သာအေး သို့ပေးစာ (အတိုအထွာ)
“ကို သာအေး”
“ရွာက ရှင့် ညီမ ဆီက စာ လာတယ်”
“ဟာ ပြဿနာပဲ။ ငါ့ မျက်မှန် ကွဲနေတာ အသစ်မလဲရသေးဘူး။ ဒီလိုလုပ်ကွာ မင်းငါ့ကိုဖတ်ပြ”
“မဖြစ်နိုင်ပါဘူးတော်။ ရှင့်ညီမက စာရေးရင် တောင်တစ်လုံး၊
မြောက်တစ်လုံး။ကျမကလည်း သူငယ်တန်းစာတောင် နှာနှပ်သင်ထားရတာ”
“ငါက မြို့ထဲသွားမှ မျက်မှန်ဝယ်ရမှာ။ ရပါတယ်ကွာ။ အဆင်ပြေအောင် နားထောင်ရမှာပေါ့”
“ရှင်ဖတ်ပြဆိုလို့ ဖတ်ပြမှာနော်။ပြီးတော့မှ အရင်တစ်ခါတုန်းကလို
ကျွန်မကို မကန်နဲ့”
“အေးပါကွာ။ဖတ်မှာသာဖတ်စမ်းပါ”
“ပြီးရော။ အဟမ်း ဖတ်ပြီ။ သို့…. ခိုချီးနေကောင်းလား”
“ကိုကြီးနေကောင်းလား ဟုတ်ပြီ။ ဆက်ဖတ်”
“ဘုန်ကြီး လည်း ခိုချီးကိုမျှော်နေတယ်”
“ဘုန်းကြီး လည်း ကိုကြီး ကိုမျှော်နေတယ်”
“အပျိုကြီး လာတုန်းက ခြင်ထောင်ထဲ ငှက်ပျောသီးတွေ ထည့်ပေးလိုက်တယ်
ဖာကောင်းမရှိလို့”
“အပျိုကြီး လာတုန်းက ခြင်းတောင်းထဲ ငှက်ပျောသီးတွေထည့်ပေးလိုက်တယ်။ လက်ဆောင် ထည့်ပေးလိုက်တာ ပြောတာပေါ့။ ဖာကောင်းမရှိလို့ အင်း သူ့ဆီမှာ
ထည့်ပေးစရာ ဖာကောင်း ကောင်းမရှိလို့နေမှာ”
“အိမ်သာတွေ ကျွေးလိုက်နော်”
“အိမ်သားတွေ ကျွေးလိုက်နော်”
“ရှေ့အပတ် ကျယ်မလာဖို့ လုပ်ကြည့်သေးတယ် နာလို့ မရဘူး”
“အဲ..အဲတာဘာပါလိမ့်။ဪ သိပြီ။
ရှေ့အပတ် ကျွန်မလာဖို့ လုပ်ကြည့်သေးတယ် နားလို့မရဘူး။
ဒါပြောတာကိုး ဆက်ဖတ်”
“ကျယ်မ သားက ရယ်လိုက်ရင် မေ့လုံးလေး ပလေကပ် ပလေကပ်နဲ့”
“ကျွန်မသားက ရယ်လိုက်ရင် မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့”
“ခိုချီး ဝက်တွင်းထဲလူးချင်ရင် လာခဲ့လေ” “ဟာ ဘယ့်နှယ့် ငါ့ကို ဝက်တွင်းထဲလူးခိုင်းနေတာတုန်း။ ဪ
ကိုကြီး ဝါတွင်းထဲလှူချင်ရင်လာခဲ့လေ။ အင်း တော်ပါသေးရဲ့”
“ခွေးမသားလေး”
“ဟာ ဆဲတယ်ကျန်း”
“သူက အဲလိုပဲရေးထားတာလေ”
“နင်က တစ်ဆက်တည်းဖတ်မှပေါ့”
“ခွေးမသားလေးကောင်ပေါက်တယ်တော်”
“ဪ..ခွေးမသားလေး ကောင်ပေါက်တယ်တော်။ ဒီလိုနေမှာပါ
ဆက်ဖတ်”
“စောက်တုန်းက မအေလိုး ညည အပြင်ထွက်အိပ်တယ်”
“တောက် ငါနော် ရူးချင်လာပြီ ဟင်း။ စဉ်းစားစမ်း..စဉ်းစားစမ်း
ဪ ဆောင်းတုန်းက မအေးလို့ ညည အပြင်ထွက်အိပ်တယ်။
ဟူး တော်သေးတာပေါ့ ဆက်ဖတ်”
“မေလိုး”
“ဟာ”
“မြို့ထဲရောက်ရင်လိုး”
“ဟာ”
“ရှင်းဝယ်ခဲ့”
“မေ့လို့ မြို့ထဲရောက်ရင် လိုးရှင်းဝယ်ခဲ့။
တောက်….တော်ပါတော့ ဘော်စမန်မရယ် နင့်ဆက်ဖတ်ခိုင်းရင်
ငါပါ ဖာတန်းရောက်တော့မယ်”
ကို သာအေး သည် သူ့ မိန်းမ အား ပိတ်ကန်လိုက်လေတော့သည်။
Credit : Post Man
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။