ကြီးပွားအောင်မြင်ရေးအကျင့် (၁၇)
#ဝါသနာပါတဲ့_အလုပ်ကိုလုပ်ပါ
ယနေ့ ကမ္ဘာမှာ ကြီးပွားချမ်းသာနေကြတဲ့ ဘီလျံနာသူဋ္ဌေးကြီး အတော်များများဟာ သူတို့ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ရင်းနဲ့ အောင်မြင်လာခဲ့ကြတာပါ။ တကယ်တော့ သူတို့ဟာ ချမ်းသာဖို့နဲ့ ငွေရဖို့က အဓိကမကျဘဲ ဝါသနာပါတာကိုလုပ်ရင်း အောင်မြင်ချမ်းသာလာခဲ့ကြတာပါ။ အချို့ကို နမူနာအဖြစ် ဖေါ်ပြရမယ်ဆိုရင် . . . .
စတီးဗ်ဂျော့
သူဟာ အမေရိကန်နိုင်ငံ ရီးဒ်တက္ကသိုလ်မှာ ၆ လ တက်ပြီး ကျောင်းထွက်လိုက်တယ်။ စာမလိုက်နိုင်လို့လား။ မဟုတ်ပါ။ သူ ဝါသနာပါတဲ့ အီလက်ထရောနစ်နဲ့ ကွန်ပျူတာကို တီထွင့်ဖို့ အချိန်ပေးချင်လို့ပါ။ နောက်တော့ သူဟာ Apple ကွန်ပျူတာ၊ iPAD၊ iPhone စတာတွေ တီထွင်ရင်း ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။
ဘီလ်ဂိတ်
သူလည်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ၂ နှစ်ပဲ တက်ပြီး ကျောင်းထွက်လိုက်တယ်။ သူ ဝါသနာပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲကို ဇောက်ချလုပ်ဖို့ပါ။ နောက်တော့ Microsoft မိုက်ကရိုဆော့ဖ်ဆိုတဲ့ ဆော့ဖ်ဝဲတီထွင်ပြီး ကမ္ဘာမှာ အချမ်းသာဆုံး ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။
မတ်ခ်ဇူကားဘတ်
သူလည်း ဟားဗတ်တက္ကသိုလ် ဒုတိယနှစ် တက်နေတုန်းမှာ ကျောင်းထွက်လိုက်တယ်။ သူဝါသနာပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင်ချင်လို့ပါ။ နောက်ပိုင်းမှာ Facebook ဖေ့စ်ဘုတ်ကို တီထွင်ရင်း ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။
အော်ပရာဝင်းဖရီး
လူမည်းအမျိုးသမီးတစ်ယောက်ပါ ။
အမေရိကန်နိုင်ငံ တင်နက်ဆီတက္ကသိုလ်မှာ တက်နေရင်း ဘွဲ့ရဖို့ လပိုင်းအလိုမှာ
ကျောင်းထွက်လိုက်တယ်။ စာမလိုက်နိုင်လို့လား။ ကျောင်းစရိတ်
မတတ်နိုင်လို့လား။ ကိုယ်ဝန်ရလာလို့လား။ တစ်ခုမှ မဟုတ်ပါ။ နာမည်ကြီး
ရုပ်မြင်သံကြားကုမ္ပဏီကြီးတစ်ခုက အလုပ်ကမ်းလှမ်းလာတာကြောင့်ပါ။
သူ အင်မတန်ဝါသနာပါတဲ့ ရုပ်မြင်သံကြားလုပ်ဖို့ အခွင့်အရေးကို
လက်မလွှတ်နိုင်လို့ ဘွဲ့ရခါနီးမှ ကျောင်းထွက်လိုက်တာပါ။ သူဟာ
နောက်ပိုင်းမှာ ကိုယ်ပိုင်ရုပ်သံလွှင့်အစီအစ ဉ်တွေနဲ့ အရမ်းအောင်မြင်ကျော်ကြားသွားပြီး အမေရိကန်နိုင်ငံက အမျိုးသမီးတွေထဲမှာ အချမ်းသာဆုံး လူမည်းအမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုး
သူဟာ အသက် ၁၆ နှစ်သားမှာ ပေါ်တူဂီနိုင်ငံရဲ့ နာမည်ကြီးကလပ်သင်းဖြစ်တဲ့ Sporting Lisbon စပေါတင်းလစ္စဘွန်းရဲ့ ဘောလုံးအကယ်ဒမီကျောင်းမှာ တက်နေရင်း ၉ တန်းနှစ်မှာ စာဆက်မသင်တော့ဘူး။ သူဝါသနာပါတဲ့ ဘောလုံးကို အချိန်ပြည့် လေ့ကျင့်ချင်လို့ပါ။ ယနေ့ သူဟာ ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး အားကစားသမားတစ်ယောက် ဖြစ်နေပြီဆိုတာ အားလုံးအသိပါ။
