Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 20, 2017

"မိဂွမ်း ... ဘာလုပ်နေလဲ"

"မိဂွမ်း ... ဘာလုပ်နေလဲ"

"ရှင် ... ကြမ်းတိုက်နေတာ မေမေကြီး၊ .. ပြီးတော့မယ်"

"အေး .. မြန်မြန်လုပ်၊ .. အလုပ်လုပ်တုန်း ဖုန်းမကိုင်ဖို့ ငါဘယ်နှခါပြောရမလဲ၊ ... စကားနားမထောင်ရင် နင်ရွာပြန်တော့"

အိမ်ရှင်ဘယ်လောက်ပြောပြော မိဂွမ်းတို့က ဒီဖုန်းကို လက်ထဲကမချ၊
အလုပ်ဖြုတ်ချင်လည်းဖြုတ်၊ ဒီအိမ်က ဆက်မထားလည်း နောက်တစ်အိမ်ရှာမယ်ပေါ့။

အခုတောင် ကြမ်းတိုက်ဝတ်လေး ပစ်ချပြီး selfie လေး ဆွဲလိုက်သေး။ တစ်ပုံတည်းမဟုတ် ဆက်တိုက်ကိုရိုက်တာ၊ ပုံတွေမှတထောကြီး။ အလုပ်ကလေးအားတာနဲ့ သူ့အခန်းလေးထဲပြေး၊ ဖုန်းထဲက application တွေနဲ့ သူရိုက်ထားတဲ့ပုံတွေကို edit လုပ်၊ edit လုပ်တာမှ တော်ရုံလုပ်တာမဟုတ်ဘူး၊ application တစ်ခုနဲ့လုပ်ပြီး ထွက်လာတဲ့ပုံကို နောက် application တစ်ခုနဲ့ ထပ် edit တာ၊ သူ့ဖုန်းလေးထဲမှာ ဓာတ်ပုံနဲ့ ပတ်သတ်တဲ့ application အစုံရှိတယ်၊ Photo Wonder တို့ Camera 360 တို့ကအစ Cymera အထိ အကုန်ရှိတယ်။ ပြင်တယ်ဆိုတာ အလကားမဟုတ်ဘူး။ Facebook မှာ တင်တာ၊ လူကသာအိမ်ဖော် Facebook မှာက Cele ဆိုလားပဲ၊ Facebook မှာကလည်း ဖွန်ကြောင်တဲ့ကောင်အများသားဆိုတော့ သူ့ပုံအောက်မှာ add me sis ဆိုတာချည်း။

မိဂွမ်းက ဓာတ်ပုံရိုက်ရင် ပါးဖောင်းပြီးရိုက်တယ်၊ ဒါကလည်း အကြောင်းရှိတယ် သူက သွားအတော်ခေါတာ၊ ပါးဖောင်းထားတော့ မသိသာတော့ဘူးပေါ့။ ခေါင်းလေးစောင်း ပါးလေးဖောင်း လက်ကလေး ၂ချောင်းထောင်။ လက် ၂ ချောင်းထောင်တာက စတိုင်ပေါ့၊ ဒါပေမယ့် မိဂွမ်းက တကူးတကလုပ်စရာမလိုဘူး။

မိဂွမ်းငယ်ငယ်က မီးလှုံရင်း ဝက်ရူးထပြန်တော့ တက်ပြီး မီးပုံထဲလဲဖူးတယ်။ အဲဒီတတည်းက လက်တစ်ဖက်မီးလောင်ပြီး အကြောသေသလိုဖြစ်နေတာ၊ လက် ၃ ချောင်းက သေချာဆန့်လို့မရဘူး။ အခုကျကွက်တိပေါ့။ မ cute cute အောင် ဇွတ်ရော အတင်းရော cute ပြီး application တွေနဲ့ ပြင်လိုက်တော့ အလန်းပေါ့၊ တခါတလေဆို သူ့ပုံတောင်သူမှတ်မိတာမဟုတ်ဘူးရယ်။ လူပုံချည်းတင်တယ်မထင်နဲ့ အိမ်ရှင်တွေစားတဲ့ ထမင်းဝိုင်းတွေ ကော်ဖီဝိုင်းတွေကို ခိုးရိုက်ထားပြီးတင်သေးတာ။ စာသားလေးက ထုံးစံအတိုင်းပေါ့ "ခေးနဲ့ဘယ်သူလာစားမလဲ မန့်ခဲ့လေ" ဆိုတာမျိုးပေါ့။

