မောမြေမှ ဂီတကြယ်ပွင့်သစ် (သို့) စိုင်းထီးဆိုင် (အပိုင်းနှစ်)
အပိုင်းတစ် လင့်ခ်
https://m.facebook.com/ story.php?story_fbid=178362 5655223361&substory_index= 0&id=1406194469633150
ရန်ကုန်ရောက်တော့ ၄၂ လမ်းမှာ တည်းခိုသည်။ စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောသိမ်းဝင်း၊ ပီတာပေါ (ဒရမ်)၊ ဝီလျံပေါ (ပီယာနို)၊ ယုလွင်နှင့် မိမိတို့တစ်ဖွဲ့လုံးပါသည် ။
စိုင်းခမ်းလိတ်က နောက် ၁၅ ရက်နေ့မှ၊ မန္တလေးမှ ဆင်းလာမည်ဟု
ပြောသည်။ အဆင်ပြေချင်တော့ သူငယ်ချင်း ကဲဗင့်(န်)နှင့်
ဆုံစည်းရသည်။ သူကလည်း တောင်ကြီး ကျောင်းနေဖက်
ငယ်ပေါင်းတစ်ဦး။ ဝါသနာကြီးစွာဖြင့် ရန်ကုန် -
အနော်ရထာလမ်းနှင့် ၃၂ လမ်းထိပ်မှာ တေးသံသွင်း ဆိုင်တစ်ဆိုင်
ဖွင့်ထားသည်။ နာမည်က ``စင်ကာပူ တေးသံသွင်း''၊ စောစောက ၄၂
လမ်းထဲမှာ သူ့အိမ်ရှိသည်။ လေးထပ်တိုက် အပေါ်ဆုံးအထပ်၊
သန့်ပြန့်ကျယ်ဝန်းပြီး လူ ၁၀ ယောက်လောက် တည်းခိုနိုင်သည်။ ဘာမျှ
အားနာစရာမလို။ ကဲဗင့်န်က စိုင်းထီးဆိုင် အခွေထုတ်ဖို့ ဆန္ဒစောနေသည်။
အနုပညာစိတ်ရှိပြီး စီးပွားရေးသက်သက် ထုတ်ဝေသူ၊ လုပ်နေသူ
တစ်ယောက်မဟုတ်။ ရိုးသားသည်။ ပျော်ပျော်နေတတ်သည်။
ပြီး သီချင်း ၁၂ ပုဒ်လုံး အသံသွင်းမည့် နေရာက မေစတူဒီယို၊ အားလုံး
အဆင်ပြေသည်။ နှစ်ရက်စလုံး ကဲဗင့်န် အခန်းထဲမှာပဲ
သီချင်းပြန်တိုက်ကြသည်။
စိုင်းထီးဆိုင်က သူ့ကိုယ်သူ ယုံကြည်ပြီးသားဖြစ်သည်။ နောက်တစ်ရက် မနက်ခင်းမှစ၍ မေစတူဒီယိုမှာ သီချင်းနှစ်ပုဒ် စသွင်းကြသည်။ သီချင်းနာမည်က ``နံရံကိုလက်သီးနဲ့ ထိုးမိတယ်'' နှင့် ``ငုပ်ကောင်ကို ဆက်ထိုးခြင်း'' ခေါင်းစဉ်နှင့် နှစ်ပုဒ်။ နံရံကိုလက်သီးနဲ့ ထိုးမိတယ်မှ စာသားနည်းနည်း ရေးပြချင်သည်။
``အဆင်မပြေတာတွေ အခုတလောမှာ အဖော်တွေစုပြီး ဝင်ရောက်လာ...
နဂိုက မဟန်တဲ့ ကိုယ့်ဘဝဟာ ဖရိုဖရဲဖြစ်ပြီ...
