Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 26, 2017

ဂျပန်မှာကလေးတွေ ကျောင်းသွားတာ နမူနာ လေးပါ

ဂျပန်မှာကလေးတွေ ကျောင်းသွားတာ နမူနာ လေးပါ ကျောင်းကို ကိုယ့်ရပ်ကွက် က ကျောင်း မှာပဲ အပ်လို့ ရပါတယ် ရပ်ကွက်ကျော် အပ်လို့မရပါ ကျွန်မတို့နေတဲ့ ITABASHI ဆို ရင်အပ်လို့ ရတာ မူလတန်း ၃ကျောင်းရှိတယ် အဲဒီ ကျောင်း ၃ကျောင်းထဲကမှ တစ်ကျောင်းကိုအပ်လို့ ရပါတယ် ကျောင်းကို အပ်ဖို့ စီမံခန့်ခွဲတာ က ဘယ်အိမ်မှာနေတဲ့ ဘယ်ကလေးက ဘယ် နှစ်မှာကျောင်းတတ်ရမယ် လို့  တတ်လို့ကျောင်း လိပ်စာ နဲ့ တစ်ကွ ရပ်ကွက်ရုံးကစာလာပါတယ် ကိုယ်က အဲဒီထဲကမှ ကိုယ် အဆင်ပြေမဲ့ ကျောင်းကိုရွေးပီးကျောင်းကိုသတင်းပို့ ရပါတယ်

အများစုရွေးတာက အိမ်နဲ့နီးမဲ့ကျောင်းပါ ရပ်ကွက်မှာနေတဲ့လူ ဦးရေနဲ့ ကျောင်းအရေအတွက် က သူတို့ က လုံလောက်အောင် တွက်ချက်ထားတာပါ

ကျောင်း ဆင်း ကျောင်းတတ်ချိန်ကျောင်းအနီးနားကို ကားလဲ လာ လို့ မရပါ ကြိုပို့ လုပ်လို့မရပါ ဒါကြောင့် အဝေးမှာမထားကြတာပါ ..

မြို့သစ် အိမ်ယာသစ် တည်ဆောက်တိုင်း ပါတာက ကျောင်း ဆေးခန်း လုံလောက်တဲ့ အကျယ်အ၀န်း နဲ့ ၄ ထပ် ၅ ထပ်ရှိတဲ့ ကားပါကင်နဲ့ ပန်းခြံ ကစားကွင်း ပါ မဖြစ်မနေပါပါတယ်

မြန်မာပြည်မှာလို မြို့စွန်တွေမှာ အိမ်ရာစီမံကိန်း အကြီးကြီးတွေ လုပ်ပေးပီး အဲဒီမှာနေတဲ့ မိသားစုမှာပါလာမဲ့ တိုးလာမဲ့ကလေးငယ်များအတွက် ကို စာသင်ကျောင်း မပါ ဆေးခန်းမပါ တော့ တာဝန်ရှိသူများ ကလေးပညာရေးကို မစဉ်းစားပေးတာ သိပ်သိသာပါတယ် လူကြားအောင် ပညာရေးဘာညာ တာဝန်ရှိသူ သြော်နေတာပါ (ဒါက စကားစပ်ပါ)

သူတို့ နိုင်ငံမှာ မွေးလာတဲ့ ကလေးတိုင်း ဘာလူမျိုးဘာဘာသာ ဖြစ်ဖြစ် အရွယ်ရောက်လာလို့ နိုင်ငံတွင်းမှာရှိနေရင် ကျောင်း အပ်ရမဲ့နေ့ကို ချက်ချင်းသိပါတယ် အစိုးရကျောင်း မအပ်ချင်လို့ ပုဂလိကကျောင်းအပ်ရင် လဲ private ကျောင်းက နိင်ငံတော်ကို အကြောင်းကြား ပေးရပါတယ်

မအပ်ဖြစ် ကျောင်းမထားဖြစ်ရင် မြို့ နယ်က ချက်ချင်းရောက်လာပီး ဘာအခက်အခဲရှီလဲ ကူ ညီဖို့ ချက်ချင်းရောက် လာတာပါ ဒီလောက် ပညာရေးကို အားပေးပါတယ် အစိုးရကျောင်းကြိုက်တဲ့ျေကျာင်းကိုထား သင်္ခန်းစာ က ဟို တော ရေပါတ်လည်ဝိုင်းနေတဲ့ကျွန်းက စာသင်ကျောင်းက ဒီနေ့ သင်တနဲ့သင်ခန်းစာက မြို့ပေါ် အတန်းတူ ကျောင်းအားလုံး သင်ခန်းစာနဲ့အတူတူပါ ပဲ ဘာမှမကွဲပါ