ဝါသနာပါတာကို ဇောက်ချလုပ်ရင်း အောင်မြင်ကြီးပွားသွားသူတွေ အများကြီး ရှိပါသေးတယ်။ စာရှည်မှာစိုးလို့ မရေးပြတော့ပါဘူး။
ဝါသနာပါတဲ့ အလုပ်ကို လုပ်ရင် ဘာဖြစ်လို့ အောင်မြင်ဖို့ နီးစပ်ရတာလဲ။ ဝါသနာပါတာကို လုပ်နေသူဟာ မောရပန်းရမှန်း မသိဘူး။ စိတ်ဝင်စားတာကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်နေရလို့ ထမင်းမေ့ ဟင်းမေ့ ဖြစ်နေတတ်တယ်။ နေ့မအိပ် ညမအိပ် လုပ်နေတတ်တယ်။ ကျန်တာတွေ အားလုံးကို မေ့နေပြီး ဝါသနာပါတဲ့ အလုပ်တစ်ခုထဲကိုပဲ အာရုံစူးစိုက်လုပ်တတ်ကြလို့ ပါ။
ကဲ၊ အခု ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေကြသူတွေကိုလေ့လာကြည့် ကြရအောင်။
ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းဆိုကြပါစို့။ မနက် ရုံးသွားကတဲက
အလုပ်လုပ်ရမှာကို စိတ်မဝင်စားဘူး။ အလုပ်ထဲ စိတ်မဝင်စားပေမယ့်လည်း
ရုံးရောက်တော့ အလုပ်မလုပ်လို့ မရဘူးလေ။ မလုပ်ရင် အလုပ်ပြုတ်သွားမှာကိုး။
ဒီတော့ စိတ်မပါ လက်မပါနဲ့ တာဝန်ကျေ လုပ်ပေးတယ်။ တာဝန်ကျေ လုပ်ပေးတဲ့အလုပ်ဟာ
ဘယ်မှာ အရည်အသွေး ကောင်းပါ့မလဲ။ ညနေ ၅ နာရီဆို ရုံးဆင်းချိန်ရောက်တော့
ပစ္စည်းသိမ်း အိမ်ပြန်ပေါ့။ ဒီလိုနဲ့ နေ့တိုင်း စိတ်မပါပဲ အလုပ်လုပ်ရင်း
လကုန်တော့လည်း လခရတာပေါ့။ ဒီလိုလူမျိုးဟာ ရာထူးတိုးခံရမယ် ထင်သလား။
ကုမ္ပဏီရဲ့ ထိပ်ပိုင်းအဆင့်ကို ရောက်လာမယ်လို့ ထင်ပါသလား။
အောင်မြင်ကြီးပွားသူ ဖြစ်လာမယ်လို့ ထင်နေပါသလား။ အဲဒါတွေ ဖြစ်လာဖို့
အခွင့်အလမ်း အလွန့်အလွန်ကို နည်းပါးတယ်ဆိုတာ တွက်မိနိုင်ပါတယ်။ တကယ်တော့
အဲဒီလို လူမျိုးဟာ စိတ်မပါတဲ့ အလုပ်ကနေ ထွက်ပြီး ဝါသနာပါတဲ့
အလုပ်ကိုစလုပ်သင့်ပါတယ်။
ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေသူဟာ အခက်အခဲတစ်ခုနဲ့ ကြုံလာရင် လွယ်လွယ်နဲ့ အရှုံးပေး လက်လျှော့သွားတတ်ကြတယ်။ ဝါသနာပါတဲ့ အလုပ်ကို လုပ်နေသူကတော့ ကြုံတွေ့တဲ့ အခက်အခဲကို ကြံ့ကြံ့ခံ ဖြေရှင်းပြီး ဇွဲရှိရှိနဲ့ လုပ်တတ်လို့ အောင်မြင်သွားတတ်ကြတယ်။
သင်ရော အခု လုပ်နေတဲ့အလုပ်မှာ စိတ်ဝင်စားပါရဲ့လား။ သင် ဝါသနာပါတဲ့ အလုပ် ဟုတ်ပါရဲ့လား။ ဝါသနာပါတဲ့ အလုပ်မဟုတ်ဘူးဆိုရင် သင် ဝါသနာပါတာ ဘယ်အလုပ်လဲဆိုတာ စဉ်းစားရှာဖွေကြည့်ပါ။ တွေ့ပြီဆိုရင် အဲဒီအလုပ်ကို လုပ်သင့် မသင့် စဉ်းစားပါ။ ဆုံးဖြတ်ပါ။ အဲဒီဆုံးဖြတ်ချက်ဟာ သင့်ဘဝအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၇-၀၁-၂၀၁၇
#ဝါသနာပါတဲ့_အလုပ်ကိုလုပ်ပါ
ယနေ့ ကမ္ဘာမှာ ကြီးပွားချမ်းသာနေကြတဲ့ ဘီလျံနာသူဋ္ဌေးကြီး အတော်များများဟာ သူတို့ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ရင်းနဲ့ အောင်မြင်လာခဲ့ကြတာပါ။ တကယ်တော့ သူတို့ဟာ ချမ်းသာဖို့နဲ့ ငွေရဖို့က အဓိကမကျဘဲ ဝါသနာပါတာကိုလုပ်ရင်း အောင်မြင်ချမ်းသာလာခဲ့ကြတာပ
စတီးဗ်ဂျော့
