ကလေးတွေဂျီကျတဲ့အခါ နည်းမှန်လမ်းမှန် ဖြေရှင်းနည်း
-------------------------- -------------------------- ---
(၁) စိတ်ငြိမ်ငြိမ်ထားပါ
စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ကလေးငယ်ကို ချော့မော့ဖြောင်းဖြမယ့်သင်ကိုယ်တိုင်က စိတ်ငြိမ်ငြိမ်သက်သက်ရှိနေဖို့ လိုပါတယ်။ ဘာပဲလုပ်လုပ် သင့်ကလေးလို သင်ပါလိုက်ပြီး သွေးပူမသွားပါနဲ့။ သင်ကစိတ်ငြိမ်လေ သင်ကလေးက မြန်မြန်စိတ်ပြေလေပါပဲ။
(၂) နည်းတစ်နည်းတည်းကိုပဲ သုံးပါ
ကလေးတွေဂျီကျတာကို ကိုင်တွယ်ဖြေရှင်းနည်းတွေ အမျိုးမျိုးရှိပြီး မိဘတွေက သူတို့ကလေး ဘယ်နည်းနဲ့သင့်တော်လဲဆိုတာ ရှာတွေ့ထားလေ့ရှိပါတယ်။ နည်းတစ်နည်းကိုရွေးလိုက်ပြီ ဆိုတာနဲ့ သင့်ကလေးဂျီကျတိုင်း ဒီနည်းကိုပဲသုံးပါ။ နည်းမျိုးစုံသုံးနေမယ်ဆိုရင် သင်ဘာကိုမကြိုက်တာလဲ သင်ဘာကိုဖြစ်စေချင်တာလဲ ဆိုတာကို သင့်ကလေးကနားမလည်တော့ဘဲ ပိုလို့ဂျီကျပါလိမ့်မယ်။
(၃) ကလေးရဲ့ စိတ်ခံစားချက်ကို ခွဲခြားပေးပါ
အငိုမရပ်တော့တဲ့အခါ မိဘတွေဟာ စိတ်တိုလာပြီး ကလေးကိုခြောက်လှန့်လို့ အတင်းအငိုတိတ်ခိုင်းတတ်ကြပါ တယ်။ ကလေးတွေဂျီကျတာဟာ သူတို့မှာချို့ယွင်းချက်ရှိ လို့
မဟုတ်ပါဘူး။ သူတို့လေးတွေလည်း ဒေါသထွက်ပါစေ။ ၀မ်းနည်းပါစေ။
သင့်ဘက်ကပြန်ပြီး ဒေါသထွက်နေတာထက် ဘာကြောင့်ငိုရတာလဲ၊ ၀မ်းနည်းတာလား၊
ဒေါသထွက်တာလား ဆိုတာ ကလေးကိုမေးကြည့်ပါ။ ဒီလိုဆို သူတို့ခံစားချက်ကို
သူတို့ကွဲကွဲပြားပြား သိလာပါလိမ့်မယ်။
(၄) အတိုင်းအတာတစ်ခုထားပါ
ကလေးတွေ ၀မ်းနည်းတာ ဒေါသထွက်တာ ဘာမှမဖြစ်ဘူးဆိုပေမယ့် အလွန်အကျွံဖြစ်လာရင် မကောင်းပါဘူး။ သင့်ကိုဖြစ်ဖြစ် တစ်ခြားသူတစ်ယောက်ကိုဖြစ်ဖြ စ်
ပစ္စည်းတွေနဲ့ပေါက်တာ၊ ကိုက်ဆွဲတာ ၊ ရိုက်ပုတ်တာမျိုးတွေ လုပ်တဲ့အထိ
လွှတ်မထားပါနဲ့။ မိဘတွေရဲ့ သည်းခံမှုမှာ အတိုင်းအတာတစ်ခု
သတ်သတ်မှတ်မှတ်ရှိသင့်ပြီး ဒီအတိုင်းအတာကိုကျော်လာရင်
ခွင့်ပြုတော့မှာမဟုတ်တဲ့အြေ ကာင်း ကလေးကိုအသိပေးပါ။ ဥပမာ သူ့ကိုသင်က သူယူထားတဲ့ပစ္စည်းကို သူ့နေရာသူပြန်ထားဖို့ပြောတယ်ဆိုပါစို့။ သူကနားမထောင်ဘဲ ခြေဆောင့်အော်ဟစ်နေတယ်ဆိုရင် ပထမတော့ လွှတ်ပေးချင်လွှတ်ပေးထားလိုက် ပါ။ ဒါပေမဲ့ သူ့အနေနဲ့ နောက်ဆုံးမှာလုပ်ရမယ်ဆိုတာကိုတော့ ပြတ်ပြတ်သားသား ပြောပြပါ။
