မြန်မာပြည်က Rock သူပုန်များ (၄)
ကိုင်ဇာသီချင်းတွေ ရေးနေတဲ့ကာလ ၁၉၈၃ ဝန်းကျင်မှာ Rock သူပုန်တစ်ယောက်နဲ့ စသိခဲ့ရတယ်။ ဆံပင်ကရှည်ရှည် လူက ဝဝ၊ အစားအသောက်ကလည်း ကြမ်းကြမ်း၊ စိတ်သဘောထား နူးညံ့၊ ဖြစ်သလို ဝတ်စားတတ်တဲ့သူ၊ အဲဒီလူကတော့ I.C အဖွဲ့ရဲ့ ခေါင်းကိုင်ကြီး ဖြစ်လာမယ့် စောဘွဲ့မှူးပါပဲ။
သူ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ လူချင်းကတော့ မဆုံဖူးဘူး။ အလုံဘက်က ဂစ်တာတီးကြတဲ့ ကိုဇော်ဝင်း (G.T.I) နဲ့ ကိုဘဝင်းတို့ ပြောပြောနေတာနဲ့ နာမည်ကို ရင်းနှီးနေတာ ဂစ်တာတီးကောင်းတဲ့ ဇော်ဝင်းဆိုတဲ့လူပေါ့။
သူနဲ့ကျွန်တော် ကိုင်ဇာစီးရီး သွင်းတဲ့နေ့ ရွှေတောင်ကြားထဲက ရဲခေါင် (မေ) စတူဒီယိုမှာ စဆုံကြတာပေါ့။ အဲဒီအချိန်က စောဘွဲ့မှူးဟာ ဂစ်တာကို (speed) အမြန် တီးတာကို သိပ်လုပ်ချင်နေတဲ့ အချိန်ပေါ့။ အဲဒီစီးရီးထဲမှာ Hard Rock နဲ့ တီးတဲ့ ကျွန်တော့်သီချင်းကို Success တီးဝိုင်းက ဗထူးချစ်က lead တီးမယ် စီစဉ်နေတုန်း စောဘွဲ့မှူးက Solo သူ တီးမယ်ဆိုပြီး ဝင်တီးတယ်။ ဘွဲ့ကြီးဟာ သူဖီလင်လာရင် လာသလို လုပ်တတ်တယ်။ အဲဒီသီချင်းဟာ သူ့လက်သံနဲ့ ထွက်လာတယ်။ တော်တော် သေသေသပ်သပ် တီးပေးသွားတယ်။ သူဟာ တေးရေးဆရာ တစ်ယောက်အနေနဲ့ လာတာပါ။ ဒါပေမဲ့ သူတီးချင်စိတ်ပေါက်လာရင် Guitar ကိုပါ ဝင်တီးပေးတတ်တဲ့ သူပါ။
အဲဒီနောက်ပိုင်း သူနဲ့ သိပ်မဆုံဖြစ်တော့ဘူး။ Show ပွဲတွေမှာတော့ သူတီးတာ မကြာခဏ တွေ့နေရတယ်။ ပင်တိုင် Band တော့ မရှိဘူး။ လွှမ်းမိုးတို့ ဝိုင်းမှာလည်း ဝင်တီးနေတာ တွေ့ရတယ်။ သူနဲ့ဂစ်တာဟာ တစ်သားတည်းဖြစ်နေတာပါပဲ ။ ဘယ်ဝိုင်းမှာမဆို သူဝင်တီးတာပါပဲ။ သူ့ကိုလည်း တီးဝိုင်းတွေက လိုလိုလားလား နေရာပေးကြတယ်။
သူနဲ့ကျွန်တော် နောက်ပိုင်းမှာ တွေ့ရတာ တော်တော်စိပ်လာတယ်။ မေခလာ စီးရီးသွင်းတော့လည်း သူ ရောက်လာတတ်တယ်။ ဝင်ဒါမီယာထဲက တိုနီရဲ့ (လင်း) စတူဒီယိုမှာပေါ့။ ကျွန်တော်တို့ တေးရေးတွေဟာ ဝင်ငွေက မမှန်ဘူး။ ရတဲ့အခါကျတော့လည်း ရ၊ မရတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် ကျားကန်ပေးကြရတယ်။ အဲဒီခေတ်က ပရိုဂျူဆာတွေက အနုပညာသမားတွေ အပေါ်မှာ တော်တော်နှိမ်ထားကြတယ် ။ Right (မူပိုင်ခွင့်) ကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နြေ ကတယ်။
ကျွန်တော်ဟာ စာပေအသိုင်းအဝိုင်းမှာလည်း
သူငယ်ချင်းတွေရှိတော့ Right ကိုသိတယ်။ ကိုစိန်ဝင်း (ပုတီးကုန်း)
