စာရေးတတ်ချင်လျှင်....
ဆရာကြီး ရွှေဥဒေါင်း ပြောလိုတဲ့ "ခွန်အားရှိသောစာ" ဆိုတာ "ဖတ်လို့လဲ ကောင်း၊ မှန်လဲ မှန်ကန်၊ အကျိုးလဲ ရှိတဲ့ စာမျိုး ဖြစ်မယ်"လို့ ကျွန်တော် နားလည်ကြည့်မိပါတယ်။
ဆရာကြီးက "သည်လိုစာမျိုး ရေးနိုင်ချင်ရင် ကိုယ်ရေးမယ့် အကြောင်းအရာကို နားလည်ရမယ်၊ စကားလုံး သုံးနှုန်းတတ်ရမယ်၊ ဝါကျဖွဲ့တတ်ရမယ်"တဲ့။
ကျောင်းသားတွေ စာစီစာကုံး ရေးကြတဲ့အခါ စာစီစာကုံးစာအုပ်တွေ ဖတ်ရေးကြရတာပါပဲ။ ဒါပေမဲ့ ရ-မှတ်ချင်းကတော့ မတူကြပါဘူး။
တချို့က စာကို နားလည်အောင် မဖတ်ကြပါ။ ကျက်ဖို့၊ ကူးချဖို့ပဲ ဖတ်ပြီး ပြန်ရေးသားတော့ နှစ်သက်စရာ စာမျိုး ဖြစ်မလာတော့ပါဘူး။
တချို့ကကျတော့ နားလည်အောင် ဖတ်ပြီး ကိုယ်နားလည်ထားတာကို ပေါ်လွင်အောင် ရေးတတ်ကြပါတယ်။ အဲသည်လို စာစီစာကုံးမှ စာစစ်သူက နှစ်သက်ပြီး အမှတ်ကောင်းကောင်း ပေးမှာပါ။
စာရေးချင်တဲ့သူတွေဟာ ကိုယ် ပိုင်နိုင်တဲ့၊ ရှင်းရှင်းလင်းလင်း နားလည်ထားတဲ့ အကြောင်းအရာမျိုးကိုသာ ရေးသင့်ပါတယ်။ စာရေးတဲ့သူက အကြောင်းအရာကို ပိုင်နိုင်လေ စာက ဖတ်လို့ ပိုကောင်းလေ ဖြစ်တတ်ပါတယ်။
စကားလုံးကြွယ်ဝဖို့က စာများများ ဖတ်ရပါတယ်။ ကဗျာတွေ၊ စာတွေ၊ ဆိုရိုးစကားပုံတွေ ကျက်ထား ရထားရင် စကားကြွယ်လာတတ်ပါတယ်။ ဆရာကြီးပြောတဲ့ 'ရွေးချယ်တတ်တဲ့ဉာဏ်' ရှိသူကိုတော့ ပါရမီရှင်လို့ ဆိုလောက်ပါတယ်။ ပါရမီရှင် မဟုတ်ခဲ့ရင်တော့ လေ့ကျင့်ယူရပါတယ်။
စာရေးကောင်းသူတွေရဲ့ စာတွေကို အကြောင်းအရာသိရုံ မဖတ်ဘဲ စကားတစ်လုံးချင်း သုံးသွားတာကို သတိပြုပြီး ထပ်ထပ် ဖတ်မယ်၊ ကိုယ်တိုင်လဲ စာကို ပေါ့ပေါ့ဆဆ မရေးဘဲ စကားလုံးတွေကို စဉ်းစဉ်းစားစားနဲ့ ရွေးရွေး သုံးတာမျိုး လေ့ကျင့်မယ် ဆိုရင် 'ရွေးချယ်တတ်တဲ့ဉာဏ်' တဖြည်းဖြည်း ရှိလာနိုင်ပါတယ်။
ကဗျာသမားတွေ စကားပြေရေးရင် စကားလုံးကို ထိထိမိမိ သုံးတတ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကဗျာက စကားလုံးကို တမင် ရှာကြံ အားထုတ်ရေးရတာကိုး။ အဲသည်အလေ့အကျင့်က စကားပြေရေးတဲ့အခါ အများကြီး အထောက်အပံ့ပေးတယ်။ ဒါ့ကြောင့် စကားလုံးကြွယ်ချင်တဲ့သူတွေဟာ ကဗျာစပ်သင့်တယ်။
