Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 26, 2017

အိမ်ထောင်ပြုမည့်သူများ သိစေရန်


shared by snowde on 25/05/17  -  momolay.com  -  Personals
ကျွန်တော်တို့လင်မယားနှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးကတော့ အများကအားကျရပြီး အရမ်းအေးချမ်းလှပါတယ်။ ကျွန်တော်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး အမျိုးသမီးကတော့ ကျောင်းဆရာမ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ လင်မယားက သူများအပေါ်ကူညီရမယ်ဆို ဘယ်လိုပဲ ကူညီရ ကူညီရ ဆိုတဲ့ စိတ်ထားမျိုးရှိတာကြောင့် ပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့လင်မယားကို ချစ်ခင်လေးစားကြပါတယ်။


ကျွန်တော်တို့လင်မယားရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတစ်ချို့ကိုပြောရမယ်ဆိုရင်တော့ ကျွန်တော် အလုပ်ကနေ အိမ်ကိုပြန်ရောက်ပြီဆိုတာနဲ့ မိန်းမကို မျက်စိအောက်က အပျောက်မခံနိုင်တော့လောက်အောင်ပါပဲ… ကျွန်တော့်အကြောင်းကိုသိတဲ့ ကျွန်တော့် မိန်းမကလည်း ကျွန်တော်ပြန်ရောက်ခင်ကတည်းက ကျွန်တော့်ရဲ့ဝေယျာဝစ္စတွေအားလုံး ကိုအဆင်သင့်ပြင်ထားပေးတတ်ပါတယ်။ ကျွန်တော်ပြန်လာခါနီးပြီဆိုရင် သနပ်ခါးလေးအဖွေးသားနဲ့ ကျွန်တော့်ကို ခြံဝမှာထွက်စောင့်နေတတ်တာမို့ မိန်းမမျက်နှာမြင်ပြီး ကျွန်တော့်ရင်တွေအေးမြလို့ အမောပြေရတာပေါ့ဗျာ..။

တစ်နေ့မှာတော့ ရုံးကကောင်မလေးတစ်ယောက်ကို ကျွန်တော်အိမ်ခေါ်လာခဲ့မိပါတယ်။ ကောင်မလေးက ပထွေးနဲ့နေတာဖြစ်ပြီး စကားများလာကာ အိမ်ပေါ်မှဆင်းလာပြီး ညမှောင်မှောင်လမ်းပေါ်မှာလျှောက်သွားနေတာကြောင့် စိတ်မချ၍ ကျွန်တော့်အိမ်ကိုခေါ်လာခဲ့တာပါ။ အမျိုးသမီးဖြစ်သူကလည်း ကောင်မလေးအကြောင်းကြားလိုက်ရတော့ စိတ်မကောင်းစွာနဲ့ပဲ “ အရင်တုန်းကလည်း ဒီလိုပဲကူညီနေတာပဲရှင် ပြောစရာလိုလို့လား” ဆိုပြီး အိမ်မှာ ခဏတည်းခွင့်ပေး ခဲ့ပါတယ်။

ဒီလိုနဲ့ ကောင်မလေးဟာ အဆောင်ရှာမရသေးတာကြောင့် ကျွန်တော်တို့လင်မယားအိမ်မှာပဲ တစ်ပတ်လောက်ထိ နေခဲ့ပါတယ်။ နောက်ပိုင်း အဆောင်ရတဲ့အခါမှာတော့ အဆောင်ကိုပြောင်းလို့ သွားခဲ့ပါတယ်။ အဆောင်ပြောင်းတဲ့အချိန်အထိ ကျွန်တော်တို့လင်မယားကပဲ ကောင်မလေးအပေါ် အစစအရာရာ ကူညီပေးခဲ့ကြပါတယ်။ နောက်ပိုင်း ကောင်မလေးကလည်း အလုပ်ရောက်ပြီဆို ကျွန်တော့်အတွက် သောက်ရေ ကော်ဖီ စသဖြင့် ပြင်ဆင်ပေးခဲ့ပါတယ်။ သူ့မေတ္တာ ကိုယ့်မေတ္တာပဲနေမှာပါ ဆိုပြီး သူမဂရုတစိုက်လုပ်ပေးခဲ့တာတွေကို စိတ်မကောင်းဖြစ်မှာစိုးလို့ ကျွန်တော်လည်း မငြင်းဆန်ခဲ့မိပါဘူး။