တို့ဆို ဒုတိယအကြိမ်ထုတ်ရင် ဒုတိယအကြိမ် စာမူခရတယ်။ တစ်နေ့တော့
ရွှေဂုံတိုင်မှာရှိတဲ့ ဥသြတေးသံသွင်းက မောင်မောင်က
ကိုင်ဇာလက်ရွေးစင် တေးစီးရီးထွက်တော့ ကျွန်တော့်သီချင်း
`အိပ်မက်လှေ' ပါလာတယ်။ ကျွန်တော်သွားပြီး သီချင်းဖိုးတောင်းတယ်။
သူက ကျွန်တော်မူပိုင် ဝယ်ထားတာပဲ။ ဘာလုပ်လုပ်ရတယ် ပြောတယ်၊
ကျွန်တော်က Right ကို ရှင်းပြတယ်။ သူက လက်မခံဘူး။ မပေးဘူး
ပြောတယ်၊ ကျွန်တော်တို့ကလည်း ဘဝတစ်ခုလုံးနဲ့ ရင်းလာရတာ
ပိုက်ဆံမပေးရင် လူကိုလုပ်မယ်ဆိုပြီး ဆိုင်ထဲဝင်တော့ ကိုကြည်သိန်း
(ဆရာစိန်မောင်မြင့်ရဲ့သား)
က ရှေ့ကနေပြီး ကိုဇော်တင် လွန်မယ်နော်။ ဟေ့ ကိုမောင်မောင်
ပေးလိုက်။ ခင်ဗျားမပေးရင် ကျွန်တော် စိုက်ပေးမယ်ဆိုမှ
မောင်မောင်က ငွေ ၆၀၀ိ ထုတ်ပေးတယ်။
ကျွန်တော်လည်း လင်းစတူဒီယိုကို ပြန်လာပြီး အလုပ် ဆက်လုပ်ဖြစ်တယ်။ အဲဒီမှာ စိတ်မညစ်တတ်တဲ့ ဘွဲ့ကြီးက စိတ်ညစ်နေတယ်။ ဘာဖြစ်တာလဲဆိုတော့ အိမ်မှာ ရိက္ခာ ဝယ်မပေးနိုင်ခဲ့လို့တဲ့။ ဒီမှာဘွဲ့ကြီး ကိုယ်တော့ ဥသြက ငွေ ၆၀၀ိ ထုတ်လာတယ်။ ခင်ဗျားသီချင်းတွေပါတယ် ။
သွားထုတ်လို့ပြောတော့ သူမယုံဘူး။ ဟုတ်ရဲ့လား။ ကျွန်တော့်ကို
မနောက်နဲ့နော်လို့ ပြောတယ်။ ဟုတ်တယ် ဘွဲ့ကြီးရဲ့။ Right အရ
မူပိုင်တာက ကိုယ်တို့ တေးရေးဆရာတွေက ပရိုဂျူဆာတွေကို အငှါးချထားတာ
တစ်ကြိမ်ထုတ်တိုင်း ကိုယ်တို့ကို ပိုက်ဆံပေးရမယ်ဆိုပြီး
ရှင်းပြရတယ်။
သူသွားတယ်။ ပြီးတော့ ပြန်လာတယ်။ မျက်နှာကြီးက ဖိုးလမင်းကြီးလို၊ ကိုဇော်တင် ခင်ဗျား ဘာစားမလဲ၊ ဘာသောက်မလဲပေါ့။ မစားပါဘူး ဘွဲ့ကြီးရာ၊ ကိုယ်တို့က ဘဝတူတွေပဲ၊ တစ်ယောက်ကိုတစ်ယောက် နှုတ်၏စောင်မခြင်းနဲ့ ကူညီရတာပါ၊ ဝမ်းတောင်သာမိသေး။
ကျွန်တော်တို့ သီချင်းသွင်းတဲ့ ရက်တွေမှာ စတူဒီယိုမှာ သွားသွား ထမင်းစားကြတယ်။ မနက် ၁၁း၀၀ နာရီလောက်ဆို ထုတ်လုပ်သူတွေက ဘယ်သူ ဘာနဲ့စားမလဲ၊ ဘယ်ဆိုင်ကလဲ၊ အဲဒီတုန်းက M.3 sea food နားမှာ ရွှေဘထမင်းဆိုင်က နာမည်ကြီးပဲ။ ဘွဲ့ကြီးကျတော့ စားလိုက်ရင် ဝက်သား၊ ဘဲသား၊ သူ့ခန္တာကိုယ်က ဝဝကြီး။ အဆီတွေတက်နေတဲ့ ပါးစုံကြီးတွေ မေးစေ့ကြီးတွေနဲ့၊ မတည့်တာတွေ သိပ်စားတယ်။ စားပြီးလည်း တရေးတမော အိပ်တယ်။ သူ ဂစ်တာတီးရင် Multi ခဏခဏ လုပ်ပေးရတယ်။ စိတ်တိုင်းမကျမချင်း ပြန်တီးလေ့ရှိတယ်။ အိပ်တာကတော့ သူ့ရဲ့ခန္တာကိုယ်က တောင်းဆိုရင်တော့ ဝီရိယ အားကောင်းတယ်။ သူ့သီချင်းလေးတွေဆိုရင်