...ဘာကိုပြစ်ရှာ ပုံမှာလဲ
တရားခံအရင်းက ဘယ်သူလဲ
အဖြေကိုစဉ်းစား မရနိုင်တော့
နံရံကိုလက်သီးနဲ့ ထိုးမိမယ်''
လေးရက်မြောက်နေ့တွင် ``လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ'' နှင့် ``လူကြမ်းမင်းသား'' နှစ်ပုဒ် ထပ်သွင်းဖြစ်သည်။ ပျက်လျှင် ပြန်ပြင်ကြသည်။ အားကောင်းမောင်းသန်ဖြင့်
ဇွဲရှိရှိ အသံ လေယူလေသိမ်း Tone အတက်အကျမှ အစ၊ အသုံးပြုသော
Instrument ပစ္စည်းများ၏ အဝင်အထွက်များ အားလုံးစိတ်တိုင်းကျ
ပြန်စီစဉ်ကြသည်။ ၁၀ မိနစ်နားလျှင် မေအသံသွင်း ခန်းမထဲမှထွက်ပြီး
ဆေးလိပ်သောက်ကြသည်။ ခြံအနောက်ဖက်တွင် Bar တစ်ခု
ဖွင့်ထားပေးသည်။ ကျွန်တော်နှင့် ယုလွင်က ရောက်နှင့်ပြီ။
နှစ်ပက်၊ ဆက်သားခြောက်၊ မြေပဲလှော်နှင့် နောက်နှစ်ဦး
ရောက်လာသည်။ စောဂျက်ဆင်နှင့် စိုင်းခမ်းသီ။ ကဲထည့် လေးပက်။ ၁၁
နာရီ ထိုးသောအခါ လိုလေသေးမရှိအောင် ဒန်ပေါက်ထမင်းပို့သော ကား
ရောက်လာသည်။ စိုင်းထီးဆိုင်က အသံသွင်းပြီးမှ သောက်မယ်ဟု
ပြောသည်။ အားလုံး စုစုစည်းစည်း ဒန်ပေါက်ထမင်း စားကြ၊
ရယ်မောကြဖြင့် ပျော်စရာ ကောင်းခဲ့သည်။
၄၂ လမ်း ပြန်ရောက်တော့ မှောင်နေပြီ။ စိုင်းခမ်းသီတစ်ယောက် ခေါင်းမထောင်နိုင်တော့ ။ စိုင်းထီးဆိုင်က နောက်နေ့ဆက်သွင်းမယ့်
သီချင်း ရှစ်ပုဒ်ကို ဂစ်တာနှစ်လက်နှင့် ပြန် Rehearsal လုပ်သည်။
ထပ်ခါထပ်ခါ ပြန်လေ့ကျင့်သည်။ အနစ်နာခံခြင်း၊
စိတ်ရှည်သည်းခံခြင်း၊ အားလုံးအပေါ် ခွင့်လွှတ်စိတ် ကြီးမားသူအဖြစ်
မြင်ရသောအခါ အားကျမိသည်။ ထို့ကြောင့်လည်း ဂီတစင်မြင့်ပေါ်တွင်
အောင်မြင်မှု အထွတ်အထိပ်သို့ သူလျှောက်လှမ်းနိုင်ခဲ့ ခြင်း
ဖြစ်သည်။ ည ရှစ်နာရီလောက် ဧည့်သည်တစ်ယောက် ရောက်လာသည်။ သူကား
ယခုမဂ္ဂဇင်းဂျာနယ်တွင် အတော်နာမည်ရနေသည့် အယ်ဒီတာ ဝင်းငြိမ်းပင်။
သူ့ကို ကျွန်တော်မသိ။ သူက ပေဖူးလွှာ မဂ္ဂဇင်းအတွက်
ဆောင်းပါးတစ်စောင် တောင်းလာသည်။ စိုင်းထီးဆိုင်က
သူမရေးတတ်ကြောင်းနှင့်
ယခု စီးရီးပါ သီချင်းများနှင့် ခံစားရမှု မြစ်ဖျားခံရာအစကို
ကျွန်တော့်ကို ရေးခိုင်းလာသည်။ သို့နှင့် တစ်လထဲ ပေဖူးလွှာ
မဂ္ဂဇင်းထဲတွင် ကျွန်တော့် ဆောင်းပါးနှင့် စိုင်းခမ်းလိတ်
ဆောင်းပါးနှစ်ပုဒ် ပါလာသည်။ ``လူကြမ်း'' စီးရီး အောင်မြင်မှုအတွက်
အဖွဲ့သားအားလုံး ပျော်မဆုံး။ အခွေတွေ ရောင်းအား
တအားကောင်းခဲ့သည်။ ဤသို့ဖြင့် ကျွန်တော်တို့ ရှမ်းပြည်နယ်သို့
ပြန်တက်ခဲ့သည်။
