" ကလေးတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိလာဖို့ဆိုရ င် "
#မင်းကိုနိုင်
Q. ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိလာအောင် ကလေးတစ်ယောက်ကို ဘယ်လိုမျိုး ပြုစုပျိုးထောင်ပေးသင့်လဲအစ်ကို။
A. နံပါတ်(၁)က ဘယ်အရာမဆို စိတ်ကပဲ ဦးဆောင်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိလာဖို့ဆိုရ င် စိတ်က ဘယ်လိုစိတ်ဖြစ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှ
ရလိမ့်မယ်။ စိတ်ဟာ ဒီအတိုင်းတော့ ဖြစ်လာတာ မဟုတ်ဘူး။ စေတသိက်တိုင်းဟာ
လှုံ့ဆော်မှုတွေကြောင့်၊ ထိတွေ့မှုတွေကြောင့် ဖြစ်လာတာ။ ကောင်းပြီ။ ဒါဆိုရင်
ကိုယ်စပြီး ဖြတ်သန်းရတဲ့ပတ်ဝန်းကျင်က ကိုယ့်ကို ယုံကြည်မှုသွင်းပေးတဲ့
ပတ်ဝန်းကျင်မျိုး ဖြစ်ဖို့လိုတယ်။
ကျွန်တော်တို့ဆီမှာရှိတဲ့ ယဉ်ကျေးမှုအရတော့ မိဘတွေက သားသမီးတွေကို တော်တော်လေး ကြီးပြင်းတဲ့အထိ ရင်ခွင်ထဲမှာထားသိပ်တတ်ကြတယ်။
အဲဒီတော့ ကလေးက ညကျရင် အပေါ့အပါးလည်း တစ်ယောက်တည်း
ထမသွားရဲဘူးဆိုတာမျိုးတွေ ဖြစ်လာတယ်။ အဲဒါကတော့ နည်းနည်းလွဲနေတယ်လို့
ကျွန်တော်ထင်တယ်။ အဲဒီတော့ ကလေးတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိလာဖို့ဆိုရ င် အမှောင်ထဲသွားရဲတဲ့ကိစ္စလောက်ကစပြီးတော့ လေးနက်ပေးရလိမ့်မယ်။ ကလေးတွေဟာ လောကမှာ အကြောက်တရားနဲ့ မကြီးပြင်းဘဲနဲ့ စူးစမ်းချင်တဲ့စိတ်မျိုးနဲ့
ကြီးပြင်းသင့်တယ်။ ကျွန်တော်တို့ဆီမှာ နည်းနည်းခက်တာက ကလေးတွေက
စူးစမ်းချင်လာရင် မိဘတွေက ကလေးတွေကို ကိုယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး
ဟန့်လိုက်တယ်။ ဟန့်လိုက်တော့ ကလေးတွေက ဘာမှန်းမသိဘဲ ကြောက်သွားတယ်။
အဲဒီစိတ်အနာတွေဟာ ကြီးတဲ့အထိ ပါလာတတ်တယ်။ လူတစ်ယောက်မှာ
စူးစမ်းချင်တဲ့စိတ်မရှိဘူးဆိုရင်
ဘာမှမသိတော့ဘူး။ မသိတဲ့လူဟာ ခရီးဆက်ဖို့ သိပ်ခက်တယ်။ ကျွန်တော်တို့
ပြန်ပြီးတော့ ဖွင့်ချင်တာက ငယ်ရွယ်စဉ်ကတည်းက ကလေးရဲ့စိတ်ကို နံပါတ်(၁)
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေအောင် ၀ိုင်းပြီးတော့ ဖန်တီးပေးသင့်တယ်။ ဦးဆောင်မှုအတွက် ဒီစိတ်က အခြေခံလိမ့်မယ်။
Q. အစ်ကိုပြောတော့ ဟာသလေးတစ်ပုဒ်တောင် သတိရတယ်။ ကလေးလေးက လမ်းလျှောက်နိုင်တဲ့အရွယ်ရောက်နေပြီ။
ဒါပေမဲ့ သူ့အမေက တွန်းလှည်းလေးထဲမှာပဲ ကလေးကိုထည့်ထားပြီး တွန်းသွားတယ်။
အဲဒါကို အိမ်နီးချင်းတစ်ယောက်က ဘာဖြစ်လို့လဲ၊ ကလေးက
လမ်းမလျှောက်နိုင်လို့လားဆိုပြီးမေးတော့ ကလေးအမေက ပြန်ပြောတယ်။ သူ့ကလေးကို ချစ်လွန်းလို့ လမ်းတောင် မလျှောက်ခိုင်းရက်ဘူးဆိုတာေ လ။
