မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဘာလို့ မအောင်မြင်ကြသလဲ
ကျနော် အရင်လက ပဲခူးမှာ Seminar လုပ်ရင်း တက်လာတဲ့သူတွေက မေးကြပါတယ်။
သြဂဲနစ် သီးနှံစိုက်ရင် ဘယ်သူဝယ်မှာလဲ။ ဈေးကောင်းပေးမှာလား။ အကျိုးအမြတ်ဘယ်လောက်ရှိလို့ လဲတဲ့။
ကျနော်ပြန်မေးပါတယ်။
ပဲခူးမှာ မနီ ပုဇွန်ချဉ် နာမည်ကြီးပါတယ်။ မနီဆိုတဲ့ အမေကြီးက စလိုက်တာ သူ့သားသမီး မြေးမြစ်အထိရောက်နေပါပြီ။
တစ်တိုင်းပြည်လုံး ပုဇွန်ချဉ်စားရင်၊ ပဲခူးရောက်ရင် မနီ ပုဇွန်ချဉ်မှ မဝယ်ရရင်၊ မစားရရင် စိတ်တိုင်းမကျကြပါဘူး။
ကျနော်မေးချင်တာ - မနီဆိုတဲ့ ဘွားနီပေါ့နော်။ သူပုဇွန်ချဉ် စလုပ်တုန်းက တစ်နိုင်ငံလုံး ဝယ်စားပါ့မလား၊ ငါအမြတ်အများကြီး ရပါ့မလားဆိုတဲ့ စိတ်နဲ့လုပ်တာလား။
ငါ့လုပ်တဲ့ ပုဇွန်ချဉ်စားတဲ့ သူတွေ ကောင်းကောင်းစားနိုင်ဖို့ “ စေတနာနဲ့ “ လုပ်တာလား။
ကျနော်မေးတဲ့ မေးခွန်းကိုဖြေပါဆိုတော့ အားလုံး တိတ်ဆိတ်သွားပါတယ်။
သြဂဲနစ် သီးနှံမှ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို စေတနာနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်လုပ်လို့က စားသုံးတဲ့သူဆိုတာ လိုက်လာပါတယ်။
( ဈေးကွက်တော့ ရှိဖို့လိုတယ်။ ရှိတဲ့ ဈေးကွက်ကို သိဖို့လုပ်ရမှာ လုပ်ငန်းရှင်ရဲ့တာဝန်)
စေတနာနဲ့ ရေရှည်လုပ်လို့ အောင်မြင်တဲ့ မြန်မာ့ လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ် - အရီးတောင်း၊ မြင့်မြင့်ခင်ထိုးမုန့်နဲ့ ပြောရရင် မြို့အလိုက် နာမည်ကြီးတွေ အများကြီးပါ။
ဆွေစဉ်မျိုးဆက် အောင်မြင်နေတဲ့သူတွေပါ။ အဓိကက ငွေမျက်နှာထက် ရသင့်ရထိုက်တဲ့ အကျိုးမြတ်နဲ့ စားသုံးသူအတွက် စေတနာနဲ့ လုပ်ခဲ့တဲ့အတွက် အောင်မြင်ကြတာဖြစ်ပါတယ်။
စေတနာမပါဘဲ၊ ရေတိုအကျိုးအမြတ်အတွက် ကြည့်ပြီး လုပ်ရင်လည်း စားသုံးသူက သိပါတယ်။
ဥပမာလေး ပြောပြပါတယ်။ ကျနော့်အမေ မော်လမြိုင်သွားတဲ့လမ်းမှာ ဒူးရင်းသီးဝယ်တတ်ပါတယ်။ တစ်ချို့ရွာတွေ ကြည့်တုန်းက၊ ဈေးမေးတုန်းက ပြတဲ့ ဒူးရင်းသီးက တစ်မျိုး၊ ကားပေါ်တင်ပေးတဲ့အခါ ပေးတဲ့ ဒူးရင်းသီးကတစ်မျိုး၊ အပုပ်တွေတောင်ထည့်ပေးတဲ့ ရွာတွေဆို ဘယ်တော့မှ မဝယ်ဖို့ မှာတဲ့အကြောင်းလေး ရှင်းပြပါတယ်။