တောင်ကြီး ပြန်ရောက်ပြီး စာအုပ်ထဲ နစ်မြုပ်နေမိသည်။ စိုင်းထီးဆိုင်တို့က စိုင်းခမ်းလိတ် ရန်ကုန်ရောက်မလာသဖြင့်
ပြင်ဦးလွင်ဘက် တက်သွားကြသည်။ နောက်လာမည့် ခြောက်လအတွင်း
စီးရီးသစ်အတွက် ဂီတကုန်ကြမ်းရှာကြပြီး တစ်နေ့
ကျွန်တော့်အိမ်တွင် ဗီသိုဗင် 5 နှင့် Japan Classical အခွေ
နားထောင်နေစဉ် စောဂျက်ဆင်နှင့် ရွှေကျော်တို့ ရောက်လာသည်။
သူတို့လည်း ဤခမ်းနားသော ကမ္ဘာကျော် ဂန္တဝင်တီလုံး တီးကွက်များကို
တမေ့တမော နားထောင်နေကြသည်။ လာရင်းကိစ္စကို မပြောကြ။
တစ်နာရီခွဲကျော်ကြာမှ ရွှေကျော်က ပြောလာသည်။ တီဝိုင်းတစ်ဝိုင်း
ဖွဲ့ချင်ကြောင်း၊ အတီးသမားနှင့် အဆိုလူငယ်တွေ ရှစ်ယောက်ခန့်
ရှိကြောင်းနှင့် တီဝိုင်းနာမည်သစ် ရွေးပေးပါရန် ဆွေးနွေး
တင်ပြလာသည်။ ဒီလိုနှင့် နာမည်တွေ ဝိုင်းစဉ်းစားကြသည်။ ယခင်က Green
Forest Band အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖူးသည်။ သူတို့က ဒီနာမည်
ပြန်သုံးမည်ကို မကြိုက်။ စောဂျက်ဆင်ရော ရွှေကျော်ပါ
မော်ဒန်ဆန်ဆန် နာမည်လေး ရချင်နေသည်။ တစ်ပတ်ခန့်
စဉ်းစားခဲ့ကြသည်။ တစ်နေ့ မောဒီဇင်ဘာ စားသောက်ဆိုင်မှာ ဆုံကြသည်။
တယော တိုးလာသည်။ သူကား ခွန်အုန်းမောင် (သို့မဟုတ်) ကိုအုန်းမောင်
(အမေ့ရုပ်ရည်) ဖြင့် တေးလောကထဲ နာမည်ရလာသူ ဖြစ်သည်။
ရမ်သုံးလုံး၊ ကြက်ခြောက်ကျော်၊ အားလူးကျော်နှင့်
အစိမ်းကျော်တွေပါသည်။ လေးယောက်စလုံး ဝါသနာတူသူချင်း စကားတွေက
ပြောလို့မကုန်၊ မူးယစ်ရစ်ဝေသော ရှမ်းရိုးမ၏
ငွေလရောင်အောက်တွင် အားလုံး တီးဝိုင်းနာမည်တစ်ခု ရွေးမိခဲ့ကြပြီ။
New Image Band ၊ အရင်ကတည်းက တီးဝိုင်းပစ္စည်း အစုံအလင် ရွှေကျော်
ဝယ်ထားပြီးပြီ။ ပြီးခဲ့သော နှစ်လခန့်က ဂျပန်ရာမဟာ
အသစ်စက်စက်တစ်လုံး ဝယ်ခဲ့ပြီးပြီ။ တောင်ကြီးနှစ်စဉ်
သင်္ကြန်ပွဲနှင့် တန်ဆောင်တိုင် ပွဲတော်တို့တွင် တီးဝိုင်း
ပွဲထုတ်ခဲ့ကြသည်။ ဧည့်ခံပွဲ၊ မွေးနေ့ပွဲများမှ တီးဝိုင်း
လာငှါးကြသည်။
ဤသို့ဖြင့် ၁၉၈၅ ခုနှစ် နွေဦးတွင် ရွှေကျော်နှင့် ကျွန်တော် ရန်ကုန် ဆင်းကြသည်။ ရန်ကုန် အင်းလျား ခရမ်းပြာအဆောင်တွင် တည်းသည်။ နောက်ပိုင်း ခရမ်းပြာတွင် အခန်းတစ်ခန်း ငှါးနေလိုက်သည်။ ရွှေကျော်၏ ရည်မှန်းချက်မှာ ဂီတပညာ ထပ်မံ ဆည်းပူးရန်နှင့် မိမိမှလည်း တောင်ကြီးက စုဆောင်းရေးသားခဲ့သော ကဗျာ၊ ဆောင်းပါးအချို့ ပေးပို့ရန်ဖြစ်သည်။ တိုက်ဆိုင်ချင်တော့ ခရမ်းပြာတွင် မဇ္စိုမတီဝိုင်းမှ ကိုရဲလွင်၊ ကိုနေဝင်း (မောင့်လပြည့်ဝန်း) တို့ ရှိနေသည်။ ခရမ်းပြာ ဒုတိယထပ်တွင် ဂီတသင်တန်း ပေးနေကြသည်။ ရွှေကျော်မှာ ပျော်၍မဆုံး။ ပညာတွေ သင်ယူဖို့ ကျွန်တော် နှစ်လခန့်နေပြီး တောင်ကြီး ပြန်ရောက်သည့်တိုင် သူ ရန်ကုန်မှာ ကျန်နေရစ်သည်။ ရွှေကျော်၏ ဂီတနယ်မြေထဲ ဇွဲကြီးစွာ ကျင်လည်ဖြတ်သန်းခဲ့ရမှုအ ပေါ်