A. အဲဒါပဲလေ။ တကယ်တော့ ဒါဟာ ဟာသမဟုတ်ဘူး။ အဲဒီကလေးရဲ့ဘ၀အတွက် စိုးရိမ်ပူပန်စရာကိစ္စပဲ။ ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေကတည်းက တစ်ခုတွေ့တယ်။ ကျွန်တော်တို့ဆီမှာ ဆယ်တန်းအောင်ပြီးတဲ့ ကလေးတစ်ယောက်ဟာ ခရီးသွားတာကို သူ့ရဲ့ မှတ်ပုံတင်ကအစ သူ့ဘာသာသူ မထိန်းသိမ်းနိုင်လို့ သူ့အမေဆီမှာပဲ အပ်ထားတယ်။ အ၀တ်အစားကအစ သူဘာဝတ်ရမယ်ဆိုတာကို သူ့ဘာသာသူ မရွေးတတ်ဘူး။ အဲဒီအချိန်မှာ နိုင်ငံခြားမှာ ကြီးပြင်းခဲ့တဲ့ မြန်မာလူမျိုး မူလတန်းကလေးကကျတော့ သူ့ရဲ့ခရီးဆောင်အိတ်ကို သူ့ဘာသာသူထည့်တယ်။ အိတ်အသေးစားလေးကို သူ့ဘာသာသူ သယ်တယ်။ အားလုံး သူ့ဘာသာသူ လုပ်တယ်။ ဆိုလိုချင်တာက ကလေးတစ်ယောက်ကို လေ့ကျင့်ပေးလိုက်ပြီ၊ လူ့အဖွဲ့အစည်းထဲကို ၀င်တော့မယ်ဆိုရင် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုက စလုပ်နေရပြီ။ ကျွန်တော်တို့ဆီမှာကတော့ မှီခိုတဲ့အကျင့်ကို လုပ်ထားသလိုဖြစ်နေတယ်။ လူကြီးတွေကလည်း ကလေးကိုချစ်လို့ အစစအရာရာ လိုက်လုပ်ပေးတယ်။ ကျောင်းတွေမှာ ကလေးကို ကြီးကောင်ကြီးမားအထိ လိုက်ကြိုနေကြတာကိုပဲကြည့်။
တစ်အိမ်ကို ကားတစ်စီးနဲ့ လိုက်ကြိုကြတော့ နောက်ဆုံးမှာ လမ်းပိတ်တာပဲ
အဖတ်တင်တယ်။ အဲဒီတော့ ကလေးက လူကြီးမိဘအပေါ်မှာ အစစအရာရာ မှီခိုလာတတ်တယ်။
အဲဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ချစ်ပုံချစ်နည်း ဟန်ကျရဲ့လားလို့
ပြန်စဉ်းစားသင့်တယ်။
နောက်တစ်ခုက မိဘတွေကိုယ်တိုင်က သားသမီးတွေကို အဆင့်(၁)ကနေ အဆင့် (၃)လောက်ထိရဖို့ ဖိအားပေးတတ်တယ်။ အတန်းထဲမှာ လူက ၅၀၊ ၆၀ လောက် ရှိနေတာ။ ဘယ်လိုလုပ်ပြီး လူတိုင်း အဆင့် (၁)၊ (၂)၊ (၃) ရမှာလဲ။ ကျွန်တော်ပြောချင်တာက ... ဒါ ဆိုင်လာပြီနော်။ ကလေးတွေရဲ့ နေ့စဉ်ဘ၀ဟာ အဆင့် (၁)၊ (၂)၊(၃) ရဖို့ကလွဲရင် ကျန်တာကို စူးစမ်းဖို့၊ လေ့လာဖို့၊ ဖောက်ထွက်ဖို့ မရှိတော့ဘူး။ အဲဒီတော့ ကလေးတွေမှာ ဖိအားဝင်တယ်။ ဖိအားဝင်တဲ့လူဟာ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ခုရှာဖို့၊ လမ်းသစ်ရှာဖို့ဆိုတာ တော်တော်ခက်တယ်။ ဘ၀မှာ အဆင့် (၁)၊ (၂)၊ (၃)ရဖို့ပဲ အရေးကြီးပြီးတော့ ကျန်တာ ဘာမှအရေးမကြီးဘူးဆိုရင် ဒီကလေးဟာ ကဗျာသမားတစ်ယောက်၊ သိပ္ပံပညာရှင်တစ်ယောက် ဒါမှမဟုတ်ရင် အနုပညာအပါအ၀င် တခြားထူးချွန်တဲ့ပညာရှင်တစ် ယောက် မဖြစ်ရတော့ဘူးလား။ အဲဒီ အဆင့်(၁)၊ (၂)၊ (၃) ကလွဲရင် ကျန်တာ ဘ၀မှာ ဘာမှမရှိတော့ဘူးလားဆိုတာ မိဘတွေ စဉ်းစားဖို့လိုတယ်။
ဓာတ်ပုံ - မင်းခန့်ကျော် (AMS)
(Eternal Light မဂ္ဂဇင်း၊ ၂၀၁၄၊ စက်တင်ဘာလထုတ်တွင် ဖော်ပြခဲ့သော " ကျွန်တော်တို့က မေးခွန်းထုတ်တဲ့ မျိုးဆက်ကို လိုချင်တာဆိုတဲ့ ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း" အင်တာဗျူးဆောင်းပါး မှ ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
#မင်းကိုနိုင်
