အလုပ်ထဲမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း
စကားဆိုတာ အလွန် အားကြီးပါတယ် ။ အလုပ်ထဲမှာ မပြောသင့်တဲ့ စကားတွေ ပြောမိရင် အလုပ်ပြုတ်တဲ့ အထိတောင် အခြေအနေ ဆိုးသွားနိုင်ပါတယ်။ အလုပ်ထဲမှာ ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေ ရချင်ရင်တော့ ဒီစကား (၇) ခွန်းကို ရှောင်သင့်ပါတယ်။
၁။ "ဒီအလုပ်က ကျွန်တော်နဲ့ မဆိုင်ဘူးလေ..."
- သူဌေးက သင့်ကို အလုပ်နဲ့ပက်သက်တာ တစ်ခုခုမေးလိုက်ချိန်မှာ ဒီလို ပြန်မပြောသင့်ပါဘူး။ သင့်ကို မေးတယ်ဆိုကတည်းက သင်နဲ့ သက်ဆိုင်လို့ပါ။ တကယ်လို့ သူဌေးမေးတဲ့ အချက်ကို သေချာမသိဘူးဆိုရင် အဲဒိအလုပ်ကို လက်ရှိလုပ်နေတဲ့ အလုပ်သမားတစ်ယောက်ကို အကူအညီတောင်းပြီး ကြိုးစားရှင်းပြသင့်ပါတယ်။
၂။ "ငါ လုပ်နိုင်သလောက်တော့ လုပ်ထားတာပဲ..."
- ဒီစကားက သင့်အတွက်တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အနာဂတ် တက်လမ်းတွေကို ဒီစကားက ကန့်သတ်ထားပါလိမ့်မယ်။ နောက်တစ်ကြိမ်မှာ အခုထက် ရလာဒ်ကောင်းတွေထွက်အောင် ကြိုးစားနိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်နေဖို့ လိုပါတယ်။
၃။ "ငါ့မှာ အချိန်မရှိဘူး..."
- အလုပ်ထဲမှာ အချိန်မရှိတာကိုပဲ အကြောင်းပြနေလို့ မရပါဘူး။ တစ်ခါတစ်လေမှာ အချိန်မှီပြီးအောင်လုပ်ရမယ့် အလုပ်တွေကြောင့် သင့်ရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာနိုင်ပါတယ်။
၎။ "လုပ်ကြည့်လိုက်မယ်လေ..."
- ဒီစကားက အရမ်းအားပျော့ပြီး၊ သင့်ရဲ့ စွမ်းဆောင်ရည်တွေကိုပါ လျော့ကျစေပါတယ်။ သင့်ရဲ့ သူဌေးရော၊ အလုပ်သမားတွေရောက သင် ဒီစကားပြောတာကို သဘောကျမှာ မဟုတ်ပါဘူး။ "ဒီအလုပ်ကို သေချာအာရုံစိုက် လုပ်လိုက်ပါမယ်..." လို့ ပြောင်းလဲပြောဆိုသင့်ပါတယ်။
၅။ "အများစုက ငပျင်းတွေလေ..."
- အလုပ်ခွင်မှာ အတင်းပြောခြင်းကို လုံးဝရှောင်သင့်ပါတယ်။ သင့်ရဲ့ ထင်မြင်ချက်တွေကို ပါးစပ်က လွှတ်ခနဲ ပြောချတတ်တာကို ဆင်ခြင်သင့်ပါတယ်။ လုပ်ငန်းခွင်မှာ စကားကို ချိုချိုသာသာ ပြောဆိုတတ်ဖို့ ၊ အလွန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။
၆။ "သိပ်အာရုံမလာဘူး..."
- နားမလည်တဲ့ အချက်တွေ၊ ဖြေရှင်းရမယ့် ပြသနာတွေနဲ့ ကြုံလာရင် စိတ်မဝင်စားဘဲ နေလို့ မရပါဘူး။ သေချာအာရုံစိုက်ပြီး မသိနားမလည်တဲ့ အကြောင်းအရာတွေကို သေချာမေးမြန်းတတ်ဖို့ အရေးကြီးပါတယ်။
၇။ "မဖြစ်သင့်ဘူး၊ ဒါ မမျှတဘူး..."