ယခုတိုင် မမေ့နိုင်သေး။ ယခုထိ သူနှင့် အခွေ မထုတ်ဖြစ်သေး။ သူက
စိုင်းထီးဆိုင်နှင့် ခင်မောင်တိုး သီချင်းများကို နှစ်ခြိုက်စွာ
သီဆိုခဲ့သူ တစ်ဦးပင်။
တစ်ဆက်တည်း ဗိုလ်ထီးတို့ ၁၉၇၅ ခုနှစ်က ရန်ကုန်တွင် ပထမဦးဆုံးသော Show ပွဲ တစ်ပွဲအကြောင်း အမှတ်ရသဖြင့် ပြန်ရေးပြချင်ပါသည်။ သဘာဝရင်သွေးငယ်မှ လူစုံတက်စုံ ရောက်နေကြပြီ။ နာမည်အရှိန်က ဟိုးလေးတကျော် ဖြစ်နေချိန်မို့ Show လက်မှတ် ရောင်းမလောက်အောင် ဖြစ်ခဲ့ရသည်။ Show ကျင်းပဖြစ်ရာ နေရာမှာ စမ်းချောင်း ပဒုမ္မာကွင်းကြီးထဲတွင် ဖြစ်သည်။ လူတွေ တိုးမပေါက်။ လက်မှတ် မရကြသေးသူများပင် Show ရုံ အပြင်ဘက် သောင်းနှင့်ချီသော လူအုပ်ကြီးက ကြက်သီးထစရာ။ ပဒုမ္မာ ပတ်ပတ်လည်လည် စားသောက်ဆိုင်ခန်းများ စုံလင်စွာဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။ ရုံထဲမှာလည်း လူပြည့်လျှံနေပြီ။ Show စတော့ အစောပိုင်းက လူသံတွေ၊ ဆူသံတွေ ချက်ချင်း ငြိမ်သက်သွားကြသည်။ ထိပ်ဆုံး ``မောင့်လပြည့်ဝန်း'' နှင့် ဖျော်ဖြေသည်။ ဒုတိယ တစ်ပုဒ်မှာ ``မင်းပန်မယ်ဆိုရင်'' ခွေမထုတ်ရသေးသော သီချင်းသစ်ဖြစ်သည်။ စင်မြင့်ထက်တွင် အားလုံး အပြာရောင်ဂျင်းတွေ ဝတ်ထားသည်။ မိမိမှလည်း စာပေလောကထဲမှ စာရေးဆရာ၊ ကဗျာဆရာ တော်တော်များများကို ရှေ့ဆုံးတန်းမှ ဖိတ်ခေါ် ပြသပေးခဲ့သည်။ ထိုအထဲတွင် ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ ကဗျာလင်းသူ၊ ညဏ်ဝင်း (သမုဒ္ဒရာ)၊ ထွန်းညွန့်၊ ကိုညိုသစ်တို့ လာကြသည်။ အားပေးကြသော ပရိသတ်ထုကြီးက သီချင်းသစ်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်နေကြသည်။
``မင်းပန်မယ်ဆို ကိုယ်ခူးပေးပါ့မယ်
ဒါပေမဲ့...ဒီပန်းကို မင်းတန်ဖိုးထားရမယ်
မင်းလာမယ်ဆိုရင်
ကိုယ်ခင်းပေးပါ့မယ်
ဒါပေမဲ့ ...ဒီလမ်းကို
မင်း ထာဝရ လျှောက်ရမယ်
မင်းဆိုမယ်ဆိုရင် ကိုယ်ရေးပေးပါ့မယ်
ဒါပေမဲ့ ဒီသီချင်းကို
မင်းခံစားတတ်မှကွယ်...
ထိုက်တန်မဲ့ ရင်းနှီးမှုတော့ပေးရမယ်
မယုတ်လွန်တဲ့
လုံ့လလေးတော့ စိုက်ရမယ်
နတ်စီတဲ့ အိပ်မက်လှလှများ
လွယ်လွယ်နှင့်မရ...''
