Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 20, 2017

ပြင်းပြသောလိုအင်ဆန္ဒရှိပါ။

ပြင်းပြသောလိုအင်ဆန္ဒရှိပါ။

အောင်မြင်ကြီးပွားသူတယောက်ဖြစ်ဖို့ အရေးကြီးဆုံးနဲ့မရှိမဖြစ်လိုအပ်တာက “ပြင်းပြသောလိုအင်ဆန္ဒရှိဖို့ပါ”။ အင်္ဂလိပ်လိုတော့ “Burning Desire” လို့ ခေါ်ပါတယ်။ ပြင်းပြသောလိုအင်ဆန္ဒဟာ လိုချင်တောင့်တတဲ့ဆန္ဒ Wish နဲ့မတူပါဘူး။ Wish ဆိုတာက တခုခုမြင်တွေ့လိုက်ရင် ချက်ခြင်းလိုချင်တာ။ လိုချင်တာပဲ ရှိတယ်။ ရအောင် ကြိုးပမ်းမှုပါမလာဘူး။ ဥပမာ ကားတစီး လိုချင်တယ်။ လိုချင်တာပဲရှိတယ်။ ဘယ်ကားအမျိုးအစားလဲ။ ဈေးဘယ်လောက်ရှိသလဲ။ လက်ထဲမှာ ကားဝယ်ဖို့လုံလောက်တဲ့ပိုက်ဆံမရှိရင် လိုတဲ့ပိုက်ဆံရအောင် ဘယ်လိုရှာမလဲစတဲ့ အတွေးတွေလိုက်ပါမလာဘူး။ တကယ်ဝယ်ဖြစ်အောင် ကြိုးစားဖို့ဆိုတာတော့ ဝေးလာဝေးရောပဲ။ Wishဆိုတာ အခုဒါဖြစ်လိုက် ခနနေ တခြားဟာဖြစ်လိုက်မျိုးပါ။ တခုထဲသတ်သတ်မှတ်မှတ် မရှိဘူး။ အခု ရုပ်ရှင်မင်းသားဖြစ်ချင်တယ်။ နောက်တော့ ဆရာဝန်ဖြစ်ချင်ပြန်ပြီ။ စာရေးဆရာဖြစ်ချင်ပြန်ပြီ။ လက်တွေ့မပါတဲ့ Wishဟာ သင့်ကို ဖြစ်ချင်တာဖြစ်ဖို့ မစွမ်းဆောင်ပေးနိုင်ပါ။

သင့်ဘဝမှာ အောင်မြင်ကြီးပွားချင်ရင် ပြင်းပြသောလိုအင်ဆန္ဒ Burning Desire ရှိဖို့လို့ပါတယ်။ ပြင်းပြသောလိုအင်ဆန္ဒကတော့ Wishလို ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်စိတ်အမျိုးမျိုးပြောင်းနေတာမဟုတ်ပါဘူး။ သတ်သတ်မှတ်မှတ်ဖြစ်ချင်တာ တခုပဲရှိပြီး စိတ်ထဲမှာလဲ အဲဒီဖြစ်ချင်တာတခုပဲသိတယ်။ ခေါင်းထဲမှာလဲ ဖြစ်နိုင်မဲ့နည်းလမ်းတွေကို အမြဲကြံဆတွေးတောနေတယ်။ ပြင်းပြသောလိုအင်ဆန္ဒကို ပိုပြီးရှင်းသွားအောင် အောက်မှာ ပုံပြင်လေးတပုဒ်နဲ့ရှင်းပြပေးလိုက်ပါတယ်။