တခါတခါ သူဌေးမိသားစု အပြင်သွားမယ်ကြားလို့ကတော့ မိဂွမ်းတို့က အထုတ်ဆွဲပြီး အပေါက်ဝမှာစောင့်တာ၊ ခေါ်များခေါ်သွားမလားပေါ့။ အပြင်သွားမှ Check In လုပ်လို့ရမှာကိုး။ သူဌေးမိသားစု ဈေးဝယ်တုန်းသူက ခြင်းဆွဲပြီးလိုက်၊ အိမ်သာနားရောက်ရင် ခွင့်တောင်းပြီး အိမ်သာဝင်၊ အထဲရောက်ရင် ဖုန်းလေးထုတ်ပြီး shopping at Myanmar plaza ဘာညာ။

အိမ်စောင့်ကျန်ခဲ့လည်း သိပ်တော့ပြဿနာမရှိ၊ သူဌေးသမီးအဝတ်တွေယူဝတ်ပြီး အိမ်ထဲအနှံ့ ဓာတ်ပုံတွေရိုက်ပစ်တာ။

အိမ်ရှင်မိသွားရင်လည်း မျက်နှာလေးငယ်ပြပြီး "လျှော်ပေးမလို့ယူတာပါ မမလေးရှင့်" ပေါ့လေ။

Selfie တွေချည်းရိုက်ရတာ ရိုးလာတဲ့အခါ သူများကိုရိုက်ခိုင်းတယ်၊ သူများဆိုတာကလည်း တခြားမဟုတ်ဘူး ဒရိုင်ဘာမောင်စိန်။ သူရိုက်ခိုင်းရင် မောင်စိန်ကရိုက်ပေးရတယ်။ edit လုပ်တဲ့အခါကျ လက်ထဲကဟာကို sticker လေးတွေနဲ့ဖျက် ပြီးရင် Facebook မှာတင်၊ စာလေးတောင်ရေးလိုက်သေး လက်ထဲကဟာကိုမှန်အောင်ပြောနိုင်ရင် အာဘွားပေးမယ်ပေါ့။ တကယ်က သူကိုင်ထားတာ ကြမ်းတိုက်ဝတ်ကြီး။ အောက်မှာ Comment တွေက နည်းနည်းနောနောမဟုတ်ဘူး။ အောက်မှာ comment ရေးတဲ့ထဲမှာ ဒရိုင်ဘာမောင်စိန်ကိုယ်တိုင်တောင်ပါသေး၊ သူ့ခမျာ သူရိုက်ပေးလိုက်တဲ့ပုံကို သူတောင်မမှတ်မိ။ သူ့အပြစ်မဟုတ်ဘူး မိဂွမ်းရဲ့ photo editing skill က ဟိုဘက်လွန်နေတာ။

မိဂွမ်းကလည်း အိမ်နာမည်က မိဂွမ်း၊ မှတ်ပုံတင်နာမည်က မအုန်းကြိုင်။ ဒါပေမယ့် Facebook နာမည်ကျတော့ Pinky Moon Berbie ၊ မိဂွမ်းငယ်ငယ်က ၆ တန်း ၂ ခါကျလို့ သူ့ပထွေးက ကျောင်းထုတ်ပြီး မြို့တက်အိမ်ဖော်လုပ်ခိုင်းတာ အခုထိပဲ၊ ဒါပေမယ့် Facebook ထဲကျတော့ ကျောင်းနာမည်ဖြည့်ထားတာက NUS ။ အဲသလို။

တခါတလေ ဒရိုင်ဘာမောင်စိန်ကို အကူအညီတောင်းပြီး သူဌေးကားနဲ့ဓာတ်ပုံရိုက်သေးတာ။ ပုံတင်ရင်တော့ ကားနံပါတ်ဖျက်ပြီးတင်တယ်။ မတော်လို့ ကားနံပါတ်သိနေတဲ့လူတယောက် မြင်ပြီး အိမ်ရှင်ကိုပြောရင် အထုတ်ဆွဲပြီး ရွာပြန်ရမှာကိုး။ မိဂွမ်းက ဒီလောက်တော့နပ်တယ်။

စိတ်ကူးပေါက်ရင် ကြမ်းတိုက်နေတဲ့ပုံလေးတင်ပြီး "မေမေကခိုင်းသွားတယ် အဟင့်" တို့ "ခေးကိုသနားရင် fighting လို့ မန့်ဝါးပေး" တို့ လုပ်သေးတယ်။ Cele ကြီး Pinky Moon Berbie ခေါ် မိဂွမ်း ခေါ် မအုန်းကြိုင်က သူ့အောက်က Comment တွေကို reply သိပ်မပြန်ဘူး။ လုံးဝအချေဒီဇိုင်းဖမ်းတာ။ တကယ်က reply ပြန်နေလို့ အလုပ်မပြီးရင် အိမ်ရှင်ကပါးရိုက်မှာကိုး။

#ရဲခေါင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။