Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 25, 2017

ရှေးလူကြီး၏ စကားကြီးလေးခွန်းပုံပြင်

ရှေးလူကြီး၏ စကားကြီးလေးခွန်းပုံပြင်
~~~~~~~~~~~~~~~~~~~~
(တကယ်လေးနက်ပြီး အဓိပ္ပါယ်ပါတယ်
သေချာဖတ်ကြည့်နော်)

ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာ
မင်းလုပ်အုပ်ချုပ်နေတဲ့ဘုရင်ကြီးတစ်ပါးဟာ
တစ်နေ့မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်
ရုပ်ဖျက်ပြီး တိုင်းပြည်အခြေအနေလေ့လာဖို့မင်းနေပြည်က
တိတ်တဆိတ်ထွက်ခဲ့ပါတယ်။

သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက
အလွန်ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့တဲအိမ်
အစုတ်ကလေးဆီကိုပါ။
အဖိုးအိုလင်မယားဟာ ပင်ပမ်းဆင်းရဲစွာနဲ့ယာခင်းထဲမှာ
စိုက်ပျိုးလုပ်ကိုင်စားသောက်နေရတာ
အယောင်ဆောင်ဘုရင်ကြီး တွေ့ရပါတယ် ။
ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်းတော့
အဖိုးအိုလင်မယားကခွင့်ပြု ပြီး လိုလေးမရှိအောင်လဲ
ရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြပါတယ်။
လူဆင်းရဲပေမယ့် စေတနာမဆင်းရဲတဲ့ အဖိုးအိုလင်မယားကို
အယောင်ဆောင်ဘုရင်ကြီးစိတ်ထဲကြိတ်ပြီး ကျေးဇူးတင်နေမိတာပေါ့။
ညကျတော့အိပ်ယာမဝင်ခင် အတူထိုင်စကားစမြီပြောကြတဲ့အခါ
ဘုရင်ကြီးက.." အဖိုးတို့မှာစားမယ့်သောက်မယ့်
လူလဲမရှိဘဲ ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ
အလုပ်တွေလုပ်နေရတာလဲ..
ဒီအရွယ်ဆိုတာ သားထောက်သမီးခံ အလုပ်လွှဲထားပြီး
ဘုရားသွားကျောင်းတက် လုပ်နေရမှာမဟုတ်လော "..
ဟုပြောပါတယ်။
ဒီအခါ အဖိုးအိုက ဒီလိုပြန်ပြီးပြောပါတယ်...
"အမောင်ပြောတာ ဟုတ်တော့လဲဟုတ်ပါရဲ့
ဒါပေမယ့် သားသမီးဆိုတာလဲ သူ့မီးနဲ့သူ့
အပူဖြစ်နေကြတာကလား..
ကျုပ်တို့မှာလဲ ကိုယ်စားဘို့တင်မက ခိုးမှူးကြီးလဲပေးရသေးတယ်
အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်..
သမုဒ္ဒရာထဲလဲပစ်ချ နေရသေးတယ်
ရန်သူကိုလဲရှာဖွေကျွေးမွေးနေရပါတယ် "
အဖိုးအိုစကားက ဘုရင်ကြီးအတွက် ထူးဆန်းနေပါတယ်။
အဓိပ္ပါယ်ကိုလည်း သဘောမပေါက်တာကြောင့်
အဖိုးအိုကိုပြန်မေးမိတော့တယ်။

"အဖိုးစကားရဲ့အဓိပ္ပါယ်ကို တဆိတ်လောက် ရှင်းပြပါလားခင်ဗျာ.."
ဒီအခါအဖိုးအိုက အဓိပ္ပါယ်ကို ရှင်းပြပါတယ်
"ဒီလိုပါအမောင်...
