Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 24, 2017

စနစ်တကျ_နေတတ်အောင်_စီမံပါ


Bamaw Thein Pe added 2 new photos — with Philip Maung.

ကြီးပွားအောင်မြင်ရေးအကျင့် (၁၄)
#စနစ်တကျ_နေတတ်အောင်_စီမံပါ
အောင်မြင်ကြီးပွားချမ်းသာသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ သူတို့ရဲ့ အထုပ္ပတိစာအုပ်တွေကို ဖတ်ကြည့်လိုက်ရင် သူတို့မှာ တူညီတဲ့ အရည်အချင်းတစ်ခုရှိနေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက သူတို့ဟာ အလုပ်လုပ်ရာမှာပါ စနစ်တကျ စီမံခန့်ခွဲတတ်ကြတယ်ဆိုတာပါ။ သူတို့ဟာ စနစ်ကျခြင်းရဲ့ ကောင်းကျိုး၊ စနစ်မကျခြင်းရဲ့ ဆိုးကျိုးတွေကို ကောင်းကောင်း နားလည်သိမြင်ထားကြသူတွေလည်း ဖြစ်ကြပါတယ်။

သင့်မိသားစု၊ အပေါင်းအသင်းထဲမှာ အိမ်ကနေ အပြင်ထွက်ခါနီးမှ ကားသော့ရှာမတွေ့လို့ ဟိုရှာဒီရှာနဲ့ နာရီဝက်အချိန်ကုန်သွားပြီး ရုံးကို နောက်ကျရောက်သွားတာမျိုး၊ အရေးကြီးတဲ့ စာရွက်စာတမ်း အိမ်မှာ ကျန်နေခဲ့လို့ လမ်းတဝက်ကနေ လှည့်ပြန်ယူရတာမျိုး တွေ့ဖူးသလား၊ ကြုံဖူးသလား။ ဒါမှမဟုတ် သင်ကိုယ်တိုင် ဖြစ်ချင်လည်း ဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်သူတွေဟာ စနစ်တကျ မစီမံခဲ့တဲ့အတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို အလာဟသ ဖြုန်းတီးလိုက်ကြပါတယ်။
အောင်မြင်ကြီးပွားသူ အများစုဟာ ညအိပ်ယာမဝင်ခင်ကတဲက နောက်နေ့လုပ်ရမယ့် အလုပ်တွေကို ခေါင်းထဲမှာ သေချာမှတ်ထားပြီးပြီ။ ဒါမှမဟုတ် မှတ်စုစာအုပ်မှာ ရေးမှတ်ထားပြီးပြီ။ လုပ်စရာတွေကို မေ့မသွားအောင်လို့ပါ။ ပြီးတော့ သူတို့ဟာ မနက်စောစော ထပြီး တနေ့တာ လုပ်ရမယ့် အလုပ်တွေထဲက အရေးကြီးတာနဲ့ အရေးမကြီးတာ၊ နောင်မှ လုပ်လို့ရတာတွေကို ခွဲခြားသတ်မှတ်လိုက်တယ်။ ရုံးရောက်တာနဲ့ ဘယ်ဟာ စလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပြီးသားမို့ မြန်မြန်ထက်ထက် အလုပ်စလုပ်နိုင်လို့ အလုပ်တွေပို ပြီးတာပေါ့။ ဒါ့ပြင် ရုံးသွားတဲ့အခါ ကားစီးရင်း ရထားစီးရင်း အချိန်ကို တန်ဖိုးရှိအောင် လုပ်ကြတယ်။ လက်တော့ပ်ကွန်ပျူတာ၊ အိုင်ပက်၊ တေးဘလက်၊ မိုဘိုင်းဖုန်းတွေနဲ့ report ရေးတယ်။ အီးမေးပို့တယ်။ အောင်မြင်သူတွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေး၊ အောင်မြင်ရေးနည်းတွေအကြောင်း ဟောပြောထားတဲ့ တိပ်ခွေ၊ စီဒီခွေတွေကို နားကြပ်တပ်ပြီး နားထောင်သွားကြတယ်။ သူတို့ရဲ့ အချိန်ကို အကျိုးရှိအောင် အသုံးပြုပုံတွေဟာ အားကျ အတုယူစရာကောင်းလှပါတယ်။