စိုင်းထီးဆိုင်၏ ဆိုနေကျ လေပြေထိုးသံ နွဲ့နွဲ့နှင့် အေးဆေးဖြေးညှင်းစွာ သီဆိုနေမှုက ပရိသတ်ထု၏ ရင်ပြင်တခွင်လုံးကို ဆွဲယူညှစ်ချေခြင်း ခံလိုက်ရသလို ဖြစ်သွားကြသည်။ ဂီတ လျှပ်စစ်စီးကြောင်း ခေတ္တဝင်နောက် ပူးသွားသလို ဖြစ်သွားကြသည်။ နှစ်ကြော့ပြန်ဆိုပြီးသောအခါ
ပရိသတ်ထုမှ လက်ခုပ်သြဘာသံများ ပဒုမ္မာကွင်း မိုးထက်ယံသို့
လျှံတက်သွားပြီး၊ နောက်တစ်ပုဒ် နောက်တစ်ပုဒ် ဆက်ဆိုဖို့
အားလုံးအော်ကုန်ကြသည်။
ထိုစဉ် စိုင်းထီးဆိုင်မှ သူချစ်သော တေးပရိသတ်များသို့ တောင်းပန်စကား ပြောကြားပြီး အားပေးမှုအားလုံးကို ဝမ်းမြောက်ပါကြောင်း၊ Show မှ သီဆိုသံများ မကြားရလောက်အောင် တအား မအော်ဟစ်ကြဖို့၊ အပြင်မှ အားပေးနေကြတဲ့ တေးချစ် ပရိသတ်များလည်း ကြားရမြင်ရအောင် ပဒုမ္မာရုံကြီးကို ဖွင့်ပေးပါရစေဟု ပြောလိုက်သည်နှင့် လေးဘက်စလုံး ကာရန်ထားသော နံရံများကို ဖွင့်ပေးလိုက်ကြသည်။ မြန်မာပြည်တွင် ဤမျှလူတွေ ပြည့်လျှံလှအောင် စည်ကားခဲ့သော Show ပွဲကို မိမိတစ်သက် ဒီတစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးသဖြင့် ရင်သက်ရှုမော အံ့သြခြင်း ဖြစ်ခဲ့ရသည်။
သူနှင့် စိုင်းခမ်းလိတ်တို့ နာမည်ကျော် လူသိများ၍ အောင်မြင်မှုထဲတွင် မာန လုံးဝမရှိ။ ဟန်ဆောင်မှုကင်းရှင်းပြီး
ဒီဘက်ခေတ် အနှစ် ၂၀ လုံးလုံး သီချင်းခွေတွေ ဆက်တိုက်
ထွက်ရှိခဲ့သည်။ နွေရာသီ၊ မန္တလေးရောက် ရှမ်းတစ်ယောက်၊
ရန်ကုန်မှာသာတဲ့လ၊ ရေဒီယိုကမာရွတ်၊ ပျံသာပျံပါရွှေဟံသာ၊
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းတိုင်း ဖြစ်စေမယ်၊
မောင့်လပြည့်ဝန်း၊ နွေနံနက်ခင်း၊ ပလက်ဖောင်းမင်းသား၊
နွဲ့တင်အတွက်တေးတစ်ပုဒ် ၊
စိတ္တဇအလွမ်း၊ မောင့်အရိုင်းပန်း၊ စိုင်းထီးဆိုင်
စိတ်ကြိုက်တေးများ၊ လက်ရွေးစင်တေးများ၊ မိမိ မမှတ်မိသော
အခွေများစွာ ထုတ်ခဲ့သည်။ ယနေ့ထိ အောင်မြင်ဆဲ ဂီတရေစီးထဲတွင်
ရှင်သန်နေမြဲ၊ လူချစ်လူခင် ပေါများဆဲ၊ သူကား...ကိုတင်ဦး
(သို့မဟုတ်) စိုင်းထီးဆိုင်ဆိုသည့် အနုပညာ ကြယ်တစ်ပွင့်။
ကျန်းမာစွာဖြင့် ဆက်လက် အောင်မြင်ပါစေဟု ဆုတောင်းနေမိသည်။ ယခု
ရန်ကုန်ရောက်သည်အထိ သူနှင့် မဆုံဖြစ်သေး။ ဒီနှစ် ၂၀၀၇ ထဲ
အသစ်တစ်ခွေ ထုတ်မယ့်အကြောင်း၊ ကြော်ငြာ ဖတ်လိုက်ရသည်။
ယခု တင်ပြခဲ့မှုများမှာ ပြီးပြည့်စုံသော သူ့အထုပ္ပတ္တိတော့ မဟုတ်ပါချေ။ မိမိနှင့် ဖြတ်သန်းခဲ့ဖူးသော ဂီတလောကထဲမှ သူ၏ ဖန်တီးမှုစီးကြောင်းငယ် လေး
တစ်ခုမှ အကွေ့တစ်ကွေ့ ဖြစ်ရပ်ပုံရိပ်လေးများ ကျွန်တော်
မှတ်မိသ၍ ပြန်လည်ရေးသားမိသော ခံစားမှု အစိတ်အပိုင်း အချို့အဝက်မျှသာ
ဖြစ်ပါသည်။ ရှေးဟောင်း စကားပုံလေးတစ်ခု ရှိပါသည်။
``အို မိတ်ဆွေ
သင်ရောက်ရှိရာ ကမ္ဘာကြီးတစ်နေရာတွင် လေချွန်၍ သီချင်းတစ်ပုဒ်သာ ဆိုလိုက်ပါ။ သင့်ထံ မိတ်ဆွေသစ်တစ်ယောက် ရောက်ရှိလာပါလိမ့်မည်''
သစ်ထူးအောင် (တောင်ကြီး)
မေ၊ ၂၀၀၇
အလင်္ကာ ဂီတဂျာနယ်
#KoKaLee
စိုင်းထီးဆိုင်သီချင်းများေ ဒါင်းရန်
ရတနာ
