ဘာဆက်လုပ်ရမှန်းမသိတော့ပဲ လက်ရှိဘ၀ကို စိတ်ပျက်နေသူများ သိသင့်တဲ့အချက်(၅)ချက်
==================================%
ကျောင်းဆရာတစ်ယောက်ဖြစ်ချင်လို့ နှစ်တွေအကြာကြီးကြိုးစားခဲ့၊အချိန်တွေ ကုန်ခဲ့ပြီး၊ဒီအလုပ်ကိုလည်း တစ်နှစ်လောက်လုပ်ကြည့်၊တခြားဆရာ၊ ဆရာမတွေနဲ့လည်းစကားပြောကြည့်လိုက်တော့မှ ဒါဟာ ကိုယ်လိုချင်တဲ့ Career life မဟုတ်မှန်း သိလိုက်ရတဲ့အခြေအနေမျိုးတွေ အများကြီး ပါ။ ၊ရောက်နေတဲ့နေရာကနေ ရပ်လိုက်ရမလား ၊ရှေ့ ဆက်တိုးရမလား ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတဲ့ အခြေအနေမျိုးကို လူတိုင်းနီးပါးရင် ဆိုင်ကြုံတွေ့ခဲ့ဖူးပါတယ်။လက်ရှိရောက်နေတဲ့နေရာမှာမပျော်ပိုက်၊ဘာဆက်
လုပ်လို့လုပ်ရမှန်းလည်း မသိတော့တဲ့အခြေအနေ ကို ရောက်နေရ၊ကြုံနေရမယ်
ဆိုရင်တော့ တန်ဖိုးဖြတ်ချင့်တွက်တာတွေ လုပ်ဖို့ လိုနေပါပြီ။
(၁)အနာဂတ်ကို တွက်ချက်အဖြေရှာလို့မရ
ရှေ့မှာ ဘာဆက်ဖြစ်မလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ဘ၀ဆိုတာ အလှည့်အပြောင်းတွေအရမ်းများပါတယ်။ဒါပေမယ့် ကိုယ်တကယ်စိတ်ဝင်စားတဲ့ အရာ၊ကိုယ့်ဝါသနာကို စဉ်ဆက်မပြတ်လေ့လာလိုက်စားနေမယ်ဆိုရင်တော့ ဘ၀ကပိုစိတ်ဝင်စားစရာကောင်း၊ပိုပျော်စရာကောင်းမှာပါ။ဥပမာ-လက်တလော
မှာ လက်ဝတ်ရတနာလုပ်တာကို စိတ်ဝင်စားနေမယ်။ရောင်းနေ မယ်ဆို ရင်
နောက်ငါးနှစ်ကြာရင် အောင်မြင်တဲ့လက်ဝတ်ရတနာ ဒီဇိုင်နာ တစ်ယောက်
(ဒါမှမဟုတ်)တခြားလက်မှုအတတ်ပညာရှင်တစ်ယောက်ဖြစ်နေနိုင်ပါတယ်။အရေးမကြီးပါဘူး။တခြားလမ်းကြောင်းတစ်ခုကို ပြောင်းခဲ့ရင်တောင်မှ ဒီအတွေ့အ ကြုံတွေက သင့်အတွက် အထောက်အကူဖြစ်စေမှာပါ။
(၂)သက်သောင့်သက်သာမရှိတာတွေကို ရှိအောင် ကြိုးစားကြည့်ပါ
တခါတလေမှာတော့ ဘ၀ကနေလို့မကောင်းတာ၊သက်သောင့်သက်သာ မရှိစေ တာ အဲ့လိုအခြေအနေမျိုးတွေရှိနိုင်ပါတယ်။ခံစားရနိုင်ပါတယ်။ကိုယ်လိုချင်တဲ့ ပစ္စည်းအကုန်ဝယ်ဖို့ ငွေအလုံအလောက်မရှိတာတွေရှိနိုင်ပါတယ်။တစ်ခုခု၊တစ်နေရာရာကို ကိုယ်တကယ်ရောက်အောင်သွားချင်တယ်၊လိုချင်တယ်ဆိုရင် အခက်အခဲအချို့ကို ရင်ဆိုင်၊တောင့်ခံရမှာပါ။
(၃)ဘ၀က မရေရာမသေချာပါဘူး ဆက်သွားပါ
မဖြစ်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။အကောင်းတွေ၊အဆိုးတွေ အကုန်လုံး ကိုယ်မျှော်လင့်မထားတာတွေ ဖြစ်လာနိုင်၊ကြုံတွေ့နိုင်ပါတယ်။မရေရာမသေချာပါဘူး။တစ်သမတ်တည်းတွက်လို့မရပါဘူး။ဆိုးတဲ့အရာတွေကလည်း ကောင်းတာ ဖြစ်လာဖို့ အခွင့်အရေးအဖြစ် ကိုယ့်ဆီရောက်လာတာမျိုး လည်း ဖြစ်နိုင်ပါ တယ်။
(၄)အနှောင့်အယှက်တွေကို ကျော်လွှားပါ/အချိန်ဖြုန်းတာရပ်
အသက်တွေမငယ်တော့ပါဘူး။လူဆိုတာ အသက်ကြီးလာတတ်တဲ့အမျိုးပါ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်တွေစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ တုံ့နှေးမနေပါနဲ့။အနှောင့်အယှက်တွေကို ကျော်လွှားပစ်လိုက်ပါ။Facebook posts တွေ၊TV shows တွေမှာပဲနစ်မြုပ်မနေပါနဲ့။အချိန်ကုန်ခံမနေပါနဲ့။ ရည်မှန်းချက်ဆီရောက်ဖို့ အောင်မြင်မှုကိုရဖို့ Facebook သုံးနေတာတွေ ကိုရပ်ပြီး ဘ၀အတွက် ကြိုးစားပါ။
(၅)ကိုယ့်ကိုယ်ကို မေးပါ
ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးပါ။မေးခွန်းအကြီးကြီးတွေရော၊သေးသေးလေးတွေကိုပါ အကုန်မေးပါ။ကိုယ်ဘာကိုစိတ်ဝင်စားလဲ၊ကိုယ်လုပ်ချင်တာတွေကို ချရေးပါ။အိမ်မက်အကြီးကြီးမက်ပါ။ရည်မှန်းချက်ကြီးကြီးထားပါ။ခဏလောက် တိတ်တိတ်ဆိတ်ဆိတ်နေပြီး ချရေးထားတဲ့အရာတွေကို ကိုယ်တကယ် လုပ်နေတယ်လို့ စိတ်ကူးကြည့်ပါ။
Shwemon
==========================
ကျောင်းဆရာတစ်ယောက်ဖြစ်ချင်
(၁)အနာဂတ်ကို တွက်ချက်အဖြေရှာလို့မရ
ရှေ့မှာ ဘာဆက်ဖြစ်မလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ဘ၀ဆို
(၂)သက်သောင့်သက်သာမရှိတာတွေ
တခါတလေမှာတော့ ဘ၀ကနေလို့မကောင်းတာ၊သက်သောင
(၃)ဘ၀က မရေရာမသေချာပါဘူး ဆက်သွားပါ
မဖြစ်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။အကောင်းတွေ၊
(၄)အနှောင့်အယှက်တွေကို ကျော်လွှားပါ/
အသက်တွေမငယ်တော့ပါဘူး။လူဆို
(၅)ကိုယ့်ကိုယ်ကို မေးပါ
ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးပါ။မေးခွန်းအ
Shwemon
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။