ခိုးမှူးကြီးကိုပေးရတယ်ဆိုတာက တိုင်းပြည်ကို
ဓားပြ သူခိုး ရန်သူမျိုးတွေရဲ့ ရန်က ကာကွယ်ပေးထားတဲ့
ဘုရင်မင်းမြတ်တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်
လို့ဖြစ်ပါတယ် "

"ဘုရင်ကို ဘာလို့ခိုးမှူးကြီးဆိုရပါသလဲအဖိုး"
"ကျုပ်တို့တွေ နဖူးကချွေး ခြေမကျအောင်ရှာဖွေထားရတဲ့
ဥစ္စာတွေကို သူခိုးဓားပြလက်မပါရအောင်
ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့
ခိုးသူတို့ရဲ့အကြီးအမှူးလို့ဆိုလိုတာပါ "
ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘောကျသွားပါတယ်။

ဒါနဲ့နောက်ထပ် စကားတစ်ခွန်းကိုထပ်မေးပြန်ပါတယ်။
"အာဂန္တု ဧည့်သည်ကိုကျွေးမွေးရတယ် ဆိုတာကရော
ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျာ "
"လောကမယ် မိဘက ကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့
သားသမီးဆိုတာ တကယ်တော့ ဧည့်သည်တွေပါဘဲအမောင်..
အချိန်တန် အရွယ်ရောက်တဲ့အခါ သူတို့လမ်း
သူတို့လျှောက်ကြတာဘဲ မဟုတ်လား
ဒါကြောင့်သူတို့ကို အာဂန္တု့ လို့ဆိုရတာပါမောင် "
ဒီစကားကိုလည်း ဘုရင်ကြီး သဘောကျ ပြန်ပါတယ်။

နောက်ထပ်စကားအဓိပ္ပါယ်ကိုလည်း ထပ်မေးလိုက်ပြန်တယ်..
"သမုဒ္ဒရာထဲလည်း ချရတယ်ဆိုတာကရော ဘာအဓိပ္ပါယ်ပါလဲအဖိုး "
"ဒါကဒီလိုပါ..ချောင်းမြစ်အသွယ်သွယ်တို့က လာတဲ့ရေမှန်သမျှဟာ
ပင်လယ်သမုဒ္ဒရာထဲ စီးဝင်ကြပေမဲ့ ပြည့်ရိုးထုံးစံမရှိသလိုဘဲ
တနေ့တနေ့ ကျုပ်တို့စားသမျှ အားလုံးဝမ်းခေါင်းထဲမှာ
ပြည့်တယ်လို့မရှိတာ အမောင်အသိဘဲမဟုတ်လား..
ဒါကြောင့် သမုဒ္ဒရာထဲ ပစ်ထဲ့ရတယ်ဆိုတာ ရှာဖွေရသမျှ
ကျုပ်တို့ အသက်ရှင်သန်ဖို့ ဒီဝမ်းခေါင်းထဲ အစာစားပြီး
ဖြည့်ထဲ့နေရတယ်လို့ ဆိုလိုတာပါဘဲ "

"ဒါဆိုနောက်ဆုံးစကား ရန်သူကို ရှာဖွေကျွေးမွေးနေရတယ်ဆိုကရော.."

"ဒါက ပိုအရေးကြီးပါတယ် အမောင်..
ကိုယ်ကချစ်ကြင်လို့ပေါင်းသင်းနေထိုင်နေတဲ့
ဇနီးမယားဟာ ကိုယ့်ရဲ့ ရန်သူပါဘဲ.."

"အလို ဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦး အဖိုးရဲ့ "
"စိတ်တူကိုယ်တူဆိုပြီး ကိုယ်ကချစ်ခင်ပေါင်းသင်းနေပေမဲ့
ကိုယ့်ရဲ့အသက် စည်းစိမ်ကို အများဆုံး ဒုက္ခပေးနိုင်ချေရှိတာ
ဒီဇနီးမယားပါဘဲအမောင်..
ဒီစကားကတော့အရေးကြုံ လာတဲ့အခါမှ
အမောင်သိပါလိမ့်မယ်..
အခုကတော့ရန်သူကိုလည်း ရှာဖွေကျွေးမွေးနေတယ်ဘဲ
မှတ်သားလိုက်ပါ အမောင် "
နောက်ဆုံးစကားကိုဘဝင်မကျပေမယ့် မှတ်သားလောက်စရာမို့
လက်ခံလိုက်ပြီး သူဟာဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့
အဖိုးအို လင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါတော့တယ်..။

"မကြောက်ကြပါနဲ့အဖိုး.. တစ်ခုတော့ ပြောပါရစေ
အခု အဖိုးပြောတဲ့စကားကြီးလေးခွန်းကိုတော့
ဘယ်သူကိုမှ မပြောမိစေဖို့ မှာခဲ့ပါရစေ..
တကယ်လို့ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာ
ကိုသဘောပေါက်စေချ င်တယ်.."

