ္ႏွံ ေရးဆုိင္ရာ အစီအစဥ္တြင္ ပါ၀င္သည့္ တစ္ႏုိင္ငံလုံးအတြက္ အခမဲ့ေထာက္ပံမႈစာရင္း ေပါင္း ခ်ဳပ္ကုိ အစုိးရသတင္းစာထဲမွာ ေတြ႔လုိက္ရသည္။ေတြ႕ေတြ႕ခ်င္းေနကေတာ့ မဖတ္ျဖစ္။ဒီေန႕ေတာ့ အလုပ္လည္းပါးသျဖင့္ ယူဖတ္ၾကည့္ရာမွ ဒီေဆာင္းပါးေရးခ်င္စိတ္ျဖစ္လာျခင္းျဖစ္သည္။

ထုိအခမဲ့ေထာက္ပံ့မႈစာရင္းထဲတြင္ အေျခခံပညာမူလတန္းအဆင့္၊ အလယ္တန္းအဆင့္၊ အ ထက္တန္း အဆင့္ စသည့္ အတန္း ၁၁ တန္းလုံး အတြက္ ေက်ာင္းလခ၊မိဘဆရာအသင္းေၾကး၊ အား ကစားေၾကး၊ စာေရးကိရိယာေၾကးႏွင့္ စာၾကည့္တုိက္ေၾကးအပါအ၀င္မည္သည့္ အခေၾကးေငြကုိမွ လုံး၀မေကာက္ခံပါဟု ေဖာ္ျပထားသည္္။

ၿပီးေတာ့ ေက်ာင္းသားေတြအတြက္ ျပ႒ာန္းစာအုပ္ႏွင့္ ဗလာစာအုပ္ ၊ေက်ာင္း၀တ္စုံဒါေတြကုိ အေရအတြက္ အတိအက်ႏွင့္ထုတ္ျပန္ေပးထားၿပီး မည္သည့္အတန္းက ဘာကုိ အခမဲ့ရမည္ကုိ အမ်ားသိေအာင္ထုတ္ျပန္ ထားသည္။

ဒါကုိၾကည့္ၿပီးေတာ့ အေတြးက အရင္တုန္းက ေက်ာင္းတက္ခဲ့ရသည့္ အေျခအေနကုိ ျပန္ေတြးမိသည္။ၿပီးေတာ့မၾကာခင္ ေလးငါးႏွစ္ကာလတုန္း က အေျခအေနကုိလည္း ျပန္ေတြးမိသည္။

ယခင္က ဒီအခ်ိန္ဆုိလွ်င္ မိဘေတြ ရင္ပူရသည့္အခ်ိန္ျဖစ္ သည္။ေက်ာင္္းအပ္ဖုိ႔ တခ်ဳိ႕မိဘေတြ စိတ္ေသာက ေရာက္ရၿပီ။ တခ်ဳိ႕မိဘေတြ ဆုိ စားဖုိ႔ေတာင္ အႏုိင္ႏုိင္ျဖစ္သျဖင့္ ေက်ာင္းသား တစ္ ေယာက္စရိတ္ကုိပင္ မတတ္ႏုိင္သျဖင့္ ငယ္ငယ္ကတည္းက ကေလးေတြကုိ ေက်ာင္းမထားၾက တာရွိသည္။

ယခင္တုန္းက ေက်ာင္းဆရာ/ဆရာမေတအတြက္ စိတ္အဆင္းရဲဆုံး အခ်ိန္က မိဘေတြ ေက်ာင္းလာအပ္သည့္ အခ်ိန္ ျဖစ္သည္။ ၁၉၈၀ ေက်ာ္ကာလေတြ တုန္းက ေက်ာင္းသား တစ္ေယာက္ ေက်ာင္း အပ္ခက ငါးက်ပ္ တစ္ဆယ္မေက်ာ္။ငါးက်ပ္တစ္ဆယ္ဆုိလုိ႔ သက္သာ လွခ်ည္လားထင္မည္။ ထုိတုန္းက လူတစ္ေယာက္လုပ္ခက တစ္ေန႔ လုပ္ခက တစ္က်ပ္၊တစ္က်ပ္ခြဲ ။ဒီေတာ့ ထုိစဥ္က ေက်ာင္း အပ္သည့္ စရိတ္ က မရွိဘူးဆုိ လူတစ္ေယာက္ တစ္ပတ္လုပ္ခနီးပါးရွိသည္။