ရထားလမ်းပေါ်က ဈေးသည်တွေလည်းအတူတူပါပဲ။ လုပ်ငန်းကြီးတွေလည်း အတူတူပါပဲ။
တစ်နပ်စားကြံရင် ကြာကြာမခံပါဘူး။
ဒါ့အပြင် မြန်မာပြည်က လက်သစ်/ လူငယ် စီးပွားရေးသမား အများစု နားမလည်တဲ့၊ မအောင်မြင်စေတဲ့ အရည်အချင်းလေးတွေ သိစေချင်လို့ မျှဝေပေးလိုက်ပါတယ်။
မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေမှာ အောက်ပါ အရည်အချင်းတွေ ရှိကြတယ်။
(၁) တစ်ဦးတစ်ယောက် အောင်မြင်ရင် လိုက်လုပ်ကြတယ်။ သူဘယ်လောက် အချိန်/ အတွေ့အကြုံ/ ငွေ ရင်းနှီးခဲ့ရတယ်ဆိုတာ သေချာ မလေ့လာဘူး။
(၂) ကိုယ်တစ်ကယ် ဝါသနာပါလို့၊ တကယ်လုပ်ချင်လို့ မဟုတ်ပဲ ရေတိုအကျိုးအမြတ်ကို လိုချင်လို့။
( တက္ကသိုလ်တက်ဖို့ လိုင်းရွေးကတည်းက အချက် ၁ နဲ့ ၂ စိတ်ဓါတ်က ပါသွားကြတာဖြစ်တယ် )
(၃) လုပ်နိုင်မယ်၊ မလုပ်နိုင် မတွေးဘူး၊ လူအထင်ကြီးအောင် ကြီးကြီးမားမား လုပ်တိုင်း အောင်မြင်မယ် ထင်ကြတယ်။ နာမည်ကြီးတာနဲ့ အောင်မြင်တာကို ကွဲကွဲပြားပြား နားမလည်ကြဘူး။
(၄) ရေတိုလုပ်ငန်းက အမြတ်ရနိုင်တာဆိုလို့ ကားဝယ်ရောင်း၊ ဒေါ်လာဝယ်ရောင်း၊ အိမ်ခြံမြေ ဝယ်ရောင်း အလုပ်တွေပဲရှိတာကို နားမလည်ဘူး။ ဖင်မြဲအောင် မလုပ်ချင်ကြဘူး။ ရေရှည်အတွက် မပြင်ဆင်ကြဘူး။
(၅) လုပ်ငန်းတစ်ခုအနေနဲ့ အရွယ်အစားပိုကြီးလေ ရေရှည်လုပ်နိုင်မှ အမြတ်ရမယ်၊ အောင်မြင်မယ်ဆိုတာ နားမလည်ဘူး။ လုပ်ငန်းလည်ပတ်ငွေအတွက် ကြိုတင် တွက်ဆ မပြင်ဆင်တတ်ကြဘူး။ လုပ်ငန်းလုပ်ရင်း ရင်းနှီးမြှပ်နှံငွေ ပြတ်သွားပြီး လုပ်ငန်းရပ်သွားသူများတယ်။
(၆) တကယ် အရည်အချင်းရှိ၊ အင်အားစိုက်ထုတ်နိုင်မယ့် လုပ်ဖော်ကိုင်ဖက်ရဲ့ တန်ဖိုးကို နားမလည်ကြဘူး။ ငါငွေစိုက်တယ်၊ ငါအမြတ်အများဆုံး ရ ရမယ်။ ကြိုက်တဲ့လူ ခေါ်ခိုင်းလို့ရမယ်ဆိုတဲ့ စိတ်ထားရှိကြတယ်။
(၇) ဘယ်အလုပ်မှာမဆို လူ့စွမ်းအားဟာ အရေးကြီးဆုံးဆိုတာ သဘောမပေါက်ကြဘူး။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ြ ဖစ်၊
အခြေအနေတွေ ပြောင်းပြောင်း စိတ်ဓါတ်ခိုင်ခိုင်မာမာ၊ ယုံကြည်မှုအပြည့်အဝ၊
အင်အားစိုက်အထုတ်နိုင်မယ့် ဝန်ထမ်းတွေ မရှိလို့က ဘယ်အလုပ်မှ အောင်မြင်မှု