ချစ်စရာကောင်းအောင် ရေးစပ်တီးခတ်တတ်တယ်။ သီချင်းရေးဆရာထဲမှာ
ဂီတပါကျွမ်းကျင်တော့ Music နဲ့ Words နဲ့က တစ်ထပ်တည်းကျတယ်။
ပြီးတော့ လူတန်းစားပြသနာမှာ အခြေခံ လူတန်းစားတွေဘက်က ရပ်တည်ပြီး
ရေးလေ့ရှိတယ်။
လွှမ်းမိုးဆိုခဲ့တဲ့ ကိုပေါဆိုတဲ့ သီချင်းလေးဆိုရင် သိပ်နုံချာတဲ့ လူတစ်ယောက်ရဲ့ မျှော်လင့်ခြင်းကို ဖွဲ့သီခဲ့တာပါ။ စိတ္တဇဆန်တဲ့ သီချင်းဆိုရင်လည်း ကိုစိုးပိုင်ရဲ့ `သီတာ' သီချင်းမှာ ပီပီပြင်ပြင် ရေးဖွဲ့နိုင်တယ်။ ကိုင်ဇာဆိုခဲ့တဲ့ `ရုံးတော်' သီချင်းဆိုရင်လည်း မခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ အိမ်ထောင်ကျခဲ့တဲ့ အိမ်ထောင်သည် တစ်ယောက်အကြောင်း ဖွဲ့သီတတ်တယ်။ သူဟာ အကြောင်းအရာပေါင်းစုံကို ရေးဖွဲ့နိုင်သူ တစ်ယောက်ပါပဲ။
နောက် သူနဲ့ မဆုံဖြစ်ပြန်ဘူး။ ပြည်ရတနာ တေးသံသွင်းက အက်စ်ကဲနက်ရဲ့ `ရင်ကိုတိုးဝှေ့ဆဲပါခိုင် '
အောင်မြင်ပြီးနောက် တစ်ခွေသွင်းတော့ ကိုကိုအောင် (သပြေ) က
ချိန်းလို့ ဆူးလေဘုရားလမ်းက မီးသတ်ကြီးဘေး သပြေတေးမဂ္ဂဇင်းအောက်က
ပြည်ရတနာ တေးသံသွင်းမှာ ပြန်ဆုံကြတော့ သူက တော်တော်
ဝမ်းသာအားရနဲ့ နှုတ်ဆက်တယ်။ ဟေ့ ကိုဇော်တင်
ပြန်ဆုံကြပြန်ပြီပေါ့။ သူ့ဘေးမှာ ငါးတန်းခြောက်တန်းလောက်ရှိတဲ့
လူငယ်လေးတစ်ယောက် ပါလာတယ်။ ဘွဲ့ကြီးက ဒီမှာလေ ကျွန်တော့်သားတဲ့။
လူငယ်လေးက ရည်ရည်မွန်မွန်နဲ့ သူ့လိုပဲ ကရင်လေးဆိုတော့ အင်းလေ
သူ့မိသားစုတွေနဲ့က မဆုံဖူးတော့ ဟုတ်တယ်ပဲ ထင်တာပေါ့။ ကလေးကို ဂစ်တာ
သင်ပေးနေတယ်တဲ့။ အဲဒီအချိန်က ကျွန်တော့်မှာ
အိမ်ထောင်မကျသေးတော့ ဂီတအမွေပေးဖို့ မရှိတာကို
စိတ်မကောင်းဖြစ်မိတယ်။
အက်စ်ကဲနက်အတွက် သီချင်းပေးပြီး ပြန်အထွက်မှာ ဘွဲ့ကြီးက
ကိုဇော်တင်ရေ တပည့်မွေးဗျ။ ကိုယ်တွေက ကြာကြာသွားနိုင်မှာ
မဟုတ်ဘူး။ တပည့်တွေက လက်ဆင့်ကမ်းသွားမှာ။ ကိုယ်က
တစ်မတ်ဖိုးလောက် တတ်ပေမယ့် တပည့်က တစ်ကျပ်ဖိုးလောက်တော် ရင် ကိုယ်တွေ အခြေအနေက ငါးမတ်လောက် တန်သွားတာဗျတဲ့။
နောက်တစ်ခါကျတော့ ပိုပို (စိုးလွင်လွင်) တို့ ရန်ကင်း ဆယ့်နှစ်လုံးတန်းက တိုက်ခန်းမှာ ပိုပိုဆီသွားရင်း ဆုံပြန်တယ်။ ပိုပိုက စပယ်ဦး ကိုသန်းလွင် ပြင်ပေးထားတဲ့ တိုက်ခန်းလေးမှာ သူ့အတွက် သီးသန့်ခန်းလေး လုပ်ထားတယ်။ သူငယ်ချင်းတွေနဲ့ သီချင်းလုပ်ဖို့ အခန်းလေးပေါ့။ မူးယစ် သောက်စားဖို့လည်း သီးသန့်ပေါ့။ သူ့အမျိုးသမီး