သင့်ရဲ့ Facebook Page ကို Like တွေများအောင် ဘယ်လိုလုပ်မလဲ။
မြန်မာနိုင်ငံမှာ Online ပေါ်မှာ ကိုယ့်ရဲ့ စီးပွားရေးကိုကြော်ငြာချင် တဲ့သူတွေ၊ Online ပေါ်ကနေ စီးပွားရေးလုပ်ချင်တဲ့ သူတွေအတွက် Facebook Business Page တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။
Page တစ်ခုရှိပြီမို့ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ အဲ့ဒီ Page မှာ လူရိုသေ၊ရှင်ရိုသေဖြစ်ဖို့ like တွေရှိသင့်ပါတယ်။ အဲ့ဒီ Like တွေကို အလွယ်ကူဆုံးနည်းနဲ့ ရနိုင်တာကတော့ Facebook page promote ၀န်ဆောင်မှု ယူလိုက်ပါ။ ပိုက်ဆံသုံးလျှင် သုံးသလောက် Like တွေတတ်လာပါလိမ့်မယ်။
ပိုက်ဆံမသုံးချင်ပဲ Like တွေ များများရချင်တယ်ဆိုလျှင်တော့ အောက်မှာရေးထားတဲ့ အချက်တွေအတိုင်းလုပ်ကြည့်ပါ။ သင့်ရဲ့ page မှာ Like တွေ တတ်လာပါလိမ့်မယ်။
၁။ Page အတွက်လိုအပ်တဲ့ အချက်အလက်တွေကို အကုန်ဖြည့်ပါ။
Page ပိုင်ရှင်တော်တော်များများက Page စတင်လုပ်တဲ့အခါမှာဖြည့်ရမယ့်အချက်အလက်တွေကို မဖြည့်ကြပါဘူး။ အထူးသဖြင့် Page description မှာ အလွတ်ကြီးထားထားတတ်ကြပါတယ်။
Page Description မှာ ကိုယ့် page အကြောင်းကို စုံစုံလင်လင်လေး ရေးပေးထားလိုက်လျှင် ကိုယ့် Page ကိုတွေ့ တဲ့ သူကို page ထဲ ၀င်ကြည့်အောင်ပိုမို ဆွဲဆောင်နိုင်ပါတယ်။
ဥပမာ ဒီ page မှာ ဘာတွေဝယ်ယူနိုင်ကြောင်း၊ ဒီ Page ဟာ ဘာဝန်ဆောင်မှုတွေပေးကြောင်း အစရှိသဖြင့် အကျဥ်းချုံးလေး ရေးသင့်ပါတယ်။
၂။ လူတွေ Share စေချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ ဆောင်းပါးတွေ၊ post တွေတင်ပါ။
ဆွဲဆောင်မှုရှိတဲ့ ဆောင်းပါးတွေ၊ content တွေဟာ page ရဲ့ အသက်ပါ။ ဒါပေမယ့် ဆွဲဆောင်မှုရှိတဲ့ အပြင် သင့် page နဲ့ လည်း ကိုက်ညီမှုရှိရပါမယ်။ ဥပမာ သင်က ကလေးပစ္စည်းရောင်းတဲ့ page၊ page မှာတင်တဲ့ content တွေက အချစ်အကြောင်းတွေ၊ ဟာသတွေဆိုလျှင် သင့် page audience ပြောင်းသွားနိုင်ပါတယ်။
Page ကနေ ပစ္စည်းတွေရောင်းတယ်ဆိုလျှင် လည်း အမြဲတမ်း အရောင်း post တွေပဲ မတင်သင့်ပါဘူး။ page ကို like လုပ်ထားတဲ့ သူတွေ ငြီးငွေ့ ကုန်ပါလိမ့်မယ်။
ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ကတော့ content ကနေတဆင့်သင့်ပစ္စည်းတွေကို ၀ယ်ချင်လာအောင်၊ စိတ်ဝင်စားလာအောင် ဆွဲဆောင်သင့်ပါတယ်။
၃။ Post တိုင်းအတွက် target audience ရွေးပါ။
Page မှာတင်သမျှ post တစ်ခုစီတိုင်းအတွက် audience ကို သတ်မှတ်သင့်ပါတယ်။ ဘယ်မြို့ မှာနေတဲ့ အသက်ဘယ်လောက်က ဘယ်လောက်အတွင်း အစရှိသဖြင့် သတ်မှတ်သင့်ပါတယ်။ အဲ့လိုသတ်မှတ်ခြင်းအားဖြင့်
သင့် post ကို Facebook က သတ်မှတ်ထားတဲ့ သူတွေဆီ ရောက်အောင်ပို့ ပေးပါတယ်။
အဲ့ဒီလိုပဲ Facebook ကို ပိုက်ဆံပေးပြီး advertise လုပ်လျှင်လည်း audience
ကို သတ်မှတ်ရွေးချယ်သင့်ပါတယ်။
၎။ အချိန်မှီပါစေ။
ကိုယ့် audience ကို အချိန်မှီသိစေချင်တဲ့ post ကို အချိန်မှီအောင်တင်ပါ။ နောက်ကျမှ တင်မိလိုက်တဲ့ post ဟာ ဘယ်လောက်ပဲကောင်းကောင်း အသုံးမ၀င်တော့ပါဘူး။ နောက်ကျမှ တင်တယ်ဆိုတာ ညဖက်လူတွေအိပ်တဲ့ အချိန်တင်တာကိုပြောတာမဟုတ် ပါဘူး။
ဥပမာ Christmas အတွက်တင်ရမယ့် post ကို Christmas နေ့ ညနေလောက်မှ တင်မိတာမျိုး ကိုပြောတာပါ။
အဲ့ဒီလိုအချိန်ကိုက်တင်နိုင်ဖို့ အတွက် Schedule post function က အရမ်းအဆင်ပြေပါတယ်။
၅။ Post တိုင်းမှာ Call to action တစ်ခုပါပါစေ။
Call to action ဆိုတာက post တစ်ခု ဖတ်ပြီးသွားလျှင် audience ကို တစ်စုံတစ်ခုလုပ်အောင် ဆွဲဆောင်တဲ့ အရာပေါ့။ ဥပမာ post ဖတ်ပြီးသွားလျှင် ဆက်သွယ်ဖို့ Call now၊ message ပို့ ဖို့ message now လိုမျိုးထားထားတာတွေ၊ ဒါမှမဟုတ် website ထဲဝင်ကြည့်ဖို့ website link ပေးထားတာမျိုးတွေပါ။
အဲ့ဒါမျိုးတွေမထည့်လျှင်တော င် post ကိုဖတ်ပြီးပါက share လုပ်သွားဖို့ အတွက် call to action ထည့်သင့်ပါတယ်။
၆။ အခမဲ့လေးတွေပေးပါ။
အခမဲ့ပေးတာ၊ ကံစမ်းမဲဖောက်တာ၊ giveaway လုပ်တာတွေဟာ customers တွေကို ဆွဲဆောင်နိုင်ပါတယ်။ သင့် page ကိုလည်း ကြော်ငြာရာရောက်ပါတယ်။ အဲ့ဒါကြောင့် အခါအားလျော်စွာ giveaway အစီအစဉ်လေးတွေ လုပ်လို့ ရပါတယ်။ ပါဝင်မယ့်သူတွေကို သင့် page/post ကို share ခိုင်းပါ။
၇။ လစဉ် ပွဲလေးတွေလုပ်ပေးပါ။
ဥပမာ ဥာဏ်စမ်းလေးတွေပြိုင်ခိုင်း ပြီး ဆုပေးတာမျိုး၊ မဲဖောက်ပေးတာမျိုး၊ ဓါတ်ပုံပြိုင်ပွဲလေးတွေ လုပ်တာမျိုးတွေနဲ့ ဆွဲဆောင်နိုင်ပါတယ်။