ထုိကာလေတြတုန္းက ယေန႔ေခတ္လုိ အလုပ္အကုိင္ က ေပါမ်ားသည္ မဟုတ္။ ပုဂၢဳလိက အလုပ္ ဆုိလုိ ေစ်းေရာင္းတာ၊ စြပ္က်ယ္စက္ေတြမွာ စက္ခ်ဳပ္တာ၊လဘက္ရည္ဆုိင္ဖြင့္တာ ဒါေလာက္ သာရွိသည္။ အလုပ္အမ်ားစုကလည္း ေန႔စား လရွင္းဆုိသည့္ အလုပ္ေတြက မ်ားသည္။ဒီေတာ့ ေက်ာင္းအပ္ခ်ိန္ဆုိ အမ်ားစုျဖစ္သည့္ လခစားေတြမွာလုံးလည္ခ်ာလည္လုိက္ကာ ေက်ာင္းအပ္ဖုိ႔အခက္ေတြ႕တာ က မ်ားသည္။

ဒီအခ်ိန္ဆုိဆရာမေတြမွာ ေက်ာင္းအပ္လက္ခံသည့္ ေနာက္ဆုံး
အခ်ိန္ကုိ မၾကာခဏ ေနာက္ဆုတ္ေပးရသည္။ တခ်ဳိ႕လည္းလေက်ာ္ မွ ေက်ာင္းလာအပ္ ရတာလည္းရွိသည္။ တခ်ဳိဆုိ႕ ႏွစ္ တစ္ႏွစ္ကုိ ပင္ေက်ာ္ လုိက္ရ တာေတြ လည္း ရွိသည္။ ဆရာဆရာမေတြ ခမ်ာ ဒီလုိျဖစ္ေန တာေတြ ေစာေစာသိပါက ေက်ာင္းသား စာသင္ႏွစ္ မေနာက္က်ေစရန္
ေက်ာင္း စုထားေပးရတာ၊ တတ္ႏုိင္သည့္ မိဘကုိ အကူအညီေတာင္း ရတာေတြရွိသည္။ဒါက ယခင္က ဆရာ/ဆရာမေတြ ရဲ႕ အျဖစ္ပင္ ျဖစ္ သည္။

ထုိစဥ္ကာလက ေက်ာင္း၀တ္စုံျပည္ျဖင့္မူလတန္း ေက်ာင္းသား
ေက်ာင္းသူမ်ား ကုိ ေတြ႕ ရႏုိင္ သည့္ေက်ာင္းေတြက အလယ္တန္း၊ အထက္တန္းႏွင့္တြဲထားသည့္ မူလတန္းရွိသည့္ ေက်ာင္းေတြ သာျဖစ္ သည္။ ထုိေက်ာင္းမ်ားတြင္သာ မူလတန္းကေလးငယ္မ်ားကုိ ေက်ာင္း၀တ္စုံ အျဖဴအစိမ္းျဖင့္ ေတြ႕ရႏုိင္ၿပီး မူလတန္း သီးသန္႔ေက်ာင္း မ်ားတြင္ ေက်ာင္း စိမ္းအစား အိမ္ေနရင္း၀တ္စုံအႏြမ္းေလးသာ ၀တ္ ဆင္လာသည့္ ကေလးငယ္မ်ားကုိေတြ႕ရ မည္ျဖစ္သည္။ဒီလုိအ၀တ္အစားခ်ဳိ႕တဲ့သည့္ အခ်ိန္ ေတြက မ်ားမၾကာေသးသည့္ အခ်ိန္ထိရွိေနဆဲ ျဖစ္သည္။ ယခုတစ္ႏွစ္ ႏွစ္ႏွစ္အတြင္းမွ သာေတြ႕ ရ နည္းေသာ္လည္း တခ်ဳိ႕ေန ရာေတြ မွာ ယခုထိရွိေနဆဲ ျဖစ္သည္။

မူလတန္းဆရာလုပ္ခဲ့သည့္ ကၽြန္ေတာ္အဖုိ႔ အလုပ္စ၀င္ ကာစအခ်ိန္ က ျဖစ္ရပ္တစ္ခုကုိ သတိရမိသည္။ကုိယ္တုိင္က ေက်ာင္္းဆရာ စလုပ္ ကာစျဖစ္သျဖင့္ ကေလးေတြကုိ ဘယ္လုိတတ္ ေအာင္သင္မည္ ဘယ္လုိအက်င့္စာရိတၱေကာင္းေအာင္သင္မည္ဟု အားခဲထား ခဲ့ေသာ္ လည္း ေက်ာင္းအေရာက္တြင္ ရြာထဲ အလွဴရွိသျဖင့္ တစ္ေက်ာင္း လုံး ေက်ာင္းသားေတြ တစ္ေယာက္မွ မလာသည့္ အျဖစ္ေတြလည္း ႀကဳံရဖူးသည္။