http://www.mediafire.com/ ?x6p56dvp5c3hkhm
ရေဒီယိုကမာရွတ်
http:// phyuniwarpyar.blogspot.com/ 2015/04/ blog-post_338.html?m=0
ပလက်ဖောင်းမင်းသား
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_931.html?m=0
မောင့်အရိုင်းပန်း
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_16.html?m=0
ခြင်္သေ့လည်ပြန်
http:// phyuniwarpyar.blogspot.com/ 2016/05/ blog-post_94.html?m=0
ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ
http:// phyuniwarpyar.blogspot.com/ 2015/11/ blog-post_53.html?m=0
ချယ်ရီကိုသာပန်ပါကွယ်
https://my.pcloud.com/ publink/ show?code=kZ74YzZlrkBvehjti z829VpwvaQLL5he13X
ကိုယ့်အချစ်နဲ့ အရာရာကိုအကောင်းအတိုင်းဖြစ် စေမယ်
http:// phyuniwarpyar.blogspot.com/ 2015/02/ blog-post_46.html?m=0
ရန်ကုန်မှာသာတဲ့လ
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_552.html?m=0
ဘဝမီးအိမ်
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_735.html?m=0
သခင့်ဆီအပြေးပြန်လာမည်
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_88.html?m=0
လူကြမ်းမင်းသား
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_104.html?m=0
လေညာအရပ်ကအချစ်
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_24.html?m=0
စိတ္တဇအလွမ်း
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_608.html?m=0
နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်
http:// phyuniwarpyar.blogspot.com/ 2014/11/ blog-post_468.html?m=0
တောင်တန်းမြေမှတေးမှတ်တမ်း
http:// phyuniwarpyar.blogspot.com/ 2017/01/ blog-post_90.html?m=0
Unplugged live
http:// phyuniwarpyar.blogspot.com/ 2016/12/ unplugged-live.html?m=0
အပေါ်မှာမပါတဲ့ခွေတွေဆို အောက်ပါလင့်ခ်မှ သွားပါ
phyuniwarpyar.blogspot.com
http:// phyuniwarpyar.blogspot.com/ search/label/ စိုင်းထီးဆိုင်%20တေးစုများ? m=0
စိုင်းထီးဆိုင်မဟုတ်ရင် လာမတောင်းပါနဲ့
အပိုင်းတစ် လင့်ခ်
https://m.facebook.com/
ရန်ကုန်ရောက်တော့ ၄၂ လမ်းမှာ တည်းခိုသည်။ စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောသိမ်းဝင်း၊ ပီတာပေါ (ဒရမ်)၊ ဝီလျံပေါ (ပီယာနို)၊ ယုလွင်နှင့် မိမိတို့တစ်ဖွဲ့လုံးပါသည်
စိုင်းထီးဆိုင်က သူ့ကိုယ်သူ ယုံကြည်ပြီးသားဖြစ်သည်။ နောက်တစ်ရက် မနက်ခင်းမှစ၍ မေစတူဒီယိုမှာ သီချင်းနှစ်ပုဒ် စသွင်းကြသည်။ သီချင်းနာမည်က ``နံရံကိုလက်သီးနဲ့ ထိုးမိတယ်'' နှင့် ``ငုပ်ကောင်ကို ဆက်ထိုးခြင်း'' ခေါင်းစဉ်နှင့် နှစ်ပုဒ်။ နံရံကိုလက်သီးနဲ့ ထိုးမိတယ်မှ စာသားနည်းနည်း ရေးပြချင်သည်။
``အဆင်မပြေတာတွေ အခုတလောမှာ အဖော်တွေစုပြီး ဝင်ရောက်လာ...
နဂိုက မဟန်တဲ့ ကိုယ့်ဘဝဟာ ဖရိုဖရဲဖြစ်ပြီ...