လူငယ်တယောက်ဟာ ချမ်းသာချင်လွန်းလို့ ဘယ်လိုလုပ်ရမလဲ လူတကာကိုလိုက်မေးတယ်။ လူတွေက မဖြေနိုင်ကြပဲ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ရသေ့ကြီးကို မေးပါလို့ အကြံပေးကြတယ်။ လူငယ်လဲ ရသေ့ကြီးဆီ ရောက်လာပြီး ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ မေးတယ်။ ရသေ့ကြီးက ချမ်းသာချင်ရင် ပြင်းပြတဲ့လိုအင်ဆန္ဒရှိရမယ်လို့ ပြောလိုက်တယ်။ လူငယ်က ပြင်းပြတဲ့လိုအင်ဆန္ဒဆိုတာကို နားမလည်လို့ ရှင်းပြပေးပါလို့ တောင်းပန်တယ်။ ဒီတော့ ရသေ့ကြီးကို သူ့နောက်လိုက်ခဲ့ဆိုပြီး မြစ်ကမ်းဘေးတနေရာကို ခေါ်သွားတယ်။ အဲဒီမှာ ရသေ့ကြီးက ဘာမှမပြောပဲ လူငယ်ရဲ့လက်ကိုဆွဲရင်း ရေစပ်ထဲကို ဆွဲခေါ်သွားတယ်။ လူငယ်လဲ ကြောက်ကြောက်လန့်လန့်နဲ့ ရသေ့ကြီးဆွဲခေါ်ရာကို လိုက်ပါသွားတယ်။ လူတရပ်နီးပါးမြုပ်နိုင်တဲ့ ရေထဲကိုရောက်တော့ ရသေ့ကြီးဟာ လက်တဖက်နဲ့လူငယ်ရဲ့ကိုယ်လုံးကို မရုန်းနိုင်အောင် သိမ်းချုပ်လိုက်ပြီး နောက်လက်တဖက်နဲ့ လူငယ်ရဲ့ခေါင်းကိုဖိနှိပ်ပြီး ရေထဲနစ်လိုက်တယ်။ လူငယ်ဟာ ရေမွန်းတာကြောင့် အတင်းရုန်းပေမဲ့ ရသေ့ကြီးရဲ့အားသန်တဲ့ချုပ်ကိုင်မှုက လွတ်အောင်မရုန်းထွက်နိုင်ပဲ ရေမွန်းနေရှာတယ်။

အတန်ကြာတော့ ရသေ့ကြီးက လူငယ်ရဲ့ခေါင်းကိုဖိနှိပ်ထားတဲ့လက်ကို လွှတ်ပေးလိုက်သလို သူကိုယ်ကိုချုပ်ထားတာကို လွှတ်ပေးလိုက်တယ်။ လူငယ်လဲ ခေါင်းရေပေါ် ပေါ်လာတာနဲ့ အသက်ကို အငမ်းမရရှုရင်း မောဟိုက်နေတယ်။ လူငယ် အသက်ရှုဝသွားပြီး တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာတော့မှ ရသေ့ကြီးက သူ့ကို အခုလိုမေးလိုက်တယ်။ “မင်းကို ရေနစ်ထားတုံးမှာ မင်းခေါင်းထဲမှာ ဘာဆန္ဒဖြစ်နေသလဲ”တဲ့။ လူငယ်က”ကျနော့်စိတ်ထဲမှာ လေပဲအရမ်းရှုချင်နေတယ်။ ခေါင်းထဲမှာ တခြားဘာမှမပေါ်ဘူး”တဲ့။ ဒီတော့ ရသေ့ကြီးက “အဲဒါ မင်း သိတ်သိချင်နေတဲ့ပြင်းပြတဲ့လိုအင်ဆန္ဒဆိုတာပဲ။ မင်းမှာ အရမ်းဖြစ်ချင်နေတာ လိုချင်နေတာတခုကလွဲရင် ကျန်တာဘာတခုမှ မစဉ်းစားတာကို ပြောတာပဲ”တဲ့။

ပြင်းပြသောလိုအင်ဆန္ဒကို လူငယ်တွေပိုပြီးမြင်နိုင်အောင် ထပ်ရေးပြပါမယ်။ ကောင်မလေးတယောက်ကို စွဲစွဲလန်းလန်းနဲ့ တိတ်တခိုးကြိုက်နေပြီဆိုရင် ဘယ်လိုခံစားရသလဲ။ စားလဲဒီစိတ် အိပ်လဲဒီစိတ်နဲ့ အဲဒီကောင်မလေးမျက်နှာကိုပဲ မြင်ယောင်မနေဘူးလား။ စာသင်နေတုံးမှာလဲသူ့မျက်နှာ၊ ဘယ်သွား ဘာလုပ်လုပ် သူ့မျက်နှာပဲ မြင်နေတယ်မဟုတ်လား။ ကုန်ကုန်ပြောရရင် အိပ်နေရင်လဲ အိပ်မက်ထဲမှာ သူ့မျက်နှာပါလာသေးတယ်။ အရူးအမူးစွဲလန်းနေတာပေါ့။ အချစ်အတွက် အသက်ပင်သေသေ ဆိုတာမျိုးဖြစ်နေတာ။ ကောင်မလေးက သူချစ်ရေးဆိုတာကို လက်ခံအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ အမြဲတွေးနေတယ်။ အဲဒီလိုစိတ်မျိုးနဲ့သာ ကြီးပွားချမ်းသာအောင်လုပ်ရင် ဘာလို့မကြီးပွားနိုင်ရမှာလဲ