မဖြူတို့က တစ်ဖက်ခန်းမှာ နေကြတယ်။ ကျွန်တော်က ပိုပိုဆီမှာ သီချင်းသွားလုပ်ရင်း မေခလာက သူ့ညီမ ခင်ဥမ္မာအတွက် Own Tune လေးတစ်ပုဒ် ရေးပေးပါဆိုလို့ ပိုပိုကက်ဆက်ထဲမှာ တိတ်ခွေနဲ့ သီချင်းသွင်းထည့်တယ်။ ဒါပေမဲ့ ဥမ္မာက အဲဒီ သီချင်းလေးကို မဆိုဖြစ်ဘူး။ သီချင်းက မိန်းကလေးအမျှော်ဆိုက် သီချင်းလေးပါ။ ကြာတော့လည်း မေ့နေတယ်။
နောက်တစ်နှစ်လောက်ကြာ တော့
ကျွန်တော်လည်း ပေါင်းတည်က အမေ့အိမ်မှာ ပြန်လာပြီး နားခိုရတယ်။
တစ်နေ့ မနက် ဈေးထိပ်နားက လက်ဖက်ရည်ဆိုင် သွားထိုင်တော့
(လာခေါ်လှည့်) လာခေါ်လှည့်ပါ ချစ်သူရေဆိုတဲ့ စာသားကို ပိုပိုအသံနဲ့
ဆိုထားတဲ့စီးရီး ထွက်လာတယ်။ မိန်းကလေးတိုင်း အဲဒီအချိန်က
ကြိုက်ကြတယ်။ ဒါပေမဲ့ ပိုပိုရဲ့ စန်းပဲပေါ့။ သီချင်းက
ကောင်းနေတယ်။ အမှန်တော့ ဘွဲ့ကြီးက ပိုပိုကို ဆိုခိုင်းတာတဲ့။
ဆိုလိုတာက ဘွဲ့ကြီးက သီချင်းအကြောင်းကို သိနေတော့ ဒီသီချင်းက Pop
Rock ကလေးမှန်း သိပြီး ဆိုခိုင်းတာ သူ့ရဲ့ ကျွမ်းကျင်မှုပဲ။
ကိုင်ဇာဆိုရင် ဘွဲ့ကြီးသီချင်းတွေကို သိပ်ဆိုဖြစ်တယ်။ သူက ဘွဲ့ကြီးကို ချစ်လည်းချစ်ပါတယ်။ ပြီးတော့ ဘွဲ့ကြီးသီချင်းက ဂစ်တာတီးလို့ကောင်းတဲ့ ဖွဲ့စည်းပုံမျိုးပါ။ နိုင်မြန်မာတို့ကျတော့ စာသားရေးဖွဲ့မှုအား သိပ်ကောင်းတယ်။ တစ်ယောက်တစ်မျိုး ကောင်းကြပါတယ်။ ကျွန်တော်ဆိုရင်လည်း ဘွဲ့ကြီးသီချင်းတွေကို သိပ်ကြိုက်တယ်။ ချစ်စရာကောင်းအောင် ရေးဖွဲ့နိုင်သလို လိုအပ်ရင် သူကိုယ်တိုင် ဝင်တီးတတ်တယ်။ အဲဒီတော့ သီချင်းက ပိုပြီးတော့ ကြွလာတာပေါ့။ စာသားနဲ့ ဂီတနဲ့ တစ်ထပ်တည်းကျတယ်။ အဲဒါမှ Composer အစစ်ပါ။ ဇာလျန်းက တေးရေးဆရာ တော်တော်များများကို စာရေးဆရာလို့ ခေါ်တတ်တယ်။ ဟုတ်တော့ဟုတ်တယ်။ တေးရေးဆရာ ဆိုတာက ဘွဲ့မှူးတို့လို လူမျိုးတွေမှ တေးရေးဆရာအစစ် ဖြစ်တယ်။ သူ့သီချင်းကို Music ပါ Arrangement လုပ်နိုင်တာ။
မေခလာရဲ့ ပြိုင်ပွဲဝင် သီချင်းများကို ဂန္ဓမာတေးသံသွင်းကနေသွင်းတော့ 
ဘွဲ့ကြီးလည်း အပ်ထားတယ်။ ကျွန်တော်လည်း ပါတယ်။ ဆရာလိတ်လည်း
ပါတယ်။ လင်းစတူဒီယိုမှာပါ။ ဒါပေမဲ့ ဘွဲ့ကြီးဆီက တစ်ပုဒ်ကျန်တယ်။
မေခလာက ပူဆာတော့ သူက လက်ဖဝါးမှာ သီချင်း ရေးလာတယ်။ ကဲ လိုက်ဆိုတဲ့
(ကိုကိုက နိုး နိုး နိုး၊ ငယ်ငယ်က ချစ် ချစ် ချစ်၊ တဲ့။ 56၊.1.1.1.1၊
...၊ 23 5 .5.5၊ .5....။ မေခလာက လိုက်ဆိုပါတယ်။ အဲဒါ ဘွဲ့ကြီးရဲ့ သဘောက
ပြသွားတာပါပဲ။