မိမိကိုယ်ကို စနစ်တကျဖြစ်အောင် မနေတတ်သူကတော့ ညစာစားပြီးတာနဲ့ ဆိုဖါပေါ်မှာ ဇိမ်နဲ့ထိုင်ပြီး တီဗီကြည့်မယ်။ တီဗီအစီအစဉ်ပြီးတော့ ညနက်ပြီမို့ အိပ်ယာထဲ တန်းဝင်ပြီး အိပ်လိုက်မယ်။ မနက်ရောက်လို့ နာရီနိုးစက်မြည်သံကြားမှ အိပ်ယာက ကမန်းကတန်းထဖို့ ကြိုးစားမယ်။ ဒါတောင် တတ်နိုင်သလောက် ခဏလောက် အိပ်ယာထဲမှာ နှပ်ချင်နေသေးတယ်။ ပြီးတော့မှ ကမန်းကတန်း အိပ်ယာထ မျက်နှာသစ်၊ ရေချိုး၊ အဝတ်လဲပြီး ရုံးကို သွားတယ်။ သူဟာ အဲဒီနေ့မှာ အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။ ဘာကြောင့် ခုလို ကြိုပြောနိုင်ရသလဲဆိုတော့ သူဟာ ညကတဲက ဒါမှမဟုတ် မနက်စောစောထပြီး တနေ့တာ လုပ်စရာတွေက ဘာတွေလဲ၊ အဲဒီထဲက အရေးကြီးတာတွေက ဘာလဲ စတာတွေ ဘာမှ မပြင်ဆင်ထားခဲ့ဘူး။ ရုံးရောက်တာနဲ့ အရေးကြီးတာ၊ မကြီးတာ မခွဲခြားတော့ဘဲ ကြုံတဲ့အလုပ်ကို ကောက်လုပ်တယ်။ အရေးကြီးတဲ့ ကိစ္စကို အရင်မလုပ်မိလို့ အချိန်မှီ မပြီးတာကြောင့် အထက်အရာရှိရဲ့ ဆူပူကြိမ်းမောင်းတာကို ခံရမယ်။ အဲဒီလူတွေက တနေ့ သူတို့ကံကောင်းရင် ကုမ္ပဏီပိုင်ရှင်ကြီး (ဒါမှမဟုတ်) ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီး ဖြစ်လာမယ်လို့ စိတ်ကူးနေကြသေးတယ်။ စနစ်တကျ အလုပ်ကို မစီမံတတ်သူတွေအတွက် ကံကောင်းသောနေ့ဆိုတာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
အဲဒီတော့ အလုပ်ကို စနစ်တကျ စီမံခန့်ခွဲတာကို မလုပ်တတ်တဲ့ အကျင့် သင့်မှာ ရှိနေရင် ချက်ခြင်း ဖျောက်ပစ်လိုက်ပါ။ အောင်မြင်သူတွေလို အလုပ်ကို စနစ်တကျစီမံလုပ်တဲ့ အကျင့်နဲ့ အစားထိုးလိုက်ပါ။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် သင့်မှာ အချိန်ပိုတွေ အများကြီးထွက်လာပါလိမ့်မယ်။ အချိန်ပိုတွေမှာ သင်တန်းတက်ခြင်း၊ စာဖတ်ခြင်း၊ အောင်မြင်သူတွေရဲ့ ဟောပြောတာတွေကို နားထောင်ခြင်းစတဲ့ အကျိုးရှိစေမယ့် အရာတွေကို လုပ်ပါ။ သင့်ဘဝဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာတာကို မျက်ဝါးထင်ထင် မြင်တွေ့ရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၄-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။