အမေရိကန် သမ္မတ အိုဘားမား နောက်ဆုံးနူတ်ဆက်မိန့်ခွန်း
အိမ်ဖြူတော်တွင် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ချီကာဂိုမြို့တွင် အမေရိကန်ပြည်သူတွေနှင့် တစ်ကမ္ဘာလုံးကို သမ္မတတစ်ဦးအနေဖြင့် နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။
အိုဘားမား၏ နူတ်ဆက်မိန့်ခွန်းတွင် မဲဆွယ်စည်းရုံးရေးကာလက ၎င်း၏ဆောင်ပုဒ်ဖြစ်သည့် ‘ကျွန်တော်တို့ လုပ်နိုင်ပါတယ်’ ဆိုသည့် စကားကို ‘ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်’ လို့ ပြောင်းလဲ သုံးနှုန်းခဲ့သလို အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရခြင်းသည် ၎င်းဘ၀အတွက် ဂုဏ်ယူစရာကောင်းသည့် အထိမ်းအမှတ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတအိုးဘားမားက မီးရှူးတိုင်ကို ကိုင်မြှောက်ပြီး ဒီမိုကရေစီအတွက်
တိုက်ပွဲဝင်ကာ လူမှုအကျိုးစီးပွားဆိုင်ရာ အပြန်အလှန်သဘောတူညီမှုကို
ပိုမိုခိုင်မာအောင် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
ဆက်လက်ပြီး သမ္မတအိုဘားမားက “အပေါ်ယံ သဘောထားကွဲလွဲမှုတွေအတွက် အတူတကွ အဖြေရှာရမှာဖြစ်ပြီး မိတ်ဖက်ဖွဲ့မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အားလုံးဟာ ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်နေတဲ့ အရာတွေဖြစ်ပြီး အောင်မြင်မှု၊ ကျရှုံးမှုတွေကို အားလုံးက ညီတူမျှတူ ခံစားကြရမှာပဲဖြစ်တယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံရေးပါတီမတူညီမှုက ပဓာနမဟုတ်ဘဲ မိမိတို့အားလုံးသည် ဒီမိုကရေစီအင်စတီကျူးရှင်းများ ပြန်လည်တည်ဆောက်ရမည့် တာဝန်ကို အစွမ်းကုန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
သမ္မတအိုဘားမားသည် ဇနီးဖြစ်သူ မီရှယ်အိုဘားမားနှင့် သမီးများကိုလည်း ချီးကျူးပြောဆိုခဲ့ပြီး မီရှယ်သည် ၂၅ နှစ်လုံးလုံး ၎င်း၏ ဇနီးသည်အနေဖြင့်ရော ကလေးများ၏ မိခင်တစ်ဦးအနေဖြင့်သာမကဘဲ ၎င်းအတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်ကြောင်းလည်း မျက်ရည်များဖြင့် ပြောကြားခဲ့သည်။ွာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။