အဲဒီလိုတော်တဲ့ ဂီတဆရာတစ်ယောက်ဟာ အကြွေစောပါတယ်။ သူမကြွေမီ သူ့အိပ်မက်ကို အကောင်အထည် ဖော်သွားနိုင်ခဲ့ပါတယ်။ ဘွဲ့ကြီး ဂစ်တာတီးလာတာ ဂီတလုလင် ဆရာဦးကိုကိုဝိုင်းမှာကတည်းက တီးလာခဲ့တာ ကွယ်လွန်ချိန်ထိ ဂစ်တာတီးသွားခဲ့ပါတယ်။
မြန်မာပြည်မှာ Iron Cross ဆိုတဲ့ Rock Band တစ်ခု ထင်ထင်ရှားရှား အောင်မြင်လာခဲ့တယ်။ လေးဖြူတို့ အငဲတို့ အဆိုတော်တွေနဲ့ အားကောင်းမောင်းသန် ပေါ်ထွက်လာခဲ့တယ်။ စတင်ဖွဲ့စည်းသူက ဘယ်သူဟုတ်ရိုးလဲ။ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဂီတမှူး စောဘွဲ့မှူးပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အက်စ်ကဲနက် သီချင်းအတွက် ပြည်ရတနာ တေးသံသွင်းမှာ ဘွဲ့ကြီးနဲ့ပါလာတဲ့ လူငယ်လေးက Lead Guitar တီးတယ်။ ချစ်စမ်းမောင်ဆိုတဲ့ နာမည်နဲ့ ဂစ်တာသူရဲကောင်း တစ်ယောက်ပေါ့။ သူလည်းအိမ်က စကားနားမထောင်တဲ့ သူပုန်တစ်ယောက်ပဲ။
ဘွဲ့ကြီးမှာ ဟိုတီးဝိုင်း ဝင်တီး၊ ဒီတီးဝိုင်း ဝင်တီးနဲ့ နေရာတစ်နေရာ အငြိမ် မရခဲ့ဘူး။ အခု သူ ကွယ်လွန်သွားပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့ဝိုင်းဟာ မြန်မာပြည်ရဲ့ ထိပ်တန်းတီးဝိုင်းကြီး တစ်ခုအဖြစ် ရှိနေခဲ့ပြီး ဘွဲ့ကြီးဟာလည်း လူလည်း အငြိမ်ရသွားတယ်။
ဒါပေမဲ့ သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ မှတ်မှတ်ရရ ရင်ထဲမှာ ကျန်ခဲ့တယ်။ တပည့်မွေးဗျ၊ ပညာပေးဗျ၊ ကိုယ်က တစ်မတ်ပဲတန်ပေမယ့် တပည့်က တစ်ကျပ်တန်ရင် ကိုယ်က ငါးမတ်တန်တယ်တဲ့။
သူ့တပည့်တွေကလည်း စောဘွဲ့မှူး အမှတ်တရပွဲမှာ ဘွဲ့ကြီးရှိတုန်းက တီးခတ်သီဆိုခဲ့တာကို ရိုက်ထားတဲ့ ဗီဒီယိုကို နောက်ခံဖွင့်ပြထားပြီး သူတို့တွေပါ ရောနှော တီးခတ်ပြသွားကြတယ်။ ဘွဲ့ကြီးဟာ သူကွယ်လွန်ပေမယ့် သူ့ဝီညာဉ်ဟာက သူချစ်တဲ့ ပရိသတ်ကြီးကို တပည့်တွေနဲ့ အတူတကွ ဖျော်ဖြေပြနေဆဲပဲ။
လူသေသော်လည်း နာမည်မသေတဲ့ Rock သူပုန်ကြီး စောဘွဲ့မှူးပါ၊
ဇော်တင်
စုံနံ့သာ
စာပေနှင့် အနုပညာ မဂ္ဂဇင်း
ဇူလိုင် ၂၀၁၄
#KoKaLee
#ရော့ခ်နှင့်ပတ်ဝန်းကျင်ဂရု
ကိုင်ဇာသီချင်းတွေ ရေးနေတဲ့ကာလ ၁၉၈၃ ဝန်းကျင်မှာ Rock သူပုန်တစ်ယောက်နဲ့ စသိခဲ့ရတယ်။ ဆံပင်ကရှည်ရှည် လူက ဝဝ၊ အစားအသောက်ကလည်း ကြမ်းကြမ်း၊ စိတ်သဘောထား နူးညံ့၊ ဖြစ်သလို ဝတ်စားတတ်တဲ့သူ၊ အဲဒီလူကတော့ I.C အဖွဲ့ရဲ့ ခေါင်းကိုင်ကြီး ဖြစ်လာမယ့် စောဘွဲ့မှူးပါပဲ။