ေက်ာင္း၀တ္စုံ အျဖဴႏွင့္ အစိမ္း၀တ္မလာပါက ေက်ာင္းမလာရဟု စည္းကမ္းထုတ္လုိက္မိ သျဖင့္ ေနာက္တစ္ေန႔ ေက်ာင္းထဲမွာ က်ီးႏွင့္ ဖုတ္ဖုတ္ ျဖစ္သြားသျဖင့္ စည္းကမ္းခ်က္ကုိ ျပန္ရုတ္ သိမ္းလုိက္ရတာေတြ လည္းရွိခဲ့ဖူးသည္။စာသင္ရင္း ဗလာစာအုပ္စာမ်က္ႏွာ ကုန္သြား လုိ႔ ေဘးက အတူစာသင္ေနဆီက စာရြတ္ထၿဖဲလုိ႔ ကေလးေတြ ရန္ျဖစ္တာ ကုိ ရွင္းေပးရတာေတြလည္းရွိ သည္။ ယခု ဒါေတြကုိ ေျပာျပလွ်င္ လက္ရွိ မူလတန္းျပ ဆရာဆရာမေလးေတြ ယုံေကာ ယုံပါ့မလား ဟု ေတြးမိသည္။ ဒါေတြက ယခုေတာ့ အပုိေျပာတာေတြ ျဖစ္ေနလိမ့္မည္။

ထုိေခတ္ထုိအခါက ပညာေရးကုိိေျဖာင့္ေျဖာင့္တန္းတန္း သင္ရ သည့္ ေက်ာင္းသား ဆုိတာ ရွားသည္။အေထြေထြ က်ပ္တည္းမႈ ၾကားထဲကေန မိဘေတြမွာ ဒုကၡခံကာ ေက်ာင္းထားက်၊ဒီၾကားထဲ အခက္အခဲေပၚလာၿပီဆုိရင္ ေက်ာင္းထုတ္ကာ လုပ္ငန္းခြင္ထဲ ထည့္ကာ မိသားစုစား၀တ္ေနေရးကုိ ၀င္ကူရသည့္ အျဖစ္ေတြက ဘာမွ မထူးဆန္းသည့္ ပညာေရးနိ႒ိတံ ဇာတ္လမ္းေတြ ျဖစ္သည္။ဒီလုိ အတန္းပညာေရး တစ္၀က္တစ္ပ်က္ျဖင့္ ေက်ာင္းျပင္ပေရာက္သူေတြက ဒုနဲ႔ေဒး။

NLDအစုိးရတက္လာၿပီးေနာက္ပုိင္း ထူးျခားသည့္ အေျပာင္းအလဲက ပညာေရးလုိ႔ ကၽြန္ေတာ္ ထင္သည္။ ယခုႏွစ္ပညာေရးက႑အတြက္ လ်ာထားသတ္မွတ္ေပးခဲ့သည့္ ဘတ္ဂ်က္ပမာဏမွာ ၁၉၆၂ ေနာက္ပုိင္း တြင္ အျမင္ဆုံးဟု ကၽြန္ေတာ္ထင္သည္။ထုိပမာဏကေန အေစာပုိင္းက ကၽြန္ေတာ္ေျပာခဲ့ သည့္ အခမဲ့ ေထာက္ပံ့မႈေတြ ျဖစ္လာခဲ့ျခင္းျဖစ္သည္။

ထုိသိုေသာ ေထာက္ပံ့မႈေတြ ကၽြန္ေတာ္မူလတန္းသင္ေနသည့္ အခ်ိန္ကသာရခဲ့မည္ဆုိလွ်င္ ဘယ္ေလာက္ေကာင္းမလဲဟု စိတ္ထဲက ခဏခဏေတြးမိသည္။ဒီေလာက္ပမာဏက ပညာေရး အေၾကာင္း ထဲထဲ၀င္၀င္မသိသူအတြက္ မျဖစ္စေလာက္ထင္မွတ္ႏုိင္ေသာ္လည္း နယ္စြန္နယ္ဖ်ား မဖြံၿဖိဳးသည့္ေဒသ ၊ပညာေရးကုိ အားမေပးသည့္ ဆင္းရဲခ်ဳိ႕တဲ့မႈ မ်ားသည့္ ေနရာေဒသမ်ားတြင္ ကေလးေတြ ပညာသင္ၾကားေရးအတြက္ ႀကီးမားသည့္ အေထာက္အပ့ံျဖစ္သည္။

