Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 31, 2017

အောင်မြင်တဲ့ဝန်ထမ်းကောင်း ))) တစ်ယောက်ဖြစ်ဖို့

((( အောင်မြင်တဲ့ဝန်ထမ်းကောင်း )))
တစ်ယောက်ဖြစ်ဖို့

လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ အလုပ်ရှင်အမျိုး
မျိုး၊ မန်နေဂျာအမျိုးမျိုး၊ လုပ်ဖော်ကိုင်ဖက်
အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပါ။ ၀န်ထမ်း တစ်
ယောက်အနေနဲ့ ရှိသင့်တဲ့ ကျင့်ဝတ်တွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ကိုယ်ကျင့်တရားကောင်းပါစေ။

လူတစ်ယောက်ဟာ ဘယ်လောက်တော်ပါစေ၊
ခိုးတတ်ဝှက်တတ်အကျင့်မကောင်းတဲ့လူကို
ဘယ်အလုပ်ရှင် ဘယ်မန်နေဂျာကမှ သဘော
မကျပါဘူး။ သူတော်လို့ရတဲ့အကျိုးကျေးဇူ
ဟာ သူခိုးတာနဲ့ ကုန်တာပါပဲ။

ကိုယ်ပိုင်အလုပ်ပဲလုပ်လုပ်၊ ၀န်ထမ်းပဲလုပ်လုပ်
စီးပွားရေးလောကမှာ ကိုယ်ကျင့်တရားကောင်း
ဖို့ကြိုးစားပါ။ တစ်နပ်စားဥာဏ်နဲ့ ချက်အောက်
ထိုးဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရိုးသားမှု
ဂုဏ် စားလို့မကုန်ပါဘူး။

၂။ စည်းကမ်းရှိပါ။

အလုပ်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို
ကိုယ်ကိုယ်တိုင် လိုက်နာပါ။ ကိုယ်ထုတ်ထား
တဲ့စည်းမျဉ်းတွေဆိုရင် ကိုယ်က ပိုလို့တောင်
လိုက်နာသင့်ပါတယ်။ ကိုယ့်လက်အောက်
ဝန်ထမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့
အလုပ်ရှင်ကအစ အကုန်လုံးက
ကိုယ့်ကိုအကဲခတ်နေတာပါ။
စည်းကမ်းစနစ်ကျနတဲ့
သင့်ကို ဖွင့်ဟမပြောဖြစ်ပေမဲ့ လူတိုင်းက
လေးစားနေမှာဖြစ်ပါတယ်။

၃။ အချိန်မခိုးပါနဲ့။

ဝန်ထမ်းတစ်ယောက်ရယ်လို့ ဖြစ်လာရင်
အလုပ်ရှင်က ကိုယ့်ဆီက လုပ်နိုင်သမျှ လုပ်
ပေးဖို့ သူက မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့
သတ်မှတ်ထားတဲ့အလုပ်ချိန်မှာ အလုပ်မလုပ်
ဘဲ ကိုယ်ရေးကိုယ်တာနဲ့ အချိန်ဖြုန်းနေတာ၊
ဖုန်းကလိနေတာ၊ အလုပ်လုပ်ချင်ယောင်ဆောင်
တာ စသဖြင့် အချိန်မခိုးသင့်ပါဘူး။
ကိုယ့်ရဲ့အချိန်ပိုင်းလုပ်ငန်းတွေ၊
အပိုဝင်ငွေအလုပ်တွေ
ကို ကိုယ့်ရဲ့အလုပ်ချိန်မှာ မလုပ်သင့်ပါဘူး။

၎။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိုခွဲခြားပါ။

အလုပ်လုပ်တဲ့အခါ
ကျွန်တော်တို့မြန်မာလူမျိုးတွေက
အားနာတတ်ကြပါတယ်။
မိတ်ဆွေချင်းရင်းနှီးမှုအတွက် အလုပ်မှာ
သင့်ကို မပြီးပြတ်သေးတဲ့ အလုပ်အတွက်
ပြီးပြတ်ကြောင်းအစီရင်ခံစာ ရေးခိုင်းတာ၊
ငွေပိုပြခိုင်းတာ၊ ငွေကွာဟမှုကို ထိန်ချန်ခိုင်း
တာ စသဖြင့် အကူအညီတောင်းတတ်ကြပါ
တယ်။ ဘယ်လောက်ခင်တဲ့မိတ်ဆွေပဲဖြစ်ဖြစ်
ကိုယ်အစားဝင်မလျော်နိုင်တဲ့ ပမာဏမျိုးမှာ
ဘယ်တော့မှ လက်မှတ်မထိုးပါနဲ့။ အဲ့လို
လက်မှတ်မထိုးနိုင်ကြောင်းပြောဖို့လည်း
ဘယ်တော့မှ အားမနာပါနဲ့။ ယဉ်ယဉ်ကျေး
ကျေး နားဝင်အောင် ရှင်းပြလိုက်ပါ။ အားနာ
တာက အလုပ်တွေကို ကြန့်ကြာစေပါတယ်။
ဘယ်မိတ်ဆွေနဲ့ပဲ အလုပ်လုပ်လုပ် စာချုပ်စာ
တမ်းနဲ့ အချိန်ကန့်သတ်ချက်ကို မဖြစ်မနေ
ထည့်သွင်းပြီး အလုပ်လုပ်ပါ။

