ကျနော့်နာမည်ကံကောင်း
*******************
ကျနော့်နာမည် ” ကံကောင်း ”
အလှည့်အပြောင်းတွေကြားမှာ
ကျောင်းစာသင်ခန်းနဲ့တဖြ ည်းဖြည်းဝေး
လမ်းဘေးပလက်ဖောင်းပေါ် မှာ
ကျောင်းတက်ခေါင်းလောင်းသံအစား
ရေခဲထုပ်ရောင်းတဲ့ခေါင်းလောင်းသံက
နားရည်ဝနေခဲ့တာကြာပြီ ။
”ချို့တဲ့ခြင်း” ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ပျောက်ရှခဲ့ရတဲ့အိပ်မက် တွေအတွက်
အဆိပ်တက်ပြီးခံစားမနေအား ဘူး
ဒါပေမယ့်လည်း
ည ည အိပ်မောကျတဲ့အခါတိုင်း
အဖြူအစိမ်းဝတ်ကလေးတွေဝိုင်းနေတဲ့
ကျေးလက်ရဲ့ကျောင်းဆရာဘဝ
ခဏခဏ အိပ်မက်မက်တယ် ။
မိသားစုဝမ်းရေးအတွက်
နေထွက်က နေဝင်
ပုလင်းခွံ ဗူးဟောင်း
ပေါင်းထည့်ဖို့ပီနံအိတ် တစ်အိတ်နဲ့
ကားဂိတ် ဘူတာရုံ ဘုရား ပွဲဈေးတန်း
တစ်လမ်းပြီးတစ်လမ်း
မနားတမ်းလှည့်ကောက်
ရသလောက်စုပြီးရောင်း
ရောင်းရသမျှ ကျစ်ကျစ်ပါအောင်ဆုပ်
မိုးချုပ်တော့အိမ်ပြန် ။
ကျနော်လူဖြစ်ခါစ
ဟိုတုန်းကပေါ့
အဖေကပန်းရံလုပ် အမေကအုတ်သယ်
ပူတယ် အေးတယ်မရှောင်
အကြီးကောင်နဲ့ အလတ်မအတွက်
ကုန်ကျမယ့်ကျောင်းစားရိ တ်
စိတ်တွက်တွက်ရင်း
နေ့ခင်းပန်းရံလုပ် ညဘက်ဆိုက်ကားနင်းတဲ့အဖေ
အမေကနားတဲ့ရက်အကြော်ရောင်း
အတောင်စုံလို့ ရင်ခွင်ပြောင်းသွားကြတဲ့ အခါ
အမေ့ဆီမှာ တဟွတ်ဟွတ်ဆိုးနေတဲ့ချော င်းပဲကျန်ခဲ့တယ် ။
အတက်ရှိရင်အဆင်းရှိရမယ် ဆိုတဲ့နိယာမကိုဆန့်ကျင်
တက်ပြီးရင်ပြန်မကျတဲ့ကုန်ဈေးနှုန်းအောက်မှာ
မလောက်မငဝင်ငွေကိုထည့် တွက်
သားငယ်လေးကျနော့်ကိုငဲ့ ကွက်
ဆေးတစ်ခွက်တောင်ဝယ်မ သောက်ရက်ခဲ့တဲ့အမေ
အခုတော့.. အမေအကြော်ရောင်းမထွက် နိုင်တော့တာကြာပြီလေ ။
နေညိုရင်
လေပြိုနေတတ်တဲ့အဖေ့မျက် နှာမှာ
အထင်းသားမြင်နေရတဲ့
ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကိုစာဖတ်တတ်နေတော့လည်း
”ဖြတ်လိုက်ပါလား အဖေရယ် ”ဆိုတဲ့စကား
ဘယ်လိုနှလုံးသားနဲ့ပြောလို့ထွက့်ပါ့မလဲလေ ။
တစ်ခါတလေ
အမှိုက်ပုံတွေကြား
ဘဝတူသူငယ်ချင်းတွေနဲ့ အပြေးအလွှား အလုအယက်
တက်နင်းမိတဲ့ပုလင်းကွဲက
ဖိနပ်ဗလာခြေဖဝါးကို ဟက်ကနဲထိုးခွဲ
သွေးတစ်စက်စက်ကျနေလည်းမမှုနိင်အားဘူး
ဒါ..အမေ့အတွက် ဆေးတစ်ခွက်ဖိုးလည်းဖြစ် ချင်ဖြစ်မယ်
အဖေ့အတွက် အပန်းဖြေဆေးလည်းဖြစ်ချ င်ဖြစ်မယ်
ထမင်းတစ်အိုးလည်းဖြစ်ချ င်ဖြစ်မယ်
ဟင်းတစ်မျိုးလည်းဖြစ်ချ င်ဖြစ်မယ် ။
ထော့နဲ့ ထော့နဲ့ နဲ့
ကျနော့်ရဲ့ဘေးနား
ဖြတ်သွားတဲ့ကားတစ်စီး
( မာစီဒီး ဆိုလား
ဘေးနားကလူကြီးတွေပြောသြံ ကားလိုက်ရဲ့)
အဲဒီကားနောက်ခန်းမှာပါသွားတဲ့ခွေးတစ်ကောင်က