ဒါေတြက ဘတ္ဂ်က္ကေန ဆင္းသက္ျဖစ္ထြန္းလာမႈ။ ေနာက္တစ္ခု က အတန္းပညာမဆုံးခင္ ေက်ာင္းထြက္ခဲ့ရသူမ်ားအတြက္ ယခု NLD အစုိးရလက္ထက္မွာ စတင္လုပ္လာ တဲ့ ေက်ာင္္းျပင္ပ ပညာေရး စနစ္(Alternative Education)။ဒီစနစ္က အရင္က ရွိခဲ့ေသာ္လည္း ၈တန္း၊ ၉တန္း၊၁၀ တန္း စသည့္ အထက္တန္းအဆင့္ေတြ အတြက္ ျပင္ပ မွ ေျဖဆုိခြင့္ေပးျခင္း ျဖစ္ သည္။ ဒီအတြက္ လူငယ္ေရး ရာ ညေက်ာင္း ဆုိၿပီး အစုိးရက ဖြင့္ေပးခဲ့သည္။ဒီသင္တန္းေက်ာင္းေတြက ၈၈ ေနာက္ ပိုင္း မၾကားရ ေတာ့။ေနာက္ ၁၀ တန္းေအာင္ၿပီး အလုပ္တစ္ဖက္ႏွင့္ တကၠသုိလ္ပညာဆည္းပူး လုိသူေတြအတြက္ လုပ္သားေကာလိပ္။

ဒီလုိဖြင့္ေပးတာေတြက ထုႏွင့္ထည္ႏွင့္ရွိေနသည့္ မိသားစု စား၀တ္ေနေရးႏွင့္ လူမႈေရး အ ေၾကာင္းအရာေတြေၾကာင့္ မူလတန္း၊ အလယ္တန္းအဆင့္မွာ တစ္၀က္တစ္ပ်က္ႏွင့္ ေက်ာင္း ထြက္ ခဲ့ရသည့္ ကေလးငယ္ေတြ၊ကေလးလုပ္သားေတြအတြက္ ဘာမွ အေထာက္ပ့ံ မျဖစ္ ျဖစ္ေနသည္။

လက္ရွိမွာေတာ့ ေက်ာင္္းျပင္ပ ပညာေရးစနစ္(Alternative Education)ဆုိသည့္ အဆုိပါစနစ္ကုိ ပညာေရး၀န္ႀကီးဌာနတစ္ခုတည္း လုပ္ေဆာင္ေနျခင္းမဟုတ္ဘဲ ပညာေရးအတြက္ လုပ္ေဆာင္ေပးေန သည့္ ျပည္တြင္းျပည္ပ အဖြဲ႔ အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ ရြက္ေနျခင္းကုိ ေတြေနရသည္။ထုိစနစ္က အေၾကာင္းအမ်ဳိးမ်ဳိး ေၾကာင့္ ပညာသင္ၾကားခြင့္ လုံး၀မရသူမ်ားႏွင့္ တစ္၀က္တစ္ပ်က္သာ သင္ၾကား ခြင့္ရသူမ်ားအတြက္ ေရရွည္တြင္ အေထာက္အကူျဖစ္လာမည့္ ပုံစံမ်ဳိးေတြ ႔ေန ရသည္။ဒါကလည္း တုိင္းျပည္အနာဂတ္ပညာေရးအတြက္ စိတ္ေအးစရာျဖစ္သည္။

မၾကာမီ ေက်ာင္းေတြ ျပန္ဖြင့္ေတာ့မည္။ယခင္က ဒီအခ်ိန္ ဆုိ ေက်ာင္းမအပ္ႏုိင္လုိ႔ ငါ့တပည္ေတြ လူစုံ တက္စုံ ျပန္ေတြ႕ ရပါ့မလား ဆုိတာကုိ ဆရာဆရာမေတြ ေတြးကာ စိတ္ပူခဲ့ရ သည္။ယခုမွာေတာ့ ဒီလုိအပူေတြ ဆရာဆရာမရင္မွာ ခ်ဳပ္ၿငိမ္းခဲ့ၿပီ။ မိဘေတြလည္း သားသမီး ပညာေရးအတြက္ စိတ္ပူပန္ရတာေတြ ေလ်ာ့နည္းခဲ့ရၿပီ လုိ ထင္သည္။