(၅) ကြင်နာမှုပြပါ
သူတို့လေးတွေ ဆိုးဆိုးမဆိုးဆိုး သင့်မေတ္တာကမပြောင်းလဲတဲ့အြေ ကာင်း
ကလေးတွေသိရှိဖို့လိုပါတယ်။ သူတို့ရဲ့ အမူအကျင့်ကိုလိုက်ပြီး
သင့်အချစ်ကလည်း ပြောင်းလဲတတ်တယ်လို့ သူတို့ထင်သွားရင်
သင့်အပေါ်မှာယုံကြည်အားကိုးမှု နည်းလာပါလိမ့်မယ်။
(၆) ပြဿ နာကို နေရာမှာတင်ပြီးပါစေ
ဂျီကျတာရပ်သွားတဲ့အခါ ပြီးခဲ့တဲ့ကိစ္စကို ပြီးပါစေတော့။ ဒီတစ်ခါဖြစ်တာကို မှတ်ထားပြီး အခါအခွင့်သင့်တိုင်းထည့်ပြောတာမျိုး
နဲ့ မနက်ဘက်က ဂျီကျတဲ့အတွက် သင့်ဘက်က တစ်နေ့လုံးစိတ်မကြည်မလင်
ဆက်ဆံတာမျိုးတွေကို ရှောင်ပါ။ ငိုယိုနေတဲ့ကလေးကို ကစားစရာလေးတွေ
မြင်ကွင်းအပြောင်းအလဲတွေနဲ့ အာရုံလွှဲလိုက်ပါ။ အငိုရပ်သွားတဲ့အခါ သင့်ဘက်က တစ်ခါပြန်စ မဆူပူပါနဲ့။
Ref : rd.com
--------------------------
(၁) စိတ်ငြိမ်ငြိမ်ထားပါ
စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ကလေးငယ်ကို ချော့မော့ဖြောင်းဖြမယ့်သင်က
(၂) နည်းတစ်နည်းတည်းကိုပဲ သုံးပါ
ကလေးတွေဂျီကျတာကို ကိုင်တွယ်ဖြေရှင်းနည်းတွေ အမျိုးမျိုးရှိပြီး မိဘတွေက သူတို့ကလေး ဘယ်နည်းနဲ့သင့်တော်လဲဆိုတာ ရှာတွေ့ထားလေ့ရှိပါတယ်။ နည်းတစ်နည်းကိုရွေးလိုက်ပြီ
(၃) ကလေးရဲ့ စိတ်ခံစားချက်ကို ခွဲခြားပေးပါ
အငိုမရပ်တော့တဲ့အခါ မိဘတွေဟာ စိတ်တိုလာပြီး ကလေးကိုခြောက်လှန့်လို့ အတင်းအငိုတိတ်ခိုင်းတတ်ကြပါ
(၄) အတိုင်းအတာတစ်ခုထားပါ
ကလေးတွေ ၀မ်းနည်းတာ ဒေါသထွက်တာ ဘာမှမဖြစ်ဘူးဆိုပေမယ့် အလွန်အကျွံဖြစ်လာရင် မကောင်းပါဘူး။ သင့်ကိုဖြစ်ဖြစ် တစ်ခြားသူတစ်ယောက်ကိုဖြစ်ဖြ
(၅) ကြင်နာမှုပြပါ
သူတို့လေးတွေ ဆိုးဆိုးမဆိုးဆိုး သင့်မေတ္တာကမပြောင်းလဲတဲ့အြေ
(၆) ပြဿ နာကို နေရာမှာတင်ပြီးပါစေ
ဂျီကျတာရပ်သွားတဲ့အခါ ပြီးခဲ့တဲ့ကိစ္စကို ပြီးပါစေတော့။ ဒီတစ်ခါဖြစ်တာကို မှတ်ထားပြီး အခါအခွင့်သင့်တိုင်းထည့်ပြေ
Ref : rd.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။