မရှိဘူးဆိုတာ နားမလည်ကြဘူး။ ဒီဝန်ထမ်းတွေ လေ့ကျင့်သင်ကြားဖို့၊
တန်ဖိုးထားဖို့ နားမလည်ကြဘူး။
အပေါ်က အချက်တွေကို ပြောင်းပြန်လှန်ပြီး လုပ်ရင် အောင်မြင်ပါလိမ့်မယ်။
Ye William
ကျနော် အရင်လက ပဲခူးမှာ Seminar လုပ်ရင်း တက်လာတဲ့သူတွေက မေးကြပါတယ်။
သြဂဲနစ် သီးနှံစိုက်ရင် ဘယ်သူဝယ်မှာလဲ။ ဈေးကောင်းပေးမှာလား။ အကျိုးအမြတ်ဘယ်လောက်ရှိလို့
ကျနော်ပြန်မေးပါတယ်။
ပဲခူးမှာ မနီ ပုဇွန်ချဉ် နာမည်ကြီးပါတယ်။ မနီဆိုတဲ့ အမေကြီးက စလိုက်တာ သူ့သားသမီး မြေးမြစ်အထိရောက်နေပါပြီ။
တစ်တိုင်းပြည်လုံး ပုဇွန်ချဉ်စားရင်၊ ပဲခူးရောက်ရင် မနီ ပုဇွန်ချဉ်မှ မဝယ်ရရင်၊ မစားရရင် စိတ်တိုင်းမကျကြပါဘူး။
ကျနော်မေးချင်တာ - မနီဆိုတဲ့ ဘွားနီပေါ့နော်။ သူပုဇွန်ချဉ် စလုပ်တုန်းက တစ်နိုင်ငံလုံး ဝယ်စားပါ့မလား၊ ငါအမြတ်အများကြီး ရပါ့မလားဆိုတဲ့ စိတ်နဲ့လုပ်တာလား။
ငါ့လုပ်တဲ့ ပုဇွန်ချဉ်စားတဲ့ သူတွေ ကောင်းကောင်းစားနိုင်ဖို့ “ စေတနာနဲ့ “ လုပ်တာလား။
ကျနော်မေးတဲ့ မေးခွန်းကိုဖြေပါဆိုတော့ အားလုံး တိတ်ဆိတ်သွားပါတယ်။
သြဂဲနစ် သီးနှံမှ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို စေတနာနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်လုပ်လိ
( ဈေးကွက်တော့ ရှိဖို့လိုတယ်။ ရှိတဲ့ ဈေးကွက်ကို သိဖို့လုပ်ရမှာ လုပ်ငန်းရှင်ရဲ့တာဝန်)
စေတနာနဲ့ ရေရှည်လုပ်လို့ အောင်မြင်တဲ့ မြန်မာ့ လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ် - အရီးတောင်း၊ မြင့်မြင့်ခင်ထိုးမုန့်နဲ့ ပြောရရင် မြို့အလိုက် နာမည်ကြီးတွေ အများကြီးပါ။
ဆွေစဉ်မျိုးဆက် အောင်မြင်နေတဲ့သူတွေပါ။ အဓိကက ငွေမျက်နှာထက် ရသင့်ရထိုက်တဲ့ အကျိုးမြတ်နဲ့ စားသုံးသူအတွက် စေတနာနဲ့ လုပ်ခဲ့တဲ့အတွက် အောင်မြင်ကြတာဖြစ်ပါတယ်။
စေတနာမပါဘဲ၊ ရေတိုအကျိုးအမြတ်အတွက် ကြည့်ပြီး လုပ်ရင်လည်း စားသုံးသူက သိပါတယ်။
ဥပမာလေး ပြောပြပါတယ်။ ကျနော့်အမေ မော်လမြိုင်သွားတဲ့လမ်းမှာ ဒူးရင်းသီးဝယ်တတ်ပါတယ်။ တစ်ချို့ရွာတွေ ကြည့်တုန်းက၊ ဈေးမေးတုန်းက ပြတဲ့ ဒူးရင်းသီးက တစ်မျိုး၊ ကားပေါ်တင်ပေးတဲ့အခါ ပေးတဲ့ ဒူးရင်းသီးကတစ်မျိုး၊ အပုပ်တွေတောင်ထည့်ပေးတဲ့ ရွာတွေဆို ဘယ်တော့မှ မဝယ်ဖို့ မှာတဲ့အကြောင်းလေး ရှင်းပြပါတယ်။