၂၀၁၆-၂၀၁၇ ပညာေရး၀န္ႀကီးဌာနကထုတ္ျပန္ခဲ့ေသာ အေျခခံ ပညာေက်ာင္းအပ္ႏွံ သည့္ စာရင္းဇယားအရ တစ္ႏိုင္ငံ လုံး တြင္ ေက်ာင္းတက္ သူဦးေရ ၉ ဒသမ ၀၈ သန္းရွိသည္ဟု သိရသည္။ ယခုေက်ာင္းဖြင့္ရာသီမွာေတာ့ လက္ရွိအစုိးရေထာက္ပံ့မႈႏွင့္ အခမဲ့ ပညာေရးစနစ္ေၾကာင့္ ထုိပမာဏ ထက္ ေတာ့ ေလ်ာ့သြားမည္ မဟုတ္ဘဲ ပုိ၍ သာ တုိးလာမည္ဟု ထင္သည္။

ပညာေရးဆုိသည္က ႏုိင္ငံတစ္ႏုိင္ငံအတြက္ ေသခ်ာေသာ ရင္းႏွီးျမဳပ္ႏွံမႈ ျဖစ္ပါသည္။

( unicode )

【 ဆောင်းပါး 】 " ကျောင်းဖွင့်ချိန် "
===============================================
မောင်ဦးလွင် (ပညာရေး)

ကျောင်းတွေ မကြာမီ ဖွင့်တော့မည် ဖြစ်သည်။ယခင်က ဇွန်လဆို တာ ကျောင်းသားရှိသည် အိမ်တွေ အတွက် စိတ်သောက ရောက်ရသည့် လဖြစ်သည်။ကျောင်းအပ်ရာတွင် ကုန်သည့် စရိတ်က သာမန်လက်လုပ် လက်စားမိဘတွေအတွက် အတော်ပင်ဝန်ပိသော ပမာဏ ဖြစ်သည်။ ယခုတော့ ဒါတွေက အိမ်မက်ပမာ ဖြစ်သွားပြီ။

ဟိုရက်ပိုင်းက မိခင်ပညာရေးဝန်ကြီးဌာနက ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်း အပ်နှံ ရေးဆိုင်ရာ အစီအစဉ်တွင် ပါဝင်သည့် တစ်နိုင်ငံလုံးအတွက် အခမဲ့ထောက်ပံမှုစာရင်း ပေါင်း ချုပ်ကို အစိုးရသတင်းစာထဲမှာ တွေ့လိုက်ရသည်။တွေ့တွေ့ချင်းနေကတော့ မဖတ်ဖြစ်။ဒီနေ့တော့ အလုပ်လည်းပါးသဖြင့် ယူဖတ်ကြည့်ရာမှ ဒီဆောင်းပါးရေးချင်စိတ်ဖြစ်လာခြင်းဖြစ်သည်။

ထိုအခမဲ့ထောက်ပံ့မှုစာရင်းထဲတွင် အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အ ထက်တန်း အဆင့် စသည့် အတန်း ၁၁ တန်းလုံး အတွက် ကျောင်းလခ၊မိဘဆရာအသင်းကြေး၊ အား ကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင်မည်သည့် အခကြေးငွေကိုမှ လုံးဝမကောက်ခံပါဟု ဖော်ပြထားသည််။

ပြီးတော့ ကျောင်းသားတွေအတွက် ပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ် ၊ကျောင်းဝတ်စုံဒါတွေကို အရေအတွက် အတိအကျနှင့်ထုတ်ပြန်ပေးထားပြီး မည်သည့်အတန်းက ဘာကို အခမဲ့ရမည်ကို အများသိအောင်ထုတ်ပြန် ထားသည်။

ဒါကိုကြည့်ပြီးတော့ အတွေးက အရင်တုန်းက ကျောင်းတက်ခဲ့ရသည့် အခြေအနေကို ပြန်တွေးမိသည်။ပြီးတော့မကြာခင် လေးငါးနှစ်ကာလတုန်း က အခြေအနေကိုလည်း ပြန်တွေးမိသည်။

ယခင်က ဒီအချိန်ဆိုလျှင် မိဘတွေ ရင်ပူရသည့်အချိန်ဖြစ် သည်။ကျောင််းအပ်ဖို့ တချို့မိဘတွေ စိတ်သောက ရောက်ရပြီ။ တချို့မိဘတွေ ဆို စားဖို့တောင် အနိုင်နိုင်ဖြစ်သဖြင့် ကျောင်းသား တစ် ယောက်စရိတ်ကိုပင် မတတ်နိုင်သဖြင့် ငယ်ငယ်ကတည်းက ကလေးတွေကို ကျောင်းမထားကြ တာရှိသည်။