- လောကကြီးက မမျှတဘူးဆိုပြီး ထိုင်ပြောနေလို့ မရပါဘူး။ လုပ်ငန်းခွင်မှာ အမှားတွေဖြစ်လာရင် ၊ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်တာတွေ ပြန်ဖြေရှင်းနေရတာ အချိန်ကုန်ပါတယ်။ အဲဒိအစား လက်ရှိ ပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုသာ ကြိုးစားရှာဖွေသင့်ပါတယ်။
Linn Linn Maung (Myanmar Leaders)
Ref: Davidwolfe
www.myanmarleaders.com
စကားဆိုတာ အလွန် အားကြီးပါတယ် ။ အလုပ်ထဲမှာ မပြောသင့်တဲ့ စကားတွေ ပြောမိရင် အလုပ်ပြုတ်တဲ့ အထိတောင် အခြေအနေ ဆိုးသွားနိုင်ပါတယ်။ အလုပ်ထဲမှာ ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေ ရချင်ရင်တော့ ဒီစကား (၇) ခွန်းကို ရှောင်သင့်ပါတယ်။
၁။ "ဒီအလုပ်က ကျွန်တော်နဲ့ မဆိုင်ဘူးလေ..."
- သူဌေးက သင့်ကို အလုပ်နဲ့ပက်သက်တာ တစ်ခုခုမေးလိုက်ချိန်မှာ ဒီလို ပြန်မပြောသင့်ပါဘူး။ သင့်ကို မေးတယ်ဆိုကတည်းက သင်နဲ့ သက်ဆိုင်လို့ပါ။ တကယ်လို့ သူဌေးမေးတဲ့ အချက်ကို သေချာမသိဘူးဆိုရင် အဲဒိအလုပ်ကို လက်ရှိလုပ်နေတဲ့ အလုပ်သမားတစ်ယောက်ကို အကူအညီတောင်းပြီး ကြိုးစားရှင်းပြသင့်ပါတယ်။
၂။ "ငါ လုပ်နိုင်သလောက်တော့ လုပ်ထားတာပဲ..."
- ဒီစကားက သင့်အတွက်တော့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အနာဂတ် တက်လမ်းတွေကို ဒီစကားက ကန့်သတ်ထားပါလိမ့်မယ်။ နောက်တစ်ကြိမ်မှာ အခုထက် ရလာဒ်ကောင်းတွေထွက်အောင် ကြိုးစားနိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် စိန်ခေါ်နေဖို့ လိုပါတယ်။
၃။ "ငါ့မှာ အချိန်မရှိဘူး..."
- အလုပ်ထဲမှာ အချိန်မရှိတာကိုပဲ အကြောင်းပြနေလို့ မရပါဘူး။ တစ်ခါတစ်လေမှာ အချိန်မှီပြီးအောင်လုပ်ရမယ့
၎။ "လုပ်ကြည့်လိုက်မယ်လေ..."
- ဒီစကားက အရမ်းအားပျော့ပြီး၊ သင့်ရဲ့ စွမ်းဆောင်ရည်တွေကိုပါ လျော့ကျစေပါတယ်။ သင့်ရဲ့ သူဌေးရော၊ အလုပ်သမားတွေရောက သင် ဒီစကားပြောတာကို သဘောကျမှာ မဟုတ်ပါဘူး။ "ဒီအလုပ်ကို သေချာအာရုံစိုက် လုပ်လိုက်ပါမယ်..." လို့ ပြောင်းလဲပြောဆိုသင့်ပါတယ်။
၅။ "အများစုက ငပျင်းတွေလေ..."
- အလုပ်ခွင်မှာ အတင်းပြောခြင်းကို လုံးဝရှောင်သင့်ပါတယ်။ သင့်ရဲ့ ထင်မြင်ချက်တွေကို ပါးစပ်က လွှတ်ခနဲ ပြောချတတ်တာကို ဆင်ခြင်သင့်ပါတယ်။ လုပ်ငန်းခွင်မှာ စကားကို ချိုချိုသာသာ ပြောဆိုတတ်ဖို့ ၊ အလွန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။
၆။ "သိပ်အာရုံမလာဘူး..."
- နားမလည်တဲ့ အချက်တွေ၊ ဖြေရှင်းရမယ့် ပြသနာတွေနဲ့ ကြုံလာရင် စိတ်မဝင်စားဘဲ နေလို့ မရပါဘူး။ သေချာအာရုံစိုက်ပြီး မသိနားမလည်တဲ့ အကြောင်းအရာတွေကို သေချာမေးမြန်းတတ်ဖို့ အရေးကြီးပါတယ်။
၇။ "မဖြစ်သင့်ဘူး၊ ဒါ မမျှတဘူး..."
- လောကကြီးက မမျှတဘူးဆိုပြီး ထိုင်ပြောနေလို့ မရပါဘူး။ လုပ်ငန်းခွင်မှာ အမှားတွေဖြစ်လာရင် ၊ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်တာတွေ ပြန်ဖြေရှင်းနေရတာ အချိန်ကုန်ပါတယ်။ အဲဒိအစား လက်ရှိ ပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုသာ ကြိုးစားရှာဖွေသင့်ပါတယ်။
Linn Linn Maung (Myanmar Leaders)
Ref: Davidwolfe
www.myanmarleaders.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။