ဒီလိုနဲ့ နောက်နှစ်လလောက်အကြာမှာတော့ ပြဿနာကစပါတော့တယ်။ ရုံးကိုရောက်တဲ့အခါမှာလည်း ရုံးကလူတွေကကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့်နဲ့ တိုးတိုးတိတ်တိတ် ပြောနေကြတာကို တွေ့ခဲ့ရပါတယ်။ ရုံးခန်းတဲ့ရောက်တော့ ကျွန်တော့်သူငယ်ချင်းက အကြောင်းစုံကိုပြောပြခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော် ကူညီခဲ့တဲ့ ကောင်မလေး မှာ ကိုယ်ဝန်ရှိနေခဲ့ပြီး အဲ့ဒီကိုယ်ဝန်က ကျွန်တော်နဲ့ မှားခဲ့ပါတယ်ဆိုပြီး သတင်းတွေထွက်နေခဲ့တာပဲဖြစ်ပါတယ်။ ကြားကြားခြင်း ကျွန်တော်ထူပူသွားခဲ့မိပါတယ်။ ရှက်ကလည်းရှက် ဒေါသကလည်းထွက်ပေါ့ဗျာ။ ရှင်းမယ် အဲ့ကောင်မလေးကိုသွားခေါ်ဆိုတော့ သူမကအလုပ်ဘူးတဲ့လေ။

ညနေအိမ်ရောက်တော့လည်း မိန်းမက ငိုကြီးချက်မဖြစ်နေခဲ့တာတွေ့ရတော့ ကျွန်တော်ပိုပြီးတောင် ရင်ပူလို့သွားပါတယ်။ အကြောင်းစုံမေးကြည့်တော့ "ဟိုကောင်မလေးရဲ့ အုပ်ထိန်းသူတစ်ချို့ အိမ်ရှေ့ကိုလာ သောင်းကျန်းသွားကြတယ်။ သူ့သမီးကိုယ်ဝန်က ယောကျာ်းနဲ့ရတဲ့ ကိုယ်ဝန်မို့ ဘယ်လိုတာဝန်ယူမလဲဆိုပြီး လူကြားမကောင်းသူကြားမကောင်း လည်းပြောသွားကြတယ်... ပတ်ဝန်းကျင်ကလည်း အဲ့ဒီအသံတွေကြားပြီး သို့လော သို့လောနဲ့ တိုးတိုးတိတ်တိတ် ပြောဆိုနေကြတာ မိန်းမဖြင့် အပြင်တောင် မထွက်ရဲတော့ဘူး"ဆိုကာ ငိုယိုလို့နေခဲ့ပါတယ်။

“မိန်းမရယ် မင်းငါ့ကိုမယုံဘူးလား ငါဒီလိုမျိုး စိတ်နဲ့တောင်ကျူးလွန်ဖို့ မတွေးမိခဲ့ပါဘူးကွာ။ ဘာကိစ္စပဲဖြစ်ဖြစ်မင်းကိုအရင်ဆုံး ငါတိုင်ပင်ခဲ့တာပဲ။ ခုကိစ္စမှာလည်း ငါတို့နှစ်ယောက် အတူကူညီခဲ့ကြတာလေ…။ ငါ့ကိုယုံပါကွာ ငါဒီပြဿနာကို သေချာဖြေရှင်းမှာပါ" ဆိုပြီး ပြန်ပြောတော့မှ ပဲ အငိုရပ်ပါတော့တယ်။

နောက်ပိုင်းဒီပြဿနာကို ကျွန်တော် သေချာလိုက်စုံစမ်းတော့ ကောင်မလေးကိုယ်ဝန်က သူ့ပထွေးနဲ့ရခဲ့တာပဲဖြစ်ပါတယ်။ သူနဲ့ဖြစ်ခဲ့တာလို့ပြောရင် သတ်ပစ်မယ်လို့ကြိမ်းမောင်းခဲ့တာကလည်းတစ်ကြောင်း၊ ကျွန်တော့်လို ဂရုစိုက်တတ်တဲ့လူမျိုးကို နှစ်သက်မိတာကြောင့်လည်းတစ်ကြောင်း ကြံမိကြံရာကြံခဲ့မိပါတယ်ဆိုပြီး ကောင်မလေးက ၀န်ခံခဲ့ပါတယ်။

ခုဆိုရင်ကျွန်တော်တို့လင်မယား အရင်လို လူတိုင်းကို မကူညီရဲတော့ပါဘူးဗျာ။ နားလည်မှုရှိကြတဲ့လင်မယားမို့ အိမ်ထောင်ရေးပြဿနာအကြီးကျယ်မတတ်ခဲ့ပေမယ့် ပတ်ဝန်းကျင်ရဲ့အထင်လွဲတာကိုတော့ ခဏခံလိုက်ရသေးတယ်ဗျ။

ကျွန်တော်တို့လို အဖြစ်မျိုးကြုံတွေ့မှာစိုးလို့ ကျွန်တော်တို့ဖြစ်ရပ်လေးကိုနမူနာပေးပြီး တင်ပြလိုက်ရတာပါ။

မိသားစုတိုင်း အနှောင့်အယှက်ကင်းပြီး သာယာအေးချမ်းတဲ့ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
ကိုယ့်ဆွေမျိုးထဲမှာကော အထင်လွဲပြီး ကွဲကွာခဲ့ကြတဲ့ အိမ်ထောင်ရေးတွေရှိပါသလား

Credit - momolay
 Searchmyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။