ဘယ်ကလေးက ဘယ်ဘာသာ ညံ့တယ် ဆိုတာ ဆရာမများကသိပါတယ် ချက်ချင်းအစားထိုးသင်ပေးထားပိးသားပါ အတန်းတင် စာမေးပွဲဆိုတာ မရှိပါ အတန်းကြီးလာရင် တော့ အရည်အချင်း စစ် စာမေးပွဲရှိပေမဲ့ ကျလို့ နောက်တစ်နှစ် ဒီအတန်းတတ်ရတယ် ဆိုတာ လုံးဝမရှိသလောက်ပါပဲ မိဘများ ခရီးသွားရလို့  ကျောင်းချိန်မမှန်ဖြစ်လို့ စာမမှီလို့  မဖြစ် မနေ ဒီအတန်း ပြန်နေရတာတော့ရှိပေမဲ့ အလွန်နဲပါတယ်

ကျောင်းမှာသင်တာက အစုအဖွဲ့  နဲ့ ခေါင်းစဉ်လေးတွေ ချပေးပီး အုပ်စုလိုက်ဆွေးနွေးပွဲလေးတွေ ကိုယ်တစ်နေ့တာ လုပ်ငန်းလေးတွေ ပြင်ပလေ့လာရေး မှတ်ချက် လေးတွေ ကို Report လို လေး ပြန်ရေးခိုင်းတာ မျိုးတွေ ကိုယ်စိုက်ထားတဲ့ပန်းပင် ရဲ့ အခြေအနေလေးတွေကို ပြန်ရေးခိုင်း
တာမျိုးလေးတွေပါ

အဲဒီမှာ ဂီတ ပါမယ် အားကစားပါမယ် ပန်းချီပါမယ် ၂ တန်းကစပီးကွန်ပြူတာ အခြေခံပါမယ်

အဲဒါလေးတွေကို ညှပ်ညှပ်ပီးမှ ဂျပန်စာနဲ့ သချာင်္ကို သင်ပေးလိုက်တာပါ ၄ တန်းလောက်ထိ ဒါပါပဲ အတန်းတင် စာမေးပွဲမရှိပါ

ဟိုကလေးသင်္ချာညံ့ တယ် လို့  စာညံ့တယ် ဆိုတာ မရှိပါ အလီ ကိုမဖြစ်မနေ ၃ တန်းမှာမှသင်ပါတယ် ကျောင်းအုပ်ဆရာကြီးဆီကို ၃ တန်းကလေး ၁၀၀ ကျော်လောက်က တစ်ယောက်ချင်းစီတန်းစီပီး ဆိုပြရတာပါ

နောက် ကျောင်းမှာ အုပ်စုဖွဲ့ပီးခေါင်းစဉ်လေးတွေကို ဆွေးနွေးခိုင်းတာပါ တစ်လတစ်ကြိမ် စနေ မှာ မိဘတွေက ကျောင်းမှာကလေးတွေကို စာသင်တာကို နောက်က နေရပ်ကြည့်ဖို့ မိဘတွေကိုခေါ်ပါတယ် ၀င်စွတ်ဖတ်တာမရျိပါ ဟိုလိုဖြေလိုက်လို့ ဒီလို ဖြေလို က်ပြောလို့ မရပါ ပြောဖို့ လဲမလိုပါ သူတို့ ဟာသူတို့ စီစဉ်သွားတာပါ အုပ်စု ဖွဲ ၅ ယောက်တစ်ဖွဲဆို ခုံနီးချင်း အုပ်စုလေး ၅ ခုံ စီဖွဲ့သွားပါတယ် တစ်ယောက်ပို တစ်ယောက်လိုဆိုလဲ သူတို့ ချင်း ပဲ ညှိသွားပါတယ် အမြဲ တန်း ဒီလူ ချည်းပဲ အုပ်စုဖွဲ့လို့ မရပါ ခုံ အရှေ့အနောက်ကို တစ်ရက်ချင်းစီတိုးတိုး ပီးထိုင်ရတာပါ