အဲသည်လိုမျိုး စာမျိုးစုံ ဖတ်သက်၊ စာမျိုးစုံရေးသက် 'ရင့်'လာရင် ပါရမီရှင် ဖြစ်လာနိုင်ပါတယ်။
ကိုယ်ဖွဲ့ထားတဲ့ ဝါကျဟာ စာဖတ်တဲ့သူက ဖတ်လိုက်တာနဲ့ စဉ်းစားကြည့်နေစရာ၊ ထပ်ဖတ်နေစရာ မလိုဘဲ ရှင်းခနဲ နားလည်သွားစေရပါမယ်။ တိုတို ဖွဲ့ဖွဲ့၊ ရှည်ရှည် ဖွဲ့ဖွဲ့ပါပဲ။ ဝါကျတိုရင်တော့ ဖတ်ရတဲ့သူ သက်သာပါတယ်။ ပို နားလည်လွယ်စေပါတယ်။
ဆရာကြီးက ဝါကျဖွဲ့ ကျွမ်းကျင်သူကို 'ဝါကျလက်သမား' လို့ အမည်ပေးထားပါတယ်။ သည်အလုပ်က စာဖတ်'နာ'မှ တတ်ပါသတဲ့ဗျား။
ကျွန်တော်ကတော့ "ကိုယ်ရေးတဲ့စာ ကိုယ်နားလည်ရင်၊ ကိုယ်နှစ်သက်ရင်၊ ကိုယ့်ဘာသာ ထပ်ထပ် ဖတ်ချင်နေရင် စာကောင်း ဆိုနိုင်ပြီ"လို့ ကျောင်းသားတွေကို သင်ပေးပါတယ်။
(စာမေးပွဲအောင်ဖို့၊ ဂုဏ်ထူးထွက်ဖို့ စာသင်ရတာ တစ်ခါတစ်ခါတော့ စိတ်ပျက်မိသဗျာ။ စာတတ်ဖို့ စာသင်ရရင် "ခွန်အားရှိသောစာ" က အလွန်သင်ကောင်းမယ့် စကားပြေတစ်ပုဒ်ပါပဲ။ ဒါပေမဲ့ မသင်ဖြစ်တာ များသဗျာ။)
ဦးမြင့်ဇော် (ရွှေတံခါး)
ဆရာကြီး ရွှေဥဒေါင်း ပြောလိုတဲ့ "ခွန်အားရှိသောစာ" ဆိုတာ "ဖတ်လို့လဲ ကောင်း၊ မှန်လဲ မှန်ကန်၊ အကျိုးလဲ ရှိတဲ့ စာမျိုး ဖြစ်မယ်"လို့ ကျွန်တော် နားလည်ကြည့်မိပါတယ်။
ဆရာကြီးက "သည်လိုစာမျိုး ရေးနိုင်ချင်ရင် ကိုယ်ရေးမယ့် အကြောင်းအရာကို နားလည်ရမယ်၊ စကားလုံး သုံးနှုန်းတတ်ရမယ်၊ ဝါကျဖွဲ့တတ်ရမယ်"တဲ့။
ကျောင်းသားတွေ စာစီစာကုံး ရေးကြတဲ့အခါ စာစီစာကုံးစာအုပ်တွေ ဖတ်ရေးကြရတာပါပဲ။ ဒါပေမဲ့ ရ-မှတ်ချင်းကတော့ မတူကြပါဘူး။
တချို့က စာကို နားလည်အောင် မဖတ်ကြပါ။ ကျက်ဖို့၊ ကူးချဖို့ပဲ ဖတ်ပြီး ပြန်ရေးသားတော့ နှစ်သက်စရာ စာမျိုး ဖြစ်မလာတော့ပါဘူး။
တချို့ကကျတော့ နားလည်အောင် ဖတ်ပြီး ကိုယ်နားလည်ထားတာကို ပေါ်လွင်အောင် ရေးတတ်ကြပါတယ်။ အဲသည်လို စာစီစာကုံးမှ စာစစ်သူက နှစ်သက်ပြီး အမှတ်ကောင်းကောင်း ပေးမှာပါ။
စာရေးချင်တဲ့သူတွေဟာ ကိုယ် ပိုင်နိုင်တဲ့၊ ရှင်းရှင်းလင်းလင်း နားလည်ထားတဲ့ အကြောင်းအရာမျိုးကိုသာ ရေးသင့်ပါတယ်။ စာရေးတဲ့သူက အကြောင်းအရာကို ပိုင်နိုင်လေ စာက ဖတ်လို့ ပိုကောင်းလေ ဖြစ်တတ်ပါတယ်။