...ဘာကိုပြစ်ရှာ ပုံမှာလဲ
တရားခံအရင်းက ဘယ်သူလဲ
အဖြေကိုစဉ်းစား မရနိုင်တော့
နံရံကိုလက်သီးနဲ့ ထိုးမိမယ်''
လေးရက်မြောက်နေ့တွင် ``လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ'' နှင့် ``လူကြမ်းမင်းသား'' နှစ်ပုဒ် ထပ်သွင်းဖြစ်သည်။ ပျက်လျှင် ပြန်ပြင်ကြသည်။ အားကောင်းမောင်းသန်ဖြင
၄၂ လမ်း ပြန်ရောက်တော့ မှောင်နေပြီ။ စိုင်းခမ်းသီတစ်ယောက် ခေါင်းမထောင်နိုင်တော
တောင်ကြီး ပြန်ရောက်ပြီး စာအုပ်ထဲ နစ်မြုပ်နေမိသည်။ စိုင်းထီးဆိုင်တို့က စိုင်းခမ်းလိတ် ရန်ကုန်ရောက်မလာသဖြင့်
ဤသို့ဖြင့် ၁၉၈၅ ခုနှစ် နွေဦးတွင် ရွှေကျော်နှင့် ကျွန်တော် ရန်ကုန် ဆင်းကြသည်။ ရန်ကုန် အင်းလျား ခရမ်းပြာအဆောင်တွင် တည်းသည်။ နောက်ပိုင်း ခရမ်းပြာတွင် အခန်းတစ်ခန်း ငှါးနေလိုက်သည်။ ရွှေကျော်၏ ရည်မှန်းချက်မှာ ဂီတပညာ ထပ်မံ ဆည်းပူးရန်နှင့် မိမိမှလည်း တောင်ကြီးက စုဆောင်းရေးသားခဲ့သော ကဗျာ၊ ဆောင်းပါးအချို့ ပေးပို့ရန်ဖြစ်သည်။ တိုက်ဆိုင်ချင်တော့ ခရမ်းပြာတွင် မဇ္စိုမတီဝိုင်းမှ ကိုရဲလွင်၊ ကိုနေဝင်း (မောင့်လပြည့်ဝန်း) တို့ ရှိနေသည်။ ခရမ်းပြာ ဒုတိယထပ်တွင် ဂီတသင်တန်း ပေးနေကြသည်။ ရွှေကျော်မှာ ပျော်၍မဆုံး။ ပညာတွေ သင်ယူဖို့ ကျွန်တော် နှစ်လခန့်နေပြီး တောင်ကြီး ပြန်ရောက်သည့်တိုင် သူ ရန်ကုန်မှာ ကျန်နေရစ်သည်။ ရွှေကျော်၏ ဂီတနယ်မြေထဲ ဇွဲကြီးစွာ ကျင်လည်ဖြတ်သန်းခဲ့ရမှုအ
တစ်ဆက်တည်း ဗိုလ်ထီးတို့ ၁၉၇၅ ခုနှစ်က ရန်ကုန်တွင် ပထမဦးဆုံးသော Show ပွဲ တစ်ပွဲအကြောင်း အမှတ်ရသဖြင့် ပြန်ရေးပြချင်ပါသည်။ သဘာဝရင်သွေးငယ်မှ လူစုံတက်စုံ ရောက်နေကြပြီ။ နာမည်အရှိန်က ဟိုးလေးတကျော် ဖြစ်နေချိန်မို့ Show လက်မှတ် ရောင်းမလောက်အောင် ဖြစ်ခဲ့ရသည်။ Show ကျင်းပဖြစ်ရာ နေရာမှာ စမ်းချောင်း ပဒုမ္မာကွင်းကြီးထဲတွင် ဖြစ်သည်။ လူတွေ တိုးမပေါက်။ လက်မှတ် မရကြသေးသူများပင် Show ရုံ အပြင်ဘက် သောင်းနှင့်ချီသော လူအုပ်ကြီးက ကြက်သီးထစရာ။ ပဒုမ္မာ ပတ်ပတ်လည်လည် စားသောက်ဆိုင်ခန်းများ စုံလင်စွာဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။ ရုံထဲမှာလည်း လူပြည့်လျှံနေပြီ။ Show စတော့ အစောပိုင်းက လူသံတွေ၊ ဆူသံတွေ ချက်ချင်း ငြိမ်သက်သွားကြသည်။ ထိပ်ဆုံး ``မောင့်လပြည့်ဝန်း'' နှင့် ဖျော်ဖြေသည်။ ဒုတိယ တစ်ပုဒ်မှာ ``မင်းပန်မယ်ဆိုရင်'' ခွေမထုတ်ရသေးသော သီချင်းသစ်ဖြစ်သည်။ စင်မြင့်ထက်တွင် အားလုံး အပြာရောင်ဂျင်းတွေ ဝတ်ထားသည်။ မိမိမှလည်း စာပေလောကထဲမှ စာရေးဆရာ၊ ကဗျာဆရာ တော်တော်များများကို ရှေ့ဆုံးတန်းမှ ဖိတ်ခေါ် ပြသပေးခဲ့သည်။ ထိုအထဲတွင် ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ ကဗျာလင်းသူ၊ ညဏ်ဝင်း (သမုဒ္ဒရာ)၊ ထွန်းညွန့်၊ ကိုညိုသစ်တို့ လာကြသည်။ အားပေးကြသော ပရိသတ်ထုကြီးက သီချင်းသစ်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်နေကြသည်။
``မင်းပန်မယ်ဆို ကိုယ်ခူးပေးပါ့မယ်
ဒါပေမဲ့...ဒီပန်းကို မင်းတန်ဖိုးထားရမယ်
မင်းလာမယ်ဆိုရင်
ကိုယ်ခင်းပေးပါ့မယ်
ဒါပေမဲ့ ...ဒီလမ်းကို
မင်း ထာဝရ လျှောက်ရမယ်
မင်းဆိုမယ်ဆိုရင် ကိုယ်ရေးပေးပါ့မယ်
ဒါပေမဲ့ ဒီသီချင်းကို
မင်းခံစားတတ်မှကွယ်...