၅။ စံပြဖြစ်ပါစေ။

ကိုယ်က ရာထူးကြီးလာတာနဲ့အမျှ
ကိုယ့်ကိုအကဲခတ်နေတဲ့ လက်အောက်
ဝန်ထမ်းတွေများပါတယ်။ ငါပြောသလိုလုပ်
ငါလုပ်သလိုမလုပ်နဲ့ ဆိုတာကို ဘယ်သူကမှ
မလေးစားပါဘူး။ အလုပ်က ကား၊ လုပ်သား၊
စက်ကိရိယာတွေကို အလုပ်အတွက်ပဲ
အသုံးပြုစေချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း
အလုပ်အတွက်ပဲ အသုံးပြုပြပါ။
ကိုယ်ရေးကိုယ်တာအတွက် ဘယ်တော့မှ
မသုံးလိုက်ပါနဲ့။ ကိုယ့်လက်အောက်က
ဝန်ထမ်းတွေ သုံးနေတာတွေ့ရင်လည်း တား
မြစ်ပါ။ စည်းကမ်းတွေကို လိုက်နာပါစေ။
သင်ကိုယ်တိုင်က လိုက်နာနေရင် သင့်အောက်
ကလူတွေ မလိုက်နာပဲ မနေရဲပါဘူး။

၆။ စည်းကမ်းပျက်ကွက်မှုတွေကို
ပြတ်ပြတ်သားသားကိုင်တွယ်ပါ။

ဘယ်လိုလုပ်ငန်းခွင်မျိုးမှာမဆို
စည်းကမ်းပျက်ကွက်တတ်တဲ့ စုန်းပြူးတွေ
ပါတတ်ပါတယ်။ အလုပ်သမားတွေကို
အလုပ်မလုပ်ချင်အောင် စိတ်ပျက်အောင်လှုံ့
ဆော်နေတတ်တဲ့ သူတွေရှိသလို ရေသာခို
အလုပ်ခိုတဲ့ သူတွေအများကြီးရှိပါတယ်။
ကိုယ်က နေရာအသစ်တစ်ခုကို အုပ်ချုပ်ရပြီ
ဆိုရင် ပိုဆိုးပါတယ်။ သင့်ကို သင့်အောက်က
အလုပ်သမားတွေက သင့်ရဲ့စည်းကမ်းကိုင်
တွယ်ပုံနဲ့ ပက်သက်ပြီး အကဲစမ်းပါလိမ့်မယ်။
လုံးဝအလျှော့မပေးပါနဲ့။ တစ်ခါရရင် နောက်
တစ်ခါ သူထပ်ပြီး စည်းကမ်းပျက်ကွက်မှာ
သေချာပါတယ်။ စည်းကမ်းပျက်ကွက်တဲ့သူ၊
အလုပ်လုပ်ခိုင်းရင် ကလန်ကဆန်လုပ်တတ်တဲ့
သူတွေကို သေချာကိုင်တွယ်ပါ။ အလုပ်ကနေ
ထုတ်ပယ်သည်အထိ အရေးယူနိုင်ပါတယ်။
ချိုထောင်တစ်ကောင်ရှိနေရင် ကျန်တဲ့နွားတွေ
လည်း ကောင်းကောင်းအိပ်မရဘူးဆိုတဲ့
ဆရာတော်တစ်ပါးရဲ့ဟောကြားချက်လိုပါပဲ။
ချိုထောင်ကို ကြိုးနဲ့ချည်မှ ကျန်တဲ့နွားတွေ
ကောင်းကောင်းအိပ်ရသလို စည်းကမ်းမရှိတဲ့
ရေသာခိုတဲ့သူကို ပြတ်ပြတ်သားသားကိုင်တွယ်
လိုက်ရင် ကျန်တဲ့ဝန်ထမ်းတွေ အလိုလိုစည်း
ကမ်းလိုက်နာလာပါလိမ့်မယ်။