ဒီအပေါ်မှာရေးခဲ့တဲ့ အချက် တွေကတော့ Facebook page မှာ like တွေများလာပြီး ကိုယ့် page ကို လူပိုသိလာအောင်လုပ်တဲ့ အချက်တွေပါပဲ။ ဒီလိုနည်းလမ်းတွေကို သုံးသွားပြီးအောင်မြင်နေတဲ့ page တွေလည်း ရှိပါတယ်။
တကယ်လို့ ဒီအချက်တွေကို အသေးစိပ်သိရှိဆွေးနွေးလိုတယ်ဆိုလျှင်တော့
Tech Khit ရှိပါတယ်။ Tech Khit ဟာ သင့်စီးပွားရေးလုပ်ငန်းတွေ Onine ပေါ်မှာ
အောင်မြင်မှုရရှိစေဖို့ အတွက် ကောင်းမွန်တဲ့ ပါတနာတစ်ခုဖြစ်နိုင်ပါတယ်။
Aung Hein (Tech Khit)
www.techkhit.com
Tech Khit ဟာ မြန်မာနိုင်ငံမှာလုပ်နိုင်မ ယ့် Online စီးပွားရေးများအကြောင်းကို စုံလင်စွာရေးသားဖော်ပြဆွေးေ နွးပေးမည့် Page တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Online ပေါ်မှာ ကိုယ့်ရဲ့ စီးပွားရေးကိုကြော်ငြာချင်
Page တစ်ခုရှိပြီမို့ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ အဲ့ဒီ Page မှာ လူရိုသေ၊ရှင်ရိုသေဖြစ်ဖို့ like တွေရှိသင့်ပါတယ်။ အဲ့ဒီ Like တွေကို အလွယ်ကူဆုံးနည်းနဲ့ ရနိုင်တာကတော့ Facebook page promote ၀န်ဆောင်မှု ယူလိုက်ပါ။ ပိုက်ဆံသုံးလျှင် သုံးသလောက် Like တွေတတ်လာပါလိမ့်မယ်။
ပိုက်ဆံမသုံးချင်ပဲ Like တွေ များများရချင်တယ်ဆိုလျှင်တေ
၁။ Page အတွက်လိုအပ်တဲ့ အချက်အလက်တွေကို အကုန်ဖြည့်ပါ။
Page ပိုင်ရှင်တော်တော်များများက
Page Description မှာ ကိုယ့် page အကြောင်းကို စုံစုံလင်လင်လေး ရေးပေးထားလိုက်လျှင် ကိုယ့် Page ကိုတွေ့ တဲ့ သူကို page ထဲ ၀င်ကြည့်အောင်ပိုမို ဆွဲဆောင်နိုင်ပါတယ်။
ဥပမာ ဒီ page မှာ ဘာတွေဝယ်ယူနိုင်ကြောင်း၊ ဒီ Page ဟာ ဘာဝန်ဆောင်မှုတွေပေးကြောင်း
၂။ လူတွေ Share စေချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ ဆောင်းပါးတွေ၊ post တွေတင်ပါ။
ဆွဲဆောင်မှုရှိတဲ့ ဆောင်းပါးတွေ၊ content တွေဟာ page ရဲ့ အသက်ပါ။ ဒါပေမယ့် ဆွဲဆောင်မှုရှိတဲ့ အပြင် သင့် page နဲ့ လည်း ကိုက်ညီမှုရှိရပါမယ်။ ဥပမာ သင်က ကလေးပစ္စည်းရောင်းတဲ့ page၊ page မှာတင်တဲ့ content တွေက အချစ်အကြောင်းတွေ၊ ဟာသတွေဆိုလျှင် သင့် page audience ပြောင်းသွားနိုင်ပါတယ်။