ယခင်တုန်းက ကျောင်းဆရာ/ဆရာမတေအတွက် စိတ်အဆင်းရဲဆုံး အချိန်က မိဘတွေ ကျောင်းလာအပ်သည့် အချိန် ဖြစ်သည်။ ၁၉၈၀ ကျော်ကာလတွေ တုန်းက ကျောင်းသား တစ်ယောက် ကျောင်း အပ်ခက ငါးကျပ် တစ်ဆယ်မကျော်။ငါးကျပ်တစ်ဆယ်ဆိုလို့ သက်သာ လှချည်လားထင်မည်။ ထိုတုန်းက လူတစ်ယောက်လုပ်ခက တစ်နေ့ လုပ်ခက တစ်ကျပ်၊တစ်ကျပ်ခွဲ ။ဒီတော့ ထိုစဉ်က ကျောင်း အပ်သည့် စရိတ် က မရှိဘူးဆို လူတစ်ယောက် တစ်ပတ်လုပ်ခနီးပါးရှိသည်။

ထိုကာလတွေတုန်းက ယနေ့ခေတ်လို အလုပ်အကိုင် က ပေါများသည် မဟုတ်။ ပုဂ္ဂုလိက အလုပ် ဆိုလို စျေးရောင်းတာ၊ စွပ်ကျယ်စက်တွေမှာ စက်ချုပ်တာ၊လဘက်ရည်ဆိုင်ဖွင့်တာ ဒါလောက် သာရှိသည်။ အလုပ်အများစုကလည်း နေ့စား လရှင်းဆိုသည့် အလုပ်တွေက များသည်။ဒီတော့ ကျောင်းအပ်ချိန်ဆို အများစုဖြစ်သည့် လခစားတွေမှာလုံးလည်ချာလည်လိုက်ကာ ကျောင်းအပ်ဖို့အခက်တွေ့တာ က များသည်။

ဒီအချိန်ဆိုဆရာမတွေမှာ ကျောင်းအပ်လက်ခံသည့် နောက်ဆုံး
အချိန်ကို မကြာခဏ နောက်ဆုတ်ပေးရသည်။ တချို့လည်းလကျော် မှ ကျောင်းလာအပ် ရတာလည်းရှိသည်။ တချိုဆို့ နှစ် တစ်နှစ်ကို ပင်ကျော် လိုက်ရ တာတွေ လည်း ရှိသည်။ ဆရာဆရာမတွေ ခမျာ ဒီလိုဖြစ်နေ တာတွေ စောစောသိပါက ကျောင်းသား စာသင်နှစ် မနောက်ကျစေရန်
ကျောင်း စုထားပေးရတာ၊ တတ်နိုင်သည့် မိဘကို အကူအညီတောင်း ရတာတွေရှိသည်။ဒါက ယခင်က ဆရာ/ဆရာမတွေ ရဲ့ အဖြစ်ပင် ဖြစ် သည်။

ထိုစဉ်ကာလက ကျောင်းဝတ်စုံပြည်ဖြင့်မူလတန်း ကျောင်းသား
ကျောင်းသူများ ကို တွေ့ ရနိုင် သည့်ကျောင်းတွေက အလယ်တန်း၊ အထက်တန်းနှင့်တွဲထားသည့် မူလတန်းရှိသည့် ကျောင်းတွေ သာဖြစ် သည်။ ထိုကျောင်းများတွင်သာ မူလတန်းကလေးငယ်များကို ကျောင်းဝတ်စုံ အဖြူအစိမ်းဖြင့် တွေ့ရနိုင်ပြီး မူလတန်း သီးသန့်ကျောင်း များတွင် ကျောင်း စိမ်းအစား အိမ်နေရင်းဝတ်စုံအနွမ်းလေးသာ ဝတ် ဆင်လာသည့် ကလေးငယ်များကိုတွေ့ရ မည်ဖြစ်သည်။ဒီလိုအဝတ်အစားချို့တဲ့သည့် အချိန် တွေက များမကြာသေးသည့် အချိန်ထိရှိနေဆဲ ဖြစ်သည်။ ယခုတစ်နှစ် နှစ်နှစ်အတွင်းမှ သာတွေ့ ရ နည်းသော်လည်း တချို့နေ ရာတွေ မှာ ယခုထိရှိနေဆဲ ဖြစ်သည်။