သူ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ လူချင်းကတော့ မဆုံဖူးဘူး။ အလုံဘက်က ဂစ်တာတီးကြတဲ့ ကိုဇော်ဝင်း (G.T.I) နဲ့ ကိုဘဝင်းတို့ ပြောပြောနေတာနဲ့ နာမည်ကို ရင်းနှီးနေတာ ဂစ်တာတီးကောင်းတဲ့ ဇော်ဝင်းဆိုတဲ့လူပေါ့။
သူနဲ့ကျွန်တော် ကိုင်ဇာစီးရီး သွင်းတဲ့နေ့ ရွှေတောင်ကြားထဲက ရဲခေါင် (မေ) စတူဒီယိုမှာ စဆုံကြတာပေါ့။ အဲဒီအချိန်က စောဘွဲ့မှူးဟာ ဂစ်တာကို (speed) အမြန် တီးတာကို သိပ်လုပ်ချင်နေတဲ့ အချိန်ပေါ့။ အဲဒီစီးရီးထဲမှာ Hard Rock နဲ့ တီးတဲ့ ကျွန်တော့်သီချင်းကို Success တီးဝိုင်းက ဗထူးချစ်က lead တီးမယ် စီစဉ်နေတုန်း စောဘွဲ့မှူးက Solo သူ တီးမယ်ဆိုပြီး ဝင်တီးတယ်။ ဘွဲ့ကြီးဟာ သူဖီလင်လာရင် လာသလို လုပ်တတ်တယ်။ အဲဒီသီချင်းဟာ သူ့လက်သံနဲ့ ထွက်လာတယ်။ တော်တော် သေသေသပ်သပ် တီးပေးသွားတယ်။ သူဟာ တေးရေးဆရာ တစ်ယောက်အနေနဲ့ လာတာပါ။ ဒါပေမဲ့ သူတီးချင်စိတ်ပေါက်လာရင
အဲဒီနောက်ပိုင်း သူနဲ့ သိပ်မဆုံဖြစ်တော့ဘူး။ Show ပွဲတွေမှာတော့ သူတီးတာ မကြာခဏ တွေ့နေရတယ်။ ပင်တိုင် Band တော့ မရှိဘူး။ လွှမ်းမိုးတို့ ဝိုင်းမှာလည်း ဝင်တီးနေတာ တွေ့ရတယ်။ သူနဲ့ဂစ်တာဟာ တစ်သားတည်းဖြစ်နေတာပါပဲ
သူနဲ့ကျွန်တော် နောက်ပိုင်းမှာ တွေ့ရတာ တော်တော်စိပ်လာတယ်။ မေခလာ စီးရီးသွင်းတော့လည်း သူ ရောက်လာတတ်တယ်။ ဝင်ဒါမီယာထဲက တိုနီရဲ့ (လင်း) စတူဒီယိုမှာပေါ့။ ကျွန်တော်တို့ တေးရေးတွေဟာ ဝင်ငွေက မမှန်ဘူး။ ရတဲ့အခါကျတော့လည်း ရ၊ မရတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် ကျားကန်ပေးကြရတယ်။ အဲဒီခေတ်က ပရိုဂျူဆာတွေက အနုပညာသမားတွေ အပေါ်မှာ တော်တော်နှိမ်ထားကြတယ်
ကျွန်တော်ဟာ စာပေအသိုင်းအဝိုင်းမှာလည
ကျွန်တော်လည်း လင်းစတူဒီယိုကို ပြန်လာပြီး အလုပ် ဆက်လုပ်ဖြစ်တယ်။ အဲဒီမှာ စိတ်မညစ်တတ်တဲ့ ဘွဲ့ကြီးက စိတ်ညစ်နေတယ်။ ဘာဖြစ်တာလဲဆိုတော့ အိမ်မှာ ရိက္ခာ ဝယ်မပေးနိုင်ခဲ့လို့တဲ့။
သူသွားတယ်။ ပြီးတော့ ပြန်လာတယ်။ မျက်နှာကြီးက ဖိုးလမင်းကြီးလို၊ ကိုဇော်တင် ခင်ဗျား ဘာစားမလဲ၊ ဘာသောက်မလဲပေါ့။ မစားပါဘူး ဘွဲ့ကြီးရာ၊ ကိုယ်တို့က ဘဝတူတွေပဲ၊ တစ်ယောက်ကိုတစ်ယောက် နှုတ်၏စောင်မခြင်းနဲ့ ကူညီရတာပါ၊ ဝမ်းတောင်သာမိသေး။