Page ကနေ ပစ္စည်းတွေရောင်းတယ်ဆိုလျှင်
ကောင်းမွန်တဲ့နည်းလမ်းတစ်ခု
၃။ Post တိုင်းအတွက် target audience ရွေးပါ။
Page မှာတင်သမျှ post တစ်ခုစီတိုင်းအတွက် audience ကို သတ်မှတ်သင့်ပါတယ်။ ဘယ်မြို့ မှာနေတဲ့ အသက်ဘယ်လောက်က ဘယ်လောက်အတွင်း အစရှိသဖြင့် သတ်မှတ်သင့်ပါတယ်။ အဲ့လိုသတ်မှတ်ခြင်းအားဖြင့်
၎။ အချိန်မှီပါစေ။
ကိုယ့် audience ကို အချိန်မှီသိစေချင်တဲ့ post ကို အချိန်မှီအောင်တင်ပါ။ နောက်ကျမှ တင်မိလိုက်တဲ့ post ဟာ ဘယ်လောက်ပဲကောင်းကောင်း အသုံးမ၀င်တော့ပါဘူး။ နောက်ကျမှ တင်တယ်ဆိုတာ ညဖက်လူတွေအိပ်တဲ့ အချိန်တင်တာကိုပြောတာမဟုတ်
ဥပမာ Christmas အတွက်တင်ရမယ့် post ကို Christmas နေ့ ညနေလောက်မှ တင်မိတာမျိုး ကိုပြောတာပါ။
အဲ့ဒီလိုအချိန်ကိုက်တင်နိုင
၅။ Post တိုင်းမှာ Call to action တစ်ခုပါပါစေ။
Call to action ဆိုတာက post တစ်ခု ဖတ်ပြီးသွားလျှင် audience ကို တစ်စုံတစ်ခုလုပ်အောင် ဆွဲဆောင်တဲ့ အရာပေါ့။ ဥပမာ post ဖတ်ပြီးသွားလျှင် ဆက်သွယ်ဖို့ Call now၊ message ပို့ ဖို့ message now လိုမျိုးထားထားတာတွေ၊ ဒါမှမဟုတ် website ထဲဝင်ကြည့်ဖို့ website link ပေးထားတာမျိုးတွေပါ။
အဲ့ဒါမျိုးတွေမထည့်လျှင်တော
၆။ အခမဲ့လေးတွေပေးပါ။
အခမဲ့ပေးတာ၊ ကံစမ်းမဲဖောက်တာ၊ giveaway လုပ်တာတွေဟာ customers တွေကို ဆွဲဆောင်နိုင်ပါတယ်။ သင့် page ကိုလည်း ကြော်ငြာရာရောက်ပါတယ်။ အဲ့ဒါကြောင့် အခါအားလျော်စွာ giveaway အစီအစဉ်လေးတွေ လုပ်လို့ ရပါတယ်။ ပါဝင်မယ့်သူတွေကို သင့် page/post ကို share ခိုင်းပါ။
၇။ လစဉ် ပွဲလေးတွေလုပ်ပေးပါ။
ဥပမာ ဥာဏ်စမ်းလေးတွေပြိုင်ခိုင်း
ဒီအပေါ်မှာရေးခဲ့တဲ့ အချက် တွေကတော့ Facebook page မှာ like တွေများလာပြီး ကိုယ့် page ကို လူပိုသိလာအောင်လုပ်တဲ့ အချက်တွေပါပဲ။ ဒီလိုနည်းလမ်းတွေကို သုံးသွားပြီးအောင်မြင်နေတဲ့ page တွေလည်း ရှိပါတယ်။
တကယ်လို့ ဒီအချက်တွေကို အသေးစိပ်သိရှိဆွေးနွေးလိုတယ
Aung Hein (Tech Khit)
www.techkhit.com
Tech Khit ဟာ မြန်မာနိုင်ငံမှာလုပ်နိုင်မ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။