Mi Mi Tun added 9 new photos — with Mi Mi Tun.

လူများစုအတွက် အားလပ်ရက်ဆိုတာ ရုန်းကန်လှုပ်ရှားပြေးလွှားရတဲ့ နေ့ရက်တွေကနေ ခဏတာ အနားယူခွင့်ရတဲ့ ရှားရှားပါးပါး အချိန်အခါလေးတွေ ဖြစ်ပါတယ်။ အလုပ်အတွက် ကြိုးစားနေကြရတဲ့ လူတွေကြတော့လည်း ပိတ်ရက်ဆိုတာတောင် မရှိတော့သလိုပါပဲ။ သူတို့အတွက် နေ့ရက်တိုင်းဟာ အလုပ်လုပ်နေကြတဲ့ ရက်တွေပါပဲ။ ပိတ်ရက်တွေမှာ အလုပ်တွေ ဆက်လုပ်နေသင့်လား၊ ဒါမှမဟုတ် အနားယူသင့်လားဆိုတဲ့ သေချာတဲ့ စည်းမျဉ်းကြီးတော့ မရှိပါဘူး။ အောင်မြင်သူများဟာ ပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူတဲ့ သူတွေရှိသလို၊ ပိတ်ရက်တွေမှာ အလုပ်ဆက်လုပ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ အခုဒီမှာတော့ လက်ရှိအောင်မြင်တဲ့ သူတွေ ရက်သတ္တပါတ်အဆုံး ပိတ်ရက်များကို ဘယ်လို ဖြတ်သန်းကြလဲဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
၁။Jack Dorsey(Twitter တည်ထောင်သူ)
Square နဲ့ Twitter တည်ထောင်သူကတော့ နေ့ရက်တိုင်းကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး စနေနေ့မှာတော့ ခြေလျင်ခရီးထွက်လေ့ ရှိပါတယ်။ တနင်္ဂနွေနေ့မှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကို ပြန်လည် ဆန်းစစ်ပြီး နောက်လာ့မယ့် ရက်သတ္တပါတ်အတွက် ပြင်ဆင်လေ့ ရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
အသက် ၄၀ အရွယ်ရှိ ဂျက်ဟာ အသားတင်ပိုင်ဆိုင်မှုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁.၂ ဘီလီယံ ရှိတဲ့ စွန့်ဦးတီထွင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
၂။ဘီလ်ဂိတ်(Microsoft တည်ထောင်သူ)
ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဘီလ်ဂိတ်ကတော့ ပိတ်ရက်တွေမှာ အနားယူလေ့ရှိပြီး သူရဲ့ သမီးတွေ မြင်းစီးတာကို ကြည့်လေ့ရှိပါတယ်။ ဘီလ်ဂိတ်မှာ သားသမီး ၃ ယောက်ရှိပြီး သမီးနှစ်ယောက် သားတစ်ယောက်ရှိတာ ဖြစ်ပါတယ်။
” လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင်တော့ ကျွန်တော်ပိတ်ရက်တွေကျရင် ရုံးမှာ နေဖို့ကို နှစ်ခါပြန် စဉ်းစားမှာ မဟုတ်ပါဘူး။ အခုတော့ ကျွန်တော်လည်း အသက်ကြီးလာပြီး ရင့်ကျက်လာတော့ မိသားစုနဲ့ပဲ နေလေ့ရှိပါတယ် ” လို့
ပြောကြားခဲ့ပါတယ်။
အသက် ၆၁ နှစ်ရှိသူ ဘီလ်ဂိတ်ဟာ ၂၀၁၇ ခုနှစ် ကောက်ယူချက်အရ ပိုင်ဆိုင်မှုပေါင်း ၈၅.၂ ဘီလီလျံ ရှိတာ ဖြစ်ပါတယ်။
၃။Sergey Brin (Google တည်ထောင်သူ)
Google တည်ထောင်သူကတော့ သူ့ရဲ့ ပိတ်ရက်တွေမှာ ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး ကစားရတဲ့ ကစားနည်းတွေကို နှစ်သက်စွာ ကစားလေ့ရှိပါတယ်။ဒီကစားနည်းတွေဟာ ဟော်ကီကစားနည်း၊ လေ၀ဲပန်းကန်ပြား ဆော့ကစားနည်း၊ ကိုယ်ကာယ လေ့ကျင့်ခြင်း၊ လေထီးခုန်ဆင်းခြင်း၊ ကောင်းကင်ဘား ကစားခြင်းတို့ ဖြစ်ပါတယ်။
အသက် ၄၃ နှစ်ရှိသူ ဆာဂေးဘရင်ဟာ ပိုင်ဆိုင်မှု ဒေါ်လာသန်းပေါင်း ၃၈.၅ ဘီလီယျံရှိပြီး သူနောက်ထပ် တည်ထောင်ထားတဲ့ Alphabet ကုမ္ပဏီကနေ တစ်နှစ်ကို လစာ အဖြစ် ၁ ဒေါ်လာသာ ယူတာ ဖြစ်ပါတယ်။
Lumos (Shwemom)
Ref : Time

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။