စကားလုံးကြွယ်ဝဖို့က စာများများ ဖတ်ရပါတယ်။ ကဗျာတွေ၊ စာတွေ၊ ဆိုရိုးစကားပုံတွေ ကျက်ထား ရထားရင် စကားကြွယ်လာတတ်ပါတယ်။ ဆရာကြီးပြောတဲ့ 'ရွေးချယ်တတ်တဲ့ဉာဏ်' ရှိသူကိုတော့ ပါရမီရှင်လို့ ဆိုလောက်ပါတယ်။ ပါရမီရှင် မဟုတ်ခဲ့ရင်တော့ လေ့ကျင့်ယူရပါတယ်။
စာရေးကောင်းသူတွေရဲ့ စာတွေကို အကြောင်းအရာသိရုံ မဖတ်ဘဲ စကားတစ်လုံးချင်း သုံးသွားတာကို သတိပြုပြီး ထပ်ထပ် ဖတ်မယ်၊ ကိုယ်တိုင်လဲ စာကို ပေါ့ပေါ့ဆဆ မရေးဘဲ စကားလုံးတွေကို စဉ်းစဉ်းစားစားနဲ့ ရွေးရွေး သုံးတာမျိုး လေ့ကျင့်မယ် ဆိုရင် 'ရွေးချယ်တတ်တဲ့ဉာဏ်' တဖြည်းဖြည်း ရှိလာနိုင်ပါတယ်။
ကဗျာသမားတွေ စကားပြေရေးရင် စကားလုံးကို ထိထိမိမိ သုံးတတ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကဗျာက စကားလုံးကို တမင် ရှာကြံ အားထုတ်ရေးရတာကိုး။ အဲသည်အလေ့အကျင့်က စကားပြေရေးတဲ့အခါ အများကြီး အထောက်အပံ့ပေးတယ်။ ဒါ့ကြောင့် စကားလုံးကြွယ်ချင်တဲ့သူတွေဟ
အဲသည်လိုမျိုး စာမျိုးစုံ ဖတ်သက်၊ စာမျိုးစုံရေးသက် 'ရင့်'လာရင် ပါရမီရှင် ဖြစ်လာနိုင်ပါတယ်။
ကိုယ်ဖွဲ့ထားတဲ့ ဝါကျဟာ စာဖတ်တဲ့သူက ဖတ်လိုက်တာနဲ့ စဉ်းစားကြည့်နေစရာ၊ ထပ်ဖတ်နေစရာ မလိုဘဲ ရှင်းခနဲ နားလည်သွားစေရပါမယ်။ တိုတို ဖွဲ့ဖွဲ့၊ ရှည်ရှည် ဖွဲ့ဖွဲ့ပါပဲ။ ဝါကျတိုရင်တော့ ဖတ်ရတဲ့သူ သက်သာပါတယ်။ ပို နားလည်လွယ်စေပါတယ်။
ဆရာကြီးက ဝါကျဖွဲ့ ကျွမ်းကျင်သူကို 'ဝါကျလက်သမား' လို့ အမည်ပေးထားပါတယ်။ သည်အလုပ်က စာဖတ်'နာ'မှ တတ်ပါသတဲ့ဗျား။
ကျွန်တော်ကတော့ "ကိုယ်ရေးတဲ့စာ ကိုယ်နားလည်ရင်၊ ကိုယ်နှစ်သက်ရင်၊ ကိုယ့်ဘာသာ ထပ်ထပ် ဖတ်ချင်နေရင် စာကောင်း ဆိုနိုင်ပြီ"လို့ ကျောင်းသားတွေကို သင်ပေးပါတယ်။
(စာမေးပွဲအောင်ဖို့၊ ဂုဏ်ထူးထွက်ဖို့ စာသင်ရတာ တစ်ခါတစ်ခါတော့ စိတ်ပျက်မိသဗျာ။ စာတတ်ဖို့ စာသင်ရရင် "ခွန်အားရှိသောစာ" က အလွန်သင်ကောင်းမယ့် စကားပြေတစ်ပုဒ်ပါပဲ။ ဒါပေမဲ့ မသင်ဖြစ်တာ များသဗျာ။)
ဦးမြင့်ဇော် (ရွှေတံခါး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။