နီးစပ်ရာသူတို့ ဘာသာ အုပ်စုလေးဖွဲပါတယ် ခေါင်းစဉ်လေးကလဲ ဆရာက စဉ်းစားပေးတာ မနေ့ က ကျောင်းအ၀မှာ အမှိုက် တွေ့  တယ် အဲဒီအမှီုက်ကြောင့် စိတ်ထဲဘယ်လိုခံစားရလဲ ဘာတွေ လုပ်သင့်လဲ အဲဒီ အမှိုက်ပြစ်တဲ့သူက မပြစ်ရတဲ့နေရာမှာ ဘာကြောင့် ပြစ်တယ်ထင်လဲ ဘယ်လို အရေးယူသင့်သလဲ နောက်မပြစ်အောင် ဘယ်လို လုပ်ရမလဲ ဒါမျိုး လေး တွေ ပါပါတယ် အရေးယူ အပြစ် ချည်းပဲ ပြောလို့ ဆွေးနွေးလို့ မရအောင် ဆရာက ပြန်ထိမ်းညှိပေးပါတယ် သူ ပြစ်ရတဲ့ အကြောင်း အခက်အခဲ လဲရှိနိုင်ကြောင်းလေးကို အဖွဲ့ တစ်ခုချင်းစီ ကို အရင်ဆွေးနွေးခိုင်းပီးရင် ခေါင်းစဉ် ဂိုက်လိုင်းတစ်ခုကို တစ်ခုချင်း စီ သူ့ အမြင် ကိုယ့်အမြင် ဆွေးနွေးခိုင်းတာပါ

တစ်ဦးတည်း တတ်ပီးတစ်ဦးတည်းတော်နေရင် လဲ လက်မခံပါ ကိုယ့်အုပ်စုက ကိုယ်လို မစဉ်းစားတတ်တဲ့ သူ ကို ပါ ကိုယ်ဘာကြောင့် ဒီလို စဉ်းစားတာ ဒီလို စဉ်းစားကြည့်ဆိုတာကို အချင်းချင်း ညှိခိုင်းတာပါ အဲဒီသင်ခန်းစာ လေးက သူတို့ ဆီမှာအုပ်စု တွေ အဖွဲ တွေ့များပေမဲ့ပြိုကွဲတာ သိပ် မရျီပါ

မြန်မာက ၃ ယောက်ရှိရင် ၄ဖွဲ့ ကွဲတယ် ဆိုတာ အပြောခံရတာ စာသင်ကျောင်းက ဒါမျိုးမသင်ပေးလိုက်လို့ ပါ

ငယ်စဉ်ကတဲက သူ့အမြင် ကိုယ့်အမြင်ကို ခံစားတတ်အောင် အရာရာကို အပြစ်ချည်းပဲ မမြင် ကြအောင် မသင်ပေးခဲ့လို့ ပါ ထစ်ခနဲ၇ှီမိဘ မကောင်းလို့ ဆိုတာချည်းပဲ ပြောကြပါတယ် မိဘဆီက ပါလာတာ က စရိုက် နဲ့ ဗီဇပဲ ပါနိုင်မှာပါ ဒါကို အများနဲ့ဆက်ဆံရရင် နေနည်းထိုင် နည်း က အများ နဲ့ တူတူ နေတတ်ဖို့ ကျောင်းကသင်ဖို့ လိုပါတယ် ဒါကကျောင်းက သင်ပေးရမဲ့ သင်ခန်းစာပါ...

အများစုက ကျောင်းဆိုတာ စာပဲသင်ရမယ် ထင်နေတာပါ စာတွေ အလွတ်ကျတ် အလွတ်ဖြေအမှတ်ကောင်း နံပါတ် ၁ သူများထက်သာ တွေကို သင်ပေးလိုက်တဲ့ကလေးက သူများကိုကိုယ်ချင်းစာတတ်ဖို့ သူများ အတွေးကို ပါ ခံစားပေးဖို့  အမှိုက်မြင်တာနဲ့အမှိုက်ပြစ်တဲကော့င်စည်းကမ်းမရှိဘူးဆိုပီး တွေးမဲ့အစား အခြေအမြစ်ကျကျ စဉ်းစားတတ်အောင် အမှိုက်သွားပြစ်နေရင်း နဲ့ ရုတ်တရက် မူးလဲပီး အရေးပေါ် အခြေအနေ တစ်ခုခုကြောင့်လား မျိုးလေးပါ စဉ်းစားခိုင်းတာ ဒါကို ဘေးကဒီအမှိုက်ကို မြင်တဲ့အချိန် မှာ ဘာမှမလုပ်ကြဘူးလား ဆို တာ မိဘမအားလို့ ကလေးကိုပြစ်ခိုင်း လိုက်တာမှာ ကလေးက နေရာမှားပြစ် သလား မျိုါ်လေးကို ဆွေးနွေးပိး သင်တာပါ စာတစ်ပုတ်ကို အလွတ် ကျတ်ခိုင်း တာထက်များစွာတန်ဖိုးရှိတဲ့သင်ခန်းစာများပါ ...ဒါကျွန်မဥပမာပေးတာပါ