ရထားလမ်းပေါ်က ဈေးသည်တွေလည်းအတူတူပါပဲ။ လုပ်ငန်းကြီးတွေလည်း အတူတူပါပဲ။
တစ်နပ်စားကြံရင် ကြာကြာမခံပါဘူး။
ဒါ့အပြင် မြန်မာပြည်က လက်သစ်/ လူငယ် စီးပွားရေးသမား အများစု နားမလည်တဲ့၊ မအောင်မြင်စေတဲ့ အရည်အချင်းလေးတွေ သိစေချင်လို့ မျှဝေပေးလိုက်ပါတယ်။
မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေမ
(၁) တစ်ဦးတစ်ယောက် အောင်မြင်ရင် လိုက်လုပ်ကြတယ်။ သူဘယ်လောက် အချိန်/ အတွေ့အကြုံ/ ငွေ ရင်းနှီးခဲ့ရတယ်ဆိုတာ သေချာ မလေ့လာဘူး။
(၂) ကိုယ်တစ်ကယ် ဝါသနာပါလို့၊ တကယ်လုပ်ချင်လို့ မဟုတ်ပဲ ရေတိုအကျိုးအမြတ်ကို လိုချင်လို့။
( တက္ကသိုလ်တက်ဖို့ လိုင်းရွေးကတည်းက အချက် ၁ နဲ့ ၂ စိတ်ဓါတ်က ပါသွားကြတာဖြစ်တယ် )
(၃) လုပ်နိုင်မယ်၊ မလုပ်နိုင် မတွေးဘူး၊ လူအထင်ကြီးအောင် ကြီးကြီးမားမား လုပ်တိုင်း အောင်မြင်မယ် ထင်ကြတယ်။ နာမည်ကြီးတာနဲ့ အောင်မြင်တာကို ကွဲကွဲပြားပြား နားမလည်ကြဘူး။
(၄) ရေတိုလုပ်ငန်းက အမြတ်ရနိုင်တာဆိုလို့ ကားဝယ်ရောင်း၊ ဒေါ်လာဝယ်ရောင်း၊ အိမ်ခြံမြေ ဝယ်ရောင်း အလုပ်တွေပဲရှိတာကို နားမလည်ဘူး။ ဖင်မြဲအောင် မလုပ်ချင်ကြဘူး။ ရေရှည်အတွက် မပြင်ဆင်ကြဘူး။
(၅) လုပ်ငန်းတစ်ခုအနေနဲ့ အရွယ်အစားပိုကြီးလေ ရေရှည်လုပ်နိုင်မှ အမြတ်ရမယ်၊ အောင်မြင်မယ်ဆိုတာ နားမလည်ဘူး။ လုပ်ငန်းလည်ပတ်ငွေအတွက် ကြိုတင် တွက်ဆ မပြင်ဆင်တတ်ကြဘူး။ လုပ်ငန်းလုပ်ရင်း ရင်းနှီးမြှပ်နှံငွေ ပြတ်သွားပြီး လုပ်ငန်းရပ်သွားသူများတယ်။
(၆) တကယ် အရည်အချင်းရှိ၊ အင်အားစိုက်ထုတ်နိုင်မယ့် လုပ်ဖော်ကိုင်ဖက်ရဲ့ တန်ဖိုးကို နားမလည်ကြဘူး။ ငါငွေစိုက်တယ်၊ ငါအမြတ်အများဆုံး ရ ရမယ်။ ကြိုက်တဲ့လူ ခေါ်ခိုင်းလို့ရမယ်ဆိုတဲ့ စိတ်ထားရှိကြတယ်။
(၇) ဘယ်အလုပ်မှာမဆို လူ့စွမ်းအားဟာ အရေးကြီးဆုံးဆိုတာ သဘောမပေါက်ကြဘူး။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ြ
အပေါ်က အချက်တွေကို ပြောင်းပြန်လှန်ပြီး လုပ်ရင် အောင်မြင်ပါလိမ့်မယ်။
Ye William
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။