◇ ဘဝနေနည်း ◇
— — — — — — —
❋ ပထမရွှေကျင်ဆရာတော်ဘုရားကြီး က လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်...။
◆ တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။
◆ နံသာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။
◆ လူကောင်းသည် အရှုးနှင့် ပြိုင်၍ အ-၀တ်မလှစ်ကောင်း၊
သူတော်ကောင်းသည် မသူတော်နှင့် ပြိုင်၍ ဒေါသမဖြစ်ကောင်း။
◆ ကျားကြောက်၍ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။
◆ ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။
◆ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိတဲ့။
❋ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာမလိုအော င်ကို
ပြည့်စုံလှပါတယ်...။ သူတော်ကောင်းတရားကို မြတ်နိုးသူဟာ ပတ်ဝန်းကျင်က
သံပုရာသီးကို ပေးလာရင်လည်း ကိုယ်က ဖျော်ရည်ဖြစ်အောင်လုပ်ပြီး သောက်တတ်ရမှာ
ဖြစ်သလို၊ ဘယ်လို လောကဓံနဲ့တွေတွေ့ ပါရမီမြောက်အောင် နေတတ်ရင်
ဘုရားလောင်းတို့ရဲ့ ဘ၀နေနည်းလို့ခေါ်နိုင်ပါတယ်. ..။
မီးလောင်ထားတဲ့ စက္ကူဟာ ပွတ်သပ်ထိခတ်လိုက်တာနဲ့ ကြေမွသွားသလို ပတ်ဝန်းကျင်က
ကိုယ်ကိုမလိုပြောတဲ့ ကဲရဲ့သံလေး ကြားရခါမျှနဲ့လည်း
ဒေါသအပူမီးတွေလောင်မြိုက် ခံရမယ်ဆိုရင် ဘ၀နေနည်း မမှန်တော့ကြောင်း
ဆုံးမထားပါတယ်...။
လောက လူတချို့က သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာမပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ ရှုံချမှုတွေရှိတတ်ကြပါတယ်... ။ များသောအားဖြင့်သည်းခံနိုင် ဖို့ မလွယ်ကူ တတ်ကြပါဘူး...။ ကိုယ်က သည်းခံနေလိုက်တာနဲ့ ခန္တီပါရမီမြောက်သွားတဲ့အတွက် ဘာမှ မကုန်ဘဲ အမြတ်ရလိုက်မှာပါ..။
ကဲရဲ့သူ၊ပြစ်တင်သူ အဖို့မှာတော့ အမြတ်မရတဲ့အပြင် အရင်းပါရှုံးသွားမှာပါ...။ တကယ်တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်းထုတ်ပေးသွားတာပါ...။ ရအောင်ယူတတ်ရမှာဖြစ်ပါတယ်.. .။
➢ ပထမရွှေကျင်ဆရာတော်ဘုရားကြီး
credit - မိုးကုတ်ဓမ္မ
— — — — — — —
❋ ပထမရွှေကျင်ဆရာတော်ဘုရားကြီး
◆ တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။
◆ နံသာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။
◆ လူကောင်းသည် အရှုးနှင့် ပြိုင်၍ အ-၀တ်မလှစ်ကောင်း၊
သူတော်ကောင်းသည် မသူတော်နှင့် ပြိုင်၍ ဒေါသမဖြစ်ကောင်း။
◆ ကျားကြောက်၍ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။
◆ ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။
◆ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိတဲ့။
❋ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာမလိုအော
လောက လူတချို့က သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာမပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ ရှုံချမှုတွေရှိတတ်ကြပါတယ်...
ကဲရဲ့သူ၊ပြစ်တင်သူ အဖို့မှာတော့ အမြတ်မရတဲ့အပြင် အရင်းပါရှုံးသွားမှာပါ...။ တကယ်တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်းထုတ်ပေးသွားတာပါ...။ ရအောင်ယူတတ်ရမှာဖြစ်ပါတယ်..
➢ ပထမရွှေကျင်ဆရာတော်ဘုရားကြီး
credit - မိုးကုတ်ဓမ္မ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။