ကျွန်တော်တို့ သီချင်းသွင်းတဲ့ ရက်တွေမှာ စတူဒီယိုမှာ သွားသွား ထမင်းစားကြတယ်။ မနက် ၁၁း၀၀ နာရီလောက်ဆို ထုတ်လုပ်သူတွေက ဘယ်သူ ဘာနဲ့စားမလဲ၊ ဘယ်ဆိုင်ကလဲ၊ အဲဒီတုန်းက M.3 sea food နားမှာ ရွှေဘထမင်းဆိုင်က နာမည်ကြီးပဲ။ ဘွဲ့ကြီးကျတော့ စားလိုက်ရင် ဝက်သား၊ ဘဲသား၊ သူ့ခန္တာကိုယ်က ဝဝကြီး။ အဆီတွေတက်နေတဲ့ ပါးစုံကြီးတွေ မေးစေ့ကြီးတွေနဲ့၊ မတည့်တာတွေ သိပ်စားတယ်။ စားပြီးလည်း တရေးတမော အိပ်တယ်။ သူ ဂစ်တာတီးရင် Multi ခဏခဏ လုပ်ပေးရတယ်။ စိတ်တိုင်းမကျမချင်း ပြန်တီးလေ့ရှိတယ်။ အိပ်တာကတော့ သူ့ရဲ့ခန္တာကိုယ်က တောင်းဆိုရင်တော့ ဝီရိယ အားကောင်းတယ်။ သူ့သီချင်းလေးတွေဆိုရင်
လွှမ်းမိုးဆိုခဲ့တဲ့ ကိုပေါဆိုတဲ့ သီချင်းလေးဆိုရင် သိပ်နုံချာတဲ့ လူတစ်ယောက်ရဲ့ မျှော်လင့်ခြင်းကို ဖွဲ့သီခဲ့တာပါ။ စိတ္တဇဆန်တဲ့ သီချင်းဆိုရင်လည်း ကိုစိုးပိုင်ရဲ့ `သီတာ' သီချင်းမှာ ပီပီပြင်ပြင် ရေးဖွဲ့နိုင်တယ်။ ကိုင်ဇာဆိုခဲ့တဲ့ `ရုံးတော်' သီချင်းဆိုရင်လည်း မခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ အိမ်ထောင်ကျခဲ့တဲ့ အိမ်ထောင်သည် တစ်ယောက်အကြောင်း ဖွဲ့သီတတ်တယ်။ သူဟာ အကြောင်းအရာပေါင်းစုံကိ
နောက် သူနဲ့ မဆုံဖြစ်ပြန်ဘူး။ ပြည်ရတနာ တေးသံသွင်းက အက်စ်ကဲနက်ရဲ့ `ရင်ကိုတိုးဝှေ့ဆဲပါခိုင်
နောက်တစ်ခါကျတော့ ပိုပို (စိုးလွင်လွင်) တို့ ရန်ကင်း ဆယ့်နှစ်လုံးတန်းက တိုက်ခန်းမှာ ပိုပိုဆီသွားရင်း ဆုံပြန်တယ်။ ပိုပိုက စပယ်ဦး ကိုသန်းလွင် ပြင်ပေးထားတဲ့ တိုက်ခန်းလေးမှာ သူ့အတွက် သီးသန့်ခန်းလေး လုပ်ထားတယ်။ သူငယ်ချင်းတွေနဲ့ သီချင်းလုပ်ဖို့ အခန်းလေးပေါ့။ မူးယစ် သောက်စားဖို့လည်း သီးသန့်ပေါ့။ သူ့အမျိုးသမီး မဖြူတို့က တစ်ဖက်ခန်းမှာ နေကြတယ်။ ကျွန်တော်က ပိုပိုဆီမှာ သီချင်းသွားလုပ်ရင်း မေခလာက သူ့ညီမ ခင်ဥမ္မာအတွက် Own Tune လေးတစ်ပုဒ် ရေးပေးပါဆိုလို့ ပိုပိုကက်ဆက်ထဲမှာ တိတ်ခွေနဲ့ သီချင်းသွင်းထည့်တယ်။ ဒါပေမဲ့ ဥမ္မာက အဲဒီ သီချင်းလေးကို မဆိုဖြစ်ဘူး။ သီချင်းက မိန်းကလေးအမျှော်ဆိုက်
နောက်တစ်နှစ်လောက်ကြာ
ကိုင်ဇာဆိုရင် ဘွဲ့ကြီးသီချင်းတွေကို သိပ်ဆိုဖြစ်တယ်။ သူက ဘွဲ့ကြီးကို ချစ်လည်းချစ်ပါတယ်။ ပြီးတော့ ဘွဲ့ကြီးသီချင်းက ဂစ်တာတီးလို့ကောင်းတဲ့ ဖွဲ့စည်းပုံမျိုးပါ။ နိုင်မြန်မာတို့ကျတော့ စာသားရေးဖွဲ့မှုအား သိပ်ကောင်းတယ်။ တစ်ယောက်တစ်မျိုး ကောင်းကြပါတယ်။ ကျွန်တော်ဆိုရင်လည်း ဘွဲ့ကြီးသီချင်းတွေကို သိပ်ကြိုက်တယ်။ ချစ်စရာကောင်းအောင် ရေးဖွဲ့နိုင်သလို လိုအပ်ရင် သူကိုယ်တိုင် ဝင်တီးတတ်တယ်။ အဲဒီတော့ သီချင်းက ပိုပြီးတော့ ကြွလာတာပေါ့။ စာသားနဲ့ ဂီတနဲ့ တစ်ထပ်တည်းကျတယ်။ အဲဒါမှ Composer အစစ်ပါ။ ဇာလျန်းက တေးရေးဆရာ တော်တော်များများကို စာရေးဆရာလို့ ခေါ်တတ်တယ်။ ဟုတ်တော့ဟုတ်တယ်။ တေးရေးဆရာ ဆိုတာက ဘွဲ့မှူးတို့လို လူမျိုးတွေမှ တေးရေးဆရာအစစ် ဖြစ်တယ်။ သူ့သီချင်းကို Music ပါ Arrangement လုပ်နိုင်တာ။