အဲဒီ သင်ခန်းစာဆွေးနွေးနေတုံးမှာ ကလေးတစ်ဦးက ဆရာကိုမေးလိုက်တဲ့မေးခွန်းလေး အရမ်းသဘောကျတယ် သူများမမြင် မစဉ်းစားတာ စဉ်းစားလိုက်ပုံလေး

ဆရာဒီအမှိုက်ကို မြင်သလား တဲ့ ဆရာကမြင်တယ် မြင်လို့ ဒီမေးခွန်းကို မေးတာ လို့ ပြောတယ် သူငယ်ချင်းလို ဆွေးနွေးတာ
ကလေးကထပ်မေးတယ် ပြစ် တဲ့သူကို တွေ့လိုက်သလားတဲ့
ဆရာက မတွေ့ ဘူးတဲ့

ကလေးက ထပ်ပြောတယ် ဆရာ အဲဒီအမှိုက်ကို ဘာလုပ်ခဲ့သလဲတဲ့
ဆရာက လက်ခုပ်တီးပီး ကလေးပါတဲ့ အဲဒီအုပ်စုကို ချီးကျူးတယ် ကလေးတစ်ယောက်ထဲကို မချီးမွှန်းပါ

သူလုပ်ခဲ့တဲ့အကြောင်းကို ကလေးအားလုံးကိုပြန်ရှင်းပြတယ်

အဲဒီလို အုပ်စု အဖွဲ့လေး နဲ့ လုပ်တတ် စဉ်းစားတတ်အောင်သင်သလို တစ်ဦး ချင်း အတွက်လဲ သင်ပါတယ်
ပန်းပင်လေးစိုက်ထားရင် တစ်ဦးချင်စီ ကိုယ်အပင် ဖြစ်လာတာကို အသေးစိတ် ပုံလေးပါဆွဲပီး သူတို့ အမြင် အဖြစ်အပျက် လေးတွေ ကို စာရေးခိုင်းပါတယ်

အိမ်မှာပိတ်ရက်မှာ လုပ်ခဲ့တာလေး ကို လဲ ဟောပြောပွဲမှာ ဟောပြောရသလို အတန်းရှေ့ ထွက်တစ်ဦးစီ အကုန် လုံး အချိန်သတ် မှတ်ပေးပီးပြောချိုင်း တာလေး စကားပြောဖို့ ရှေ့ထွက်လာရင် လူတွေကို အရိုအသေးပေးရမှာ ကျေးဇူးတင်ပါတယ် ပြောရမှာ စသည်ဖြင့် အသေးစိတ် ပါသင်လိုက်တာပါ

ကလေးက ငယ်ကတဲ က လူရာဝင်နေပါပီ

အုပ်စုလိုက်ကို လဲ အလှည့်ကျခေါင်းဆောင်လေးလုပ်ခိုင်းပါတယ် စိုက်ခင်းလေးတစ်ဖွဲ့ ဖွဲ့ပေးတာမျိုး လုပ်ပီး ခေါင်းဆောင် အလှည့်ကျ လုပ်ခိုင်းတာ ခေါင်းဆောင်ခိုင်းတာကို နောက် လိုက် အလှည့်ကျ သူက လိုက်နာ ခိုင်းတာမျိုးလေးတွေပါ

ကျောင်းဆိုတာ စာသင်တာ တစ်ခုတည်းမဟုတ်ပါကြောင်း နဲ့ ထစ်ခနဲရှိ ဆရာ ၀န် ဖြစ် ဖို့ တစ်ခုတည်း ကျောင်း ပို့ တာမဟုတ် ကြောင်း ကို မိဘကော ဆရာကော တာဝန်ရှိသူများကော သိဖို့ လိုပါတယ်

နောက် ကျောင်းအကျယ် အ၀န်းပါ ကျွန်းနိုင်ငံမြေရှားတဲ့ နိုင်ငံမှျာေကာင်း အကျယ် က ကစားကွင်း မိုးလုံလေလုံ အစည်းအဝေးခန်းမစသည်ဖြင့်အကုန်ပါပါတယ် လုံလောက်ပါတယ်