ထိုက်တန်မဲ့ ရင်းနှီးမှုတော့ပေးရမယ်
မယုတ်လွန်တဲ့
လုံ့လလေးတော့ စိုက်ရမယ်
နတ်စီတဲ့ အိပ်မက်လှလှများ
လွယ်လွယ်နှင့်မရ...''
စိုင်းထီးဆိုင်၏ ဆိုနေကျ လေပြေထိုးသံ နွဲ့နွဲ့နှင့် အေးဆေးဖြေးညှင်းစွာ သီဆိုနေမှုက ပရိသတ်ထု၏ ရင်ပြင်တခွင်လုံးကို ဆွဲယူညှစ်ချေခြင်း ခံလိုက်ရသလို ဖြစ်သွားကြသည်။ ဂီတ လျှပ်စစ်စီးကြောင်း ခေတ္တဝင်နောက် ပူးသွားသလို ဖြစ်သွားကြသည်။ နှစ်ကြော့ပြန်ဆိုပြီးသေ
ထိုစဉ် စိုင်းထီးဆိုင်မှ သူချစ်သော တေးပရိသတ်များသို့ တောင်းပန်စကား ပြောကြားပြီး အားပေးမှုအားလုံးကို ဝမ်းမြောက်ပါကြောင်း၊ Show မှ သီဆိုသံများ မကြားရလောက်အောင် တအား မအော်ဟစ်ကြဖို့၊ အပြင်မှ အားပေးနေကြတဲ့ တေးချစ် ပရိသတ်များလည်း ကြားရမြင်ရအောင် ပဒုမ္မာရုံကြီးကို ဖွင့်ပေးပါရစေဟု ပြောလိုက်သည်နှင့် လေးဘက်စလုံး ကာရန်ထားသော နံရံများကို ဖွင့်ပေးလိုက်ကြသည်။ မြန်မာပြည်တွင် ဤမျှလူတွေ ပြည့်လျှံလှအောင် စည်ကားခဲ့သော Show ပွဲကို မိမိတစ်သက် ဒီတစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးသဖြင့် ရင်သက်ရှုမော အံ့သြခြင်း ဖြစ်ခဲ့ရသည်။
သူနှင့် စိုင်းခမ်းလိတ်တို့ နာမည်ကျော် လူသိများ၍ အောင်မြင်မှုထဲတွင် မာန လုံးဝမရှိ။ ဟန်ဆောင်မှုကင်းရှင်းပြ
ယခု တင်ပြခဲ့မှုများမှာ ပြီးပြည့်စုံသော သူ့အထုပ္ပတ္တိတော့ မဟုတ်ပါချေ။ မိမိနှင့် ဖြတ်သန်းခဲ့ဖူးသော ဂီတလောကထဲမှ သူ၏ ဖန်တီးမှုစီးကြောင်းငယ်
``အို မိတ်ဆွေ
သင်ရောက်ရှိရာ ကမ္ဘာကြီးတစ်နေရာတွင် လေချွန်၍ သီချင်းတစ်ပုဒ်သာ ဆိုလိုက်ပါ။ သင့်ထံ မိတ်ဆွေသစ်တစ်ယောက် ရောက်ရှိလာပါလိမ့်မည်''
သစ်ထူးအောင် (တောင်ကြီး)
မေ၊ ၂၀၀၇
အလင်္ကာ ဂီတဂျာနယ်
#KoKaLee
စိုင်းထီးဆိုင်သီချင်းများေ
ရတနာ
http://www.mediafire.com/
ရေဒီယိုကမာရွတ်
http://
ပလက်ဖောင်းမင်းသား
http://
မောင့်အရိုင်းပန်း
http://
ခြင်္သေ့လည်ပြန်
http://
ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ
http://
ချယ်ရီကိုသာပန်ပါကွယ်
https://my.pcloud.com/
ကိုယ့်အချစ်နဲ့ အရာရာကိုအကောင်းအတိုင်းဖြစ်
http://
ရန်ကုန်မှာသာတဲ့လ
http://
ဘဝမီးအိမ်
http://
သခင့်ဆီအပြေးပြန်လာမည်
http://
လူကြမ်းမင်းသား
http://
လေညာအရပ်ကအချစ်
http://
စိတ္တဇအလွမ်း
http://
နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ်
http://
တောင်တန်းမြေမှတေးမှတ်တမ်း
http://
Unplugged live
http://
အပေါ်မှာမပါတဲ့ခွေတွေဆို အောက်ပါလင့်ခ်မှ သွားပါ
phyuniwarpyar.blogspot.com
http://
စိုင်းထီးဆိုင်မဟုတ်ရင် လာမတောင်းပါနဲ့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။