မေခလာရဲ့ ပြိုင်ပွဲဝင် သီချင်းများကို ဂန္ဓမာတေးသံသွင်းကနေသွင်းတော
အဲဒီလိုတော်တဲ့ ဂီတဆရာတစ်ယောက်ဟာ အကြွေစောပါတယ်။ သူမကြွေမီ သူ့အိပ်မက်ကို အကောင်အထည် ဖော်သွားနိုင်ခဲ့ပါတယ်။
မြန်မာပြည်မှာ Iron Cross ဆိုတဲ့ Rock Band တစ်ခု ထင်ထင်ရှားရှား အောင်မြင်လာခဲ့တယ်။ လေးဖြူတို့ အငဲတို့ အဆိုတော်တွေနဲ့ အားကောင်းမောင်းသန် ပေါ်ထွက်လာခဲ့တယ်။ စတင်ဖွဲ့စည်းသူက ဘယ်သူဟုတ်ရိုးလဲ။ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဂီတမှူး စောဘွဲ့မှူးပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အက်စ်ကဲနက် သီချင်းအတွက် ပြည်ရတနာ တေးသံသွင်းမှာ ဘွဲ့ကြီးနဲ့ပါလာတဲ့ လူငယ်လေးက Lead Guitar တီးတယ်။ ချစ်စမ်းမောင်ဆိုတဲ့ နာမည်နဲ့ ဂစ်တာသူရဲကောင်း တစ်ယောက်ပေါ့။ သူလည်းအိမ်က စကားနားမထောင်တဲ့ သူပုန်တစ်ယောက်ပဲ။
ဘွဲ့ကြီးမှာ ဟိုတီးဝိုင်း ဝင်တီး၊ ဒီတီးဝိုင်း ဝင်တီးနဲ့ နေရာတစ်နေရာ အငြိမ် မရခဲ့ဘူး။ အခု သူ ကွယ်လွန်သွားပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့ဝိုင်းဟာ မြန်မာပြည်ရဲ့ ထိပ်တန်းတီးဝိုင်းကြီး တစ်ခုအဖြစ် ရှိနေခဲ့ပြီး ဘွဲ့ကြီးဟာလည်း လူလည်း အငြိမ်ရသွားတယ်။
ဒါပေမဲ့ သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ မှတ်မှတ်ရရ ရင်ထဲမှာ ကျန်ခဲ့တယ်။ တပည့်မွေးဗျ၊ ပညာပေးဗျ၊ ကိုယ်က တစ်မတ်ပဲတန်ပေမယ့် တပည့်က တစ်ကျပ်တန်ရင် ကိုယ်က ငါးမတ်တန်တယ်တဲ့။
သူ့တပည့်တွေကလည်း စောဘွဲ့မှူး အမှတ်တရပွဲမှာ ဘွဲ့ကြီးရှိတုန်းက တီးခတ်သီဆိုခဲ့တာကို ရိုက်ထားတဲ့ ဗီဒီယိုကို နောက်ခံဖွင့်ပြထားပြီး သူတို့တွေပါ ရောနှော တီးခတ်ပြသွားကြတယ်။ ဘွဲ့ကြီးဟာ သူကွယ်လွန်ပေမယ့် သူ့ဝီညာဉ်ဟာက သူချစ်တဲ့ ပရိသတ်ကြီးကို တပည့်တွေနဲ့ အတူတကွ ဖျော်ဖြေပြနေဆဲပဲ။
လူသေသော်လည်း နာမည်မသေတဲ့ Rock သူပုန်ကြီး စောဘွဲ့မှူးပါ၊
ဇော်တင်
စုံနံ့သာ
စာပေနှင့် အနုပညာ မဂ္ဂဇင်း
ဇူလိုင် ၂၀၁၄
#KoKaLee
#ရော့ခ်နှင့်ပတ်ဝန်းကျင်ဂရု
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။