မြန်မာပြည်မှာ ကျောင်းတွေက မူလကကျယ်ပါတယ် နောက်တော့ ကျောင်းမြေတွေ ပျောက်ကုန်ပါတယ် ဘေး အိမ်နဲ့ကပ်နေတဲ့ကျောင်းတွေလဲ များစွာရှိပါတယ် မီးရေးထင်းရေး သိပ်အန္တရယ်များပါတယ် ထွက်ပေါက် လုံလုံလောက်လောက်မရှိ ကျောင်းရှေ့ မှာ ကား လမ်းမကြီး နဲ့ကျောင်းတွေ အခု ပုဂလိကကျောင်းတွေ ဆို အခန်းကျဉ်းလေးတွေ မှာ ကိုယ်ပိုင်ကျောင်း လုပ် သင်နေတယ် အလင်းရောင်လုံလုံလောက်လောက်မရှီ ဒါတွေစီ စစ်ရမှာပါ အောင် ချက် ကောင်းရင် အမှတ်အများကြီးရတဲ့ကျောင်းသား မွေးထုတ်နိုင်တယ် ဆိုတာကိုဂုဏ်ယူနေတဲ့ပညာရေးစနစ် က တကိုယ်ကောင်း စိတ် တွေ မွေးထုတ်နေ တာပါပဲ

နောက်ကျောင်းလွှတ် ချိန် ပါ မြန်မာပြည် မှာ ကျောင်း ဆင်းခေါင်းလောင်း နဲ့ အကုန် အတန်းအားလုံးတစ်ပြိုင်တည်းဆင်းပါ

ဒီမှာကတော့ အတန်းခွဲလွှတ်ပါတယ် တစ်တန်းနဲ့တစ်တန်း ၁၀ မိနစ်စီခြားလိုက်တာပါ ၁ တန်းကလေးတွေဆိုရင် တော့ အတန်းကြီးနဲ့ တစ်နာရီစော ကျောင်းဆင်းပေးပီး တစ်တန်းနဲ့တစ်တန်းကို ၁၀ မိန်စ်လောက်စီ ခြားလိုက်တာပါ အဲဒီတော့အ၀မှာလူမပြုတော့ဘူး မိဘတွေ လဲ ပြွတ်မနေတော့ဘူး

ပညာရေးပြောင်းမယ် ဆိုလို့ ပြောသံသိပ်ကြားလာပီး ခုထိတော့ သိပ်မ ထူးခြား မို့  ရေးလိုက်ပါတယ်

ကွှန်မမှာသမီးတွေရှိတယ် သူတို့ အနာဂါတ်က သူတို့ ကို ကျောင်းမှာ ဘယ်လို ပညာသင်ပေးလိုက်မှာလဲ ပေါ်မူတည်တယ် လို့ ပဲ ကျွန်မခံယူထားပါတယ် ဒါကြောင့် ကျွန်မနားလည်သလို ခံစား ရေးပေးလိုက်ပါတယ်

စာတွေ အလွတ် ကျတ်ပီးဂျောင်းဂျောင်းပြေး ပြန်ဆိုပြနိင်တာ ကို စာတော်တယ် ဆို တာ ဟုတ်ချင်ဟုတ်ပေမဲ့ လူတော် တာ ညဏ် ရည်ထက်မြတ်တာ စိတ်နှလုံး ရည် ပြည့်ဝတာ လောကမှာ ကိုယ်တစ်ဦးတည်း ထိပ်ရောက်အောင် ဖြတ်သန်း ပီး ကိုယ်လို ထိပ်မရောက်လာသူ အကြောင်းကြောင်းကြောင့် အခက်အခဲဖြစ်ခဲ့သူကို ကိုယ်ချင်းစာတရားမထား နိုင်ပဲ နိင်လို မင်းထက်ပြု ပီး ငါ့လို မှမင်းမလုပ်ခဲ့တာ ဆိုပီးနိမ့်နိမ့်ကျကျ ဆက်ဆံ မဲ့ ဘွဲ့ရ စာ တတ် ပညာမတတ် တစ်ကိုယ်ကောင်း ငါသိငါတတ်ငါတော် လို့ ထင်နေစေတဲ့ သူ တွေ မွေးထုတ် ပေးရာမျိုး ကျောင်း များ ကို ပြောင်းလဲစေချင်လိုက်တာ

Credit: Yuri Ko

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။