၇။ နားနှစ်ဖက်ဖွင့်ထားပါ။

အလုပ်ဆိုတာ ကိုယ့်အိမ်မှာလို မဟုတ်ပါဘူး။
လူတိုင်းရဲ့ အတွင်းစိတ်တွေဟာ မရိုးရှင်းပါ
ဘူး။ သင့်ကို လူတွေက ဘယ်သူကဖြင့်ဘယ်
လို မကောင်းတာ၊ ဘယ်သူကတော့ဖြင့်
အလုပ်မလုပ်ဘူး၊ စသဖြင့် ပြောလာပါလိမ့်
မယ်။ နားကိုတစ်ဖက်ပဲဖွင့်ပြီး တစ်ယောက်ထဲ
ပြောတဲ့စကားကို အတည်မယူပါနဲ့။ အခြားသူ
တွေ ပြောစကားကိုပါနားထောင်ပါ။ ဘယ်သူ့
စကားကိုမှ လမ်းမဆုံးပါနဲ့။

၈။ ဖြည့်ဆည်းပေးပါ။

ဝန်ထမ်းလိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အခါ
တင်ပြလာတိုင်း ပယ်ချတာမျိုးက မကောင်း
သလို တင်ပြလာသမျှကို ဖြည့်ဆည်းတာမျိုး
လည်းမဟုတ်ပဲ တကယ်လိုအပ်၊ မလိုအပ်ချင့်
ချိန်ပြီး ဖြည့်ဆည်းဖို့လိုပါတယ်။ လိုအပ်ချက်
တွေကို ဖြည့်ဆည်းပေးခြင်းနဲ့အတူ လုပ်ငန်း
ပြီးမြောက်မှုကလည်း မြင့်တက်လာ၊ မလာကို
အကဲခတ်နေပါ။

၉။ ကွင်းဆင်းပါ။

ကွင်းမဆင်းတဲ့အထက်လူကြီးကို
အောက်လက်ငယ်သားက
ကောင်းကောင်းကြီးလှိမ့်ပါတယ်။
လုပ်ငန်းဆောင်ရွက်မှု စာရင်းအင်းပိုပြတယ်။
လုပ်ငန်းတွေက စာရွက်ပေါ်မှာပဲ ပြီးနေပြီး
လက်တွေ့မှာ ဘာမှမဖြစ်မြောက်တာကို
တွေ့ရတတ်ပါတယ်။ အောက်ခြေထိဆင်း
ကြည့်ပါ။ စုံစမ်းမေးမြန်းပါ။ စစ်ဆေးပါ။ ကွင်းဆင်းစစ်တတ်တဲ့သင့်ကို ၀န်ထမ်းတွေက
လိမ်ရဲမှာ မဟုတ်သလို လုပ်ငန်းပြီးစီးမှုကို
လည်း သင်ကိုယ်တိုင်သိနိုင်ပါတယ်။

၁၀။ စေတနာထားပါ။

အလုပ်လုပ်တဲ့အခါမှာ စေတနာထားလုပ်ပါ။
ကိုယ့်အလုပ်လို တန်ဖိုးထားပြီး လုပ်ပါ။
ပေးထားတဲ့လစာနဲ့ပဲ တန်အောင်လုပ်မယ်ဆို
တာမျိုး မလုပ်ပါနဲ့။ အလုပ်ခိုရင် သင်သက်
သာပါတယ်။ သို့ပေမဲ့ သင်နစ်နာပါတယ်။
ဘာလို့လဲဆိုတော့ လုပ်ငန်းအတွေ့အကြုံနဲ့
စီမံခန့်ခွဲမှုစွမ်းရည်ဆိုတာ အလုပ်လုပ်မှ
ရနိုင်တာပါ။ ဘာမှမလုပ်ပဲနဲ့ အလုပ်ထဲမှာ
ငါးနှစ်ကြာသွားပြီး လုပ်ငန်းအတွေ့အကြုံ
ငါးနှစ်ဆိုတာ ရယ်စရာကောင်းပါတယ်။
ကိုယ်ထားတဲ့ စေတနာကို ကိုယ့်အလုပ်ရှင်က
သတိမထားမိရင်တောင်မှ အခြားလုပ်ငန်းရှင်
တွေက သင့်ရဲ့အလုပ်ကိုစေတနာထားမှု
စိတ်ပါလက်ပါလုပ်မှုကိုကြည့်ပြီး သင့်ကို
အဖိုးအခကောင်းကောင်းနဲ့ ကမ်းလှမ်းပါ
လိမ့်မယ်။

အောင်မြင်တဲ့ ၀န်ထမ်းများဖြစ်ကြပါစေ

Creditနေသစ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။