ကိုယ့်ကို အရေးမလုပ်သူတချို့ကြောင့်
တစ်ယောက်ထဲ ခပ်အေးအေးနေတတ်သွားတယ်....
စွန့်ခွာသွားတဲ့သူတချို့ကြောင့်
မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့
တရင်းတနှီးဖြစ်လာတယ်...
စကားကို ဗလောင်းဗလဲ ပြောတတ်သူတချို့ကြောင့်
စကားမမှားရအောင် ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့
အကျင့်တစ်ခု ရလာတယ်....
အပြစ်မြင်လွယ်တတ်တဲ့သူ တချို့ကြောင့်
ခံစားဖို့၊တုန့်ပြန်ဖို့မလိုအပ်တာတွေကို
သိမြင်လာရတယ်....
တာဝန်မဲ့သူတချို့ကြောင့်
ကိုယ့်ကြောင့်လောကကြီး အကျည်းမတန်အောင်
ပိုသတိထားဖြစ်သွားတယ်...
ရှံ့ချတတ်သူ တချို့ကြောင့်
လူကဲ့ရယ်စရာမဖြစ်အောင်
ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်....
အနိုင်ကျင့်လွန်းသူ တချို့ကြောင့်
တော်ရုံနဲ့ သိပ်မဖြုံပဲ
ကိုယ့်ရဲ့စိတ်ဓာတ်တွေ ပိုမာကျောလာတယ်...
ကိုယ့်ပေါ်အခွင့်အရေးယူလွန်း သူတချို့ကြောင့်
လိမ်မာပါးနပ်ဖို့ မဖြစ်မနေ
သင်ယူတတ်လာတယ်....
တကယ်ပါ....
သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်...
သူတို့ကြောင့်ပဲ ဆင်ခြင်တုံတရား
ပိုရှိလာတယ်...
သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်...
သူတို့ကြောင့်ပဲ လူတွေအကြောင်းကို
ပိုသိလာတယ်....
အပြစ်မြင်ရတာ၊အပြစ်တင်ရတာ
စိတ်ပင်ပန်းပါတယ်....
ကြံဖန်ကျေးဇူးတင်လိုက်တာ
ကောင်းပါတယ်လေ....
~WPH~
တစ်ယောက်ထဲ ခပ်အေးအေးနေတတ်သွားတယ်....
စွန့်ခွာသွားတဲ့သူတချို့ကြေ
မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့
တရင်းတနှီးဖြစ်လာတယ်...
စကားကို ဗလောင်းဗလဲ ပြောတတ်သူတချို့ကြောင့်
စကားမမှားရအောင် ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့
အကျင့်တစ်ခု ရလာတယ်....
အပြစ်မြင်လွယ်တတ်တဲ့သူ တချို့ကြောင့်
ခံစားဖို့၊တုန့်ပြန်ဖို့မလိ
သိမြင်လာရတယ်....
တာဝန်မဲ့သူတချို့ကြောင့်
ကိုယ့်ကြောင့်လောကကြီး အကျည်းမတန်အောင်
ပိုသတိထားဖြစ်သွားတယ်...
ရှံ့ချတတ်သူ တချို့ကြောင့်
လူကဲ့ရယ်စရာမဖြစ်အောင်
ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်....
အနိုင်ကျင့်လွန်းသူ တချို့ကြောင့်
တော်ရုံနဲ့ သိပ်မဖြုံပဲ
ကိုယ့်ရဲ့စိတ်ဓာတ်တွေ ပိုမာကျောလာတယ်...
ကိုယ့်ပေါ်အခွင့်အရေးယူလွန်း
လိမ်မာပါးနပ်ဖို့ မဖြစ်မနေ
သင်ယူတတ်လာတယ်....
တကယ်ပါ....
သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်...
သူတို့ကြောင့်ပဲ ဆင်ခြင်တုံတရား
ပိုရှိလာတယ်...
သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်...
သူတို့ကြောင့်ပဲ လူတွေအကြောင်းကို
ပိုသိလာတယ်....
အပြစ်မြင်ရတာ၊အပြစ်တင်ရတာ
စိတ်ပင်ပန်းပါတယ်....
ကြံဖန်ကျေးဇူးတင်လိုက်တာ
ကောင်းပါတယ်လေ....
~WPH~
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။