ပြင်းပြသောလိုအင်ဆန္ဒဟာ ကြီးပွားချမ်းသာအောင်လုပ်ဖို့တင် သုံးလို့ရတာမဟုတ်ပါဘူး။ သင် ဖြစ်ချင်တာ အကုန်သုံးလို့ရတယ်။ ၁၀တန်းကို ၆ဘာသာဂုဏ်ထူးနဲ့အောင်ချင်သလား။ ပြင်းပြသောလိုအင်ဆန္ဒရှိရင် ဖြစ်မယ်။ ဆရာဝန်၊အင်ဂျင်နီယာဖြစ်ချင်သလား။ ပြင်းပြသောလိုအင်ဆန္ဒသာရှိ၊ ဖြစ်ကိုဖြစ်မယ်။

ပြင်းပြသောလိုအင်ဆန္ဒရှိတာနဲ့ဘာကြောင့် တကယ်ဖြစ်နိုင်မယ်လို့ပြောနိုင်တာလဲ။ မေးသင့်တဲ့မေးခွန်းပါ။ အဲဒီလိုအင်ဆန္ဒဟာ သင့်ဦးနှောက်ထဲကို စွဲစွဲမြဲမြဲရောက်သွားပြီဆိုတာနဲ့ ဦးနှောက်က သင့်ခန္ဓာကိုယ်တခုလုံးကအာရုံကြောတွေကို လှုံ့ဆော်ပြီး သင်လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်ခိုင်းပါလိမ့်မယ်။ သင့်ခေါင်းထဲမှာလဲ ဘာလုပ်သင့်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေ ပေါ်လာပါလိမ့်မယ်။

ကောင်းပြီ။ ပြင်းပြသောလိုအင်ဆန္ဒကိုတော့ သိပါပြီ။ ဒါဆိုရင် အဲဒီပြင်းပြသောလိုအင်ဆန္ဒ ဖြစ်ပေါ်လာအောင် ဘယ်လိုလုပ်ယူရမလဲ။ မိမိဖြစ်ချင်တာ လိုချင်တာကို စာရွက်ပေါ်မှာ စာရွက်ပေါ်မှာ ရေှးမှတ်ထားပြီး ညအိပ်ယာမဝင်ခင်မှာ သေချာဖတ်ပါ။ (အလွတ်ကျက်ရင်ပိုတောင်ကောင်းပါတယ်)။ ညတိုင်းဖတ်ပါ။ ဘယ်လောက်ကြာကြာ ဖတ်ရမလဲ။ သင်ဖြစ်ချင်တာ လိုချင်တာကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲမှတ်မိသွားပြီး သင့်ခေါင်းထဲမှာ အချိန်ပြည့်ပေါ်နေပြီ မျက်စိမှာ အမြဲတမ်းမြင်ယောင်နေတဲ့အထိ ဖတ်ရမှာပါ။

အခုရေးပြခဲ့တဲ့ Burning Desire နည်းဟာ Napoleon Hillရေးသားတဲ့ “Think and Grow Rich”စာအုပ်ထဲမှာပါတဲ့ နည်းပါ။ အဲဒီစာအုပ်ကို လွန်ခဲ့တဲ့အနှစ်(၅၀)လောက်က စတင်ထုတ်ဝေခဲ့ပေမဲ့ ယနေ့အထိ ကမ္ဘာပေါ်မှာ အုပ်ရေပေါင်းသန်းပေါင်းများစွာ ရောင်းချနေရပါတယ်။ ဘာလို့ ဒီလောက်ရောင်းကောင်းနေရတာလဲ။ စာအုပ်ထဲမှာပါတဲ့ Burning Desireနည်းကို လက်တွေ့ကျင့်သုံးကြပြီး မီလျံနာသူဋ္ဌေးကြီးတွေဖြစ်သွားခဲ့ကြလို့ပါ။

Think and Grow Rich စာအုပ်ကို ဆရာကြီးရွှေဥဒေါင်းက "အကြံဉာဏ်ဖြင့် ကြီးပွားရေး" ဆိုပြီး စာအုပ်ရေးထားပါတယ်။

ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေဖေါ်ဝါရီ(၂၁)ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။