ကျနော့်ကိုသနားသလိုတစ်ချ က်ငေးသွားသေးတယ်
ဘာပဲဖြစ်ဖြစ်လေ
ငါ့အဖေ ငါ့အမေ ငါ့မနက်ဖြန်တွေအတွက်
ရုန်းကန်ရင်းရှေ့ဆက်လှ မ်းဦးမှာ ။ ။
Credit.... မိုးထက်လူ 22-3-2017
Credit photo
*******************
ကျနော့်နာမည် ” ကံကောင်း ”
အလှည့်အပြောင်းတွေကြားမ
ကျောင်းစာသင်ခန်းနဲ့တဖြ
လမ်းဘေးပလက်ဖောင်းပေါ်
ကျောင်းတက်ခေါင်းလောင
ရေခဲထုပ်ရောင်းတဲ့ခေါင
နားရည်ဝနေခဲ့တာကြာပြီ ။
”ချို့တဲ့ခြင်း” ဆိုတဲ့ခေါင်းစဉ်အောက်မ
ပျောက်ရှခဲ့ရတဲ့အိပ်မက်
အဆိပ်တက်ပြီးခံစားမနေအား
ဒါပေမယ့်လည်း
ည ည အိပ်မောကျတဲ့အခါတိုင်း
အဖြူအစိမ်းဝတ်ကလေးတွေဝိ
ကျေးလက်ရဲ့ကျောင်းဆရာဘဝ
ခဏခဏ အိပ်မက်မက်တယ် ။
မိသားစုဝမ်းရေးအတွက်
နေထွက်က နေဝင်
ပုလင်းခွံ ဗူးဟောင်း
ပေါင်းထည့်ဖို့ပီနံအိတ်
ကားဂိတ် ဘူတာရုံ ဘုရား ပွဲဈေးတန်း
တစ်လမ်းပြီးတစ်လမ်း
မနားတမ်းလှည့်ကောက်
ရသလောက်စုပြီးရောင်း
ရောင်းရသမျှ ကျစ်ကျစ်ပါအောင်ဆုပ်
မိုးချုပ်တော့အိမ်ပြန် ။
ကျနော်လူဖြစ်ခါစ
ဟိုတုန်းကပေါ့
အဖေကပန်းရံလုပ် အမေကအုတ်သယ်
ပူတယ် အေးတယ်မရှောင်
အကြီးကောင်နဲ့ အလတ်မအတွက်
ကုန်ကျမယ့်ကျောင်းစားရိ
စိတ်တွက်တွက်ရင်း
နေ့ခင်းပန်းရံလုပ် ညဘက်ဆိုက်ကားနင်းတဲ့အဖေ
အမေကနားတဲ့ရက်အကြော်ရေ
အတောင်စုံလို့ ရင်ခွင်ပြောင်းသွားကြတဲ
အမေ့ဆီမှာ တဟွတ်ဟွတ်ဆိုးနေတဲ့ချော
အတက်ရှိရင်အဆင်းရှိရမယ်
တက်ပြီးရင်ပြန်မကျတဲ့ကုန
မလောက်မငဝင်ငွေကိုထည့်
သားငယ်လေးကျနော့်ကိုငဲ့
ဆေးတစ်ခွက်တောင်ဝယ်မ
အခုတော့.. အမေအကြော်ရောင်းမထွက်
နေညိုရင်
လေပြိုနေတတ်တဲ့အဖေ့မျက်
အထင်းသားမြင်နေရတဲ့
ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကိ
”ဖြတ်လိုက်ပါလား အဖေရယ် ”ဆိုတဲ့စကား
ဘယ်လိုနှလုံးသားနဲ့ပြောလိ
တစ်ခါတလေ
အမှိုက်ပုံတွေကြား
ဘဝတူသူငယ်ချင်းတွေနဲ့ အပြေးအလွှား အလုအယက်
တက်နင်းမိတဲ့ပုလင်းကွဲက
ဖိနပ်ဗလာခြေဖဝါးကို ဟက်ကနဲထိုးခွဲ
သွေးတစ်စက်စက်ကျနေလည်
ဒါ..အမေ့အတွက် ဆေးတစ်ခွက်ဖိုးလည်းဖြစ်
အဖေ့အတွက် အပန်းဖြေဆေးလည်းဖြစ်ချ
ထမင်းတစ်အိုးလည်းဖြစ်ချ
ဟင်းတစ်မျိုးလည်းဖြစ်ချ
ထော့နဲ့ ထော့နဲ့ နဲ့
ကျနော့်ရဲ့ဘေးနား
ဖြတ်သွားတဲ့ကားတစ်စီး
( မာစီဒီး ဆိုလား
ဘေးနားကလူကြီးတွေပြောသြံ
အဲဒီကားနောက်ခန်းမှာပါသွ
ကျနော့်ကိုသနားသလိုတစ်ချ
ဘာပဲဖြစ်ဖြစ်လေ
ငါ့အဖေ ငါ့အမေ ငါ့မနက်ဖြန်တွေအတွက်
ရုန်းကန်ရင်းရှေ့ဆက်လှ
Credit.... မိုးထက်လူ 22-3-2017
Credit photo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။