မူလတန်းဆရာလုပ်ခဲ့သည့် ကျွန်တော်အဖို့ အလုပ်စဝင် ကာစအချိန် က ဖြစ်ရပ်တစ်ခုကို သတိရမိသည်။ကိုယ်တိုင်က ကျောင််းဆရာ စလုပ် ကာစဖြစ်သဖြင့် ကလေးတွေကို ဘယ်လိုတတ် အောင်သင်မည် ဘယ်လိုအကျင့်စာရိတ္တကောင်းအောင်သင်မည်ဟု အားခဲထား ခဲ့သော် လည်း ကျောင်းအရောက်တွင် ရွာထဲ အလှူရှိသဖြင့် တစ်ကျောင်း လုံး ကျောင်းသားတွေ တစ်ယောက်မှ မလာသည့် အဖြစ်တွေလည်း ကြုံရဖူးသည်။

ကျောင်းဝတ်စုံ အဖြူနှင့် အစိမ်းဝတ်မလာပါက ကျောင်းမလာရဟု စည်းကမ်းထုတ်လိုက်မိ သဖြင့် နောက်တစ်နေ့ ကျောင်းထဲမှာ ကျီးနှင့် ဖုတ်ဖုတ် ဖြစ်သွားသဖြင့် စည်းကမ်းချက်ကို ပြန်ရုတ် သိမ်းလိုက်ရတာတွေ လည်းရှိခဲ့ဖူးသည်။စာသင်ရင်း ဗလာစာအုပ်စာမျက်နှာ ကုန်သွား လို့ ဘေးက အတူစာသင်နေဆီက စာရွတ်ထဖြဲလို့ ကလေးတွေ ရန်ဖြစ်တာ ကို ရှင်းပေးရတာတွေလည်းရှိ သည်။ ယခု ဒါတွေကို ပြောပြလျှင် လက်ရှိ မူလတန်းပြ ဆရာဆရာမလေးတွေ ယုံကော ယုံပါ့မလား ဟု တွေးမိသည်။ ဒါတွေက ယခုတော့ အပိုပြောတာတွေ ဖြစ်နေလိမ့်မည်။

ထိုခေတ်ထိုအခါက ပညာရေးကိုိဖြောင့်ဖြောင့်တန်းတန်း သင်ရ သည့် ကျောင်းသား ဆိုတာ ရှားသည်။အထွေထွေ ကျပ်တည်းမှု ကြားထဲကနေ မိဘတွေမှာ ဒုက္ခခံကာ ကျောင်းထားကျ၊ဒီကြားထဲ အခက်အခဲပေါ်လာပြီဆိုရင် ကျောင်းထုတ်ကာ လုပ်ငန်းခွင်ထဲ ထည့်ကာ မိသားစုစားဝတ်နေရေးကို ဝင်ကူရသည့် အဖြစ်တွေက ဘာမှ မထူးဆန်းသည့် ပညာရေးနိဋ္ဌိတံ ဇာတ်လမ်းတွေ ဖြစ်သည်။ဒီလို အတန်းပညာရေး တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းပြင်ပရောက်သူတွေက ဒုနဲ့ဒေး။

NLDအစိုးရတက်လာပြီးနောက်ပိုင်း ထူးခြားသည့် အပြောင်းအလဲက ပညာရေးလို့ ကျွန်တော် ထင်သည်။ ယခုနှစ်ပညာရေးကဏ္ဍအတွက် လျာထားသတ်မှတ်ပေးခဲ့သည့် ဘတ်ဂျက်ပမာဏမှာ ၁၉၆၂ နောက်ပိုင်း တွင် အမြင်ဆုံးဟု ကျွန်တော်ထင်သည်။ထိုပမာဏကနေ အစောပိုင်းက ကျွန်တော်ပြောခဲ့ သည့် အခမဲ့ ထောက်ပံ့မှုတွေ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထိုသိုသော ထောက်ပံ့မှုတွေ ကျွန်တော်မူလတန်းသင်နေသည့် အချိန်ကသာရခဲ့မည်ဆိုလျှင် ဘယ်လောက်ကောင်းမလဲဟု စိတ်ထဲက ခဏခဏတွေးမိသည်။ဒီလောက်ပမာဏက ပညာရေး အကြောင်း ထဲထဲဝင်ဝင်မသိသူအတွက် မဖြစ်စလောက်ထင်မှတ်နိုင်သော်လည်း နယ်စွန်နယ်ဖျား မဖွံဖြိုးသည့်ဒေသ ၊ပညာရေးကို အားမပေးသည့် ဆင်းရဲချို့တဲ့မှု များသည့် နေရာဒေသများတွင် ကလေးတွေ ပညာသင်ကြားရေးအတွက် ကြီးမားသည့် အထောက်အပ့ံဖြစ်သည်။