Q. ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိ
A. နံပါတ်(၁)က ဘယ်အရာမဆို စိတ်ကပဲ ဦးဆောင်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဦးဆောင်နိ
ကျွန်တော်တို့ဆီမှာရှိတဲ့ ယဉ်ကျေးမှုအရတော့ မိဘတွေက သားသမီးတွေကို တော်တော်လေး ကြီးပြင်းတဲ့အထိ ရင်ခွင်ထဲမှာထားသိပ်တတ်ကြတယ
Q. အစ်ကိုပြောတော့ ဟာသလေးတစ်ပုဒ်တောင် သတိရတယ်။ ကလေးလေးက လမ်းလျှောက်နိုင်တဲ့အရွယ်ရေ
A. အဲဒါပဲလေ။ တကယ်တော့ ဒါဟာ ဟာသမဟုတ်ဘူး။ အဲဒီကလေးရဲ့ဘ၀အတွက် စိုးရိမ်ပူပန်စရာကိစ္စပဲ။ ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေကတည်းက တစ်ခုတွေ့တယ်။ ကျွန်တော်တို့ဆီမှာ ဆယ်တန်းအောင်ပြီးတဲ့ ကလေးတစ်ယောက်ဟာ ခရီးသွားတာကို သူ့ရဲ့ မှတ်ပုံတင်ကအစ သူ့ဘာသာသူ မထိန်းသိမ်းနိုင်လို့ သူ့အမေဆီမှာပဲ အပ်ထားတယ်။ အ၀တ်အစားကအစ သူဘာဝတ်ရမယ်ဆိုတာကို သူ့ဘာသာသူ မရွေးတတ်ဘူး။ အဲဒီအချိန်မှာ နိုင်ငံခြားမှာ ကြီးပြင်းခဲ့တဲ့ မြန်မာလူမျိုး မူလတန်းကလေးကကျတော့ သူ့ရဲ့ခရီးဆောင်အိတ်ကို သူ့ဘာသာသူထည့်တယ်။ အိတ်အသေးစားလေးကို သူ့ဘာသာသူ သယ်တယ်။ အားလုံး သူ့ဘာသာသူ လုပ်တယ်။ ဆိုလိုချင်တာက ကလေးတစ်ယောက်ကို လေ့ကျင့်ပေးလိုက်ပြီ၊ လူ့အဖွဲ့အစည်းထဲကို ၀င်တော့မယ်ဆိုရင် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုက စလုပ်နေရပြီ။ ကျွန်တော်တို့ဆီမှာကတော့ မှီခိုတဲ့အကျင့်ကို လုပ်ထားသလိုဖြစ်နေတယ်။ လူကြီးတွေကလည်း ကလေးကိုချစ်လို့ အစစအရာရာ လိုက်လုပ်ပေးတယ်။ ကျောင်းတွေမှာ ကလေးကို ကြီးကောင်ကြီးမားအထိ လိုက်ကြိုနေကြတာကိုပဲကြည့်။
နောက်တစ်ခုက မိဘတွေကိုယ်တိုင်က သားသမီးတွေကို အဆင့်(၁)ကနေ အဆင့် (၃)လောက်ထိရဖို့ ဖိအားပေးတတ်တယ်။ အတန်းထဲမှာ လူက ၅၀၊ ၆၀ လောက် ရှိနေတာ။ ဘယ်လိုလုပ်ပြီး လူတိုင်း အဆင့် (၁)၊ (၂)၊ (၃) ရမှာလဲ။ ကျွန်တော်ပြောချင်တာက ... ဒါ ဆိုင်လာပြီနော်။ ကလေးတွေရဲ့ နေ့စဉ်ဘ၀ဟာ အဆင့် (၁)၊ (၂)၊(၃) ရဖို့ကလွဲရင် ကျန်တာကို စူးစမ်းဖို့၊ လေ့လာဖို့၊ ဖောက်ထွက်ဖို့ မရှိတော့ဘူး။ အဲဒီတော့ ကလေးတွေမှာ ဖိအားဝင်တယ်။ ဖိအားဝင်တဲ့လူဟာ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ခုရှာဖို့၊ လမ်းသစ်ရှာဖို့ဆိုတာ တော်တော်ခက်တယ်။ ဘ၀မှာ အဆင့် (၁)၊ (၂)၊ (၃)ရဖို့ပဲ အရေးကြီးပြီးတော့ ကျန်တာ ဘာမှအရေးမကြီးဘူးဆိုရင် ဒီကလေးဟာ ကဗျာသမားတစ်ယောက်၊ သိပ္ပံပညာရှင်တစ်ယောက် ဒါမှမဟုတ်ရင် အနုပညာအပါအ၀င် တခြားထူးချွန်တဲ့ပညာရှင်တစ်
ဓာတ်ပုံ - မင်းခန့်ကျော် (AMS)
(Eternal Light မဂ္ဂဇင်း၊ ၂၀၁၄၊ စက်တင်ဘာလထုတ်တွင် ဖော်ပြခဲ့သော " ကျွန်တော်တို့က မေးခွန်းထုတ်တဲ့ မျိုးဆက်ကို လိုချင်တာဆိုတဲ့ ကိုမင်းကိုနိုင်နှင့်တွေ့ဆံ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။