သူဟာ အမေရိကန်နိုင်ငံ ရီးဒ်တက္ကသိုလ်မှာ ၆ လ တက်ပြီး ကျောင်းထွက်လိုက်တယ်။ စာမလိုက်နိုင်လို့လား။ မဟုတ်ပါ။ သူ ဝါသနာပါတဲ့ အီလက်ထရောနစ်နဲ့ ကွန်ပျူတာကို တီထွင့်ဖို့ အချိန်ပေးချင်လို့ပါ။ နောက်တော့ သူဟာ Apple ကွန်ပျူတာ၊ iPAD၊ iPhone စတာတွေ တီထွင်ရင်း ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။
ဘီလ်ဂိတ်
သူလည်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ၂ နှစ်ပဲ တက်ပြီး ကျောင်းထွက်လိုက်တယ်။ သူ ဝါသနာပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲကို ဇောက်ချလုပ်ဖို့ပါ။ နောက်တော့ Microsoft မိုက်ကရိုဆော့ဖ်ဆိုတဲ့ ဆော့ဖ်ဝဲတီထွင်ပြီး ကမ္ဘာမှာ အချမ်းသာဆုံး ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။
မတ်ခ်ဇူကားဘတ်
သူလည်း ဟားဗတ်တက္ကသိုလ် ဒုတိယနှစ် တက်နေတုန်းမှာ ကျောင်းထွက်လိုက်တယ်။ သူဝါသနာပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင်ချင်လို့ပါ။ နောက်ပိုင်းမှာ Facebook ဖေ့စ်ဘုတ်ကို တီထွင်ရင်း ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တယ်။
အော်ပရာဝင်းဖရီး
လူမည်းအမျိုးသမီးတစ်ယောက်ပါ
ရော်နယ်ဒိုး
သူဟာ အသက် ၁၆ နှစ်သားမှာ ပေါ်တူဂီနိုင်ငံရဲ့ နာမည်ကြီးကလပ်သင်းဖြစ်တဲ့ Sporting Lisbon စပေါတင်းလစ္စဘွန်းရဲ့ ဘောလုံးအကယ်ဒမီကျောင်းမှာ တက်နေရင်း ၉ တန်းနှစ်မှာ စာဆက်မသင်တော့ဘူး။ သူဝါသနာပါတဲ့ ဘောလုံးကို အချိန်ပြည့် လေ့ကျင့်ချင်လို့ပါ။ ယနေ့ သူဟာ ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး အားကစားသမားတစ်ယောက် ဖြစ်နေပြီဆိုတာ အားလုံးအသိပါ။
ဝါသနာပါတာကို ဇောက်ချလုပ်ရင်း အောင်မြင်ကြီးပွားသွားသူတွေ
ဝါသနာပါတဲ့ အလုပ်ကို လုပ်ရင် ဘာဖြစ်လို့ အောင်မြင်ဖို့ နီးစပ်ရတာလဲ။ ဝါသနာပါတာကို လုပ်နေသူဟာ မောရပန်းရမှန်း မသိဘူး။ စိတ်ဝင်စားတာကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်နေရလို့ ထမင်းမေ့ ဟင်းမေ့ ဖြစ်နေတတ်တယ်။ နေ့မအိပ် ညမအိပ် လုပ်နေတတ်တယ်။ ကျန်တာတွေ အားလုံးကို မေ့နေပြီး ဝါသနာပါတဲ့ အလုပ်တစ်ခုထဲကိုပဲ အာရုံစူးစိုက်လုပ်တတ်ကြလို့
ကဲ၊ အခု ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေကြသူတွေကိုလေ့လာကြည့်
ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေသူဟာ အခက်အခဲတစ်ခုနဲ့ ကြုံလာရင် လွယ်လွယ်နဲ့ အရှုံးပေး လက်လျှော့သွားတတ်ကြတယ်။ ဝါသနာပါတဲ့ အလုပ်ကို လုပ်နေသူကတော့ ကြုံတွေ့တဲ့ အခက်အခဲကို ကြံ့ကြံ့ခံ ဖြေရှင်းပြီး ဇွဲရှိရှိနဲ့ လုပ်တတ်လို့ အောင်မြင်သွားတတ်ကြတယ်။
သင်ရော အခု လုပ်နေတဲ့အလုပ်မှာ စိတ်ဝင်စားပါရဲ့လား။ သင် ဝါသနာပါတဲ့ အလုပ် ဟုတ်ပါရဲ့လား။ ဝါသနာပါတဲ့ အလုပ်မဟုတ်ဘူးဆိုရင် သင် ဝါသနာပါတာ ဘယ်အလုပ်လဲဆိုတာ စဉ်းစားရှာဖွေကြည့်ပါ။ တွေ့ပြီဆိုရင် အဲဒီအလုပ်ကို လုပ်သင့် မသင့် စဉ်းစားပါ။ ဆုံးဖြတ်ပါ။ အဲဒီဆုံးဖြတ်ချက်ဟာ သင့်ဘဝအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၇-၀၁-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။