ဒါတွေက ဘတ်ဂျက်ကနေ ဆင်းသက်ဖြစ်ထွန်းလာမှု။ နောက်တစ်ခု က အတန်းပညာမဆုံးခင် ကျောင်းထွက်ခဲ့ရသူများအတွက် ယခု NLD အစိုးရလက်ထက်မှာ စတင်လုပ်လာ တဲ့ ကျောင််းပြင်ပ ပညာရေး စနစ်(Alternative Education)။ဒီစနစ်က အရင်က ရှိခဲ့သော်လည်း ၈တန်း၊ ၉တန်း၊၁၀ တန်း စသည့် အထက်တန်းအဆင့်တွေ အတွက် ပြင်ပ မှ ဖြေဆိုခွင့်ပေးခြင်း ဖြစ် သည်။ ဒီအတွက် လူငယ်ရေး ရာ ညကျောင်း ဆိုပြီး အစိုးရက ဖွင့်ပေးခဲ့သည်။ဒီသင်တန်းကျောင်းတွေက ၈၈ နောက် ပိုင်း မကြားရ တော့။နောက် ၁၀ တန်းအောင်ပြီး အလုပ်တစ်ဖက်နှင့် တက္ကသိုလ်ပညာဆည်းပူး လိုသူတွေအတွက် လုပ်သားကောလိပ်။

ဒီလိုဖွင့်ပေးတာတွေက ထုနှင့်ထည်နှင့်ရှိနေသည့် မိသားစု စားဝတ်နေရေးနှင့် လူမှုရေး အ ကြောင်းအရာတွေကြောင့် မူလတန်း၊ အလယ်တန်းအဆင့်မှာ တစ်ဝက်တစ်ပျက်နှင့် ကျောင်း ထွက် ခဲ့ရသည့် ကလေးငယ်တွေ၊ကလေးလုပ်သားတွေအတွက် ဘာမှ အထောက်ပ့ံ မဖြစ် ဖြစ်နေသည်။

လက်ရှိမှာတော့ ကျောင််းပြင်ပ ပညာရေးစနစ်(Alternative Education)ဆိုသည့် အဆိုပါစနစ်ကို ပညာရေးဝန်ကြီးဌာနတစ်ခုတည်း လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ပညာရေးအတွက် လုပ်ဆောင်ပေးနေ သည့် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေခြင်းကို တွေနေရသည်။ထိုစနစ်က အကြောင်းအမျိုးမျိုး ကြောင့် ပညာသင်ကြားခွင့် လုံးဝမရသူများနှင့် တစ်ဝက်တစ်ပျက်သာ သင်ကြား ခွင့်ရသူများအတွက် ရေရှည်တွင် အထောက်အကူဖြစ်လာမည့် ပုံစံမျိုးတွေ ့နေ ရသည်။ဒါကလည်း တိုင်းပြည်အနာဂတ်ပညာရေးအတွက် စိတ်အေးစရာဖြစ်သည်။

မကြာမီ ကျောင်းတွေ ပြန်ဖွင့်တော့မည်။ယခင်က ဒီအချိန် ဆို ကျောင်းမအပ်နိုင်လို့ ငါ့တပည်တွေ လူစုံ တက်စုံ ပြန်တွေ့ ရပါ့မလား ဆိုတာကို ဆရာဆရာမတွေ တွေးကာ စိတ်ပူခဲ့ရ သည်။ယခုမှာတော့ ဒီလိုအပူတွေ ဆရာဆရာမရင်မှာ ချုပ်ငြိမ်းခဲ့ပြီ။ မိဘတွေလည်း သားသမီး ပညာရေးအတွက် စိတ်ပူပန်ရတာတွေ လျော့နည်းခဲ့ရပြီ လို ထင်သည်။

၂၀၁၆-၂၀၁၇ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော အခြေခံ ပညာကျောင်းအပ်နှံ သည့် စာရင်းဇယားအရ တစ်နိုင်ငံ လုံး တွင် ကျောင်းတက် သူဦးရေ ၉ ဒသမ ၀၈ သန်းရှိသည်ဟု သိရသည်။ ယခုကျောင်းဖွင့်ရာသီမှာတော့ လက်ရှိအစိုးရထောက်ပံ့မှုနှင့် အခမဲ့ ပညာရေးစနစ်ကြောင့် ထိုပမာဏ ထက် တော့ လျော့သွားမည် မဟုတ်ဘဲ ပို၍ သာ တိုးလာမည်ဟု ထင်သည်။

ပညာရေးဆိုသည်က နိုင်ငံတစ်နိုင်ငံအတွက် သေချာသော ရင်းနှီးမြုပ်နှံမှု ဖြစ်ပါသည်။

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။