Taxi Hero
-----
ဗျို့ ကိုနေဝင်း …
ခင်ဗျားနဲ့ဘာဆိုင်လို့တုန်း
-----
ဗျို့ ကိုနေဝင်း …
ခင်ဗျားနဲ့ဘာဆိုင်လို့တုန်း
ခင်ဗျားက
သာမန် Taxiသမား
တစ်ယောက်ပါဗျာ …
ခင်ဗျားက တာဝန်သိပြည်သူဖြစ်နေရအောင်
တာဝန်ဆိုတဲ့ လက်ပတ်တောင်
ခင်ဗျား လက်မောင်းမှာ
ပတ်ဖူးလို့လား …
သေနတ်ကြီးကိုင်ထားတဲ့
လူသတ်သမားကို
ရဲတွေမလာခင် …
အုတ်နီခဲတစ်လုံးနဲ့ ဝင်လုံးရဲရအောင်
ခင်ဗျား ဘာဆေးတွေများ
စားထားသလဲ …
ကုလားကြီးတစ်ယောက်ကို
သေနတ်နဲ့ပစ်တာပါဗျာ …
ခင်ဗျား အမျိုးကို ထိတာလဲ မဟုတ်
ဘာလို့များ အသေခံဝင်ဖမ်းသလဲ…
ခင်ဗျားဗျာ
အိမ်မှာ ကလေးတွေနဲ့ မိသားစု
ကျန်ခဲ့သေးတယ်လေဗျာ…
ကျုပ်ဗျာ …
ခင်ဗျားနေရာမှာဆို မလုပ်ရဲဘူး…
ပုန်းနေမိမှာဗျာ …
ခုတော့ ခင်ဗျားမရှိတော့ဘူး
ဒါပေမယ့် ကျုပ်ရင်ထဲက
မချိတင်ခဲတွေ ခင်ဗျား
အသက်နဲ့ရင်းပြီး
အသံတိတ်နည်းနဲ့ ဖြေသွားတာ
ကျုပ်ကြားနေရသလိုပဲ…
ကျုပ်လို
ဘာဆိုင်လို့တုန်းဆိုပြီး
တာဝန်မဲ့ ရပ်ကြည့်နေတဲ့
သူတွေများလေလေ …
ဆိုသွမ်းသူတွေ အနေအစား
ချောင်လေဆိုတာ
ခင်ဗျားပြောပြသွားတယ် …
သာမန် Taxiသမားတစ်ယောက်ဟာလည်း
်သတ္တိမနည်းဘူးဆိုတာ
ခင်ဗျားပြောပြသွားတယ်…
တာဝန်ဆိုတာ
လက်မောင်းမှာ လက်ပတ်ပတ်မှ
တာဝန်ရှိတာ မဟုတ်ဘူး…
လက်မောင်းမှာ
လက်ပတ်ပတ်ထားသူတိုင်း
တာဝန်သိနေတာမဟုတ်ဘူးဆိုတာ
ခင်ဗျားပြောပြသွားတယ်…
ကုလားဖြစ်ဖြစ်
ဗမာဖြစ်ဖြစ်
လူဟာလူပဲ …
လူတစ်ယောက်ကို
အကြမ်းဖက်ခံနေရတာကို
မျက်ကွယ်ပြုခြင်းဟာ
လူသမိုင်းကိုစော်ကားတာပဲဆိုတာ
ခင်ဗျား သင်ပြသွားတယ်…
အကြမ်းဖက်မှုကို ရတဲ့နည်းနဲ့
တွန်းလှန်ရမယ် …
တတ်နိုင်တဲ့ ဘက်က
ဖိနှိပ်ရမယ် …
ခြေမှုန်းပစ်ရမယ်ဆိုတာ
ခင်ဗျား အသက်နဲ့ရင်းပြီး
ပြောပြသွားခဲ့တယ်လေ…
ခင်ဗျားနဲ့ ဘာဆိုင်လို့တုန်း
ကျုပ်မမေးတော့ပါဘူးဗျာ…
တာဝန်သိတဲ့သူက
တာဝန်ရှိတယ်လို့ ခံစားပြီး
ဝင်ရင်ဆိုင်တတ်တယ်ဆိုတာ
ကျုပ်နားလည်သွားပါပြီ …။
R.I.Pပါ
Taxi heroကြီး
ကိုနေဝင်းရေ …
ကောင်းရာမွန်ရာ ဘဝကို
ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ပါစေလို့ …
ကျုပ်မေတ္တာပို့ပေးလိုက်ပါတယ်…။
-----
မှတ်စုကြမ်း
#zeroneo
အားပေးကူညီနှစ်သိမ့်ချင်သူများအတွက်…
taxi ယာဉ်မောင်း ကိုနေဝင်း(42)နှစ်မှာ
အမှတ်(30)မြတောင်ညို(1)လမ်း မင်္ဂလာဒုံမြို့နယ် ရန်ကုန်တိုင်းနေ…
ဇနီးသည်နှင့်
သားသမီး ၃ ဦးကျန်
အကြီးဆုံး ၇ နှစ် အလတ် ၃ နှစ် အငယ်ဆုံး ၄၅ ရက်မပြည့်သေးဟု သိရှိရပါသည်…။
---
ကျန်ရစ်သူမိသားစုနှင့်အတူ
ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း…
သာမန် Taxiသမား
တစ်ယောက်ပါဗျာ …
ခင်ဗျားက တာဝန်သိပြည်သူဖြစ်နေရအောင်
တာဝန်ဆိုတဲ့ လက်ပတ်တောင်
ခင်ဗျား လက်မောင်းမှာ
ပတ်ဖူးလို့လား …
သေနတ်ကြီးကိုင်ထားတဲ့
လူသတ်သမားကို
ရဲတွေမလာခင် …
အုတ်နီခဲတစ်လုံးနဲ့ ဝင်လုံးရဲရအောင်
ခင်ဗျား ဘာဆေးတွေများ
စားထားသလဲ …
ကုလားကြီးတစ်ယောက်ကို
သေနတ်နဲ့ပစ်တာပါဗျာ …
ခင်ဗျား အမျိုးကို ထိတာလဲ မဟုတ်
ဘာလို့များ အသေခံဝင်ဖမ်းသလဲ…
ခင်ဗျားဗျာ
အိမ်မှာ ကလေးတွေနဲ့ မိသားစု
ကျန်ခဲ့သေးတယ်လေဗျာ…
ကျုပ်ဗျာ …
ခင်ဗျားနေရာမှာဆို မလုပ်ရဲဘူး…
ပုန်းနေမိမှာဗျာ …
ခုတော့ ခင်ဗျားမရှိတော့ဘူး
ဒါပေမယ့် ကျုပ်ရင်ထဲက
မချိတင်ခဲတွေ ခင်ဗျား
အသက်နဲ့ရင်းပြီး
အသံတိတ်နည်းနဲ့ ဖြေသွားတာ
ကျုပ်ကြားနေရသလိုပဲ…
ကျုပ်လို
ဘာဆိုင်လို့တုန်းဆိုပြီး
တာဝန်မဲ့ ရပ်ကြည့်နေတဲ့
သူတွေများလေလေ …
ဆိုသွမ်းသူတွေ အနေအစား
ချောင်လေဆိုတာ
ခင်ဗျားပြောပြသွားတယ် …
သာမန် Taxiသမားတစ်ယောက်ဟာလည်း
်သတ္တိမနည်းဘူးဆိုတာ
ခင်ဗျားပြောပြသွားတယ်…
တာဝန်ဆိုတာ
လက်မောင်းမှာ လက်ပတ်ပတ်မှ
တာဝန်ရှိတာ မဟုတ်ဘူး…
လက်မောင်းမှာ
လက်ပတ်ပတ်ထားသူတိုင်း
တာဝန်သိနေတာမဟုတ်ဘူးဆိုတာ
ခင်ဗျားပြောပြသွားတယ်…
ကုလားဖြစ်ဖြစ်
ဗမာဖြစ်ဖြစ်
လူဟာလူပဲ …
လူတစ်ယောက်ကို
အကြမ်းဖက်ခံနေရတာကို
မျက်ကွယ်ပြုခြင်းဟာ
လူသမိုင်းကိုစော်ကားတာပဲဆိုတာ
ခင်ဗျား သင်ပြသွားတယ်…
အကြမ်းဖက်မှုကို ရတဲ့နည်းနဲ့
တွန်းလှန်ရမယ် …
တတ်နိုင်တဲ့ ဘက်က
ဖိနှိပ်ရမယ် …
ခြေမှုန်းပစ်ရမယ်ဆိုတာ
ခင်ဗျား အသက်နဲ့ရင်းပြီး
ပြောပြသွားခဲ့တယ်လေ…
ခင်ဗျားနဲ့ ဘာဆိုင်လို့တုန်း
ကျုပ်မမေးတော့ပါဘူးဗျာ…
တာဝန်သိတဲ့သူက
တာဝန်ရှိတယ်လို့ ခံစားပြီး
ဝင်ရင်ဆိုင်တတ်တယ်ဆိုတာ
ကျုပ်နားလည်သွားပါပြီ …။
R.I.Pပါ
Taxi heroကြီး
ကိုနေဝင်းရေ …
ကောင်းရာမွန်ရာ ဘဝကို
ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ပါစေလို့ …
ကျုပ်မေတ္တာပို့ပေးလိုက်ပါတယ်…။
-----
မှတ်စုကြမ်း
#zeroneo
အားပေးကူညီနှစ်သိမ့်ချင်သူများအတွက်…
taxi ယာဉ်မောင်း ကိုနေဝင်း(42)နှစ်မှာ
အမှတ်(30)မြတောင်ညို(1)လမ်း မင်္ဂလာဒုံမြို့နယ် ရန်ကုန်တိုင်းနေ…
ဇနီးသည်နှင့်
သားသမီး ၃ ဦးကျန်
အကြီးဆုံး ၇ နှစ် အလတ် ၃ နှစ် အငယ်ဆုံး ၄၅ ရက်မပြည့်သေးဟု သိရှိရပါသည်…။
---
ကျန်ရစ်သူမိသားစုနှင့်အတူ
ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း…
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။