"မပေါက်ကြားစေဖို့ ဂတိပေးပါတယ် မင်းကြီး"
ဤသို့ဖြင့် ဘုရင်ကြီးလည်း နန်းတွင်းပြန်သွားပြီး
နောက်တစ်နေ့ ညီလာခံတွင်.....
အဖိုးအို ပြောဆိုခဲ့သောစကားကြီးလေးခွန်းကို
မှူးမတ်တွေကိုပြောဆိုမေးခွန်းထုတ်ပြီး
အဓိပ္ပါယ်ကိုမေးမြန်းပါတော့တယ် ။
မှူးမတ်တွေအားလုံး မဖြေဆိုနိုင်ကြပါဘူး။

ဒီတော့ ဘုရင်ကြီးက ဖြေဆိုဖို့အချိန် ခုနစ်ရက်ပေးလိုက်ပါတယ် ။
မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ
လူလည်အမတ်တစ်ယောက်ကတော့
ဘုရင်ကြီး ခရီးထွက်ပြီးပြန်လာမှ
ဒီစကားလေးခွန်းကိုမေးတာဆိုတော့
အကြောင်းရရှိရမယ်လို့စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့
လမ်းကြောင်းကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယား
ရှိရာကို ရောက်သွားပါတော့တယ် ။
အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေးပြီး
စကားလေးခွန်းကိုမေးပေမယ့် အဖိုးအိုဟာ လုံးဝမပြောပါဘူး။
နောက်ဆုံး အဖိုးအိုရဲ့ဇနီး ဖွားအိုကို အသပြာငွေ ၁၀၀၀ ပေးပြီး
မေးတဲ့အခါ ဖွားအိုကငွေကိုယူပြီးစကားလေးခွန်းအဓိပ္ပါယ်ကို
ဖွင့်ဟပြောကြားလိုက်ပါတယ် ။
ဒါနဲ့ ရက်ချိန်းခုနစ်ရက်ပြည့်လို့ ညီလာခံပြန်ဝင်တဲ့အခါ
ဘုရင်ကြီးကို ဘယ်သူမှ အဖြေမပေးနိုင်ကြပေမယ့်
လူလည်အမတ်ကတော့ ခပ်ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။

ဒါပေမယ့် ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ဖြေနိုင်တာ
မဟုတ်ဘူးသိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်.
ဘယ်လိုသိလာတာလဲဆိုတာ မှန်မှန်ပြောဆိုပြီး
အကြပ်ကိုင်မေးတော့မှ အဖိုးအိုလင်မယားဆီက
သိလာတာလို့ အမှန်အတိုင်း ပြောပါတော့တယ်။
ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို အမျက်မာန်ရှပြီး
ရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။
ရှေ့တော်ရောက်တဲ့အခါ..."အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျက်ပြီ
ဘာလို့ တားမြစ်ချက်ကို လွန်ဆန်ရတာလဲ..
သေဒဏ်ပေးခံရမှာကို မကြောက်ဖူးလား "
"မင်းကြီး..ကျွန်တော်မျိုးဟာ ဆင်းရဲနုံခြာပေမယ့် ဂတိတစ်လုံးကို
အသက်ထက် ကာကွယ်ပါတယ်..
ကျွန်တော်မျိုး၏ဇနီး ပြောကြားခြင်းသာဖြစ်ပါတယ်.
အသပြာငွေ ၁၀၀၀ အတွက် ကျွန်တော်မျိုး၏ အသက်ကို
ရောင်းစားသည့် ဇနီးသည်ဟာ အနီးဆုံးရန်သူဖြစ်ကြောင်း
မင်းကြီး ဒီလောက်ဆို သဘောပေါက်နားလည်ပြီယုံကြည်ပါတယ်.."
ဒီတော့မှဘုရင်ကြီးဟာ စိတ်ထဲဘဝင်မကျခဲ့တဲ့
နောက်ဆုံးစကားရဲ့ အဓိပ္ပါယ်ကို နားလည်လက်ခံသွားပြီး
သူဆင်းရဲအဖိုးအိုလင်မယားကို ဆုလာဘ်များ
ပေးသနား လိုက်ပါတော့တယ် ။
ပုံပြင်ကတော့ဒါပါဘဲဗျာ..

credit~~~ဖိုးစိန်လေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။